ပြဇာတ်မင်းသား - အောင်ချိမ့် (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. စိတ်မညစ်ပါနဲ့
    ကျွန်​တော်တို့ ​ခေတ်ကြီး။

    Till the end
    Fighting together 💪

    ReplyDelete
    Replies
    1. ဝမ်းသာစရာ ၊ဝမ်းနည်းစရာတွေကို ရင်ဝယ်ပိုက်လို့ ပိုကောင်းမဲ့ မနက်ဖန်ကို မျှော်လင့်ရင်း စွမ်းနိုင်သမျှ လုပ်ရင်း ရှေ့ဆက်ကြမယ် ။✊✊✊

      Delete
  2. ဘာမှကြာတယ် မထင်ရဘူး
    ဘာမှ မဟုတ်ခဲ့ဘူး
    ငါလုပ်ခဲ့တာ နည်းနည်း
    မလုပ်ခဲ့တာ များများ...

    ReplyDelete
    Replies
    1. ငါလုပ်ခဲ့တာ နည်းနည်း
      မလုပ်ခဲ့တာ များများ

      စိတ်မညစ်ပါနဲ့
      ကျွန်တော်တို့ခေတ်ကြီး

      အကောင်းဆုံးပဲကဗျာက🙋✨

      Delete

  3. ဝလုံးလေးတွေ မြေခခဲ့ရတဲ့
    နိုင်ငံတော်ရဲ့ ဈာပန
    °°°°°°°°°°°°°°°°°°°°°°°


    စီးသူမဲ့သွားတဲ့
    ဖိနပ်‌သေး‌သေးလေးတွေ

    လွယ်သူမဲ့သွားတဲ့
    သွေးစွန်းလွယ်အိတ်လေးတွေ

    ဖတ်သူမဲ့သွားတဲ့
    မီးစွဲစာအုပ်‌လေးတွေ

    စာလုံးပြန်ပေါင်းမရတော့တဲ့
    အသက်မဲ့ ဝလုံးလေးတွေ

    ခဲတံကျိုး ပေတံကျိုးတွေနဲ့
    ခြေကျိုး လက်ကျိုး အညွန့်ကျိုးလေးတွေ
    ခြေတွေ လက်တွေ ဖွာလန်ကျဲ
    မြေခ ကြွေကျခဲ့ရတဲ့ ကလေးတွေ

    မခံစားနိုင်လို့ သတ်ပါ သတ်ပါ
    အော်နေတဲ့ ငယ်ပါပျောက်နေတဲ့
    မောင်ဖုန်းလေးရဲ့အသံဟာ
    အရွယ်နဲ့မမျှ ခံစားလို့ သေခဲ့ရ

    စာအုပ်လေးတွေ လွယ်အိတ်ထဲ
    ထည့်ပြန်ရမည့်အစား
    ပီနံအိတ်ထဲ အထည့်ခံလိုက်ရတဲ့
    ဝလုံးလေးတွေရဲ့ ခန္ဓာကိုယ်တွေ

    သမိုင်းအကြွေးမရသေးပဲ
    ထပ်ရင်းခဲ့ရပီ
    ဝလုံးလေးတွေ ကျည်ထိကုန်ပီ

    ကျောင်းခေါင်းလောင်းသံကို
    ကြေးစည်းသံလွှမ်းခဲ့တယ်
    စစ်ခရာသံ ညံခဲ့တယ်
    စစ်‌လေယာဉ်တွေ ဝေဟင်ကပျံဝဲ
    မြေပြင်ကို ဗုံးကျဲဲကြတယ်
    ဝလုံးလေးတွေ ကြွေရတယ်

    ကလေးတွေကြောင့် စစ်မဖြစ်ပေမဲ့
    စစ်ကြောင့် ကလေးတွေ
    သေခဲ့ကြရတယ်
    အနာဂါတ်နိုင်ငံတော်လည်း
    သေရတယ်
    ကလေးတွေရဲ့ အသုဘဟာ
    နိုင်ငံတော်ရဲ့ ဈာပနပဲ

    အခုတော့ကွယ်
    လူမမယ် ကလေးတွေ
    တသက်စာလုံး တူတူပုန်းခဲ့ရပီ

    နောက်နောင်ဘဝ
    ငြိမ်းချမ်းစွာ အေးချမ်းစွာ
    ကလေးတွေ
    ကျောင်းတက် နိုင်ကြပါစေ


    San Zuren 🌸


    ReplyDelete
    Replies

    1. ကဗျာရေးရင်း
      မျက်ရည်ကျခဲ့ရတယ်
      ဝလုံးလေးတွေရယ် 😭

      Delete
    2. 😢😢😢

      တို့နိုင်ငံမှာ လူလာဖြစ်ရတဲ့ ကလေးတွေ ကံဆိုးလှတယ်။

      Delete
    3. ဒီနိုင်ငံရဲ့ သီလ သမာဓိ ပညာ နဲ့ပြည့်စုံပါတယ်ဆိုတဲ့သူတွေ နှုတ်ဆိတ်နေတာ ပိုအံဩမိတယ်😢

      Delete
    4. တကယ်ကိုရင်ထဲခံစားရပါတယ်ဗျာ😔😔

      Delete
    5. San
      အဲ့ကဗျာလေး FB ပေါ်မှာပါတင်ပါလား

      Delete
    6. ကဗျာဖတ်ပြီး ရင်တွေနာရပါတယ် ဝလုံးလေးတွေရယ်
      ကောင်းရာဘဝကို ရောက်ရှိကြရပါစေ

      Delete
  4. DONE
    ပြဇာတ်ခုံကြီးပေါ်မှာ ငိုကြွေးတစ်လှည့်ရယ်တစ်လှည့်နဲ့ ကချင်လည်းက မကချင်လည်းကနေရတာပါဘဲ

    ReplyDelete

  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  6. တကာ့်ဘဝပါပဲ မျိုးစုံပဲရယ်

    ReplyDelete
  7. Be safe and healthy 😘
    Have a sweet dream all clickers ❣️❣️❣️

    ReplyDelete
  8. ဒီရက်ပိုင်း စိတ်က ကဗျာခံစားချက်မဲ့နေခဲ့တယ်
    ဟိုလိုလို ဒီလိုလို ဘာလိုလို ခံစားချက်တွေနဲ့
    ခေါင်းကိုက်ကိုက်နဲ့မန့်ချင်ရယလျှောက်မန့်နေဖြစ်ခဲ့

    ReplyDelete
  9. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. စိတ်မညစ်တညစ်.😅
      ဒါပေမယ့် clickတော့ မပျက်ပါဘူး။💪

      Delete
  10. ငါ လုပ်ခဲ့တာ နည်းနည်း
    မလုပ်ခဲ့တာ များများ ...

    ReplyDelete
  11. စိတ်ညစ်ရမှာပဲ မတတ်နိုင်ဘူး :(

    ReplyDelete
  12. Good night 🙂
    Admin and clickers

    ReplyDelete


  13. အချိန်တွေကို ဂရုမပြုမိခဲ့သည်မှာ ကြာလှပြီ

    နီးမလိုနဲ့ ဝေးသွားတဲ့ သူတွေ၊ ဝေးမလိုနဲ့ နီးလာတဲ့သူတွေ၊ အသစ်အသစ်သော အသိအကျွမ်းတွေ၊ စိတ်ညစ်ရမလိုနဲ့ ဒီတိုင်းပြီးသွားတဲ့ ကိစ္စတွေ၊ ပျော်ရမလိုနဲ့ ဘာမှလည်း မထူးခဲ့တဲ့ ကိစ္စတွေ၊ ကြုံခဲ့ရစဉ်က ရေးကြီးခွင်ကျယ်လို့ ထင်ခဲ့မိတဲ့ အဖြစ်အပျက်တွေ၊ အပြုအမူတွေ၊ အထင်အမြင်တွေ၊ အတွေးအကြံတွေ...

    "လောကသည် မည်သူမှ အစိုးမရဘဲ သူ့အလိုလို ဖြစ်ပျက်နေသော ရုပ်နာမ်အစုအဝေးကြီး” ဆိုတာ (စိတ်မှန်းအားဖြင့်) မြင်ယောင်မိလာခဲ့တယ်။





    ReplyDelete
  14. ဆရာ‌ေအာင်ချိမ့်ကဗျာတွေကို ဒီလိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါခင်ဗျ

    အလျင်းသင့်ရင် ဆရာ ဆန်းကျော်စွာဝင်းရဲ့ ကဗျာတွေပါ ဖတ်ခွင့်ရချင်ပါတယ်ခင်ဗျာ 💐

    ReplyDelete
  15. စဥ်းစားကြည့်ရင် အဲဒီအတိုင်းပဲ ...

    ReplyDelete
    Replies
    1. NP ment dway tg like ma pat arr dot bu.a chain loop nay ya lol naw.

      Delete
  16. Wheel...........dope.🏹🏹🏹

    ReplyDelete
  17. ကိုယ်ကတော့လိပ်ပြာလုံတယ်လို့ထင်တယ်

    ReplyDelete
  18. ဝမ်းနည်းစရာရှိသည်ဖြစ်စေ
    ဝမ်းသာစရာရှိသည်ဖြစ်စေ
    မနက်ဖြန် တွေကို ရင်ဆိုင်ရဦးမယ်

    webက မန့်တခုကနေ ကူးလာတာ

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. နှလုံးသား မပါလျှင်
    ဘယ်အရာမှ
    တရားမဝင်...။

    အောင်ချိမ့်

    ReplyDelete
  21. Good night 😴
    Have a sweet dream🎆

    ReplyDelete
  22. 🙂 လွမ်းစရာကချင်မြေ ...

    @ ငါတို့ရဲ့ ...
    အချုပ်အချာအာဏာ
    ပြည်သူ့ဘဝလွပ်လပ်ရေး
    လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
    ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
    တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
    တိုက်ကိုတိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  23. မလုပ်ခဲ့တာများများ.....

    ReplyDelete
  24. မလုပ်ခဲ့တာများများပါပဲ

    ReplyDelete
  25. အားလုံးပဲ မင်္ဂလာပါ....
    ကျူးကျော်တွေကို ငါတို့ခေတ်သစ်မှာ ရှယ်ရှင်းမယ်... ‌ခွေးမသားတွေ ကျူးဆိုတာ သူတို့ကမှ အစစ် ဘာတဲ့ တပ်ပိုင်မြေ ဆိုပီး ကျူးထားတာတွေ အောက်တန်းစားခွေးတွေ အားရအောင်နေထားကြအုံး ... 09:44 AM

    ReplyDelete
  26. Clicker အားလုံးပဲ မင်္ဂလာပါ ... 08:24 AM

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)