Why Do Stars Twinkle? (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10


ကြယ်တွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာ ဘာကြောင့်လဲ

(ဖတ်ရှုရန်ကြာချိန် - ၇ မိနစ်ခန့်)

“Twinkle, twinkle little star. How I wonder what you are?” ဆိုတဲ့ သီချင်းလေးကို ကိုယ်လူတို့ ကြားဖူး၊ ဆိုဖူးကြမယ်လို့ ထင်ပါတယ်။ မြန်မာလိုပြန်ရင်တော့ “မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးရယ်...” ပေါ့ဗျာ။ နက္ခတ္တဗေဒပညာရှင် (နက္ခတ်ဗေဒင် မဟုတ်) တစ်ယောက်ရှေ့များ “ဟား...ဒီညခင်းကတော့ ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ လှလိုက်တာကွာ” လို့သာ သွားပြောကြည့်၊ ကိုယ့်လူနဲ့ ရန်ထသတ်ပါလိမ့်မယ်။ ဘာလို့ဆို ကြယ်တွေဟာ မှိတ်တုတ်မှိတ်တုတ် မဟုတ်ပါဘူး။ ကြယ်တွေက အချိန်ပြည့် တောက်လောင်နေတဲ့ ပလာစမာဓါတ်ငွေ့လုံးတွေ ဖြစ်နေလို့ပါ။ ဒါဆို ဘာလို့များ အဲ့ကလေးသီချင်းထဲမှာ “မှိတ်တုတ်မှိတ်တုတ်” လို့ ထည့်စပ်ထားရတာတုန်းလို့ မေးစရာ ရှိလာပါလိမ့်မယ်။ အကြောင်းကတော့ အဲ့သီချင်းလေးဟာ သိပ္ပံခေတ်ဦး၊ သိပ္ပံပညာ အရမ်းကြီး မထွန်းကားခင်က စပ်ဆိုထားတဲ့ ရသမြောက် သီချင်းလေး ဖြစ်နေလို့ပါခင်ဗျာ။

ဆိုတော့ ဆက်ပြောကြမယ်နော...။ အချိန်ပြည့် လောင်ကျွမ်းနေတဲ့ ပလာစမာလုံးကြီး ဆိုတာကို ကိုယ့်လူတို့ မျက်လုံးထဲ မြင်သာအောင် အနီးစပ်ဆုံး ပြရရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့ သူ့ရဲ့ညိုကီတွေ ဝိုင်းကြီးပတ်ပတ် လုပ်နေကြတဲ့ “နေ” ပါပဲ။ ဟုတ်ပါတယ်၊ နေက အလယ်အလတ်ဆိုဒ်ရှိတဲ့ ကြယ်တစ်လုံးပါ။ အလတ်ဆိုဒ် ကြယ်တစ်လုံး ဆိုပေမယ့် ကျွန်တော်တို့နဲ့ယှဉ်ရင် ဘယ်လောက်ကြီးသလဲဆိုတာ ပြောပြပါဦးမယ်။ နေကို အတွင်းပိုင်း ဟောင်းလောင်းဖြစ်နေတဲ့ အလုံးတစ်လုံးအဖြစ် တွေးကြည့်လိုက်ပါ။ အဲ့ထဲကို ကျွန်တော်တို့ရဲ့ ကမ္ဘာ ထည့်လိုက်မယ်ဆိုရင် အလုံးရေ ၁.၃ သန်း ထည့်လို့ရပါသတဲ့ခင်ဗျာ။ တချို့ကြယ်တွေဆို ကျွန်တော်တို့ ကမ္ဘာရဲ့ ဂြိုဟ်ပတ်လမ်း (၉၃,၀၀၀,၀၀၀ မိုင်) လောက်ကို အရွယ်အစား ရှိပါတယ်။ အရွယ်အစားတွေအကြောင်း ပြောကြမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားပါလိမ့်မယ်။ ဇာတ်လမ်း ဆက်ရရင်တော့ အကြမ်းဖျဉ်း သိထားရမှာက ကြယ်တွေဟာ အရွယ်အစားကြီးလေ ကျွန်တော်တို့နဲ့ ဝေးဝေးမှာ ရှိနေလေပဲ ဆိုတာပါ။

ကြယ်တွေရဲ့ အကွာအဝေးနဲ့ ပတ်သက်လို့ ဘယ်လောက်ဝေးတယ်ဆိုတာ ဂဏန်းတွေနဲ့ မပြောတော့ပါဘူး။ မြင်သာအောင် နေနဲ့ပဲ ယှဉ်ပြသွားပါမယ်။ နေကို ကျွန်တော်တို့တွေ စာကြောင်းတစ်ကြောင်း ဆုံးရင် ချတဲ့ Full Stop “.” အဖြစ် စိတ်ကူးလိုက်ပါ။ နေက အဲ့ဒီဆိုဒ်ဆိုရင် ကျန်တဲ့ စကြာဝဠာထဲမှာ ရှိသမျှတွေလည်း အသီးသီး ဆိုဒ်ကျုံ့သွားပြီပေါ့လေ..နော။ အဲ့လိုဆိုရင် ခုနက နေတစ်ဖြစ်လဲ Full Stop လေးကနေ အနီးဆုံးကြယ်ဟာ ဘယ်လောက်ဝေးမယ် ထင်ပါသလဲ။ ၄ မိုင်။ ဟုတ်ပါတယ်၊ ၄ မိုင်ပါ ကိုယ့်လူ။ ကျွန်တော်တို့ ကမ္ဘာထက် အဆပေါင်းများစွာကြီးတဲ့ နေကို Full Stop လောက် ပိစိညှောင့်တောက်လေးဖြစ်အောင် ချုံ့လိုက်ပြီး ပတ်ပတ်လည်က ရှိသမျှဟာတွေပါ စကေးကိုက် လိုက်ကျုံ့သွားမယ်ဆိုရင်တောင် အနီးဆုံးကြယ်က ၄ မိုင်တောင် ဝေးသတဲ့ဗျာ။ အံ့ရော...။ ကိုယ့်လူတို့ ကိုယ့်ဘာသာကိုယ် နေ(Full Stop) လို့ တွေးကြည့်။ ကိုယ့်လူကနေ ၄ မိုင်အကွာမှာ အနီးဆုံးကြယ်။ မှန်ဘီလူးမပါဘဲ မြင်ရပါ့မလားဗျာ...နော။ ဒါတောင် ကိုယ့်လူက နေအဖြစ်နဲ့နော်။ ကမ္ဘာလို့သာ တွေးကြည့်။ ဟူး... ပိုဝေးသွားမှာ။ အဲ့တာကို တကယ့်အပြင်က အတိုင်းအတာတွေသာ ပြန်ပြောင်းကြည့်လိုက်။ အ...ဝေးးးကြီးးးးပဲ..... ကိုယ့်လူတို့ရေ။

အာကာသထဲမှာ ရှိနေတဲ့ အကွာအဝေးတွေနဲ့ ပတ်သက်လို့ နောက်ထပ် မြင်သာအောင် ပြပေးရရင် လနဲ့ ကမ္ဘာရဲ့ အကွာအဝေးပေါ့ဗျာ။ ကျွန်တော်တို့ စာသင်ခန်းတွေမှာ သုံးတဲ့ ပုံစံငယ် ကမ္ဘာလုံးကို သိကြတယ်နော်။ ကမ္ဘာကို အဲ့ပုံစံငယ်အဖြစ် မြင်ကြည့်လိုက်ပါ။ လကိုလည်း ပုံစံငယ်နဲ့ တွေးလိုက်ဗျာ။ အဲ့ပုံစံငယ်နှစ်ခု တစ်ခုနဲ့ တစ်ခု ဘယ်လောက်အကွာမှ ရှိကြမယ် ထင်ပါသလဲ။ တော်တော်များများကတော့ ၁ ပေ ဝန်းကျင်နဲ့ ခပ်ကပ်ကပ်လေး ထားမိကြမယ်  ထင်ပါတယ်။ မဟုတ်ပါဘူး။ စကေးကိုက်ဆိုရင် ပုံစံငယ် လဟာ ပုံစံငယ် ကမ္ဘာနဲ့ ပေ ၃၀ အကွာမှာ ရှိရမှာပါခင်ဗျာ။ အတော်ဝေးတယ်နော..။ နောက်.. ကမ္ဘာကြီးရဲ့ ညိုကီတွေပေါ့။ နေအဖွဲ့အစည်းထဲက ကျန်တဲ့ဂြိုဟ်တွေ အကုန်လုံးကို ဘေးချင်းကပ် ထားလိုက်မယ်ဆိုရင်တောင် ကမ္ဘာနဲ့ လရဲ့ကြားက ကွက်လပ်မှာ အေးဆေးဆံ့ပါတယ်တဲ့ခင်ဗျာ။ ဆိုတော့... ကမ္ဘာနဲ့ လက အဲ့လောက်ကို ဝေးပါတယ်။ ဒါတွေ ပြောနေရတဲ့အကြောင်းကတော့ စကြာဝဠာဟာ အကျယ်ကြီးပဲဆိုတာကို သိစေချင်လို့ပါခင်ဗျာ။

ကဲ ကြယ်မှိတ်တုတ်မှိတ်တုတ်အကြောင်း ဆက်ပါမယ်။ အလင်းတန်းတစ်ခု လာနေတယ် ဆိုကြပါစို့။ အကွာအဝေးကတော့ ရှိချင်သလောက် ရှိမယ်ဗျာ။ ကျွန်တော်တို့နဲ့ အနီးဆုံးကြယ်၊ နဂါးငွေ့တန်းရဲ့ အစွန်းတစ်ဖက်က၊ စကြာဝဠာကြီးရဲ့ ဟိုဖက်တစ်ခြမ်းက၊ အို... ဖြစ်ချင်ရာ ဖြစ်နိုင်တယ်ပေါ့ဗျာ။ အဲ့လို ဘယ်လောက်အဝေးကြီးကပဲ လာလာ ကျွန်တော်တို့ မျက်လုံးဆီ ရောက်ဖို့အတွက် အဲ့အလင်းတန်းဟာ ကမ္ဘာ့လေထုကို ဖြတ်ရပါတယ်။ အဲ့ဒီမှာ တစ်ခုရှိတာ ကမ္ဘာ့လေထုက အပူချိန်မတူညီတဲ့ အလွှာတွေ အများကြီးရှိပါတယ်ခင်ဗျာ။ အဲ့ဒီအလွှာတွေထဲမှာမှ Thermosphere လို့ ခေါ်တဲ့ အလွှာတစ်ခု ရှိပါတယ်။ အိုဇုန်းလွှာက နေစွမ်းအင်တွေကို စစ်ထုတ်ပေးလိုက်တဲ့အတွက်ကြောင့် Thermosphere အလွှာမှာရှိတဲ့ လေအပူချိန်ဟာ အတော်မြင့်ပါတယ်။ အဲ့အလွှာအောက်ရောက်လေလေ အပူချိန် လျှော့သွားလေလေပါပဲ။
Earth Atmosphere Layers
နောက်ပြီး ကမ္ဘာ့မြေပြင်ကလည်း ညီတူညီမျှ ပူနေတာ မဟုတ်ပါဘူး။ ရေတို့ နှင်းတို့ ရှိတဲ့နေရာတွေမှာ အလင်းပြန်မှုကြောင့် သိပ်မပူပေမယ့် အလင်း (အပူ) စုပ်တဲ့ သဘောသဘာဝရှိတဲ့ မဲတဲ့၊ မှောင်တဲ့ နေရာတွေမှာ ပိုပူတတ်ပါတယ်။ ဆိုတော့ အဲ့နေရာတွေမှာ ရှိနေတဲ့ လေထုဟာလည်း အပူချိန် မညီနိုင်ဘူးပေါ့ခင်ဗျာ။ ပူတဲ့လေက အေးတဲ့လေထက် သိပ်သည်းဆ ပိုနည်းပါတယ်။ အဲ့ဒီမှာတင် အားလုံးသိကြတဲ့အတိုင်း ပူတဲ့လေဟာ အပေါ်ကို တက်ပြီး အေးတဲ့ လေတွေက ခုနက ဟာသွားတဲ့နေရာမှာ အစားထိုးဝင်ကြတယ်ပေါ့။ ဆိုတော့ နေရာအနှံ့မှာ ရှိတဲ့ လေတွေဟာ ကမ္ဘာ့လေထုထဲမှာ ဒီပုံစံအတိုင်းပဲ အမြဲတမ်း ရွေ့လျားနေကြပါတယ်။ မြင်သာအောင် ပြောရရင် နေခြစ်ခြစ်တောက် ပူနေတဲ့အချိန် ကားလမ်းမတစ်ခုကို ခပ်နိမ့်နိမ့် ကပ်ကြည့်ကြည့်လိုက်ပါ။ အပေါ်ကို တက်နေတဲ့ အပူငွေ့လေးတွေကို တွေ့ရပါလိမ့်မယ်။ သူတို့ကတော့ တံလျှပ်ရဲ့ မူလဘူတပါ။ အဲ့ဒီအပူငွေ့တွေနဲ့ လေထု တွေ့တဲ့အခါမှာ ကိုယ့်လူတို့ မျက်လုံးထဲ ရေအဖြစ် အမြင်မှားစေတဲ့ တံလျှပ်တွေ ဖြစ်သွားပါတော့တယ်။ ပြောချင်တာက ဒါမျိုးဖြစ်စဉ်ဟာ ဟိုးအပေါ် မိုင်ပေါင်းများစွာမှာရှိတဲ့ လေထုထဲမှာလည်း ဖြစ်နေတယ် ဆိုတာပါ။
Heat Convection Process
    ဆိုတော့ အလင်းတန်းတစ်ခု လာပြီဆိုရင် ကမ္ဘာ့လေထုရဲ့ အပူချိန်မတူတဲ့ အလွှာတွေကို ဖြတ်ရပါတယ်။ ခုနက ပြောခဲ့သလို အပူချိန် မတူတဲ့ လေဟာ သိပ်သည်းဆလည်း မတူပါဘူး။ သိပ်သည်းဆ မတူတဲ့ လေထုကို ဖြတ်ရတဲ့အခါ အလင်းယိုင်မှု ဖြစ်ပါတယ်။ အဲ့ဒီတော့ အလွှာတစ်ခုကို ဖြတ်တိုင်း အလင်းယိုင်တာ တစ်ခေါက်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ ခုနက ပြောခဲ့အတိုင်း လေပူနဲ့ လေအေး အလွှာတွေက အမြဲတမ်း ရွေ့လျားနေကြပါသေးတယ်။ အဲ့ဒီမှာတင် အလင်းတန်းက ကျွန်တော်တို့ အမြင်အာရုံဆီ မရောက်ခင် အပူချိန်မတူ၊ သိပ်သည်းဆမတူတဲ့ လေထုအလွှာတွေကြား ဟိုခုန်သည်ခုန် ဖြစ်နေရပါတော့တယ်။ ဒီလိုနဲ့ပဲ ကိုယ့်လူတို့ ကြယ်လေးတွေကို လှမ်းကြည့်လိုက်တဲ့ အခါတိုင်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကိုပဲ မြင်ရပါတော့တယ်ခင်ဗျာ။

    စစချင်းတုန်းက ပြောခဲ့တဲ့ နက္ခတ္တဗေဒပညာရှင်တွေ မှိတ်တုတ်မှိတ်တုတ် (Twinkle) ဆိုတဲ့ စကားလုံးကို တအားမုန်းရတဲ့အကြောင်း ရှင်းပြပါမယ်။ ဟိုးအရင်ခေတ်တွေတုန်းက ခေတ်မီ Telescope တွေ၊ နည်းပညာတွေ မရှိခင်တုန်းက နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ ကြယ်တွေကို လေ့လာဖို့က အတော်ကို ခက်ခဲခဲ့ရပါတယ်။ ကြယ်တစ်လုံးကို ပုံရိုက်ကြပြီ ဆိုပါစို့။ One Click နဲ့ မရပါဘူး။ ကြယ်ရဲ့ အလင်းဖွဲ့စည်းပုံ အပြည့်ရဖို့ Timelapse နဲ့ ရိုက်ရပါတယ် (ကြယ်တစ်လုံးတည်းကို ရိုက်ခြင်း သာဖြစ်၊ Star Trail ကို ဆိုလိုချင်းမဟုတ်ပါ) ။ ဆိုတော့ အချိန်ပြည့်လို့ ဓါတ်ပုံကို ကြည့်လိုက်တဲ့အခါမှာ ကြယ်ကို ခပ်ဝါးဝါး၊ မှုန်မှုန် အလင်းလုံးတစ်လုံးအဖြစ်ပဲ မြင်ရပါတော့တယ်။ အဲ့တာကြောင့်လည်း နက္ခတ္တဗေဒပညာရှင်တွေဟာ မှိတ်တုတ်မှိတ်တုတ် (Twinkle) ဆိုတဲ့ စကားလုံးကို တအားမုန်းကြတာပါ။ ဒါပေမယ့် ဒီဖက်ခေတ်မှာတော့ မခက်ခဲတော့ပါဘူး။ James Webb Space Telescope ကြီး ရှိနေပါပြီ။ အကြောင်းသင့်ရင်တော့ အဲ့ Telescope အကြောင်း တစ်ပို့စ် သပ်သပ်တင်ပေးပါ့မယ်ခင်ဗျာ။
James Webb Space Telescope (NASA)

    နောက် ဆိုစကားလေး ရှိကြတာက ညအချိန် ပထမဆုံး မြင်ရတဲ့ ကြယ်ကို ဆုတောင်းတယ်ဆိုရင် ဆုတောင်းပြည့်တယ် ဆိုတာလေးပါ။ အဲ့တာကလည်း ပြောရရင် ရယ်ဖို့ကောင်းပါတယ်။ ကိုယ့်လူတို့အနေနဲ့ ညအချိန် ပထမဆုံး မြင်ရတယ်ဆိုတဲ့ အရာဟာ ကြယ်မဟုတ်ဘဲ ဂြိုဟ်တစ်လုံးသာ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဂြိုဟ်တွေဟာ ကြယ်တွေထက် ပိုအရောင်တောက်လို့ပါပဲ။ “ဟ.. မင့်ဟာက ပြောတော့ဖြင့် ကြယ်တွေက တစ်ချိန်လုံး လောင်နေပြီး လင်းထိန်နေတာဆို” လို့ စောဒကတက်ချင်ကြပါလိမ့်မယ်။ အကြောင်းကတော့ ကြယ်တွေနဲ့ ဂြိုဟ်တွေနဲ့ ယှဉ်ကြမယ်ဆိုရင် ဂြိုဟ်တွေက ကျွန်တော်တို့နဲ့ ပိုနီးပါတယ်။ ပြီးတော့ လလိုမျိုးပဲ နေရဲ့အလင်းကိုလည်း ရောင်ပြန်ကြပါသေးတယ်။ ဒါကြောင့် ညအချိန် ပထမဆုံး မြင်ရတယ်ဆိုတဲ့ အရာဟာ ကြယ်မဟုတ်ဘဲ ဂြိုဟ်တစ်လုံးသာဖြစ်ပြီး ဆုတောင်းလည်း အာသာညောင်းသွားမယ်၊ ပြည့်မှာမဟုတ်ပါဘူးခင်ဗျာ။ ပိုသိသာတဲ့ အချက်ကို ပြောရရင်တော့ ဂြိုဟ်တွေဟာ မှိတ်တုတ်မှိတ်တုတ် မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဂြိုဟ်တွေက ကိုယ်ပိုင်အလင်းရောင် မရှိပါဘူး။ အလင်းပြန်တာပါ။ နောက်ပြီး သူတို့ရဲ့ အလင်းက ကမ္ဘာဆီ မရောက်ခင် သူတို့ရဲ့ ဂြိုဟ်လမ်းကြောင်းထဲမှာရှိတဲ့ ဓါတ်ငွေ့ အလွှာတွေထဲမှာကတည်းက အလင်းယိုင်ထားနှင့်ပြီးသားပါ။ အဲ့တာကြောင့် ဂြိုဟ်တွေရဲ့ အလင်းရောင် ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါမှာ အလင်းယိုင်တာက မသိသာတော့ပါဘူး။  ကြယ်တွေရဲ့ အလင်းရောင်ကပဲ မှိတ်တုတ်မှိတ်တုတ် ဖြစ်တာပါခင်ဗျာ။ ဆိုတော့ ညဖက် ကောင်းကင်ကြီးကို ကြည့်ပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ကောင်ဆို ကြယ်၊ ဒီတိုင်း ငူတူတူကြီး လင်းနေတာ ဆိုရင်တော့ ဂြိုဟ်ကွ ဆိုပြီး အပျော်တမ်းတောင် လောင်းကြည့်လို့ ရပါသေးတယ်ခင်ဗျာ။
C2D
ကိုးကား။ ။ Neil deGrasse Tyson
(Star Talk Podcast)

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. ဗဟုအန်သုတအတွက်သိုင်းကျူးပါ အက်ထမင်😉

      Delete
    2. Omo မ်ုက်လိုက်တာ ကြယ်တွေက က်ုယ်ပိုင်အလင်းရောင်ရှိတဲ့ခါကျတော့အလင်းယိုင်ပြီး မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတာပေါ့ ဂြိုလ်ကကျ ကိုယ်ပ်ုင်အလင်းမရှိReflect ဖြစ်တာရယ် နေက အလင်းရောင်က်ုလေ အဲ့ဒါကြောင့် ဒီတိုင်းလင်းနေတာ ကြယ်တွေ အလင်းယ်ုင်ရတာကလဲ အလယ်မှာလေထုကရှိနေပြီး သိပ်သည်းဆက မတူတော့အလင်းယိုင် သ်ပ်သည်းဆမတူရတဲ့အကြောင်းကOzone လွှာမှာက ပိုပူနေက စွမ်းအင်တွေက်ုစစ်ထုတ်တာကြောင့် ရယ် လေပူလေအေးအလွှာတွေက စီးဆင်းနေ အပုချိန်မတူရင် သိပ်သည်းဆကမတူ သ်ပ်သည်းဆမနူရင်အလင်းယ်ုင် မှိတ်တုတ် မှိတ်တုတ်ဖြစ် နားလည်ဝါးပါပြီ😺🙋

      Delete
    3. @Pinky Htet(🙄🙄🙄) ဟုတ်ကဲ့ပါခင်ဗျာ 🥰

      Delete
    4. @Mary lynn ဟုတ်၊ အကျဉ်းချုံးရင်တော့ အဲ့လိုပေါ့ခင်ဗျာ... 😅
      ဒါပေမယ့် ပူတာက Thermosphere ပါခင်ဗျာ။ Thermosphere က နေရောင်ခြည်နဲ့ တိုက်ရိုက်ထိရတာရယ်၊ နေရောင်ခြည်ကို စစ်ထုတ်ပေးတဲ့ အိုဇုန်းက သူ့မှာမရှိဘဲ Stratosphere မှာ ရှိတာရယ်ကြောင့် အပူဆုံး ဖြစ်နေရတာပါ။

      Delete
    5. Hok Replyရပြီ ရေးးးးး😺🙋

      Delete
    6. Themosphereက နေရောင်ခြည်နဲ့တိုက်ရိုက်ထိ တာ
      Ozoneက stratosphereမှာ ဒါမဲ့ အပူဆုံး
      မှတ်ထားလတ်ပါပြီ
      😺🙋

      Delete
  2. Done
    Twinkle twinkle little stars ⭐

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Be safe and healthy all clickers
    Have a sweet dream✨✨✨

    ReplyDelete
    Replies
    1. May all the Clickers get your blessings.
      And of course, you too have a sweet dream. ✨✨✨

      Delete
  5. အောက်ဆုံးတစ်ကြောင်းလက်တွေ့အသုံးချလို့ရ
    ပထမဆုံးတွေ့တဲ့ကြယ်ကိုဆုတောင်းရတာမဟုတ်
    ကြယ်ကြွေတုန်းဆုတောင်းရတာပါ
    ကိုယ်သိသလောက်တော့လေ 🤔

    ReplyDelete
    Replies
    1. ကြယ်ကြွေကျတာမြင်ရင်
      နှစ်ယောက်အတူဆုတောင်းခဲ့ဖူးတယ်
      ခုကျတော့ဝေးတာပါပဲ😌🤣🤣🤣

      Delete
    2. အဟမ်း..အဟမ်း
      ကြယ်တွေကြွေရင် ဝိဉာည်ခြင်းလဲလို့ရတယ်တဲ့....ကာတွန်းကားထဲမှာ 😁

      Delete
    3. @Chu Zim Wishing upon a biggest and brightest star on your first sight နဲ့ Wishing when you see a shooting star လေး ကွာတာပါခင်ဗျာ။

      Delete
    4. @linnsatt
      ဆုတောင်းလည်းဝေး
      မတောင်းလည်းဝေးရတာပါပဲလေနော့ @unknown
      Your name ထဲကလို အခြားသူနဲ့ဝိညာဥ်ချင်းလဲရဲတဲ့သတ္တိမရှိပါ 😅
      @admin
      ဟုတ်ကဲ့ပါခင်ဗျာ
      Cmt ရေးတာခပ်ပြတ် " ဖြစ်သွားတာ sorry ပါနော် mood swing နေလို့ 😩

      Delete
  6. ကျနော်က ငူတူတူကြီးနဲ့ လင်းနေတဲ့ ဂြိုလ်ပါခင်ဗျာ 😁🤭

    ReplyDelete
    Replies
    1. ငူတူတူကြီးမနေဘဲ၊ ဘေးနားက အရံဂြိုဟ် လ လေးနဲ့အပြိုင် လင်းပေါ့ခင်ဗျာ...😅

      Delete
  7. အိမ်း အဆုံးထိဖတ်ပြီးရော ရှူဆေးဘူး တန်းရှူရတော့တာပဲ🥴🥴🥴

    ReplyDelete
    Replies
    1. NO.4 တွေရှူနေတာမြန်းလား! ဟုတ်မှာပါလေ 😝

      Delete
    2. @PPWK ရှူဆေး မလိုဘဲ စိတ်အေးသွားအောင် အပြင်ထွက်ပြီး ကြယ်တွေ ကြည့်ပစ်လိုက်ဗျာ... ဟိဟီး 😅

      Delete
  8. ကြယ်ကလေးများ ချစ်စရာ အပြာရောင်ကောင်းကင်မှာ 😁😁 မရတော့ဘူး ဘယ်သူသီချင်းလဲ မသိဘူး😁😁

    ReplyDelete
    Replies
    1. သူတို့ကို တလုံးချင်း ပြုံးရင်းကြည့်နေပါ
      မကြာခင် ပြန်ကာပြုံးလို့ သူတို့လည်းကိုယ့်ကိုခင်ကာ

      သီချင်းနာမည်က ပြုံးတုံ့လှယ်တဲ့
      မူရင်းအဆိုရှင်တော့ သိဝူး
      အောင်ရင် ပြန်ဆိုထားတာပဲ သိတယ်

      Delete
    2. @eh �� ဆရာမြို့မငြိမ်း ရေးစပ်ပြီး ကိုအံကြီး သီဆိုထားတဲ့ "ပြုံးတုံ့လှယ်" ပါခင်ဗျာ

      Delete
    3. အင်း admin ကတော့ နေရာတကာ နှံ့စပ်ပါပေတယ်။ cheers 👏👏👏

      Delete
  9. အပျော်တမ်းလောင်းတော့ မင်မင်က ဒိုင်လူကြီး လာလုပ်ပေးမှာလား? ထသတ်ကုန်ကြရင် ဘယ်သူဖြန်ဖြေပေးမှာလည်း? 😁😁
    ပတ်လမ်းထဲက ညိုကီတွေကို မောင်းထုတ်ပြီး တကမ္ဘာပဲပတ်မယ်...😝
    အော်...နာ့ဆုတောင်းတွေမပြည့်တာ နာကဂြိုဟ်ကြီးကိုဆုတောင်းနေတာကိုး အာ့ကြောင့်မှိတ်တုတ်မဖြစ်ပဲ တအားလင်းနေတာကို...အရမ်းနီးလို့ လို့ထင်ထားတာလေ စခဒရုန်းတောင်ထင်ခဲ့ဖူးသေးတာ 🤣🤣

    ReplyDelete
    Replies
    1. ထချကြရင်တော့ "မလုပ်ကြပါနဲ့" လို့ ပြောရမှာပေါ့ဗျာ၊ ပြီးရင်တော့ အေးဆေး ထိုင်ကြည့်ပေးမှာပေါ့ ဟိဟီး... 🤭🤣🤣

      Delete
    2. ဪ...အာ့ဆိုလည်း ဒိုင်လူကြီးပဲဝိုင်းချကြမယ်

      Delete
  10. ကောင်းကင်က ကြယ်တွေဟာ
    သူတို့ကိုသူတို့ အထီးကျန်တယ်လို့မပြောသလို
    ကြွေသွားရင်လဲတိတ်တိတ်လေးပဲကြွေကျသွားတာပါပဲ
    တစ်ခါတလေ ကိုယ်ဟာလည်း ဒီကမ္ဘာမြေပေါ်က ကြယ်လေးတစ်လူံးဖြစ်ချင်မိတယ်😔

    ReplyDelete
    Replies
    1. ကလစ်ကာတွေ ကလည်းနော်
      ပန်းတပွင့်ဖြစ်ချင်တဲ့သူနဲ့
      ကြယ်တလုံးဖြစ်ချင်တဲ့သူနဲ့ ဟုတ်နေရောပဲ 😁

      ကိုလင်းဆက် ရေးထားတာ လေး သဘောကျပါတယ်နော်
      အပေါ်ကစာက စ တာရယ်ပါ

      Delete
    2. @linnsatt စာသားကောင်းလေးတွေ ရှယ်ဖန်တီးနိုင်ပါစေခင်ဗျာ... 🥰

      Delete
    3. ကျေးဇူးပါမမိုးရေ
      ကျေးဇူးပါမင်မင်ကြိုးစားနေပါတယ်😊

      Delete
  11. Replies
    1. ကောင်းသောညပါခင်ဗျာ... 🌃

      Delete
  12. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. ဝိုး...adminရဲ့ ကျေးဇူးနဲ့ ကြယ်တွေဟာ အချိန်ပြည့်တောက်လောင်နေတဲ့အကြောင်း ဘာကြောင့် မှိတ်တုတ်မှိတ်တုတ်မြင်နေရတဲ့ အကြောင်းတွေကိုလည်း သိသွားတဲ့အပြင် ကောင်းကင်မှာ ငူငူကြီးလင်းနေတဲ့ ဂြိုလ်နဲ့ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ ကြယ်ကိုလည်း
      ခွဲတတ်သွားပါပြီး။

      စကားမစပ်...ကြယ်တွေလည်း စိတ်ညစ်စရာများတဲ့ပုံပဲ အချိန်ပြည့် တောက်လောင်နေတယ်ဆိုတော့...
      ဟားဟား Just kidding😄

      Delete
    2. ကျေးဇူးပါခင်ဗျာ 🥰
      သူတို့လည်း ဒီလောက်ကျယ်တဲ့ စကြာဝဠာကြီးထဲမှာ တစ်ကောင်နဲ့ တစ်ကောင် အဝေးကြီးတွေ နေနေရတော့ ဘူပြီး လောင်နေကြတယ် ထင်ပါရဲ့ဗျာ.. ဟိဟီး 🤭🤣🤣

      Delete
  13. အနန္တစင်္ကြာ၀ဠာကြီး...

    ReplyDelete
    Replies
    1. ဟုတ်ပါ့ဗျာ...
      အတိုင်းမရှိ ကျယ်တဲ့ အနန္တစကြာဝဠာကြီးထဲမှာ ပိစိလေး ကျွန်တော်တို့တွေ...

      Delete
    2. အဲလို‌တွေးမိတော့လည်း
      တရားပဲရသလိုလို ဘာလိုလို
      ဖီလင်ကြီးကလည်း😅

      Delete
  14. Replies
    1. ကောင်းသောညပါခင်ဗျာ... 🌃

      Delete
  15. ​ကျေးဇူး မင်မင်
    But, ​ကျော်ခွ​တော့ ဖတ်သွားတယ်​ညော် 🤭🤭🤭😁😁😁

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါခင်ဗျာ၊ အချိန်ရမှ အေးဆေးဖတ်လို့ ရပါတယ်ခင်ဗျာ...🥰

      Delete
  16. အချိန်တွေပေးပြီး စာတွေအများကြီးဖတ် စာအရှည်တွေကြီးထိရေးပေးရှင်းပြပေးတဲ့ ကျေးဇူးများကြီးတင်ပါတယ် မင်မင်
    တကယ်ကို ဗဟုသုတရပါတယ်

    ကြယ်ကြွေတယ်လို့ပြောရတဲ့ အကြောင်းလေးလည်း သိချင်ပါတယ်(⁠ ⁠◜⁠‿⁠◝⁠ ⁠)⁠♡

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါခင်ဗျာ၊ အခါအခွင့်သင့်ရင် တင်ပေးပါ့မယ်ခင်ဗျာ...🥰

      Delete
  17. ညဘက် တိတ်ဆိတ်နေတဲ့အချိန် ကြယ်တွေကို ထိုင်ကြည့်ရတာ သဘောကျတယ်

    ReplyDelete
    Replies
    1. @Ei Phyu သိပ်ကောင်းတဲ့ အရသာပေါ့ခင်ဗျာ...🥰

      Delete
    2. (⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠✧⁠*⁠。

      Delete
  18. စာအရှည်ကြီးပဲ ဖတ်ပြီးမူးသွားတယ်

    ReplyDelete
    Replies
    1. ဒါတောင္ မကုန္သေးဘူး

      Delete
    2. ခေါင်းမူးပြေမှ အေးဆေးဆက်ဖတ်ပါခင်ဗျာ.. ဟိဟီး 😅

      Delete
  19. ကျေးဇူးပါ
    (စာသင်နေလို့ နောက်မှ လာဖတ်တော့မယ် )

    ReplyDelete
    Replies
    1. ဟုတ်၊ အချိန် အေးဆေးရမှ ဖတ်လို့ရပါတယ်ခင်ဗျာ...🥰

      Delete
  20. မှိတ်တုပ်မှိတ်တုပ်တို ကြယ်
    ဒီတိုင်းငူတူတူကြီ လင်း​နေတာဆို ဂြိုလ်
    မှတ်ထားလိုက်ပါပြီ မင်မင် 👌

    Till the end
    Fighting together 💪

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော် မျှဝေတာလေးတွေကနေ ဗဟုသုတ ရသွားတယ်ဆိုလို့ ဝမ်းသာရပါတယ်ခင်ဗျာ...🥰

      Delete
  21. Replies
    1. ကောင်းသောညပါခင်ဗျာ... 🌃

      Delete
  22. တချို့ကြယ်တွေက ဒီအတိုင်း လင်းနေပြီး တချို့ကြယ်တွေကျ မှိတ်တုတ်မှိတ် တုတ် ဖြစ်နေတာ ဘာ​ကြောင့်လဲ မသိဘူးဆိုပြီး တွေးခဲ့တာ
    ခုမှ ခွဲတတ်သွားတယ်

    ReplyDelete
    Replies
    1. စကားမစပ် ဒီ link မှာ ကိုယ်တော်တော် စကားများထားတာပဲ ကိုယ်မဟုတ်တဲ့ အတိုင်း ☺

      Delete
    2. ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော် မျှဝေတာလေးတွေကနေ ဗဟုသုတ ရသွားတယ်ဆိုလို့ ဝမ်းသာရပါတယ်ခင်ဗျာ...🥰

      ပြောပါများ စကားသွက်တာပေါ့ခင်ဗျာ...ဟိဟီး 😅

      Delete
  23. Wheel.............dope.🏹🏹🏹

    ReplyDelete
  24. TGIF လုပ်နေတာလားမင်မင် 😝

    ReplyDelete
    Replies
    1. မဟုတ်ရပါဘူးခင်ဗျာ...😅

      Delete
  25. တွေ့ရတာလေးပြောပြချင်ပါတယ်
    ယုံကြည်ချက်ပေါဗျာ
    စကစ ဟာဘယ်နေရာကြည့်လိုက်ကြည့်လိုက် မြို့တွင်းမှာတောင်ဘန်ကာတွေဆောက် ညဖက်လုပ်ရမဲ့အလုပ်တွေ နေ့ဘက်လုပ်
    သူတို့ ယုံကြည်မှု မရှိတော့ဘူး သူတို့ရှုံးနေပြီဆိုတာသက်သေပြနေသလိုပါဘဲ
    တစ်ဖက်မှာတော်လှန်ပြည်သူတွေကနိုင်သလောက်ဝန်ကိုနိုင်သလိုထမ်းယုံကြည်ချက်အပြည့်နဲ့ဆိုတော့ လယ်ပြင်ဆင်သွားသလို မြင်သာနေပါပြီ တက်တွေမထောင်ကြပါနဲ့အုံး လို့တောင်းဆိုချင်ပါတယ်

    ReplyDelete
    Replies
    1. မှန်တာပေါ့ခင်ဗျာ၊ ပွဲပြီးမှ တက်ထောင်တာသာ အဖြစ်သင့်ဆုံးပါပဲ 💪🏻

      Delete
  26. ဖီးလ်လို့မရတော့ဘူး

    ReplyDelete
    Replies
    1. တွေ့လိုက်မိတဲ့ Meme ထဲကလို ခေါင်းဘီးလေး ကျိုးသွားလို့လားခင်ဗျာ.. ဟိဟီး 🤭

      Delete
  27. ဗဟုသုတအတွက် အများကြီးကျေးဇူးတင်ပါကြောင်း🤸‍♀️💚

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော် မျှဝေတာလေးတွေကနေ ဗဟုသုတ ရသွားတယ်ဆိုလို့ ဝမ်းသာရပါတယ်ခင်ဗျာ...🥰

      Delete
  28. အဝေး..........ကြီး.......ပဲ...လား
    အများ...............ကြီးပဲ
    စာတွေက

    ReplyDelete
    Replies
    1. ဟုတ်...တာ...ပေါ့...ခင်ဗျာ.....
      စကြာဝဠာကြီးးး...က အကျယ်ကြီးးး...ကိုးးး..ခင်ဗျ... 😅
      စာ...များးး...ဆို...ကျွန်တော်..က...လည်းးး...လေ...ကြော....ရှည်...ကိုးးး...ခင်ဗျ...🤭🤣🤣

      Delete
    2. Heehee😅

      (ဝင်ရီသွားတယ်ညော်)

      Delete
  29. ကောင်းသောညပါခင်ဗျာ... 🌃

    ReplyDelete
  30. ကျေးဇူးပါမင်မင် ဪ ဒါနဲ့လေ ကြယ်တွေကြွေရင် ဆုတောင်းပြည့်တယ်ဆို အဲ့ဒါဟုတ်လားမင်မင်

    ReplyDelete
    Replies
    1. အဲ့တာကတော့ ယုံကြည်မှုတစ်ခုပေါ့ခင်ဗျာ...
      အမြဲတမ်း မှန်နေမယ့် နိယာမကတော့ "Action will answer." ပါခင်ဗျာ... 🥰

      Delete
    2. ❤️❤️❤️
      💙💙💙
      💖💖💖
      💗💗💗

      Delete

  31. STAR ✨

    ကျည်ခခဲ့ရ
    ကြယ်ကလေးတွေရေ ⭐️

    မင်းတို့ ကြွေကျခဲ့တာ 💫💫
    မဟုတ်ပါဘူး
    အလင်းလက်ဆုံး ပွင့်ပြခဲ့ကြတာ

    ငါတို့ ဦးခေါင်းထက်က
    ကောင်းကင်ယံမှာ 💫💫

    ငါတို့အမြဲဦးညွှတ်ရင်း
    ပန်းတိုင်မရောက်မချင်း
    တိုက်ပွဲဝင်နေမှာပါ..🌸

    ReplyDelete
  32. Good night 😴
    Admin and clickers 😊

    ReplyDelete
    Replies
    1. ကောင်းသောညပါခင်ဗျာ... 🌃

      Delete
  33. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. This comment has been removed by the author.

    ReplyDelete
  35. 🥭 Done (ဒီနေ့လဲ Click ပြီးပြီလား babe လို့မေးမဲ့သူမရှိပြန်ဘူး 😖)

    ReplyDelete
    Replies
    1. ကြည့်ရတာ မေးမယ့်သူက ကြယ်တွေထက်ကို ဝေးနေတယ်ထင်ပါ့...ဟိဟီး 🤭🤣🤣

      Delete
  36. မှိတ်တုတ် မှိတ်တုတ် မလုပ်ဘဲ ငူငူကြီးနေတဲ့ကိုယ်က ဂြိုလ်ကြီးပေါ့နော်🤣🤣
    နေကောင်းခါစ လာရွတာ😂

    ReplyDelete
    Replies
    1. မငူရအောင် ဘေးနားက အရံဂြိုဟ် လ လေးနဲ့ ဆော့နေကြပေါ့ခင်ဗျာ... ဟိဟီး 🤭🤣🤣

      Delete
  37. Replies
    1. Yeah... you've done well, Clicker...🥳

      Delete
    2. အောင်မလေး မင်မင် စာပြန်တဲ့နေ့မှ အဝင်နောက်ကျ 😢၊ဒါနဲ့ YTမှာ လေ Raungni နဲ့ we click 4mm မှာ ကြော်ငြာမတက်ဘူးရော ၊ ခုအဲ့က ပြန်လာတာ

      Delete
  38. ကြယ်ကြွေရင်မြန်နေရောပဲ ဆုတောင်းချိန်တောင်မရဘူး

    ReplyDelete
  39. မှိတ်တုတ် မှိတ်တုတ် ကြယ်တွေအ‌ေကြာင်းပြောပေးလို့ သေချာသိရတာ ကျေးဇူးပါ မင်မင်

    ReplyDelete
  40. ညဘက် ကြယ်တွေထိုင်ကြည့်ရတာ အရမ်းသဘောကျတယ်
    တခါတလေ ကြယ်တွေ လိုက်ရေ တွက်မိတယ်💙💙🍀
    ကျေးဇူးပါ Admin ရေ

    ReplyDelete
  41. This comment has been removed by the author.

    ReplyDelete
  42. click to donate ရဲ့reply လေးမရတော့ဘူး
    ညနေကဝင်ဖို့မေ့နေတာ😞😞

    ReplyDelete
  43. This comment has been removed by the author.

    ReplyDelete
  44. ဗဟုသုတအများကြီးရလို့ ကျေးဇူးမင်မင် 🔯ကြည့်ရတာသဘောကျတယ်💜

    ReplyDelete
  45. Daily juty
    Clicked
    😴😴😴☕☕☕

    ReplyDelete
  46. ဒီမင်မင်က တော်တော်စာရေး စာဖတ်ကောင်းတဲ့မင်မင်ပါပဲဗျာ။

    ReplyDelete
  47. ကျည်ခခဲ့ရကြယ်ကလေးတွေရေ

    သင်တို့ ကြွေကျခဲ့တာမဟုတ်။
    အလင်းလက်ဆုံး ပွင့်ပြခဲ့ကြတာ။
    ငါတို့ဦးခေါင်းထက်က ကောင်းကင်ယံမှာ။

    ငါတို့အမြဲဦးညွှတ်ရင်း
    ပန်းတိုင်မရောက်မချင်း တိုက်ပွဲဝင်နေမှာပါ။

    #သားသခင်

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)