The Start (Click 02)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. (🩴🩴 a pair of Slippers)


    Who took off a pair of slippers
    (🩴🩴 )and left from the world......

    If you have even one hope strand of reason to live( a straw or a hair tie), please hang on to it.

    You are the ones who truly deserve equal human rights to live, so please hang on to a thread of hope......

    Can we face the near future together? please hold on to even a straw of hope and don't (🩴🩴)went away from world🥹🥹

    (🩴🩴ခြေညှပ်ဖိနပ်တစ်ရံ)

    ဖိနပ်တစ်ရံကိုချွတ်ခဲ့ပြီး(🩴🩴 )လောကကြီးကို ထားခဲ့ကြသူတို့ရေ..........

    တကယ်လို့ အသင်တို့မှာ အသက်ရှင်ဖို့အကြောင်းရင်း မျှော်လင့်ချက်(ကောက်ရိုးတမျှင် ဆံချည်တမျှင်)လောက်ဖြစ်ဖြစ်ရှိနေမယ်ဆိုရင် ကျေးဇူးပြု၍ဆွဲထားပေးပါ......

    သင်တို့မှာလဲ လူ့လောကရဲ့တန်းတူညီမျှလူ့အခွင့်အရေး အသက်ရှင်ဖို့ထိုက်တန်သူမို့မျှော်လင့်ချက်(ဆံချည်မျှင်လေး)ဖြစ်ဖြစ်ရှိရင်ကျေးဇူးပြုပြီးဆွဲထားပေးပါ.....

    မဝေးတော့တဲ့အနာဂတ်အတွက်အတူတူရင်ဆိုင်လို့မရဘူးလား? ကျေးဇူးပြုပြီ မျှော်လင့်ချက်(ကောက်ရိုးတမျှင်ဖြစ်ဖြစ်)ရှိရင်ဆွဲထားပေးပါ လောကကြီးရဲဝေးရာ (🩴🩴 )ထားခဲ့ပြီးထွက်မသွားပါနဲ့🥹🥹


    ............❤Htet..........

    ReplyDelete
    Replies
    1. သနားပါတယ် မီလဲတွေ့လိုက်တယ်😿😿

      Delete
  2. 🖤💗🖤💗🖤💗🖤💗🖤💗

    ReplyDelete
  3. Yeah, Thank you (⁠✿⁠ ⁠♡⁠‿⁠♡⁠)

    ReplyDelete
  4. အားလုံးမင်္ဂလာပါခင်မျ

    ReplyDelete
  5. အာ... သဘောကျလိုက်တာ 😄🤍

    ReplyDelete
  6. Yes, today is the start of something great.

    E.g. Waking up with clicking 🤭

    ReplyDelete
  7. Better days are coming
    (⁠✷⁠‿⁠✷⁠)

    ReplyDelete
  8. သူမနှင့်ကျွန်တော် ချစ်သူသက်တမ်း ၁ နှစ်ပြည့်မှာ နှစ်ယောက်ထဲ ချောင်းသာကို
    ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ်

    သူမဟာ ပညာတတ် ခေတ်လူငယ် တစ်ယောက်ဆိုပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ

    ပထမညမှာ ကျွန်တော်သူမကို
    ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ်
    `နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ် ဟေမာန် နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်းအတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး
    ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ ဟေမာန် ´

    နောက်ညရောက်တော့ သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ်
    `နင် မနေ့ညက ပြောတဲ့ စကားကို
    ငါတစ်ညလုံးတွေးတယ်ဟာ ပြီးတော့
    ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ထိန်းနိုင်တဲ့ ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်´
    အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့ရင်ဘက်အမွှေးလေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်

    ကျွန်တော် သူမမေးစေ့လေးကို အသာယာဆွဲကိုင်မော့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်
    `ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူး ဟေမာန်

    ငါ့စိတ်တွေဟာလေ ကမ်းခြေကကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့
    လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ
    နင်ဘယ်သိမလဲ လေ´

    ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမက
    ` အခုညရော အဲဒီလိုပဲဖြစ်နေလား´ တဲ့

    မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်း ရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့
    သူမလက်လေးတွေဟာ ဖြည်းညင်းစွာအောက်ဘက်ဆင်းသက်လာပြီး ကျွန်တော့ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့

    `ငါက မိန်းကလေးလေဟာ ပြီးတော့ ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့ ခုည နင့်သဘောအတိုင်းပါပဲ ´

    သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး
    တိုးတိုးလေး ပြောလာတယ်...

    ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီးနုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်

    ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာ ရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း

    `` မင်း ရှက်နေတာလား ဟေမာန် ´´

    `` အင်း ´´

    မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ်

    သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က

    ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍မရနိုင်သေးကြောင်း သမုဒယအမြစ်တွေပွားနေမြဲသာဖြစ်ကြောင်း ရှက်စရာမလိုကြောင်း
    သဒ္ဒါ၊ သီလ သုတ ၊ စာဂ ပညာ စသဖြင့်
    သူတော်ကောင်းတရား ၇ ပါးရှိကြောင်း
    ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း

    ဟီရိ ဩတပ္ပ ဆိုတဲ့
    အရှက်နှင့်အကြောက်ရှိရမှာမှန်ပေမယ့်လို့
    ရှက်သင့်တဲ့ အရှက်ဆိုတာ မကောင်းမှုလုပ်ရမှာကိုသာ ရှက်သင့်ကြောင်း
    စသဖြင့် အစချီလိုက်တာ
    နဂိုကတည်းက တရားဘာ၀နာလိုက်စားတဲ့ သူမဟာ မသိတာတွေကို... မေး
    ကျွန်တော်ကရှင်းပြ သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့

    အဲဒီညမှာတင်

    သူမလည်း သောတပန်တည်
    ကျွန်တော်လည်း မနက်မိုးလင်းတော့
    အဲ့ဒိနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာ ခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ xD

    ᴄᴛᴛᴏ - bo
    #crd_to_bobohein

    ReplyDelete
  9. Good morning .Have a great day🍮🍛🍴

    ReplyDelete
  10. Of course, something is coming
    We must win this game..

    ReplyDelete
  11. Clicker အားလုံး မင်္ဂလာပါ 08:26 AM

    ReplyDelete
  12. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  13. Everyday is blessing day from the God.....
    ငယ်ငယ်တုန်းက ခရစ်ယန်သီလရှင်တပါးပြောဖူးတာလေးပါ
    ကိုယ်တွေက ပြဿဒါး/ရက်ရာဇာ ဘာညာနဲ့တိုင်ပတ်နေလို့

    ReplyDelete
  14. So Today is my great day.

    I could still do it.( click 💯)

    ReplyDelete
  15. Replies
    1. wallpaper လှလှ လေးတွေနဲ့ အမြဲ ကြိုးစားဖို့ စာလေးတွေ အတွက် ကျေးဇူးပါ💙💪🏻

      Delete
  16. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. With passion & perseverance, I click every day.

    ReplyDelete
  18. ငွေရှိတဲ့သူက ငွေမရှိတဲ့သူအပေါ်
    ပညာတတ်တဲ့သူက ပညာမတတ်တဲ့သူအပေါ်
    အသိုင်းအဝိုင်း ရှိတဲ့သူက အသိုင်းအဝိုင်းမရှိတဲ့သူအပေါ်
    လက်နက်ရှိတဲ့သူက လက်နက်မရှိတဲ့သူအပေါ်
    အာဏာရှိတဲ့သူက အာဏာမရှိတဲ့သူအပေါ်
    အနိုင်ကျင့်ဗိုလ်ကျ လူပါးဝတတ်တဲ့ အထက်စီးဆန်ဆန် ဆက်ဆံတာတွေကို
    ကျနော် မုန်းတီးရွံရှာပါတယ်။
    ဒါကြောင့်ပဲ ကျနော် တော်လှန်ခဲ့ပါတယ်၊
    တော်လှန်ပါတယ်၊
    တော်လှန်ပါမယ်။
    ကိုယ်တန်ဖိုးထားတဲ့အရာကို တလက်မမှ ကျနော်အရွေ့ခံမှာ မဟုတ်ပါဘူး။
    ရိုးသားသူတွေကို ချစ်ခြင်းမေတ္တာနဲ့ ကမ်းလင့်သလို
    မရိုးသားသူတွေကိုလည်း ပုဆိုးခွင်းစွပ်ပြီး ဒါးချင်းထိုးဖို့ အသင့်ပါပဲ။့

    ReplyDelete

  19. ကလစ်ကာတို့၏ အင်အား
    ----------------------------------

    ငါတို့ ကလစ်ကာတို့၏ အင်အား
    မိုးကြိုးသွားလို
    မကောင်းဆိုးဝါး စစ်မိစ္ဆာများ
    ရင်အားထိုးခွဲ ငရဲမီးလို
    လောင်ကျွမ်းပါစေ

    ပယ်လယ်ရေလို
    တို့တွေဓမ္မ
    လမ်းကြောင်းကြအောင်
    လမ်းတွေဖောက်ဖို့
    ကလစ် ကို ခေါက်တယ်

    ကလစ်ကို ခေါက်ပြီး
    အသစ်တွေ တည်ဆောက်
    လမ်းကိုဖောက်
    အဆုံးထိရောက်အောင်
    လျှောက်ကြမယ်
    လမ်းချင်းတူရင် လူချင်းဆုံတယ်

    တည်ဆောက်ကြမည်

    "ဒီမိုကရေစီ"


    San Zuren 🌸

    ReplyDelete
  20. ရက်စ် မင်မင်, သိုင်းကျူးဆိုးမက်ပါ 😊

    ReplyDelete
  21. Everything I do, I do it for you 💞

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)