Spirit: Stallion Of The Cimarron - Movie Review (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10


    မနေ့က "Animation Movie လေး ညွှန်းပေးပါဦး" ဆိုတဲ့ comment လေးတစ်ခု တွေ့မိလို့ပါခင်ဗျာ။
    ဒီဇာတ်ကားလေးကို ကျွန်တော် သဘောကျမိတဲ့ အဓိကအချက် ၂ ချက် ရှိတယ်ခင်ဗျ။ တစ်ချက်က ဇာတ်လမ်းမှာ ပါတဲ့ သတ္တဝါတိုင်းဟာ သူ့ဘာသာဘာဝ ဘာသာစကားကိုပဲ ပြောတာရယ် နောက်တစ်ချက်က ဇာတ်ဝင်တေးရယ်ပါ။ ပထမတစ်ချက်ကို နားလည်အောင် ပြောရမယ်ဆိုရင် တခြား အကောင်လေးတွေအကြောင်း ရိုက်ထားတဲ့ ဇာတ်ကားတွေလိုမဟုတ်ဘဲ ဒီဇာတ်လမ်းမှာပါတဲ့ တိရိစ္ဆာန်တွေက လူစကား ထ,မပြောဘူးဗျာ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ မြင်းဆို မြင်းလိုပဲ ဟီတယ်။ နောက် ငှက်ဆို ငှက်သံပဲ။ လူတွေကပဲ လူစကားပြောတာ။ ကုန်ကုန်ပြောရရင် Narrative တောင်မှ မြင်းလိုပဲ ဟီတယ်၊ ဟန်ပန်အမူအရာ ပြတယ်ခင်ဗျာ... အေးရော။ ဒီဇာတ်ကား အဓိကကြည့်ကောင်းသွားတဲ့အကြောင်းကလည်း အဲ့လိုသဘာဝကျအောင် လုပ်ထားလို့ဗျ။
    နောက်တစ်ချက်ဖြစ်တဲ့ ဇာတ်ဝင်တေး...၊ ဇာတ်လိုက်မြင်းစုံတွဲလေး သွားလာမြူးတူး၊ ရေကူးကြတဲ့အခန်းမှာ သုံးသွားတဲ့ ဇာတ်ဝင်တေးဆို ကျွန်တော် အတော်လေးကို သဘောကျတာခင်ဗျာ။ အဲ့ဇာတ်ကားလေး ကြည့်နေရင်းကို "ဟာ...သံစဉ်က မိုက်လှပါလား" ဆိုပြီး မျောသွားတာ။ ရယ်စရာတစ်ခု (အမှတ်တရပေါ့) ပြောပြရရင် ကျွန်တော်ငယ်ငယ် (အဲ့တုန်းက) သဘောကျရတဲ့ အမျိုးသမီးလေးအကြောင်း စိတ်ကူးယဉ်မိရင် အဲ့သံစဉ်လေးက ခေါင်းထဲမှာ အော်တိုမက်တစ်ကို ပေါ်လာတာခင်ဗျာ။ အဲ့လိုကို စွဲလန်းမိတာ (သံစဉ်..သံစဉ်) ။ နောက်အချိန်တစ်ခုရောက်မှာ ဒီသံစဉ် ဒီလောက်တောင်ကောင်းတာ ဘယ်သူ့လက်ရာပါလိမ့်လို့ ရှာကြည့်တော့မှ.. လား..လား... ဆရာကြီး Hans Zimmer ရဲ့ လက်ရာဖြစ်နေတာကိုးဗျ။ ဇာတ်ဝင်တေးလေး နာမည်က The Long Road Back တဲ့။
    ဒီဇာတ်ကားလေး ထွက်ခဲ့တာကတော့ ၂၀၀၂ ခုနှစ်ပါ။ ရိုက်ကူးရေး Budget $80 Million သုံးထားပြီး ရုံတင်ပြသငွေ $122 Million ပြန်လည်ရရှိခဲ့ပါတယ်။ Best Animated Feature အတွက် Nominate ဖြစ်ခဲ့ပေမယ့် Spirited Away Anime ကြောင့် ဆုကို လက်လွှတ်ခဲ့ရပါတယ်။ ဇာတ်အိမ်တည်ထားတာကတော့ အမေရိကန်ပြည်ထောင်စုကြီး ဖွံ့ဖြိုးရေးအတွက် မီးရထားလမ်းတွေ ဖောက်နေတဲ့အချိန်၊ Red Indian တွေနဲ့ အထိအတွေ့လေးတွေ ရှိနေတဲ့အချိန်ပါ။ အဓိကဇာတ်ကောင် Spirit က Kiger Mustang မြင်းရိုင်းတစ်ကောင်ပါ။ တစ်နေ့မှာတော့ အဲ့ဖက်ဒေသမှာ တာဝန်ကျနေတဲ့ ကာနယ်နဲ့ အဖွဲ့က Spirit ကို ဖမ်းမိသွားပါတယ်။ သူ့ကို ဖမ်းသွားတဲ့ စခန်းမှာ သူ့လိုပဲ အဖမ်းခံထားရတဲ့ Red Indian ကောင်လေးတစ်ယောက် ရှိနေပါတယ်။ ကာနယ်ရဲ့အမိန့်နဲ့ စခန်းမှာ ရှိသမျှလူတိုင်းဟာ Spirit ကို ယဉ်အောင်လုပ်ဖို့ ကြိုစားကြပေမယ့် အထမမြောက်ရှာပါဘူး။ တစ်ရက်မှာတော့ Red Indian ကောင်လေးနဲ့ Spirit ဟာ စခန်းကနေ ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ Spirit တစ်ယောက် အချစ်နဲ့ စုံစည်းပုံ၊ သူနဲ့ Red Indian ကောင်လေးတို့ လွတ်လပ်မှုအတွက် အတိုင်အဖောက်ညီညီ စွမ်းဆောင်ကြပုံတွေကို ကြည့်ရမှာဖြစ်ပါတယ်။ ကိုယ့်လူတို့ ကိုယ်တိုင်ခံစားကြည့်လို့ရအောင် ဇာတ်လမ်းကို ပိုက်စိတ်တိုက် မပြောတော့ဘူးနော...။
    အချုပ်ပြောရရင်တော့ Freedom ဆိုတာ ကမ္ဘာမှာ နေထိုင်သမျှ သတ္တဝါအားလုံး၊ အရာအားလုံးအတွက် သူ့နည်းသူ့ဟန်နဲ့ လိုအပ်တယ်ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရင်း အတွေးပေါက်ကြမှာပါ။ အာချောင်တာလည်း များသွားပြီဆိုတော့ အောက်မှာ Trailer လေး ထည့်ပေးထားပါ့မယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments


  1. EDUCATE
    -----------------

    ကလေးတွေကို
    ပညာကောင်းကောင်းသင်ပေးရင်
    လူကြီးတွေကို
    အပြစ်ပေးဖို့ မလိုတော့ပါဘူး
    ပညာရေးစနစ်
    အမှန်ကောင်းမွန်ပြီဆိုတာနဲ့
    အကျဥ်းထောင်တွေ နည်းလာမယ်
    တဖြည်းဖြည်း ပပျောက်သွားပါလိမ့်မယ်

    ပညာရေး ဘယ်လောက်ကောင်းသလဲ
    ဒီမိုကရေစီ လည်း
    အဲသလောက်သာ ကောင်းနိုင်တယ်
    ပညာရေးညံ့ရင်
    ဒီမိုကရေစီလဲ အသုံးမဝင်တော့ပါ

    Educate the children and
    it won't be necessary
    to punish the men.
    Democracy is only as good as
    the education that surrounds it.


    San Zuren 🌸

    ReplyDelete
  2. If someone throws a stone at you, throw a flower at them.

       But remember to throw the flower
         pot with it.


    (Just kidding, but don't forget the vase)😂😂🤗


    .............❤Htet...........

    ReplyDelete
  3. တကယ်ကောင်းတဲ့ကားလေး
    လူကြီးတွေက ကာတွန်းကားမကြည့်တာများပေမယ့် အဲ့ကားလေးကြည့်တုန်းက အဖေပါကြိုက်သွားတာ မှတ်မှတ်ရရပဲ
    အိမ်ကိုဧည့်သည်တွေလာတုန်းကတောင်သူကတခုတ်တရ ဖွင့်ပြတာ အဲ့ကားကို ..ပြီးတော့ပြောသေးတယ် အဲ့မြင်းကအာဇာနည်မြင်းတဲ့ 😅
    မီကြည့်ခဲ့တာ၂၀၁၁လောက်တည်းကဆိုတော့ ခုဆိုဆယ်နှစ်ကျော်ရှိပြီပေါ့ ဇာတ်လမ်းသိပ်မမှတ်မိပေမယ့် ကြည့်တုန်းက တော်တော်ကောင်းတာတော့မှတ်မိတယ်
    ( Admin ညွှန်းသမျှကျန်တာသာမသိရင်နေမယ် animation ကားတွေဆိုသိနေတယ် 😼😁)

    ReplyDelete
    Replies
    1. Review တော်တော်အရေးကောင်းတယ်နော်
      ဇာတ်ကားနီးပါးကိုကောင်းတယ် 🌝

      Delete
    2. Animation ဆို ကြိုက်တယ်😍😍😍

      Delete
  4. Admin ချစ်ဖို့ကောင်း
    ဆန်းမီရယ် တောင်းထားတာ

    ကြည့်ဖူးတယ် အရမ်းကောင်းသောAnimation Movieလေးပါ

    ‌ဇာတ်ကားညွှန်းရင်း ကြော်ငြာကလည်းဝင်တယ်နော် 🤭😁

    ReplyDelete
    Replies
    1. အဲဒါ​လေး​တွေ မင်မင်ကို
      ချစ်​နေရတာ ညိုပြာ​ရေ

      Delete
    2. ဆာမိ သီလရှင်ဝတ်စုံလည်း တောင်းကျိပါလားဟင်😁😁

      Delete
    3. @PPWK ဂျေဝင်နေတာလား? PPWK ကဘုန်းကြီးဝတ် ဆာမိက သီလရှင်ဝတ် ...ဒီလိုလား? 🤔

      Delete
    4. @Unknown 😅😅😅
      ဖြူဖြူဝင်း​ကျော် နင့်အတွက်
      သင်္ကန်း, ပရိက္ခရာပစ္စည်း ​တွေ ​​တောင်း​ပေးမယ်​နော် သိလား PPWK 😏😏😏

      Delete
    5. ကျောင်းထိုင်ဆာတော်ဖျား မျက်ခုံးလှုပ်နေလောက်ပြီ (ဆာတော်ဖျား အဒ်မင်ဂျီး)

      Delete
    6. ရီမိပြီ unknown ရေ
      🤣

      Delete
    7. @Nyopyar
      ဆတော်ဖျားက ကျောင်းမှာရန်လာဖြစ်မဲ့ ၂ယောက်ကိုမြင်ယောင်ပြီး ဝတ်မှာမဟုတ်တော့ဘူးထင်တယ် 🤣

      Delete
  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  6. Replies
    1. ရျယ်ကြိုက်အဲ့movieလေးကို
      မီငယ်ငယ်တုန်းကကြည့်တာ
      မင်မင်လဲ ပျော်ဖို့ကောင်းခဲ့မှာပဲနော်၊☺️☺️

      Delete
  7. ​ယေ့​ယေ့​ယေ့ ​ပျော်ပီ​လေ မင်မင် ဇာတ်ကား​လေး ညွှန်း​ပေးလို့
    သိုင်းကျူးဆိုးမက်ပါဗျ 🥰

    ReplyDelete
    Replies
    1. ​မင်မင်​ရေ ပျော်​ပေမယ့် ခုထိ ဇာတ်ကား link ရှာမရ​သေးဘူးဗျ
      ဆိုးဆတ် 😪

      Delete
    2. Movie Linkပို့ထားပေးတယ် Sammiရေ 🖤

      Delete
    3. ​တွေ့တယ် ညိုပြာ​ရေ
      ​ကျေးဇူးကမ္ဘာ​နော် 🥰🥰🥰

      Delete
  8. Be a happy September for all clickers 😍

    ReplyDelete
    Replies
    1. Thank you for your wish, happy September to you too...🤍

      Delete
    2. နေကောင်းကျန်းမာပါစ
      ညိုပြာ😍

      Delete
    3. ကျန်းမာ ပကတိ
      ချမ်းသာစွာရှိပါ၏...😁
      😘

      Delete
  9. @Sammi. ကျေးဇူးကြောင့် anomation movies ကြည့်ရတော့မယ် မင်မင်လဲ သိုင်းကျူး

    ReplyDelete
  10. ဪ Spirit ကားကိုးးးး
    ကျိဖူးပု😁😁😁
    Channel မှာပြန်တင်ထားတာ တွေ့သလားလို့

    ReplyDelete
  11. "ဟာ...သံစဉ်က မိုက်လှပါလား"
    အဲ့လိုကို စွဲလန်းမိတာ (သံစဉ်..သံစဉ်)
    🤔 မင်မင့် ခွက်ရ်နာမည်က "သံစဉ်" လား?

    ReplyDelete
  12. အဲ့ပေကပ်ကပ်မြင်းပုံတော့တွေ့ဖူးတယ် အဲ့ကားတော့မကြည့်ရသေးဘူး
    ကိုယ်က animation ဆိုလှနေမှကြည့်ချင်တာဆိုတော့ 😁
    Review ကောင်းနေတော့ ကြည့်ရမယ်.
    Thanks.

    ReplyDelete
  13. Animation တွေ ညွှန်းပေးတဲ့အတွက် ကျေးဇူးပါဗျ 💙
    ကျနော်ကြိုက်လို့ပါ
    ပြီးတော့ ကဗျာတွေလဲ တင်ပေးပါဦးဗျ

    ReplyDelete
  14. link 1 မှာ ခန်မှန်းတာ မှားသွားပြီကော..hee

    ဒါနဲ့လေ freedom ဆိုတဲ့ စကားလုံးလေးဖတ်မိပြီး ဝင်လာတဲ့ အတွေးတချို့ မပြောတော့ပါဘူး
    ချစ်စရာကာင်းတဲ့ post လေး ပျက်စီးသွားမှာစိုးလို့

    ReplyDelete
  15. အာ့ကားလေးကောင်းတယ် နောက်ဆုံး ဇာတ်ဝင်တေးက ဘရိုင်ရန်အန်တန် ဆိုထားတာ တော်တော်လေးကြိုက် သူ့ဇာတိကို ရအောင်ပြန်သွားနိုင်ခဲ့တယ်
    (I'm clicker)

    ReplyDelete
  16. မင်မင်လဲဂရုစိုက်ပါနော်
    အာ့ကားလေးကြည့်ဖူးတေးဘူးရယ် 🕊

    ReplyDelete
  17. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. Animation movieတွေ တော်တော်ကြည့်ဖူးပေမယ့် ဒီကားလေး ဘာလို့မကြည့်ဖူးခဲ့ပါလိမ့်? reviewဖတ်ကြည့်ရုံနဲ့ အတော်စိတ်ဝင်စားဖို့ ကောင်းနေပြီး။ ရှာကြည့်တော့မယ်။ ညွှန်းပေးလို့ ကျေးဇူးပါ adminရေ။

      Delete
  18. Thank you for your အာချောင်

    ReplyDelete
  19. Click တာဟာ ငါ့အတွက် တော်လှန်ရေး အာသာဖြေတာပဲ
    Clickတာဟာ ငါ့အတွက် တော်လှန်ရေးလူရာဝင်စေတာပဲ

    ReplyDelete
  20. မင်မင်သဘောကျနေတဲ့ အမျိုးသမီးက ငါများလား...😀

    ReplyDelete
  21. Replies
    1. တလရပြီးမှ အောင်ပွဲအနေနဲ့ကြည့်တော့မယ်

      Delete
  22. ဇာတ်ကားကြည့်လို့ကုန်မယ့်အချ်န်တွေကိုနှမြောလွန်းလို့မကြည်ံ့ပါဗျ

    ReplyDelete
    Replies
    1. တလရ ပြီးမှ
      အတိုးချကြည့်မယ်ကွာ
      🤜🤛

      Delete
    2. တစ်ရက်တစ်ရက် အချိန်တွေတန်ဖိုးရှိမှန်းပိုပိုသိလာရတယ်😁

      Delete
  23. မုန်တိုင်းထဲက ခြေလှမ်းများ ဘယ်လို အခက်အခဲများ ကြုံတွေ့ပါစေ

    အို . . . အတားအဆီးတွေ ကျော်ဖြတ်လို့

    လာပါအတူလျောက်စို့ ဒီခရီးကို

    ReplyDelete
  24. We click, we support and we must win.

    ReplyDelete
  25. ကျေးဇူးပါရှင့်

    ReplyDelete
  26. မြင်းလေးတွေမြင်တော့ ပြိုင်မြင်းတို့ရဲ့ ခွာသံကို ကြားယောင်မိ

    ReplyDelete
  27. ဒီကားလေးတော့ ဘယ်မှာမှရှာမတွေ့သေးဘူး

    ReplyDelete
    Replies
    1. မတွေ့လောက်ဘူး မီကြည့်တုန်းက အခွေ၀ယ်ကြည့်တာ
      Back to childhood ဆိုတဲ့ gpထဲပို့စ်တင်ရှာမှတွေ့မယ်ထင်တယ် 😁

      Delete
  28. ဒီကားလေးကြည့်မို့ anime ch တွေမှာလိုက်ရှာတာမတွေ့ဘူး

    ReplyDelete
  29. စိတ်အလြိမကျတဲ့အခါသူမှကိုယ်မဟုတ်တာလို့မှတ်လိုက်ပါတယ်

    ReplyDelete
  30. ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်းငါတို့တွေရဲ့သူရဲကောင်းကြယ်လေးတွေကိုမြင်နေရတယ်

    ReplyDelete
  31. I love that movie music. Thank you admin.

    ReplyDelete
  32. Ride behind the kalaw မှာ သွားပြီးမြင်းစီးတဲ့ ဓါတ်ပုံရိုက်ချင်ခဲ့တာ 😁
    ပေကပ်ကပ်မြင်းက ကန်ချခဲ့မှာ 🐴🐎 🦄 😁

    ReplyDelete
    Replies
    1. ဆိုင်ကယ်နဲ့မြင်းနဲ့မှားပြောမိပြီထင်တယ်
      တောင်စောင်းမှာမြင်းစီးလို့ရတာ သူတို့ပဲလား တခြားအဖွဲ့လားမသိတော့ဘူး 😪

      Delete
    2. Ride behind the kalaw founder အကြောင်းသူငယ်ချင်းပြောပြလို့ စိတ်မကောင်းဘူးရယ်

      Delete
  33. 😀 မဖမ်းတော့ဘူးတဲ့ ...

    @ ရန်သူတွေမှမဟုတ်တာ ...
    သူ့ကိုကိုယ်ဖမ်း၊သူကကိုယ့်ပြန်သတ်
    ဒီစက်ဝန်းကြီး၊ဘယ်တော့ပြီးမှာလည်း
    အဲ့ဒီတော့ ...
    သူလည်းရန်အေး၊ကိုယ်လည်းဘေးဝေး
    ဒီလိုဘဲလုပ်ကြရမှာ။

    😀 စစ်မင်းထက်သာ

    ReplyDelete
  34. Ngl" tone ka ka na ka na kyee tr pr ...
    Done ...

    ReplyDelete
  35. Taxes သွားပြီး cowboy လုပ်ချင်ခဲတာရယ် 😁
    ဒါပေမဲ့ သတ္တဝါတွေကို သနားလို့ ဆင်တောင်မစီးခဲ့ဘူး
    ငယ်ငယ်ကတော့ လှည်းစီးခဲ့ဖူးတယ်
    အဲ့တုန်းကပျော်လို့ အဲ့လိုမစဉ်းစားမိခဲ့ဖူးဘူး 😂

    Avatar review လေးရေးပေးပါလား? ရေးမယ်မထင် ! 🤣
    DC တွေ, marvelတွေ နဲ့ပြိုင်ဖက်လို့ကြားထားတယ်

    ReplyDelete
    Replies
    1. ရေးစရာလိုတော့ဘူး
      စောင့်ရတာတန်အောင်ကြည့်လိုက်ရတယ် 😅

      Delete
    2. နောက်ထပ်လည်း ထပ်စောင့်ရဦးမယ် 😅 ဒီတခါမကြာတော့ဘူးပြောတာပဲ LOL
      သီချင်းတွေ စာတန်းထိုးတာတွေပြီးတဲ့ထိ ထိုင်ကြည့်ပလိုက်တယ်

      Delete
  36. ရာဇဝင်တွင်မဲ့ ကလစ်

    ReplyDelete
  37. Good night 😴🌌 Admin
    And Clickers 🍀😊
    🎄⛄

    ReplyDelete
  38. (⁠.⁠ ⁠❛⁠ ⁠ᴗ⁠ ⁠❛⁠.⁠)

    ReplyDelete
  39. Avatar-2 ကြည့်လိုက်တယ် imax3D 😁
    ဖိုးမောင်ပြန်လာပြီ ၄စောင်ဝယ်လိုက်တယ်
    ၁စောင်ထပ်ဝယ်ဦးမယ် Discord မှာကြည့်မလို့ 😄

    ReplyDelete
    Replies
    1. Discord မှာကြည့်ရတာလည်း မဆိုးဘူးရယ်

      Delete
    2. ဘာအသံတွေမှန်းမသိ (noise) ဘယ်လိုပိတ်ရမှန်းမသိခဲ့တာလေးပဲ 😁

      Delete
  40. ပထမလင့်နဲဲ့ဒီလင့်ကြားထဲကလစ်ရင်း အိပ်ပျော်သွားလို့
    အိပ်တော့မယ် 😴😴GN

    ReplyDelete
  41. အဲ့ကားလေး ပြန်ရှာတွေ့ရင်ကြည့်မယ်
    ကိုယ်ကမြင်းတွေလည်း ချစ်တယ် LOL 😁
    မြင်းကြီးစီးပြီး မြှားပစ်တဲ့ ရုပ်ရှင်ကားတွေစွဲလန်းခဲ့ပေါ့

    ReplyDelete
  42. အရင် anime ကားတွေလိုက်ရှာဒေါင်းတုန်းက အဲ့မြင်းရဲ့အဆက်နောက်ထွက်တဲ့ကားလေးreview တော့တွေ့မိတယ်
    အဒ်မင်လို review အရေးမကောင်းလို့ မကြည့်ခဲ့လိုက်ဘူး 😁
    ခုတော့ လပ်ပတော့မရှိလို့ မကြည့်ဖြစ်တော့တာတွေများ
    ထပ်ရေးပေးပါဦး ပိတ်ရက်တွေမှာတခါတလေ အပန်းဖြေကြည့်ချင်တယ်
    😁😁

    ReplyDelete
  43. ဆင်ပျံကြီးနဲ့တွေ့ဖို့စောင့်နေမယ်

    ReplyDelete
    Replies
    1. ဆင်ပျံကြီး ဆက်ပျံနိုင်ပါစေ
      ဒါပေမဲ့ ရွှေဖလားကြီးတော့မရတော့ဘူးပေါ့ 👌😅
      ငါး ခြောက် တန်း လို့အပြောမခံရတော့ဘူးပေါ့ LOL
      နို့ဘူးကိုလည်း ဒီအတိုင်း တီးနိုင်ပါစေ 😅

      Delete
    2. ဆင်ပျံရေ ကိုကိုဂိတ်မှူးတို့ကတော့ အချိုရည်ဖလားကြီးယူတော့မယ် 😂
      အဆင်လေးတွေ ချယ်တို့ဖြတ်လုတာ မခံရအောင်ကြိုးစားထား
      အဆင်လေးတွေက ရေမလောင်းနိုင်ရင် အဆင့်၁ လည်းမလာဘူးနော် သိဖို့ 😝

      Delete
    3. ဖိလစ်အခြေအနေသိချင်လို့ခဏသွားကြည့်တာ ကံကောင်းလို့ ၁မှတ်ရလိုက်တာ 😂
      ငါတို့၃၆၀လေးနဲ့ tank ကြီးတို့ တံတိုင်းကြီးတို့ မားကပ်စ်တို့နဲ့လုံလောက်ပါပြီ အဆင်တွေ မငမ်းတော့ပါဘူးလေ

      Delete
  44. ကြည့်မယ်တေးထားတာကြည့်ရသေးပု🤧

    ReplyDelete
  45. မအေလိုး မင်းအောင်လှိုင်နဲ့တကွ အာဏာရှင်တွေအကုန်လုံး မြန်မြန်ဝဋ်လည်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)