ခင်ဖုန်းသက်‌ဝေ ဂယ်လာရီ - သန်းတင့် (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10




    ဆရာသန်းတင့်ရဲ့ "ခင်ဖုန်းသက်ဝေ ဂယ်လာရီ" ကဗျာစာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကဗျာရှည်ဆိုတော့ တတ်နိုင်သမျှ အဆင်အပြေဆုံးဖြစ်အောင် ပုံလေး လုပ်ပေးထားပါတယ်။ ကိုယ့်လူတို့ Print ထုတ်ပြီး သိမ်းထားချင်တယ်ဆိုရင်တော့ စာရွက်ဆိုဒ်က A4 ဆိုဒ်ပါခင်ဗျာ။

    အပေါ်ဆိုဒ်က website မှာ တင်လိုက်တဲ့အခါ စာရွက်ကြီးတဲ့အပြင် စာလုံးလည်း သေးတာကြောင့် Mobile Phone နဲ့ ကြည့်မယ်ဆိုရင် ခပ်ဝါးဝါးပဲ မြင်ရလောက်ပါတယ်။ Open Image In New Tab လုပ်ပြီး Device ထဲ Save မယ်ဆိုရင်တော့ Original Quality အတိုင်း ရပါတယ်ခင်ဗျာ။ အောက်မှာကတော့ နောက် Version တစ်မျိုးအနေနဲ့ Facebook Story Size ထပ်ဖြည့်ပေးထားပါတယ်ခင်ဗျာ။

မှတ်ချက်။    ။ ဘယ်ပို့စ်ကမဆို ပုံလေးတွေ သဘောကျလို့ သိမ်းထားချင်တယ်ဆိုရင် ပုံကို ဖိနှိပ်ထားပြီး Open Image In New Tab ကို နှိပ်ပါ။ အဲ့မှာ ပေါ်လာတဲ့ ပုံကိုမှ Save လိုက်ပါခင်ဗျာ။












မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. ထပ်တိုး ပြင်ထားပေးပါတယ်ခင်ဗျာ။

      Delete
  2. Thanks Admin

    လိုချင်တဲ့ပုံဆို တစ်ခါထဲ​ဒေါင်းလိုက်ပါတယ် 😊

    Till the end
    Fighting together 💪

    ReplyDelete
  3. အညာနွေ
    ---------------

    အသိုက်ကို ဖျက်ခံရလို့
    ပြန်စရာမရှိတဲ့ ငှက်တွေ ငိုနေတယ်

    မီးပြတ်လို့ ခတ်နေရတဲ့
    နာရေးယပ်တောင်ဟာ နိုင်ငံရေးပါပဲ

    အရွက်ဆိုတာ
    ကြွေပြီးရင် အသစ်ထွက်တယ်
    အခုက အသက် ။

    ဆန်းကျော်စွာဝင်း

    ReplyDelete
  4. ​ဪ အာ့ကြောင့်မနက်ကဝင်ခိုးဖတ်တုန်းက ဝါးနေတာကိုး 😋

    ReplyDelete
  5. ဟုကဲ့ပါရှင်။

    တီလေးတော့ ဆေ့တာတွေများနေလို့
    နောက်မှပဲဆေ့တော့မယ်နော့။

    ReplyDelete
    Replies
    1. အိုမို ကဗျာကရှယ်ကောင်းချက်ပဲ ခင်ဘုန်းသက်ဝေလဲချောင်ကပ်နေလောက်ပြီ😿

      Delete
  6. ပန်းတိုင်
    ✨✨✨

    တော်လှန်ရေးကြီး
    အောင်ဖို့ရာ
    လူတိုင်းမှာ
    တာဝန်ကိုယ်စီရှိတယ်

    သံတိုင်ကြားမှာ
    ငါတို့ကိုစောင့်နေတဲ့
    ရဲဘော်တွေ ရှိတယ်
    ဒုက္ခကြားမှာ
    ငါတို့ကိုစောင့်နေတဲ့
    ရဲဘော်တွေ ရှိတယ်

    တရက် ငါတို့ အပါးခိုမိတဲ့အခါ
    တရက် ခြောက်လှန့်နေမှာက
    မြင့်မြတ်စွာ နှုတ်ဆက်သွားခဲ့သော
    တို့ ရဲဘော်တွေရဲ့ မျက်နှာတွေကို
    သတိရပါ

    တော်လှန်ရေးကို
    တစ်ဦးတစ်ယောက်ချင်း
    တာဝန်ကျေပွန်မှုကနေ
    စကြစို့

    ပန်းတိုင်သည် တရွေ့ရွေ့ဖြင့်
    နီး၍ နီး၍ လာခြင်းသာ မြင်၏

    မဆုတ်မနစ်သော စိတ်ဖြင့်သာ
    ပန်းတိုင်ဆီ အရောက်သွားကြရပေမည်


    San Zuren 🌸

    ReplyDelete
    Replies

    1. ဥာဏ်ပညာရယ်
      ချစ်ခြင်းတရားရယ်
      တော်လှန်ရေးကို
      ရှင်သန်စေမယ်...❣️

      Delete
  7. ဟုတ် သိုင်းကျူးဆိုးမက်ပါ မင်မင်

    ReplyDelete

  8. "တစ်ချက်တည်းနဲ့ သေအောင် ပစ်စေချင်ပါတယ် ကျွန်တော် ရပ်လိုက်ပါတော့မယ်။
    ငှက်လေးတစ်ကောင် ဖြစ်ပါရစေလို့ ကျွန်တော် ဆုတောင်းပြီးတဲ့အခါ အားလုံး ရပ် လို က် ပါ တော့ မယ်။"
    (ဒီကဗျာထဲက စွဲနေအောင်မှတ်မိနေသော စကား/စာသား)

    ကိုး(Nine) ရွတ်တဲ့ ခင်ဖုန်းသက်ဝေ ဂယ်လာရီကို အတူတူနားထောင်ခဲ့ဖူးတယ်
    ခုတော့လည်း အမှတ်တရတွေ...
    ဆုံမှတ်တခုမှာ ဆုံတွေ့ခဲ့ပြီး ကိုယ်စီမျက်နှာမူရာဖက် ပြေးထွက်သွားကြတဲ့ ဘယ်တော့မှပြန်မဆုံနိုင်တော့မယ့် မျဉ်းတွေလို ....

    သတိရပါတယ် တကယ်သတိရပါတယ်

    ဘဝအမောတွေကြားထဲ
    ခင်ဗျားတယောက် ...
    "ကျန်းမာပါစေ ...
    ချမ်းမြေ့ပါစေ ...
    ကျွန်‌တော်တော့ ငရဲမှာ..."

    ReplyDelete
    Replies
    1. ကျေးဇူးပါ မင်မင် ကဗျာတော်တော်များများ down ပြီး သိမ်းထားတယ်

      Delete
  9. နာမည်တောင်ပြောင်းချင်သွားတယ် 😹

    ReplyDelete
  10. ကဗျာလေး ဖတ်လို့ကောင်းလိုက်တာ

    ReplyDelete
  11. ဟုကဲ့
    ကျေးဇူးပါမင်မင်

    ReplyDelete
  12. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. "ကျွန်တော်လွမ်းကြောင်းကြားပါရဲ့လား ခင်ဖုန်းသက်ဝေ"

      Delete
  13. Clickandwatch4pdf
    YouTube channel မှာ တင်ထားတာ
    ကဗျာလေးတွေကောင်းပါတယ်

    ReplyDelete
  14. သူများတင်တာတွေ့လို့ ပြောပြတာပါ

    ReplyDelete
  15. ခင်ဖုန်းသက်ဝေ
    ကြင်နာအပြုံးတွေနဲ့
    အသက်ကိုမ‌ေြခွပါနက်လား🥺

    ReplyDelete
  16. Done 🍰ကျေးဇူးပါမင်မင်

    ReplyDelete
  17. Be safe and healthy all clickers
    Sweet dream 💓💓💓

    ReplyDelete
  18. ပုံsaveဖို့ကို လိုင်းမကောင်းလို့ ပုံက ပေါ်မလာ🥲

    ReplyDelete
  19. ခင်ဖုန်းသက်ဝေ နာမည်နဲ့ ကဗျာတွေ ဟိုတစ ဒီတစ ဖတ်ဖူးပေမဲ့ တစ်ပုဒ်လုံးတော့ခုမှ ဖတ်ဖူးတာ

    „ကျနော်ကလည်း ကျနော်ပဲ
    တိမ်မြင်မြင် တောင်မြင်မြင်
    ခက်ဖုန်းသက်ဝေကိုပဲ တိုင်ပင်ချင်မိတယ် ”
    အဲ့အပိုဒ်ကျ သေချာခံစားလို့ရတယ်
    လူတွေဆိုတာကလည်း ကိုယ်အရင်နှီးဆုံးချစ်ခင်ရဆုံးသူကို ကိုယ် နိစ္စဓူဝ ကြုံနေရတဲ့ အသေးအဖွဲလေးက အစ ပြောပြချင်တတ်ကြတာမျိုးကိုး

    ReplyDelete
  20. Wheel..............dope.🏹🏹🏹

    ReplyDelete
  21. အို မိုင် ပျော်လိုက်တာ 🥰
    ကျေးဇူးပါ မင်မင်ခင်ဗျ 💙🙆

    ReplyDelete
  22. အရင်တုန်း ရက်တွေမှာ
    သင့် အပြုံးသက်သေတွေနဲ့
    နင် ကြုံးဖက်တာ ခံခဲ့ရဖူးတဲ့
    တမင်ရုန်းထွက် ခါ အမုန်းတွေဖက်လာခဲ့ပေမဲ့ william ကလေ
    ရင်မှာ အပြုံး မပျက်ပါဘူး
    ခင်ကညာ ဖုန်းသက်ဝေရယ်

    အယ်လယ် ဘယ်သူဆီကကော်ဖီထုတ်မလာမိပြီလည်းမသိတော့ဘူး😍😍😍😍😍

    ReplyDelete
  23. 🥭 ဖတ်ထားဖူးတဲ့ထဲကတစ်ခုလောက်ရေးမယ်နော်

    "မမွေးဖွားသေးသော အသက်နှင့်လွတ်လပ်ခြင်း သန်းပေါင်းများစွာတို့နှင့် နီးကပ်စွာဆက်နွယ်လျှက်ရှိသည့် ဧရာမရည်မှန်းချက်ကြီးများ၊ လုပ်ငန်းကြီးများကား ကျွန်ုပ်တို့ရှေ့တွင် ရှိလေသည်"
    ဂျွန်အဒမ်

    "Objects of the most stupendous magnitude, and measure in which the lives and liberties of millions yet unborn are intimately interested, are now before us."
    John Adams

    ReplyDelete
  24. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete

  25. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  26. ကျေးဇူးပါ
    ပုံလေးတွေလိုချင်ရင် ssရိုက်ပြီး သိမ်းနေတာ
    ကဗျာလေးတော့ချစ်လို့အသံထွက်ပြီးရွတ်မိတယ်

    ReplyDelete
  27. We click, we support and we must win.

    ReplyDelete
  28. ဝိုးးးးးးးရည်းစားစာအမိုက်စား​ကြီး ဖီးလ်ဖို့တောင် စိတ်မဖြောင့်ရပါလားငိုးမ မအလ ရယ်😡

    ကဗျာဆရာစာသားလေး ယူသုံးရရင်
    ငါကလည်းငါပါပဲလေ
    တိမ်မြင်မြင် တောင်မြင်မြင်
    မအလပဲဆဲချင်နေတယ်

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)