နိုင်ငံတော်သီချင်း - အောင်ခင်မြင့် (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

    ကျွန်တော် ကဗျာကဏ္ဍလေးမှာ ဆရာအောင်ခင်မြင့်ရဲ့ "နိုင်ငံတော်သီချင်း" ကဗျာစီးရီးလေးကိုလည်း ထည့်ထားချင်စိတ် ဖြစ်မိလို့ပါခင်ဗျာ။ ဒီကဗျာလေးမှာ အပုဒ်ပေါင်း ၅၀ ပါပါတယ်။ ဆိုတော့... ကဗျာလေးတွေကို အလျဉ်းသင့်သလိုသာ ဖော်ပြသွားပါ့မယ်။ အကယ်လို့ အလုံးစုံ ဖတ်ရှုချင်တယ် ဆိုရင်တော့ ကျော်မွှေးစာပေမှ ထုတ်ဝေထားတဲ့ ဆရာ့ရဲ့  စာအုပ်လေးမှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

    ဆရာအောင်ခင်မြင့်၏ နိုင်ငံတော်သီချင်း ကဗျာစာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. If someone throws a stone at you, throw a flower at them.

    But remember to throw the flower
    pot with it.


    (Just kidding, but don't forget the vase)😂😂🤗


    .............❤Htet...........

    ReplyDelete
    Replies
    1. ပန်းအိုးတွေက စျေးကြီးတယ် ထက်ကလေးရဲ့ 😀

      Delete
    2. ကျောက်ခဲဆိုရင်ကော😂😂

      Delete
    3. သူတို့က ငါ့ကို ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်တယ်
      ငါက အဲ့ကျောက်ခဲတွေစုပြီး ဇယ်တောက်တိုင်း ကစားလိုက်တယ် 😀😀

      ဂန္ဒီကြီး စကားကို ပြင်ရေးလိုက်တာ hee

      Delete
  2. မင်္ဂလာပါ ...09:10 AM

    ReplyDelete
  3. Replies
    1. @PDF ဒုဗိုလ်မှူးချုပ် April မတွေ့လို့ .ဒုဗိုလ်ချုပ်ကြီး 🙋

      Delete

  4. ပြန်လင်းလာတော့မဲ့ အနှစ် ၇၀ မီးအိမ်🏮🕯️🪔💡🏮🕯️🪔💡🪔🕯️🏮💡

    ဘဝတွေက တခါမှ မလှပခဲ့
    ရောင်နီ​လေးများ သန်းလာ‌လေမလား
    မျှော်လင့်မိပေမယ့်
    မှောင်​မှောင်သွားနေဆဲ
    တန်းတူညီမျှ​ရေး
    တရားမျှတ​ရေးဆိုတာဟာလဲ
    စာရွက်​ထဲ

    လူလူချင်းတူပေမယ့်
    ဘဝ​တွေက မတူညီ
    နိမ့်တလှည့် မြင့်တလှည့်ဆိုတာ
    သီချင်း​တွေ ကဗျာ​တွေ စာ​တွေထဲ
    တကယ့်လက်​တွေ့မှာ​တော့
    နိမ့်တဲ့ဘဝ​တွေ နိမ့်​နေဆဲ
    မြင့်တဲ့ဘဝ​တွေ မြင့်​နေဆဲ

    ကိုယ်ချင်းစာတရား
    တန်းတူညီမျှတရား‌တွေလဲ
    ကွယ်ပျောက်နေဆဲ
    မ​ဝေး​တော့​တဲ့ အနာဂတ်မှာ
    မှောင်နေတဲ့ အနှစ် ၇၀ မီးအိမ်လေး
    ထွန်းတောက်လာ‌လေမလား
    မျှော်လင့်ရင်း ရှင်သန်ဖို့ ကြိုးစား‌ဆဲပါပဲ


    San Zuren 🌸

    ReplyDelete
  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  6. Good night all clickers
    Have a sweet dream 💕😘💕

    ReplyDelete
  7. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. " တံတားပေါ်ကနေ ခုန်ချဖို့က လက်မှတ်ဝယ်ပြီး တန်းစီရတယ်"

      Delete
  8. စဉ်းစားမိတယ်...

    ခေတ်က ခုမှပျက်တာမဟုတ်ဘူး
    ငါတို့မမွေးခင်ကတည်းက မကောင်းတာ

    ခေတ်ပျက်
    စနစ်ပျက်

    အဲဒီအပျက်အစီး‌တွေ
    ငါတို့လက်ထက် အဆုံးသတ်မယ်!!

    ReplyDelete
  9. စိတ်မကောင်းစရာ 😔

    ReplyDelete
  10. လူကြီးတွေစကားပြောဖို့
    လူငယ်တွေသေပေးနေရတာကို
    စစ်ပွဲလို့ခေါ်တယ်ဆို
    ရေပေါ်ဆီကလေးတွေ အောင်ပွဲခံဖို့
    အခြေခံလူတန်းစားတွေသေပေးနေရတာကို
    တော်လှန်ရေးလို့ ခေါ်ပါတယ်

    မိုးအိမ်သစ်

    ReplyDelete
  11. အိမ်မက်ဆိုးထဲရောက်တိုင်း
    .....…....….............................
    😞

    ReplyDelete
    Replies
    1. ဆရာအောင်ခင်မြင့်ရဲ့ကဗျာတွေကိုမဖတ်နိုင်ဘူး

      Delete
  12. ကဗျာ က အတော်‌ေလး မွန်းကြပ်
    ခုခေတ်ကိုလဲ
    ထင်ဟပ်နေတာ

    ReplyDelete
  13. တစ်ချို့​တွေ အိမ်ဆိုတာဘာမှန်းမသိချိန်
    တစ်ချို့​တွေက​တော့ မီးဖို​ချောင်ဘာ​ဆေးသုတ်ရမလဲ စဥ်းစား​နေတယ်
    ​​ကမ္ဘာကြီးကတရားပါတယ်
    မတရားတာက​တော့ စဥ်းစား​​တွေးခေါ်တတ်တဲ့ ဥာဏ်ပညာပါပဲ

    ReplyDelete
  14. ကဗျာကိုဖတ်ခွင့်ရခြင်းက ကျနော့်အတွက် နတ်သုဒ္ဒါလေးပါခင်ဗျ ✌️

    ReplyDelete
  15. ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်းငါတို့တွေရဲ့သူရဲကောင်းကြယ်လေးတွေကိုမြင်နေရတယ်

    ReplyDelete
  16. ရင်သပ်ရှုမောဖွယ် နိုင်ငံကြီးထဲ .....

    ReplyDelete
  17. လူအများကြီးဆင်းရဲနေပြီး
    လူနည်းနည်းလေးမှာချည်း သုခဘုံဆိုက်နေတဲ့
    ငါ့တိုင်းပြည်မှာ
    တိုင်းပြည်ကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    အမိအဖကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    ငါ့မိန်းမပျိုကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    ဘုရားရှစ်ခိုးရတာက အစ
    သွေးသားဆန္ဒဖြေဖျောက်ရခြင်းအထိ
    ငါ့မှာ အရသာမရှိဘူး၊

    _ကေဇ၀င်း

    ReplyDelete

  18. အမြဲတန်း နောက်ကျတတ်တဲ့
    အမှန်တရားကို
    ဒီတစ်ခါခပ်စောစော ရောက်စေချင်လို့
    မဆိုင်သလိုနေတတ်တဲ့သူငယ်ချင်းရေ
    လာပါ
    မိစ္ဆာတွေအစွယ်ချိုးမဲ့ပွဲမှာ
    ငါတို့အတူတူတရားစီရင်ကြတာပေါ့
    # ငရာ

    ReplyDelete
  19. အနာဂတ်တွေ ထွန်းလင်းတောက်ပနိုင်ဖို့ မိစ္ဆာ တွေကို ဖြိုခွင်းတိုက်ထုတ်နေရသော ရဲရဲတောက် ဂုဏ်ယူဖွယ်အာဇာနည် လူငယ်များရှိသော နိုင်ငံတော်။😎😎😎

    ReplyDelete
  20. သူမနှင့်ကျွန်တော် ချစ်သူသက်တမ်း ၁ နှစ်ပြည့်မှာ နှစ်ယောက်ထဲ ချောင်းသာကို
    ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ်

    သူမဟာ ပညာတတ် ခေတ်လူငယ် တစ်ယောက်ဆိုပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ

    ပထမညမှာ ကျွန်တော်သူမကို
    ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ်
    `နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ် ဟေမာန် နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်းအတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး
    ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ ဟေမာန် ´

    နောက်ညရောက်တော့ သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ်
    `နင် မနေ့ညက ပြောတဲ့ စကားကို
    ငါတစ်ညလုံးတွေးတယ်ဟာ ပြီးတော့
    ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ထိန်းနိုင်တဲ့ ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်´
    အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့ရင်ဘက်အမွှေးလေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်

    ကျွန်တော် သူမမေးစေ့လေးကို အသာယာဆွဲကိုင်မော့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်
    `ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူး ဟေမာန်

    ငါ့စိတ်တွေဟာလေ ကမ်းခြေကကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့
    လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ
    နင်ဘယ်သိမလဲ လေ´

    ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမက
    ` အခုညရော အဲဒီလိုပဲဖြစ်နေလား´ တဲ့

    မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်း ရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့
    သူမလက်လေးတွေဟာ ဖြည်းညင်းစွာအောက်ဘက်ဆင်းသက်လာပြီး ကျွန်တော့ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့

    `ငါက မိန်းကလေးလေဟာ ပြီးတော့ ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့ ခုည နင့်သဘောအတိုင်းပါပဲ ´

    သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး
    တိုးတိုးလေး ပြောလာတယ်...

    ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီးနုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်

    ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာ ရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း

    `` မင်း ရှက်နေတာလား ဟေမာန် ´´

    `` အင်း ´´

    မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ်

    သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က

    ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍မရနိုင်သေးကြောင်း သမုဒယအမြစ်တွေပွားနေမြဲသာဖြစ်ကြောင်း ရှက်စရာမလိုကြောင်း
    သဒ္ဒါ၊ သီလ သုတ ၊ စာဂ ပညာ စသဖြင့်
    သူတော်ကောင်းတရား ၇ ပါးရှိကြောင်း
    ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း

    ဟီရိ ဩတပ္ပ ဆိုတဲ့
    အရှက်နှင့်အကြောက်ရှိရမှာမှန်ပေမယ့်လို့
    ရှက်သင့်တဲ့ အရှက်ဆိုတာ မကောင်းမှုလုပ်ရမှာကိုသာ ရှက်သင့်ကြောင်း
    စသဖြင့် အစချီလိုက်တာ
    နဂိုကတည်းက တရားဘာ၀နာလိုက်စားတဲ့ သူမဟာ မသိတာတွေကို... မေး
    ကျွန်တော်ကရှင်းပြ သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့

    အဲဒီညမှာတင်

    သူမလည်း သောတပန်တည်
    ကျွန်တော်လည်း မနက်မိုးလင်းတော့
    အဲ့ဒိနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာ ခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ xD

    ᴄᴛᴛᴏ - bo
    #crd_to_bobohein

    ReplyDelete
  21. Good Morning Clickers;(13.9.2022)(8:20AM)

    ReplyDelete
  22. Clicker အားလုံး မင်္ဂလာပါ....
    ပက်ဒက်တွေ လက်သံပြောင်သလို့ ကျုပ်တို့ ကလစ်ကာတွေလည်း လက်သံပြောင်မှ ရမယ် ဟုတ်ကဲ့လား 💪💪💪
    09:03 AM

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)