Cast Away - Movie Review By C2D (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10


Cast Away

    ဒီဇာတ်ကားက ကျွန်တော့်ကို မျက်ရည်ကျစေတဲ့ ဇာတ်ကားတွေထဲ တစ်ကားပါ။ ဇာတ်ကားနာမည်က Cast Away တဲ့။ မြန်မာလို ဆီလျော်အောင် ပြန်ရင်တော့ “ရေမြောကမ်းတင်” ပေါ့ခင်ဗျာ။ 

    2000 ပြည့်နှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာကတော့ Forrest Gump ရဲ့ ပဲ့ကိုင်ရှင် Robert Zemeckis ပါ။ ပြီးတော့ Hollywood ရဲ့ Prince လို့ တင်စားကြတဲ့ မင်းသားကြီး Tom Hanks က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Chuck Noland အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ကောင်ဆိုလို့ ဟုတ်ပါတယ်... တစ်ကားလုံးနီးပါး သူတစ်ယောက်တည်း သရုပ်ဆောင်သွားတာပါ။ ဇာတ်ဆောင်မင်းသမီး Kelly Frears အဖြစ် မင်းသမီးကြီး Helen Hunt က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးဟာ ထွက်တာကြာခဲ့ပြီဆိုတော့ ကျွန်တော် Spoil မရှောင်တော့ပါဘူးနော။ Fully Loaded Spoil ပါခင်ဗျာ။

    Chuck က အချိန် တအားလေးစားတဲ့သူ၊ မလေးစားလို့လည်း မရဘူးလေ။ သူလုပ်တဲ့ အလုပ်က FedEx အမြန်ချောပို့ကိုးဗျ။ ဇာတ်လမ်း အစပျိုးတဲ့အပိုင်းမှာ U.S. က အမျိုးသမီးတစ်ယောက် ရုရှားမှာရှိနေတဲ့ သူ့အမျိုးသားဆီ ပို့လိုက်တဲ့ ပစ္စည်းထုပ် ဇာတ်ဝင်ခန်းရယ်၊ အချိန်ဟာ ဘယ်လောက်အရေးပါကြောင်း Chuck တစ်ယောက် ရုရှားက ဝန်ထမ်းတွေကို လက်ချာရိုက်တဲ့အခန်း ပါပါတယ်။ Memphis မြို့က သူထွက်လာတဲ့အချိန်နဲ့ နာရီတစ်လုံးကို သံပတ်ပေးပြီး ခုရောက်နေတဲ့ ရုရှားကို အမြန်ချောပို့ထားခဲ့တာပါ။ ပစ္စည်းရောက်ဖို့ ကြာတဲ့အချိန်က ၈၇ နာရီလောက် ဖြစ်နေတဲ့အတွက် မကြာသင့်ကြောင်း ကြိမ်းနေတာပါ။ အဲ့အချိန် စကားပြန်က သူပြောသွားတာတွေနဲ့ မဆိုင်တဲ့ ကိုယ်အမူအရာတွေနဲ့ ရုရှားဝန်ထမ်းတွေကို ပြောပြနေလို့ ဘာတွေပြောနေတာလဲဆိုပြီး ထောက်လိုက်ပါတယ်။ စကားပြန်ကလည်း ခင်ဗျားတုန်းက ကလေးတစ်ယောက်ရဲ့ စက်ဘီးကိုတောင် လုပြီး ပစ္စည်းသွားပို့ခဲ့တာ ဆိုတဲ့အကြောင်း ပြောပြနေတာပါလို့ ပြန်ဖြေပါတယ်။ ဟုတ်ပါတယ်၊ ကားပျက်သွားတဲ့အတွက် အချိန်မမီမှာစိုးလို့ ဆိုပြီး ကလေးတစ်ယောက်ရဲ့ စက်ဘီးကိုငှားပြီး ပစ္စည်းဆက်ပို့ခဲ့တာပါ။ 

    ဒီလိုနဲ့ ရုရှားကနေ သူ့မြို့လေးကို ပြန်ရောက်လာပြီဆိုပါတော့။ အဲ့ဒီမှာ သူချစ်ရတဲ့ Kelly ရဲ့ရုံးကို သွားတွေ့တယ်။ နောက် ခရစ်စမတ် ညစာဘာညာ စားကြတယ်ပေါ့ခင်ဗျာ။ အဲ့ဒီမှာ သူ သွားနာနေတဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ပြီး Duty is duty၊ လုပ်ငန်းခွင် ပြန်ဝင်တယ်ပေါ့ခင်ဗျာ။ အချိန်နောက်ကျမှာစိုးတဲ့အတွက် Kelly နဲ့ ခရစ်စမတ်လက်ဆောင် လဲတာတောင် ကားထဲမှာဗျာ။ အဲ့ဒီမှာ Kelly ပေးခဲ့တဲ့ လက်ဆောင်လေးက ဒီဇာတ်လမ်းရဲ့ အသက်ပါပဲ။ အိတ်ဆောင် နာရီလေးတစ်လုံးပါ။ Kelly တို့ရဲ့ မျိုးရိုးအမွေ ဆိုပါတော့။ အဲ့နာရီလေးထဲမှာ Kelly က Chuck သဘောအကျဆုံး ပုံလေးကို ထည့်ပေးထားပါတယ်။ Chuck ကလည်း ခရစ်စမတ်ညမှ ဖွင့်ကြည့်နော်ဆိုပြီး Kelly ကို အထူးလက်ဆောင်လေးတစ်ခု ထပ်ပေးခဲ့ပါတယ်။
Kelly's Pocket Watch

    ဆိုတော့ Chuck တစ်ယောက် လုပ်ငန်းခွင် ပြန်ရောက်သွားတယ်ပေါ့လေ။ ကံအကြောင်းမလှတဲ့ Chuck တို့ရဲ့ လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်နေတုန်း မုန်တိုင်းတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်။ လေယာဉ်မှူးတွေလည်း အစွမ်းကုန် ကြိုးစားကြပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မစွမ်းသာခဲ့ပါဘူး။ လေယာဉ်ဟာ သမုဒ္ဒရာထဲ ထိုးကျတော့မှာ ဖြစ်တဲ့အတွက် သက်ကယ်အင်္ကျီနဲ့ အရေးပေါ်လှေကို ယူထားဖို့ Chuck ကို သတိလှမ်းပေးပါတယ်။ ဒါပေမယ့် Kelly ရဲ့ ပူပူနွေးနွေးလက်ဆောင် Pocket Watch လေး ပြုတ်ကျနေတဲ့အတွက် Chuck တစ်ယောက် ပြန်ယူဖို့ကို အသည်းအသန် ကြိုးစားလိုက်ရပါတယ်။ ဒီလိုနဲ့ လေယာဉ် ရေထဲထိုးဆင်း၊ လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းမှာ ရေမြောကမ်းတင်ဖြစ်ပြီး Chuck တစ်ယောက်ပဲ အသက်ဘေးက လွတ်ခဲ့တယ်ပေါ့ခင်ဗျာ။ 
Monuriki Island

Google Maps Link of Monuriki Island ==> https://goo.gl/maps/FLjaEAwYAtpp4nKU6

    ကျွန်းကနေ ပြန်ခွါနိုင်ရေး ဒို့အရေး လုပ်ကာ Chuck တစ်ယောက် အသက်ကယ်လှေလေးနဲ့ ပြန်ထွက်ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကျွန်းရဲ့ ပထဝီအနေအထားအရ ကျွန်းစပ်ကို ပြန်ပြန်ပုတ်တဲ့ လှိုင်းလုံးတွေဟာ အားအရမ်းပြင်းနေတာကြောင့်ပါ။ ဒီလိုနဲ့ ကျွန်းပေါ်မှာ အသက်ဆက်နိုင်ဖို့အတွက် Chuck တစ်ယောက် အသည်းအသန် ကြိုးစားခဲ့ရပါတယ်။ လေယာဉ်ပျက်ထဲက မြောပါလာတဲ့ FedEx ပါဆယ်ထုပ်တွေကို ဖောက်ပြီး အထဲက ပစ္စည်းတွေနဲ့ အဆင်ပြေသလို ကြံဖန်သုံးခဲ့ရပါတယ်။ အဲ့ဒီမှာ နောက်ထပ်ဇာတ်ကောင်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ လူမဟုတ်တဲ့ ဇာတ်ကောင်ပါ။ Wilson ကုမ္ပဏီက ထုတ်တဲ့ Volleyball လေးပါ။ Chuck တစ်ယောက် အသားစိမ်းတွေ စားရတဲ့ ငြီးငွေ့လာလို့ မီးရအောင် ကြံရပါတယ်။ အဲ့မှာ မီးမွှေးဖို့ အသားချောင်း ပွတ်နေတုန်း ချော်ပြီး Chuck ရဲ့လက်ကို ခိုက်မိသွားပါတယ်။ Chuck လည်း စိတ်ဆိုးမာန်ဆိုးနဲ့ အနီးနားမှာ ရှိနေတဲ့ Volleyball ကို ကိုက်ပေါက်ပစ်လိုက်ပါတယ်။ ဖြစ်ချင်တော့ သွေးပေနေတဲ့ လက်ဖဝါးအရာဟာ လူမျက်နှာလေးလို ဖြစ်သွားပါတယ်။ ခပ်လွယ်လွယ်ပဲ အဲ့ဘောလုံးလေးကို Wilson လို့ ခေါ်လိုက်ပါတယ်။ 
Wilson The Volleyball

    ဘာအကြောင်းကိစ္စပဲရှိရှိ Chuck တစ်ယောက် အဲ့ဘောလုံးလေးကိုပဲ တိုးတိုးဖော်အဖြစ် စကားတွေ ပြောပါတော့တယ်။ ဒီနေရာမှာ မင်းသားကြီး Tom Hanks ၂ ယောက်စာ ဇာတ်ညွှန်းကို မှတ်ခဲ့ရတာပါ။ သူပြောမယ့် စကားတွေနဲ့ ဘောလုံးလေးက ပြန်ပြောမယ့် စကားတွေပါ။ ဘာလို့ဆို အဲ့ဒီစကားတွေကို သိထားမှ မုဒ်အပြည့်နဲ့ သရုပ်ဆောင်နိုင်မှာမို့ပါတဲ့ခင်ဗျာ။ ခုနက အပေါ်မှာပြောခဲ့သလို မီးပွတ်ရင်း မီးရသွားတဲ့အခါ Chuck တစ်ယောက် အပျော်ကြီး ပျော်ခဲ့ရပါတယ်။ မီးရလို့ အစားစားဖို့ အဆင်ပြေသွားပြီဆိုပေမယ့် မပြေသေးတာက Chuck ရဲ့သွားပါ။ အဲ့ဒီသွားကိုလည်း Wilson နဲ့ စကားတပြောပြောလုပ်ရင်း ကိုယ်တိုင်ပဲ နုတ်ခဲ့ရပါတယ်။ Chuck က ကိုယ့်ကိုကိုယ် သတ်သေဖို့လည်း စဉ်းစားဖြစ်ခဲ့သေးတယ်ဗျ။ ဘယ်လောက်တောင်ဆို သူနဲ့ အလေးချိန်တူမယ့် သစ်ပင်အပိုင်းအစတစ်ခုကို အစမ်းကြိုးဆွဲချကြည့်တာပါ။ ဒါပေမယ့် သူ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘာလို့ဆို Kelly ပေးခဲ့တဲ့ အိတ်ဆောင်နာရီလေးကြောင့်ပါ။ နာရီထဲမှာ ထည့်ပေးထားတဲ့ Kelly ရဲ့ ဓါတ်ပုံလေးကို နေ့နေ့ညညကြည့်ရင်း “ငါ သေလို့မဖြစ်သေးဘူး၊ Kelly ကို ပြန်လာခဲ့မယ်နော်လို့ ကတိပေးခဲ့တာပဲ” ဆိုပြီး Suicide ကိစ္စ အထမမြောက်ခဲ့ပါဘူး။ နောက်အကြောင်းတစ်ခုက ပါဆယ်ထုပ်တစ်ခုကို မဖောက်ဘဲ ချန်ထားတာပြီး ဒီကျွန်းက လွတ်ရင် ပိုင်ရှင်ဆီ အရောက်သွားပေးမယ်ဆိုပြီး တွေးထားတာကြောင့်ပါ။
Unopened FedEx Package

    ရေမြောကမ်းတင်ဘဝနဲ့ ၄ နှစ်မြောက်မှာတော့ ကံကြမ္မာက Chuck ကို မျက်နှာသာ ပေးခဲ့ပါတယ်။ Portable Toilet အပိုင်းပြတ်တစ်ခု ကမ်းစပ်မှာ လာကပ်နေတာပါ။ အဲ့ဒီအပိုင်းပြတ်ကို သွားဆယ်ပြီး ဘယ်နေရာမှ သုံးရမယ်မှန်း မသိသေးတာနဲ့ သောင်ပြင်မှာ ဒီတိုင်းပဲ ထောင်ထားလိုက်တယ်ပေါ့ဗျာ။ အဲ့ဒီအချိန်မှာ လေတိုက်ပြီး အိမ်သာအပိုင်းပြတ်လေး လဲသွားတာကိုမြင်ပြီး Chuck တစ်ယောက် သူ့ရဲ့ လွတ်မြောက်လမ်းကို တွေးမိသွားပါတယ်။ အိမ်သာအပိုင်းပြတ်ကို ရွက်အဖြစ်သုံးပြီး လှိုင်းတွေကို ကျော်ဖို့ပါ။ ဆိုတော့ ဖောင်ဖွဲ့ဖို့အတွက် အပင်တွေ လှဲပါတယ်။ ပြီး သစ်လုံးတွေကိုတွဲဖို့ ကြိုးအနေနဲ့ သစ်ခေါက်မျှင်တွေ စု၊ ဗွီဒီယိုတိတ်ခွေတွေက တိပ်တွေကို သုံးတယ်ပေါ့ခင်ဗျာ။ ဒီမှာ ပြဿနာက ကြိုးမလောက်တော့တာပါ။ အဲ့ဒီကြိုးကို ဘယ်ကနေ ရနိုင်မလဲဆိုတာလည်း Chuck တစ်ယောက် ကောင်းကောင်း သိပါတယ်။ ကြိုးဆွဲချဖို့ ကြံတုန်းက သုံးခဲ့တဲ့ ကြိုးပါ။ ဆိုတော့ ကိစ္စဝိစ္စတွေ အကုန်လုံးအပြီးမှာ ဖောင်လေးချပြီး လှိုင်းလုံးတွေကြီးတွေကို ကျော်ဖြတ်ရင်း ကမ်းကနေ ခွာနိုင်ခဲ့ပါတယ်။

    သူ သမုဒ္ဒရာထဲမှာ သွားနေတုန်း ဝေလငါးကြီး တစ်ကောင်နဲ့လည်း ဆုံခဲ့ပါသေးတယ်။ တိုက်တိုက်ဆိုင် သူနဲ့ဆုံအပြီးမှာ မုန်တိုင်းနဲ့ ဆုံသွားတယ်ခင်ဗျ။ ကျွန်တော့်အထင် ဝေလငါးကြီးက သတိလာပေးတဲ့သဘောကို ရိုက်ပြချင်တာလို့ ယူဆပါတယ်။ ကမ်းမမြင်လမ်းမမြင် ပစိဖိတ်ကြီးထဲမှာ မုန်တိုင်းနဲ့ ကြုံပါတယ် ဆိုမှတော့ဗျာ... ရရာကြိုးနဲ့ ဖွဲ့ထားတဲ့ ဖောင်လေးလည်း ဘယ်ခံနိုင်လိမ့်မတုန်း...နော။ ကယ်တင်ရှင် အိမ်သာအပိုင်းပြတ်လေးလည်း မုန်တိုင်းထဲ လွင့်ပါသွားပါတယ်။ မုန်တိုင်းအပြီးမှာတော့ Chuck တစ်ယောက် ဖောင်ပေါ်မှာ ခွေခွေလေး လဲနေတယ်ပေါ့ခင်ဗျာ။ သူ အိပ်ပျော်နေတုန်း တိုးတိုးဖော် Volleyball လေး Wilson ဖောင်ပေါ်က ပြုတ်ကျသွားခဲ့ပါတယ်။ အစောက ဆရာသမား ဝေလငါးကြီး ရေနဲ့လာမှုတ်တော့မှပဲ Chuck သတိပြန်လည်လာပြီး Wilson မရှိတော့မှန်း သတိထားမိသွားပါတယ်။ Wilson ကို တွေ့လို့ သွားဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖောင်နဲ့ အတော်ဝေးဝေးကို မျောသွားတာကြောင့် Chuck အနေနဲ့ ဘယ်လိုမှ မစွမ်းသာခဲ့ပါဘူး။ ဒီမှာတင် သူနဲ့ ၄ နှစ်လုံးလုံး စကားပြောဖော်အဖြစ် ရှိပေးခဲ့တဲ့ Wilson ကို ဆုံးရှုံးလိုက်ရတဲ့အတွက် Chuck တစ်ယောက် အတော်လေးကို ဝမ်းနည်းပက်လက် ဖြစ်သွားပါတော့တယ်။ ဆိုတော့.. သူ့မှာ ဖောင်ကလည်း ပျက်၊ Wilson ကလည်း မရှိတော့ဘူး ဖြစ်သွားတဲ့အတွက် ဒီတိုင်းပဲ ရေပြင်ကြီးမှာ မျောနေတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ လှော်တက်တွေကိုလည်း စွန့်ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အိပ်လိုက်တာ ဘယ်လောက်ထိတောင် အိပ်မောကျသွားလည်းဆို သူ့ဘေးက ပင်လယ်ကူးသဘေႅာကြီး ဖြတ်သွားတာတောင် မသိပါဘူး။ ဝေလငါးကြီး ရေနဲ့လာမှုတ်မှပဲ နိုးပြီး အကူအညီလှမ်းတောင်းရင်း သဘေႅာပေါ် ရောက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ Chuck တစ်ယောက် ရေမြောကမ်းတင်ဘဝက လွတ်မြောက်ခဲ့တယ်ပေါ့ခင်ဗျာ။

    ကယ်ဆယ်ရေးရဲ့ ဆက်သွယ်မှုနဲ့ FedEx က Chuck ကို လာကြိုခဲ့ပါတယ်။ ဒီမှာ Chuck ရဲ့ မိတ်ဆွေက ကြိုဆိုရေး အစီအစဉ်အကြောင်း ရှင်းပြရင်း ပြီးရင်တော့ Kelly ဆီ လိုက်ပို့ပါ့မယ်လို့ ပြောတယ်ပေါ့ဗျာ။ Chuck လည်း Kelly ကလည်း လာကြိုနေရမှာ မဟုတ်ဘူးလား ပြန်မေးတော့ Kelly က သူ့ဘဝနဲ့သူ ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောပြလိုက်ပါတယ်။ ဆိုတော့ လေဆိပ်ရောက်သွားတယ်၊ ကြိုဆိုပွဲ လုပ်ကြတယ်ပေါ့။ ဒါပေမယ့် Chuck မျှော်နေတဲ့ Kelly ပေါ်မလာခဲ့ဘဲ သူ့ရဲ့အမျိုးသားပဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် Chuck ရဲ့ အခန်းလေးမှာ သူ့မိတ်ဆွေတွေက ပါတီလေးတစ်ခု လုပ်ပေးကြပါသေးတယ်။ အားလုံးနှုတ်ဆက် ပြန်သွားတဲ့အခါမှာတော့ Chuck တစ်ယောက် စားပွဲကို ကြည့်ဖြစ်သွားတယ်ပေါ့။ ပင်လယ်စာတွေ... ၄ နှစ်လုံးလုံး သူ အမုန်းစားခဲ့ရတဲ့ ပင်လယ်စာတွေ။ ပြီးတော့ လက်ကလေး ကွေးရုံနဲ့ မီးတောက်တဲ့ မီးခြစ်... သူ့မှာ ကျွန်းပေါ်မှာတုန်းက မီးလေးတစ်စ ရဖို့အတွက် တစ်နေကုန် တစ်နေခမ်း ပင်ပန်းခဲ့ရတယ်လေ။

    ဒီလိုနဲ့ အိပ်ချိန်ရောက်တော့ Chuck တစ်ယောက် ကုတင်ပေါ်မှာ ရှိမနေခဲ့ပါဘူး။ ဘာလို့ဆို သူ့အတွက် အသားမကျသေးလို့ပါ။ ကျွန်းပေါ်မှာတုန်းက အိပ်ခဲ့သလို ကြမ်းပြင်မှာပဲ ခပ်ခွေခွေလေးနဲ့ အိတ်ဆောင်နာရီလေးထဲက Kelly ပုံလေးကို ကြည့်နေတယ်ပေါ့...။ သူ ဘယ်လိုမှ မနေသာတဲ့အဆုံး Kelly အိမ်ကို သွားခဲ့ပါတယ်။ ၄ နှစ်လောက် ရှင်ကွဲ ကွဲခဲ့ရတဲ့ Kelly နဲ့ ပြန်ဆုံရတဲ့ အချိန်မှာတော့ အရာအားလုံးက နောက်ပြန်ဆုတ်လို့ မရတော့ပါဘူး။ Kelly ရဲ့ စားပွဲပေါ်မှာလည်း သတင်းစာ အပိုင်းအစတွေ၊ မြေပုံတွေနဲ့ ပွလို့ပါပဲ။ Chuck ပျောက်သွားကတည်းက သူ့မှာ နေ့နေ့ညည နေရာတွေကို လိုက်ခန့်မှန်းနေခဲ့တာပါ။ သူလည်း ဘယ်လိုမှ မစွမ်းသာတဲ့အဆုံး ဘဝတစ်ခု ထူထောင်ဖြစ်သွားတယ် ထင်ပါရဲ့ဗျာ။ တကယ်တော့ Chuck က Kelly ကို နာရီလေး ပြန်လာပေးတာပါ။ ဘိုးဘွားပိုင်ပစ္စည်းလေးဆိုတော့ Kelly ဆီမှာပဲ ရှိသင့်တယ်ထင်လို့တဲ့။ Kelly ကလည်း ပြစရာတစ်ခုရှိသေးတယ်ဆိုပြီး ဂိုထောင်ထဲက သူတို့နှစ်ယောက်ရဲ့ ကားလေးကို လိုက်ပြခဲ့ပါတယ်။ ကားလေးကို ကောင်းကောင်း ထိန်းသိမ်းထားခဲ့တာပါ။ ဒီလိုနဲ့ Chuck တစ်ယောက် ကားလေးယူပြီး Kelly ရဲ့အိမ်က ထွက်သွားခဲ့တယ်ပေါ့ခင်ဗျာ။

    ဒါပေမယ့်ဗျာ...သိလား... ချစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကြိုးက လူသားနှစ်ဦးရဲ့ မသိစိတ်ကို စေ့ဆော်ပေးနိုင်တယ်ဆိုတာ ဒီဇာတ်ကွက်မှာ ပြသွားတယ်ခင်ဗျ။ Kelly ကလည်း ဂိုထောင်ထဲက ပြေးထွက်ပြီး Chuck နာမည် တကြော်ကြော်ခေါ်ပြီး နောက်က အလိုက်၊ Chuck ကလည်း ကားကို နောက်ပြန်ဆုတ်ခဲ့ပါတယ်။ နှစ်ယောက်သား ပွေ့ဖက်နမ်းရှုံးကြရင်း Chuck က Kelly ကို ကားပေါ်တင်ပေးလိုက်ပါတယ်။ Kelly လည်း မျှော်လင့်ချက်တွေ အပြည့်နဲ့ Chuck ကို လှမ်းကြည့်ရင်း နာမည်ခေါ်လိုက်ပါတယ်။ ဒီမှာ Chuck ပြန်ပြောလိုက်တဲ့ စကားတစ်ခွန်းက “You have to go home.” တဲ့...။ စိတ်ဆိုးမာန်ဆိုး မျက်နှာထားနဲ့ ပြောတာ မဟုတ်ပါဘူး။ သူ့ဘဝ၊ ကိုယ့်ဘဝ ဖြစ်နေပြီ ဆိုတာကို ကောင်းကောင်းလက်ခံပြီး ပြန်ပြောတဲ့သဘောပါ။ ဒီလိုနဲ့ ချစ်သူနှစ်ဦး နှုတ်ဆက်ခဲ့ကြတယ်ပေါ့။ စဉ်းစားကြည့်ဗျာ... ကျွန်းပေါ်မှာ ကြိုးစားရှင်သန်ခဲ့ရတာ ဒီမျက်နှာလေး တစ်ခုကို နေ့တိုင်းရက်ဆက် ကြည့်ပြီးတော့လေ။ ခုတော့ ဘာမှပြန်ပြင်ဖို့ မလွယ်တော့ဘူးဆိုတဲ့ အသိလေးတစ်ခုကြောင့် ရင်နာနာနဲ့ ယတိပြတ် ဖြတ်လိုက်ရတာ။ ဟုတ်ပါတယ်၊ ကျွန်တော့်ကို မျက်ရည်ကျစေခဲ့တာကတော့ ဒီဇာတ်ဝင်ခန်းပါပဲ။

    သူ့ကို ကျွန်းပေါ်ကနေ အသက်ရှင်လျက် လွတ်မြောက်ချင်စိတ်ဖြစ်အောင် စေ့ဆော်ပေးခဲ့တဲ့ အရာနှစ်ခုထဲက တစ်ခုကိုတော့ နှုတ်ဆက်ပြီးသွားပါပြီ။ နောက်တစ်ခုကတော့ မဖောက်ဘဲ ချန်ထားခဲ့တဲ့ ပစ္စည်းထုပ်လေးပါပဲ။ ပစ္စည်းမှာပါတဲ့ လိပ်စာအတိုင်း သွားပေးခဲ့ပေမယ့် အိမ်မှာ လူမရှိတာကြောင့် Note လေးတစ်ခု ရေးပြီးပဲ ချန်ထားခဲ့ရပါတယ်။ ဒါပေမယ့် ပြန်အထွက်မှာတော့ ခြံပိုင်ရှင်နဲ့ ဆုံတဲ့ဇာတ်ကွက်လေး ပြသွားပါတယ်။ မပြသွားတာကတော့ ခုနက ပစ္စည်းထုပ်ထဲမှာ ဘာတွေ ပါသလဲ ဆိုတာပါပဲခင်ဗျာ။ တချို့တချို့တွေကတော့ Satellite Phone၊ သီးနှံမျိုးစေ့ထုပ်၊ GPS၊ အရေးပေါ် ရေသန့်ဆေးတွေ ပါတယ်လို့ ပြောကြပါတယ်။ အဲ့လိုသာဆို ဒီပစ္စည်းကိုမှ မဖောက်ဘဲ ချန်ထားခဲ့မိတဲ့ Chuck တစ်ယောက် အတော့်ကို ကံခေတယ်လို့ ပြောရပါမယ်။ စဉ်းစားကြည့်ဗျာ... သူရောက်နေတဲ့ နေရာကို GPS လေးနဲ့ကြည့်၊ ဂြိုဟ်တုဖုန်းကို သုံးပြီး ကယ်ဆယ်ရေးတွေကို ဆက်သွယ်။ ဟိုက လာကယ်ဖို့ လုပ်နေတဲ့ အချိန်အတွင်း ရေသန့်စနစ်နဲ့ ရေလေးသန့်သောက်လိုက်၊ မျိုးစေ့လေးတွေကို လက်တွေ့သုံးလိုက်နဲ့ အေးဆေး စောင့်လို့ ရပါတယ်။ ဒါပေမယ့် ဇာတ်ညွှန်းအရဆိုရင်တော့ အဲ့တာတွေ တစ်ခုမှ မပါပါဘူး။ Salsa အနှစ်စိမ်း ၂ ဘူးနဲ့ စာတစ်စောင်ပဲ ပါတာပါတဲ့။ စာက ဘာလဲဆိုတော့ “You said our life was a prison. Dull. Boring. Empty. I can’t begin to tell you how much that hurt. I don’t want to lose you. I’m enclosing some salsa, the verde you like. Use it on your sticky rice and think of home. Then come home---to me. We’ll find the spice in our lives again. Together. I love you. Always. Bettina.” ပါတဲ့ခင်ဗျာ။ ဆိုတော့ ဒီပစ္စည်းထုပ်လေးက ဇာတ်လမ်းအစမှ ပြသွားတဲ့ ဇာတ်ဝင်ခန်းနဲ့ အချိတ်အဆက် မိသွားပါတယ်။

    နောက် Fun Fact အနေနဲ့ကတော့ ဒီဇာတ်ကားအပြီးမှာ FedEx ကုမ္ပဏီဟာ နာမည်အတော်ကြီးသွားပါတယ်တဲ့။ ဆိုတော့ ဇာတ်ကားမှာ သူတို့ကုမ္ပဏီနာမည် ထည့်သုံးဖို့ စပွန်ဆာကြေးများ ပေးထားသလားလို့ မီဒီယာတွေက မေးမြန်းတဲ့အခါမှာတော့ FedEx အနေနဲ့ လုံးဝ မသုံးထားပါဘူးတဲ့ခင်ဗျာ။ ကဲ... ဇာတ်ကားကို အပြည့်အဝ Spoil အဲလေ ညွှန်းပြီးပြီဆိုတော့ မကြည့်ရသေးသူများ စိတ်ပါပါက ကြည့်ကြည့်ဖို့နဲ့၊ ကြည့်ပြီးသူများလည်း စိတ်ပါပါက ပြန်ကြည့်နိုင်ပါကြောင်း။ အောက်မှာ Trailer လေး ထည့်ပေးထားပါမယ်ခင်ဗျာ။


မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. 🥃

      An optimist sees that the water is half-full.....

      A pessimist sees the water half gone......

      I was thirsty, so I didn't see anything, I took drank it.....

      Army junta don't want excuse a water cup with a hole in it, they just want it full of water.....(So they always die like dogs and pigs😎😎)

      So what are looking at? the cup above is not cup of water,it's alcohol cup😂😂(Did you get drunk without drinking?😜😜sorry🤗🤗)

      I want to be happy for a while🙆

      🥃

      အကောင်းမြင်သမားက ရေတဝက်တောင်ရှိနေတယ်လို့မြင်တယ်......

      အဆိုးမြင်သမားကရေတဝက်လျော့နေတာမြင်တယ်.....

      ငါကရေဆာနေတော့ဘာမှမမြင်ဘူးယူသောက်လိုက်တယ်.....

      Sတပ်ကကောင်တွေကရေခွက်ပေါက်နေတဲ့ဆင်ခြေမလိုချင်ဘူးရေအပြည့်ပါတာပဲလိုချင်တယ်(ဒါကြောင့်သူတို့ခွေးလိုဝက်လိုအမြဲthayတယ်😎😎)

      ဒါနဲ့ဘာကြည့်နေတာလဲအပေါ်ကခွက်ကရေခွက်မဟုတ်ဘူးအရက်ခွက်😂😂(မသောက်လိုက်ရပဲမူးသွားတယ်မို့လား 😜😜မီယာနေ🤗🤗)

      ခဏလောက်ဖြစ်ဖြစ်ပျော်စေချင်လို့ပါ🙆‍♂


      ............❤Htet...........

      Delete
    2. "Don't worry Wilson,I'll
      do all the padding.
      You just hang on."
      Wilson ကြီး မျောသွားတာ စိတ်မကောင်းဘူး
      မင်မင်ကြီးရာ

      Delete
  2. မကြည့်ဖူး​သေးဘူး မင်မင်​ရေ့
    စိတ်အဆင်​ပြေတဲ့ချိန် ကြည့်ဖို့
    မှတ်ထားလိုက်ပါပြီ Thanks

    Till the end
    Fighting together 💪

    ReplyDelete
    Replies
    1. ကျွန်တော်ကတော့ကြည့်ပြီးပြီဗျ။ကြည့်ခဲ့တာ ကြာပါပြီ။

      Delete
  3. မျက်ရည်ကျရတဲ့အခန်းတူနေတယ်
    ခုလည်း review ပြန်ဖတ်ရင်း မျက်ရည်တွေကျနေပြန်ရော....

    ReplyDelete
  4. Spoil ခံရတာ ခဏခဏမို့ မဖြုံတော့ပါ 😁
    ကိုယ်တိုင်ကိုယ်ကျ ဇာတ်ကားလာကူးပေးတဲ့သူရှိရင် ကြည့်ပါမယ် ✌️

    ReplyDelete
    Replies
    1. ဇာတ်ကားကောင်းတွေမှန်သမျှဘယ်လောက် spoil ကြည့်ရတာအရသာမလျှော့ဘူး.
      ကြည့်ထားပြီးသားလည်းပြန်ကြည့်ဖြစ်တယ် (သရုပ်ဆောင်ကောင်းရင် ဘယ်အချိန်ကြည့်ကြည့် ခံစားရတယ်, ကိုယ်ကလည်းကြိုက်တဲ့ကားဆို ထပ်ခါထပ်ခါကြည့်တတ်သူဆိုတော့ စပွိုင်းတွေက ပြဿနာမဟုတ်ခဲ့ဘူး)

      Delete
    2. တန်ဖိုးရှိတဲ့မိန်းမဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုပဲ
      ဘယ်လောက်ဟောင်းနွမ်းနေပါစေ ပြန်ဖတ်တိုင်းအရသာရှိတယ်လေ
      - မင်းလူ
      ဟုတ်ပါတယ် unknown ရေ movies too pr 😉

      Delete
  5. This comment has been removed by the author.

    ReplyDelete
  6. Omo spoilလဲ အဲ့ကားက ကြည့်ပြီးသားပဲ ဖြစ်လောက်တယ်🤭
    အဲ့ကားကြည့်တုန်းကအဲ့အမျိုးသမီးက အမြင်ကတ်စရာပါပဲ...🙁

    ReplyDelete
  7. ကျေးဇူးအများကြီးပါ
    အညွှန်းနဲ့တင် တော််တော်အသည်းကွဲနေပါပြီ ဒီလိုဇာတ်သိမ်းတွေမိမိခံနိုင်ရည်မရှိပါ😑

    ReplyDelete
  8. စာဖတ်ရင်း အမေ့ကိုပဲ မြင်ယောင်နေတယ်
    အမေက ရုပ်ရှင် အစုံကြိုက်တယ်
    ကိုယ်က အနောက်တိုင်းကားတွေ သိပိမကြိုက်လှတာမို့ အမေကြည့်နေတဲ့ကားတွေကို အလုပ်လုပ်ရင်း တချက်တချက် လှမ်းကြညိ့ စိတ်ဝင်စားစရာတွေ့ရင် အမေ့ကို မေး နဲ့
    အဲ့ကားမှာ ဘောလုံး ကို အဖော်လုပ်ပြီး စကား​ပြောတဲ့အခန်း
    ပင်လယ်ထဲ ဖောင်နဲ့ဖြတ်တဲ့အခန်းတွေ မှတ်မိတယ်

    တိုက်တိုက်ဆိုင်ဆိုင်
    ဒီနေ့ အမေတုံးတာ ၂ နှစ်ပြည့်ပါ

    ReplyDelete
    Replies
    1. အမှန်တရားဘက်မှာ နေတဲ့ သမီးကို မိုးအမေက ဂုဏ်ယူနေမှာပါ🤍

      Delete
    2. ကျေးဇူးအများကြီးပါ San လေး ရေ
      ချစ်တယ်နော် အာဘွားအမျးကြီး 😍 😘😘😘😘😘

      Delete

  9. PDF တို့၏ သန္နိဌာန်
    ----------------------------

    စစ်မိစ္ဆာများ
    ရှင်းလင်းသွားအောင်
    ဖယ်ရှားတိုက်ထုတ်
    ဇီဝိန်ဖြုတ်လျက်
    မိစ္ဆာမျိုးဆက်
    သိမ်းကြုံးဖျက်မည်...

    ဒို့တွေစုချီ
    အားမာန်ချီ၍
    ရှေ့ဆီပန်းတိုင်
    မရောက်မချင်း
    ညီညာငါတို့
    မြဲဆက်လှမ်းချီ
    ပြည်သစ်တည်မည်...


    San Zuren 🌸

    ReplyDelete
  10. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  11. Be safe and healthy all clickers
    Sweet dream 💗💗💗

    ReplyDelete
  12. 2000ပြည့်က ထွတ်တာ မီးတောင်မမွေးသေးဘူး😁😁

    ReplyDelete
  13. Good evening ✿✿✿
    Thanks, admin.

    ReplyDelete
  14. ကို့အကြိုက်မင်းသားဇာတ်ကားဖြစ်တာရယ် မင်မင်ကညွှန်းလို့ ရှာကြည့်လိုက်ဦးမယ်

    ReplyDelete
  15. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. Tom hanksရဲ့ ဇာတ်ကားတွေ တော်တော်များများကြိုက်တယ်။ ဒီကားကလည်း ကိုယ့်favouriteထဲမှာပါတယ်။ သူ ကျွန်းပေါ်မှာနေခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ကြည့်ပြီး သူ့အတွက် စိတ်လည်းလှုပ်ရှားသလို တစ်ခါတစ်လေ မွန်းကြပ်သလိုလည်း ခံစားရတယ်။ သူအရမ်းချစ်ရတဲ့ Kellyနဲ့ မညားသွားတာကိုတော့ ရင်နာမဆုံးပဲ။ သူတို့နှစ်ယောက် နှုတ်ဆက်လမ်းခွဲတဲ့အချိန်ကို ကြည့်ရတာ ကိုယ့်မှာ ကြိတ်မနိုင်ခဲမရဖြစ်။ စိတ်မကောင်းလိုက်တယ်ဆိုတာ။

      Delete
  16. အကြိုက်ဆုံးMovieတွေထဲကတစ်ခု၊
    ပုံမှန်ထက်ပိုပြီး အမှတ်တရတွေရှိနေတဲ့ Movie...

    ReplyDelete
    Replies
    1. စကားပြောဖော် Wilsonလေး မျောသွားတဲ့ အခန်း....😢

      Delete
    2. ဟုတ်တယ် အာ့အခန်းလေးမှာ သူ့အစား ကိုယ်တောင် စိတ်မကောင်းဘူး သူ့အဖော်လေးလေနော့

      Delete
  17. အခြေခံစိတ်

    ကျနော် လမ်းသွားရင်း ရှောင်မလွတ်ခဲ့လို့ သဲအိတ်သယ်ခိုင်းရင် သယ်လိုက်ပါမယ်။

    သဲအိတ် အရံအတား လုပ်ထားသူများ အပေါ် မကောင်းမြင်စိတ် လုံးဝ မရှိပါဘူး။

    လုပ်စရာ ရှိတာ ဆက်လုပ်၊ ထပ်လုပ်ပါ။

    ReplyDelete
    Replies
    1. ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။

      ရွေ့နေရင် ရောက်မှာပါ။
      ရပ်နေရင်တော့ ရောက်ဖို့
      မမျှော်လင့်နဲ့။

      ရောက်ချင်ရင် ကိုယ်တိုင်ရွေ့ပြီးကြိုးစားအားထုတ်ပါ။

      Delete
  18. ကြည့်ဖူးတယ် ​မေ့​တေ့​​တေ့​တော့ ဖြစ်​နေပြီ ပြန်ကြည့်အုံးမယ်
    ကြည့်ပြီး ပြန်လာပွားမယ်​ညော် ☺️

    ReplyDelete
  19. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. ငါတို့လိုချင်တဲ့ပန်းတိုင် ရောက်တော့မယ်💪💪👍👍

    ReplyDelete
  21. အဲဇာက်ကားနဲ့တူတဲ့ ကိုရီးယားကားလည်းရှိတယိ သူက မြစ်လယ်ကကျွန်းကြီးထဲမှာ 😅😅😅

    ReplyDelete
    Replies
    1. နောက်နာလား တကယ်လား
      တကယ်ဆို
      ဇတ်ကားနာမည် ပြောပြပါ

      Delete
  22. မခွဲခွာချင်ပေမယ့် You have to go home တဲ့

    ReplyDelete
  23. အရမ်းကြိုက်ပီး ငိုမိတဲ့ကားလေးပါ သူ့ကားတွေ အားလုံးနီးပါး ကြည့်ပါတယ် (မင်မင်နဲ့ ဇာတ်ကားတွေ anime တွေ အကြိုက်ခြင်းတူတာများတယ် ဒါ့ကြောင့် တူရာစုကြတဲ့ CLICKERS တွေကို မမြင်ဖူးလည်း ချစ်တယ်) I'm clicker

    ReplyDelete
  24. ကျေးဇူးပါမင်မင်အဆုံးထိဖတ်ခဲ့တယ်
    ရင်ထဲထိရှ

    ReplyDelete
  25. သူမနှင့်ကျွန်တော် ချစ်သူသက်တမ်း ၁ နှစ်ပြည့်မှာ နှစ်ယောက်ထဲ ချောင်းသာကို
    ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ်

    သူမဟာ ပညာတတ် ခေတ်လူငယ် တစ်ယောက်ဆိုပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ

    ပထမညမှာ ကျွန်တော်သူမကို
    ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ်
    `နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ် ဟေမာန် နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်းအတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး
    ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ ဟေမာန် ´

    နောက်ညရောက်တော့ သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ်
    `နင် မနေ့ညက ပြောတဲ့ စကားကို
    ငါတစ်ညလုံးတွေးတယ်ဟာ ပြီးတော့
    ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ထိန်းနိုင်တဲ့ ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်´
    အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့ရင်ဘက်အမွှေးလေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်

    ကျွန်တော် သူမမေးစေ့လေးကို အသာယာဆွဲကိုင်မော့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်
    `ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူး ဟေမာန်

    ငါ့စိတ်တွေဟာလေ ကမ်းခြေကကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့
    လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ
    နင်ဘယ်သိမလဲ လေ´

    ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမက
    ` အခုညရော အဲဒီလိုပဲဖြစ်နေလား´ တဲ့

    မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်း ရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့
    သူမလက်လေးတွေဟာ ဖြည်းညင်းစွာအောက်ဘက်ဆင်းသက်လာပြီး ကျွန်တော့ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့

    `ငါက မိန်းကလေးလေဟာ ပြီးတော့ ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့ ခုည နင့်သဘောအတိုင်းပါပဲ ´

    သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး
    တိုးတိုးလေး ပြောလာတယ်...

    ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီးနုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်

    ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာ ရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း

    `` မင်း ရှက်နေတာလား ဟေမာန် ´´

    `` အင်း ´´

    မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ်

    သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က

    ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍မရနိုင်သေးကြောင်း သမုဒယအမြစ်တွေပွားနေမြဲသာဖြစ်ကြောင်း ရှက်စရာမလိုကြောင်း
    သဒ္ဒါ၊ သီလ သုတ ၊ စာဂ ပညာ စသဖြင့်
    သူတော်ကောင်းတရား ၇ ပါးရှိကြောင်း
    ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း

    ဟီရိ ဩတပ္ပ ဆိုတဲ့
    အရှက်နှင့်အကြောက်ရှိရမှာမှန်ပေမယ့်လို့
    ရှက်သင့်တဲ့ အရှက်ဆိုတာ မကောင်းမှုလုပ်ရမှာကိုသာ ရှက်သင့်ကြောင်း
    စသဖြင့် အစချီလိုက်တာ
    နဂိုကတည်းက တရားဘာ၀နာလိုက်စားတဲ့ သူမဟာ မသိတာတွေကို... မေး
    ကျွန်တော်ကရှင်းပြ သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့

    အဲဒီညမှာတင်

    သူမလည်း သောတပန်တည်
    ကျွန်တော်လည်း မနက်မိုးလင်းတော့
    အဲ့ဒိနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာ ခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ xD

    ᴄᴛᴛᴏ - bo
    #crd_to_bobohein

    ReplyDelete
  26. Clicker အားလုံးပဲ မင်္ဂလာပါ .... 08:15 AM

    ReplyDelete
  27. မာကလာပင်ပါ Ko ROC (08:17 AM)

    ReplyDelete
  28. " လွမ်းတယ်...လွမ်းတယ်
    ကြားမယ်မထင်ဘူး
    ရူးသွပ်မိုက်မဲ စွာနဲ့...အော်ဟစ်ဖူးပါ
    တယ်
    မဆုံနိုင်လမ်းခွဲ
    ကြေကွဲ ခွဲခွါ...ရင်မှာတမ်းတ
    နေ့ညအလွမ်း.....ယုံစမ်းစေချင်...
    ခုံမင်မျှော်လင့်
    မြတ်နိုးပွင့်ရေ....
    စည်းခြားနေလည်း..လက်ကနှုတ်ဆက်
    ရက်စက်တဲ့ကြမ္မာလို့
    ယိုးစွတ်မနေတော့ပါဘူး...
    ကြေကွဲ...
    မနေရဲအောင်လွမ်း
    အားအင်ခမ်းကုန်..ခြေလှမ်းတုန်ယင်
    ဆင်ခြင်သိပျောက်
    ဘယ်ရောက်နေမလဲ
    တယောက်တည်းချစ်ဖူး
    ရူးသွပ်တမ်းတ...မီးလျှံစနဲ့
    အဝေးဆုံးမှာ.....
    အကြေကွဲဆုံး


    " Unknown poet (အမည်မသိတော့လို့...၇တန်းလောက်ကဖတ်ဖူးတာလေးဆိုတော့)

    ခုလည်းဘာလိုလို အကုန်လွမ်းနေတယ်
    နေရာဟောင်း/နေရာသစ်
    ခြေရာဟောင်း/ခြေရာသစ်
    (ဒီနေ့တော်တော်ပင်ပန်းသွားလို့ ခုမှလာဖီးလ်ရတယ် 😋)

    ReplyDelete
    Replies
    1. မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်တတ်တဲ့ CCTV ကိုလွမ်းတယ်
      အများကြီးဂရုစိုက်ပေး ခဲ့တော့သူကပိုလွမ်းမယ်ထင်တယ်....😭😭

      Delete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)