Are Dogs Right Or Left-Pawed - Did You Know (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10


ခွေးလေးတွေနဲ့ ဘယ်သန်၊ ညာသန်


ကျွန်တော်တို့ လူသားတွေလို ခွေးလေးတွေမှာလည်း ဘယ်သန်၊ ညာသန် ရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆို လူတွေအတွက် Right or Left-handed လို့ ပြောကြပြီး အာဝုလေးတွေအတွက် ဆိုရင်တော့ Right or Left-pawed လို့ ပြောကြပါတယ်။ ဒီလိုဖြစ်ရတာ ဘာလို့လဲဆိုတော့ အာဝုလေးတွေမှာလည်း ကျွန်တော်တို့လို ဦးနှောက် ၂ ခြမ်း ရှိတဲ့အတွက်ကြောင့်ပါ။
ကျွန်တော်တို့ လူသားတွေမှာ အတော်များများက ညာသန် ဖြစ်ကြပြီး ၁၀% လောက်ကသာ ဘယ်သန် ဖြစ်ကြတာပါ။ ဒါပေမယ့် အာဝုလေးတွေမှာတော့ အဲ့လို အတိအပ ပြောလို့မရပါဘူး။ ဘယ်သန်၊ ညာသန်ဟာ မျှခြေရှိနေတယ်လို့ ပြောလို့ရပါတယ်။ ပြီး အာဝုတော်တော်များများဟာ သူတို့ရဲ့ လက်နှစ်ဖက်လုံးကို မျှမျှတတ အသုံးချတတ်ကြပါတယ်။ အဲ့လို သုံးနိုင်တာကို Ambilateral လို့ခေါ်ပြီး လူသားတွေ အနေနဲ့ဆိုရင်တော့ Ambidextrous လို့ ခေါ်ပါတယ်။ ဒါပေမယ့် အာဝုတွေကို ဘယ်သန်လား၊ ညာသန်လား၊ နှစ်ဖက်လုံး သုံးနိုင်တဲ့ကောင်လား ဆိုတာကတော့ သူတို့ကို ဘယ်လိုစစ်ဆေးတယ်ဆိုတာပေါ် မူတည်ပြီး ကွာဟချက်လေးတွေ ရှိနိုင်ပါသေးတယ်။
လူသိအများဆုံး စစ်တဲ့နည်းကတော့ Kong Test ပါ။ ဘယ်လိုလဲဆိုတော့ Kong ဆိုတဲ့ အရုပ်လေးကို သုံးပြီး စစ်တာပါ။ အဲ့အရုပ်လေးမှာ အစာသွပ်ထည့်ဖို့ အပေါက်လေးတစ်ခု ပါပါတယ်။ အစာထည့်ပြီးရင် ကိုယ့်အာဝုလေးကို ဆော့ဖို့ပေးလိုက်ပါ။ ဒီလိုဆို ဆရာသမားလေးတွေဟာ အရုပ်ကို ဆော့ရင်း အထဲက မုန့်ကို စားရဖို့အရေး သူတို့လက်လေးတွေကို သုံးပြီး ကြိုးစားကြပါလိမ့်မယ်။ ဘယ်လိုလဲဆိုတော့ လက်တစ်ဖက်က အရုပ်လေးကို ထိမ်းပြီး အထဲက မုန့်ကို လျှာနဲ့ ထိုးနှိုက်ကြမှာပါ။ အကြိမ် ၅၀ လုပ်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဘယ်ဖက်ကို သုံးတဲ့ အကြိမ်ရေနဲ့ ညာဖက်ကို သုံးတဲ့ အကြိမ်ရေ ယှဉ်ကြည့်ရမှာပါ။ အကြိမ်ရေများတဲ့ဖက်က သန်တဲ့ဖက်ပေါ့ခင်ဗျာ။ နှစ်ဖက်လုံးကိုပဲ သုံးတဲ့ကောင်လေးတွေကတော့ Ambilateral ပေါ့ခင်ဗျာ။
Kong
နောက်တစ်နည်းကတော့ ပထမဆုံးလှမ်းတဲ့ ခြေလှမ်းကို ကြည့်ပြီး ဆုံးဖြတ်တာပါ။ ကိုယ့်ရဲ့အာဝုလေးကို ပုံမှန်အတိုင်း မတ်တပ်ရပ်ခိုင်းထားပါ။ ပြီးရင် ကိုယ့်ဆီလာခိုင်းပြီး ဘယ်ခြေအရင်လှမ်းလဲ ကြည့်ရုံပါပဲ။ တစ်ခေါက်တည်းနဲ့တော့ မရပါဘူး။ သူလည်း အကြိမ် ၅၀ စမ်းကြည့်မှ သေချာခွဲနိုင်မှာပါ။ ဒီနည်းရဲ့ ရလာဒ်တွေက အပေါ်ကပြောခဲ့တဲ့ နည်းရဲ့ ရလာဒ်တွေနည်း ကွာဟမှု ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ အာဝုတော်တော်များများက ညာဖက်နဲ့ စ,လှမ်းတာပါ။
နောက်ထပ်တစ်နည်းကတော့ အာဝုရဲ့ ဘယ်၊ ညာ တစ်ဖက်စီမှာ ၄၅ ဒီဂရီ အစောင်းနဲ့ မုန့်လေးတွေ ချပေးထားရမှာပါ။ သူ ပထမဆုံး ရွေးတဲ့ဖက်က သန်တဲ့ဖက်ပေါ့ခင်ဗျာ။ ဒီစမ်းသပ်နည်းမှာလည်း ဘယ်သန်အာဝု အရေအတွက်နဲ့ ညာသန်အာဝု အရေအတွက်ဟာ မျှခြေနီးပါးရှိနေပါတယ်။
လူတွေရဲ့ ဦးနှောက်မှာဆိုရင် ဘယ်ဖက်အခြမ်းက ခန္ဓကိုယ်ရဲ့ ညာဖက်ပိုင်းကို ထိန်းချုပ်ပြီး ညာဖက်အခြမ်းက ခန္ဓာကိုယ်ရဲ့ ဘယ်ဖက်အခြမ်းကို ထိန်းချုပ်ပါတယ်။ ဦးနှောက်ရဲ့ တစ်ခြမ်းစီတိုင်းဟာ စိတ်ခံစားမှုတွေ၊ အပြုအမူတွေ၊ ပင်ကိုယ်စရိုက်တွေပေါ်မှာ မတူညီတဲ့ ပုံစံနဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ဆိုတော့ အာဝုတွေမှာလည်း အဲ့လိုပါပဲ။ Ambilateral အာဝုလေးတွေဟာ သူစိမ်းတွေနဲ့ ဆုံလည်း ရန်လိုမှု နည်းပါတယ်တဲ့။ ဘယ်သန်အာဝုတို့ကတော့ များသောအားဖြင့် ရန်လိုတတ်လေ့ ရှိပါသတဲ့ခင်ဗျာ။ ကျွန်တော်တို့ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကလေးသူငယ်တွေအတွက် အသုံးပြုကြတဲ့ လမ်းပြခွေး လေ့ကျင့်ရေးမှာတော့ ညာသန်အာဝုတွေက ပိုပြီး သင်လွယ်၊ တတ်လွယ်ကြပါသတဲ့ခင်ဗျာ။
ကဲ... ကိုယ့်ရဲ့အာဝုလေးကရော..? ဘယ်သန်လား၊ ညာသန်လား သိချင်ကြမယ် ထင်ပါတယ်။ ဒီလိုဆို အပေါ်က ပြောသွားတဲ့ နည်းလမ်းလေးတွေနဲ့ စမ်းကြည့်ကြည့်ကြပါ။ တခြားနည်းလေးတွေ စမ်းကြည့်ချင်တယ်ဆိုလည်း ရှိပါသေးတယ်။ High Five လုပ်ခိုင်းတာပါ။ အဲ့လိုဆို သူ High Five လုပ်တဲ့ဖက်က သန်တဲ့ဖက်ပေါ့ခင်ဗျာ။ ဒါလည်း အကြိမ်ရေ များများလေး လုပ်ကြည့်မှ သေချာသိနိုင်မှာပါ။ နောက် အပြုအမူလေးတွေပေါ် မူတည်ပြီးတော့လည်း ခွဲနိုင်ပါတယ်။ ဒါကတော့ သူတို့လုပ်တဲ့အချိန်လေးတွေမှာ ကြည့်ပြီး မှတ်တမ်းမှတ်ထားမှ ပိုအဆင်ပြေမှာပါ။ အာဝုလေးတွေ ယားလို့ ကုတ်တဲ့အခါ ဘယ်ဖက်ကို သုံးသလား၊ ညာခြေကို သုံးသလားပေါ့။ နောက်တစ်ခုက အာဝုအထီးလေးတွေဆိုရင် ရှူးရှူးပေါက်တဲ့အခါ ဘယ်ခြေကို မြှောက်လား၊ ညာခြေကို မြှောက်လားပေါ့ခင်ဗျာ။ အဲ့လို အပြုအမူလေးတွေကို ကြည့်ပြီးလည်း ဆုံးဖြတ်နိုင်ပါတယ်။
ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ... ကိုယ့်အာဝုလေးက ဘယ်ပဲ သန်သန်၊ ညာပဲ သန်သန်၊ ကျွန်တော်တို့တွေကတော့ သူတို့လေးတွေကို အတိုင်းမရှိ ချစ်နေကြမှာပဲ မဟုတ်လားခင်ဗျာ.....
ကိုးကား။    ။ American Kennel Club
C2D

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Dogs (Puppies )are the cutest pets thanks for sharing about dogs baby (puppies) all kind of (puppies) I love beautiful pic😎😎

    ReplyDelete
    Replies
    1. For those who needed
      O 4302 3554 2352 2963
      Mpt 29 9441 7555 7032 3469

      Delete
    2. ဘေလ်ထည့်ပြီးရကြောင်းမပြောခဲ့တာ respect မရှိတာလို့ပဲခံစားရတယ်
      ဘာကြောင့်ပြောပေးခဲ့ပါလို့မေးရတာလည်းဆိုရင်-
      ၁ - ဘယ်သူမှမထည့်လိုက်ရပဲ အလဟသဖြစ်သွားမှာစိုးလို့
      ၂ - ထည့်ပြီးပြန်ထည့်ရင် တချို့ ဖုန်း lock ဖြစ်သွားတယ်ပြောကြလို့
      (ပေးရတဲ့သူမှာလည်း အကျိုးမရှိတာလုပ်နေရတဲ့ ခံစားချက်ကိုရစေတယ်)

      Delete
  2. Thank for knowledge sharing Admin
    Till the end
    Fighting together 💪

    ReplyDelete
  3. သင့်ရဲ့ Click တစ်ချက် ဘယ်လောက်ထိရောက်လည်း သိချင်ရင် ဝင်ပြီး Click ကြည့်လိုက်ပါ

    ReplyDelete

  4. ဘာမှအဆင်မပြေဘူး
    ------------------------------

    လေက အေးပေမယ့်
    လတ်ဆတ်မနေဘူး

    လမ်းမတွေကျယ်ပေမယ့်
    မလွတ်လပ်ဘူး

    ချစ်ခင်သယောင်ရှိပေမယ့်
    တစ်ဦးနဲ့တစ်ဦး
    သံသယတွေနဲ့

    အိပ်ပျော်သယောင်ယောင်ပေမယ့်
    အိပ်မက်ဆိုးတွေနဲ့

    တံခါးတွေပိတ်ထားပေမယ့်
    လုံခြုံမနေဘူး

    မနက်ဖြန်ဆိုတာ
    ရှိကောင်းရှိနိုင်ပေမယ့်
    မနေ့ကတွေအတိုင်းပဲ

    စိမ်းလန်းတဲ့ဝန်းကျင်မှာပေမယ့်
    အသက်ရှူမဝဘူး

    ဘာမှ
    အဆင်ပြေမနေပါဘူး
    ငြိမ်းမှ
    မငြိမ်းချမ်းဘဲ


    San Zuren 🌸

    ReplyDelete
  5. 😘"ကိုယ့်အာဝုလေးက ဘယ်ပဲ သန်သန်၊ ညာပဲ သန်သန်၊ ကျွန်တော်တို့တွေကတော့ သူတို့လေးတွေကို အတိုင်းမရှိ ချစ်နေကြမှာပဲ"👍ဟုတ်ပါတယ်မင်မင်ရေ အာဝုလေးတွေကို အရမ်းချစ်😘😘

    ReplyDelete
    Replies
    1. အာဝု မရှိသော မိမိ

      Delete
  6. ကျေးဇူးပါမင်မင်

    ReplyDelete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  8. Have a sweet dream all clickers

    ReplyDelete
  9. ကျေးဇူးပါမင်မင်ရေး

    ReplyDelete
  10. အိမ်ကသခင်ဘေးက ညာသန်ဖြစ်မယ်🤔 ညာဘက်လက်လေးမြှောက်ထားတတ်တယ်..ရန်မလိုတတ်ပုံက မြောင် ကိုက်မရလို့ ဖိနပ်ကိုမလွတ်တမ်းကိုက်တယ်

    ReplyDelete
  11. ခွေးအကြောင်းလဲသိရတယ်
    ကျေးဇူးပါ

    ReplyDelete
  12. ခွေးလေးတွေက ရှယ်ချစ်ဖို့ကောင်းချက်ပဲ
    Testတွေရော အသုံးနှုန်းတွေရော ဘယ်သန်ညာသန်လေးတွေ လိုက်စပ်စုအူးမယ်😺
    ဗဟုသုတတွေများကြီးရလိုက်ပါတယ်❤️

    ဒါမဲ့ခွေးသန်းကိုက်ခံရရင်တော့ မသက်သာဝူး
    သေချာဂရုစိုက်နိုင်မှ မွေးတာကောင်းမယ်🙋✨

    ReplyDelete
  13. ကျေးဇူးပါ Adminရေ🍀
    အမှန်ပါပဲ ဘယ်သန်ဖြစ်ဖြစ် ညာသန်ဖြစ်ဖြစ် အတိုင်းအဆမရှိချစ်ရပါတယ်🐶

    ReplyDelete
  14. ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်းငါတို့တွေရဲ့သူရဲကောင်းကြယ်လေးတွေကိုမြင်နေရတယ်

    ReplyDelete
  15. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. ခွေးမရှိသေးတော့ ခွေးမွေးမှ စမ်းဖို့ ဒီcontentလေးကို saveထားလိုက်ပါဉီးမယ်😁

      Delete
  16. အိမ်ကခ​လေးက​တော့ လက်​တောင်းရင် ဘယ်ဘက်​ပေးတာများတယ်
    ပြီး​တော့ မုန့်ကိုလက်နှစ်ဖက်ထဲထည့်ပြီး ​ရွေးခိုင်းရင် ဘယ်လက်နဲ့ပဲ ​ရွေးတယ် ... ဒါ​ပေမယ့် ​သေချာ​​အောင် ပြန်စမ်းကြည့်ရမယ်
    ​ကျေးဇူးပါ မင်မင် 🥰🥰🥰
    စကားမစပ် ​မြောင်​လေး​တွေအ​ကြောင်းလဲ အဆင်​ပြေရင် သိချင်​သေးတယ်ဗျ 😁😁😁

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)