လူအတွက်လူ - လှသန်း (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. 🌧 Nostalgia rainy season⛈

    💦 Arrival rainy season this year, everything to miss💦

    💦 I miss the leaders who were unjustly arrested💦

    💦I miss our comrades in the jungle for the future of our country💦

    💦I also miss our ethnic refugees💦

    💦I also miss our homeless people💦

    💦I also miss our heroic comrades who have not escaped from behind the prison gates💦

    💦I also miss our fallen star heroes💦

    💦I also miss our uncertain future💦

    💦I miss you too I don't know who are you💦

    💦I miss the cinema, I miss the park,
    I miss the freedom,
    I miss shopping💦

    💦I miss sleeping,
    I miss the pinky dream
    I miss the certainty
    I miss the world apart from you💦

    💦I miss world peace💦

    💦I also miss the end of my miss💦

    💦I also miss last year's rainy season💦

    💦 the rainy season is over, end nostalgia be over💦

    ...........❤Htet..........

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
    Replies
    1. လူတွေကို လူက မကူညီရင် ဘယ်နတ်က လာကူညီမှာလဲ

      Delete
  3. (လူတွေကို လူတွေကကမစောင့်ရှောက်ရင် ဘယ်ဂြိုလ်သားကလာစောင့်ရှောက်မှာလဲ)

    ဒီမှာ မီးပျက်လို့ရပါတယ်။

    ထမင်းအိုး တည်နေရင်း
    မီးပျက်သွားတယ်
    မီးသွေးပြေးဝယ်
    မီးမွှေးရင်း အလုပ်ရှုပ်
    အလုပ်မီ ထမင်းဘူးထုပ်ဖို့ပါ
    ဒါပေမယ့်
    ဒီမှာ မီးပျက်လို့ရပါတယ်။

    ကျောင်းသွားမယ့်
    ဖြူစိမ်းလေး မီးပူတိုက်ဖို့
    မီးပူအထုတ် မီးပျက်သွားတယ်
    ဒါပေမယ့်
    ဒီမှာ မီးပျက်လို့ရပါတယ်။

    ရေလာချိန်လေး ရေတင်ဖို့
    ရေစက်ခလုတ်အနှိပ်
    မီးပျက်သွားတယ်
    ဒါပေမယ့်
    ဒီမှာ မီးပျက်လို့ရပါတယ်။

    ပူအိုက်လွန်းလို့
    ပန်ကာဖွင့်မယ်အလုပ်
    မီးပျက်သွားတယ်
    ယပ်တောင်လေး ယူပြီး
    ထိုင်ခပ်တယ်
    ဒါပေမယ့်
    ဒီမှာ မီးပျက်လို့ရတယ်။

    မိုးရွာရင် မီးပျက်တော့မယ်ဆိုတာသိလို့
    မိုးလေးနည်းနည်းမှောင်လာတာနဲ့
    ရသလောက်လေး ဖုန်းအားသွင်းမလို့အလုပ်
    မီးပျက်သွားတယ်
    ဒါပေမယ့်
    ဒီမှာ မီးပျက်လို့ရပါတယ်။

    ဟုတ်ကဲ့
    ဒီမှာ မီးပျက်လို့ရပါတယ်။

    ဘာလို့လဲဆိုတော့
    ကျွန်တော်တို့က သာမန်ပြည်သူတွေမို့။

    ဘာလို့လဲဆိုတော့
    မီးပျက်ရင် EPC ကိုလှမ်းဆဲပြီး
    အဆင်မပြေမှုကို မေ့လျော့ပစ်လိုက်သူတွေမို့။

    ဘာလို့လဲဆိုတော့
    မီးပျက်ရင် `ဟာ´ လို့အော်
    မီးလာရင် `ဝေး´ လို့အော်ရင်း
    ဟာဝေး ကုမ္ပဏီက
    လျှပ်စစ်ကို တာဝန်ယူထားသလားလို့
    ပြက်လုံးပေါ်လာတဲ့အထိ
    မီးပျက်တာနဲ့ ရင်းနှီးနေသူတွေမို့။

    ဘာလို့လဲဆိုတော့
    ကျွန်တော်တို့အဆင်မပြေမှုတွေကို
    နိုင်ငံခြားသားတွေ မမြင်နိုင်လို့။

    ဘာလို့လဲဆိုတော့
    အထက်ပါ အဆင်မပြေမှုတွေဟာ
    နိုင်ငံတော်နဲ့ မဆိုင်လို့။

    ဘာလို့လဲဆိုတော့
    ရှေ့ကလူတွေ မကောင်းလို့ဆိုတဲ့
    အဖြေကို ရမယ်ဆိုတာသိလို့။

    ဒါနဲ့များ
    ဘာလို့ ဒီကဗျာရေးလဲဆိုတော့
    ကိုစုမောင်မောင် မရေးသေးခင်
    ရေးဖူးချင်လို့။

    ဘာလို့ ဒီကဗျာရေးလဲဆိုတော့
    ဖုန်းအားလေး ပြည့်နေသေးလို့။

    ဟုတ်ကဲ့
    ဒီမှာ
    ဒီအကောင့်တော့ ပျက်လို့မရပါ။

    -လင်းမာအို-

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. ဒုက္ခ ဖွယ်ဖွယ်ရာရာ တည်ခင်းဧည့်ခံပွဲမှာ
      ငါဟာ လူရင်းဖြစ်နေလို့ပါ
      ငါက ပွဲပြီးတဲ့အထိ ဝတ္တရား ရှိနေတယ်....။

      ဒီလို
      ငါ့ အရေးပါပုံက .........။

      -အောင်ချိမ့်

      Delete

    2. တာဝန်သိမှ တာဝန်ရှိတယ်​လေ။
      ခန္ဓာရ​နေသ​ရွေ့
      ဒုက္ခ လှလှ ​တွေ့​နေသ​ရွေ့
      ဒီတာဝန်ဟာ
      ငါတို့အားလုံးရဲ့
      ပခုံးထက်က တာဝန်။
      အရှုံးမဖက်
      အပြုံးမပျက်​ကြေးဟာ။

      Delete
  5. Human being....
    အတိတ်ကိုပြန်တွေးလိုက်တိုင်းနောင်တနည်းနည်းနဲ့ရှင်သန်ချင်တယ်......အာ့ကြောင့် ပစ္စုပန်မှာ ကြိုးစားပြုပြင်နေတယ်....

    ReplyDelete
    Replies
    1. လူတိုင်းကိုမချစ်နိုင်သလို....
      လူတိုင်းကိုလည်းမမုန်းပါဘူး....
      လူတိုင်းကိုကယ်တင်နိုင်လောက်တဲ့ ခွန်အားမရှိပေမဲ့လည်း...
      လုပ်သင့်တာတွေ အတွက်တော့ ခွန်အား/အချိန် နည်းနည်းပေးဖို့ကြိုးစားခဲ့ပါတယ်/ကြိုးစားနေဆဲ

      Delete
    2. ဒီနေ့အချိန်နည်းနည်းပိုပေးကလစ်ထားပါတယ်....

      Delete
    3. ဖိုက်တင်းပါ ကလစ်ကာများ။

      Delete
  6. ပြည်သူ့အားသည်
    ပြည်သူမှာဘဲရှိသည်

    ReplyDelete
  7. Myday တင်ဦးမယ်
    IDPs တွေကိုလည်းလှူဖို့ share ထားတာ တစ်ယောက်မှအရေးမစိုက်တာလား မမြင်တာလားပဲ ပီဒီအက်ဖ်တွေကိုမလှူရဲရင်တောင် စစ်ဘေးရှောင်တွေကို များများလေးလှူပေးကြရင် ကောင်းမှာပဲ😥

    ReplyDelete
  8. တကိုယ်စာ အဆင်ပြေရင်ပြီးရောဆိုတဲ့ လူတွေ များနေတယ်

    ReplyDelete
    Replies
    1. ရှင်သန်နိုင်သလောက်အချိန်တိုလေးမှာ အတ္တနည်းနည်းနှင့်ရှင်သန်မယ်

      Delete
  9. နေသာသလိုနေတဲ့သူတေရှိတယ်မင်မင်ရေ🕊

    ReplyDelete

  10. တော်လှန်ရေးနှင့် ချစ်ခြင်းတရား
    ------------------------------------

    ဖိနပ်ပြတ်ရင်
    ပြတ်မယ်
    ယုံကြည်ချက်
    မပြတ်ဖို့လိုတယ်

    ပိုက်ဆံပြတ်ရင်
    ပြတ်မယ်
    အတွေးအခေါ်
    မပြတ်ဖို့လိုတယ်

    အဝတ်အစားတွေ
    နွမ်းရင်နွမ်းမယ်
    တော်လှန်စိတ်တွေ
    မပမ်းဖို့လိုတယ်

    ရိက္ခာဖူလုံချင်မှ
    ဖူလုံမယ်
    ချစ်ခြင်းတရားတွေ
    ဖူလုံဖို့လိုတယ်

    ဘဝဟာ
    ကြမ်းတမ်းချင်သလောက်
    ကြမ်းတမ်းပါစေ

    တော်လှန်‌ရေးနဲ့
    ချစ်ခြင်းတရားတွေ
    စီးဆင်းဖို့ လိုပါတယ်


    San Zuren 🌸

    ReplyDelete
  11. လူတွေကို လူတွေကမကူညီရင် ဘယ်နတ်က လာကူညီမှာလဲ ?

    ReplyDelete
    Replies
    1. "အင်တာ"နတ် (internet) ကတော့ကူညီပါ့ 😁

      Delete
    2. လူ​အတွက် လူ
      •••••••••••••
      လူတွေကို
      လူတွေက မကူညီရင်
      ဘယ်နတ်က လာကူညီမှာလဲ
      လူတွေကို
      လူတွေက မစောင့်ရှောက်ရင်
      ဘယ်ဂြိုဟ်သားက လာစောင့်ရှောက်မှာလဲ
      လူလားမမြောက်ခြင်းများ
      လူစဥ်မမီခြင်းများ
      လူညွန့်တုံးခြင်းများ
      လူဖြစ်ရှူံးခြင်းများ
      ထိုလူများ မသေဆုံးမီ
      လူကိုလူချင်း ကူညီကြစမ်းပါ
      သင် လူတစ်ယောက်ဖြစ်ခဲ့တာ
      သေချာတယ် ဆိုရင်ပေါ့ ။ ။

      လှသန်း

      Delete
  12. Thank , admin
    For this poem 💐💙

    ReplyDelete
  13. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. အချင်းချင်း ဖေးမကူညီလို့ ရှေ့ဆက်မယ်🤝✊️

      Delete
  14. လူတွေကို လူတွေကမကူညီရင် အဲ့လောကဟာစိတ်ပျက်စရာပါပဲ😞

    ReplyDelete
    Replies
    1. ငါတို့ဟာ ကူညီတက်တဲ့ လူသားဆန်တဲ့လူတွေ ဖြစ်ရမယ်

      Delete
  15. လူအချင်းချင်း ကူညီရိုင်းပင်း​ဖေးမကြပါစို့ ✌✌✌

    ReplyDelete
  16. အလုပ်ရှုပ်လို့ မင်း ဆင်​ခြေ​ပေးမှာလား
    တချို့လူ​တွေ ​ရင်းထားတာ အသက်​တွေများ
    လက်ပိုက်ပြီး ကြည့်မ​နေနဲ့
    မင်းစိတ်က ​သွေးမ​အေးရင်
    ငါ့ကို သက်​သေပြ ​. . . ဟ!
    မတရား​သော စစ် ရပ်ပစ်မယ့် clickers
    လက်ညှိုး တစ်​ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
    ​နောက်တန်းက​နေ မိုးထိ ပစ်မယ့် မြှားးး
    လွတ်လပ်ခွင့်​တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
    Write down a note that we are CLICKERS

    ReplyDelete
  17. "Fear can hold you prisoner.Hope can set you free."

    ReplyDelete
    Replies
    1. "The true revolutionary is guided by great feelings of love"
      "CHE"

      Delete
  18. Admin ပြောသလို
    We're the chosen ones.လို့ မှတ်ယူပြီး
    ကလစ်တယ် ကူတယ် လှူတယ်
    ကိုယ်နိုင်တာ အကုန်လုပ်ပါတယ်

    ReplyDelete
  19. ဒီလမ်းကိုဒီလမ်းကို ချောမယ်ထင်လို့
    ရွေးခဲ့တာ မဟုတ်.....
    ရောက်မယ်ယုံလို့ ဖောက်ခဲ့တာ.....
    မယုံမရဲနဲ့ဆို
    နွေညကောင်းကင် ကြည့်ရင်တောင်
    ကြယ်ကလေးတစ်ပွင့် မြင်မှာမဟုတ်။

    #မင်းကိုနိုင်

    ReplyDelete
  20. We Are Clickers At Always..🌹🌹🌹

    ReplyDelete
  21. 💙❣️♥️💓💪💪💪

    ReplyDelete
  22. လူပီသသောလူ

    ReplyDelete
  23. နေသာသလိုနေတဲ့သူတွေ များတယ်😥

    ReplyDelete
  24. နှိပ်ပြီးပါပြီ....

    ReplyDelete
  25. "အမှန်တရားကို ချစ်မြတ်နိုးသော သူသည်သာလျှင် လူ"ဟုမည်၏"

    ReplyDelete
  26. 👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻

    ReplyDelete
  27. လူလူချင်းစာနာစိတ်တွေထားကြပါ။

    ReplyDelete
  28. ❤❤❤
    ငါတို့နိုင်မှာ

    ReplyDelete
  29. မိတ်ဆွေများဘေးကင်းကြပါစေ။

    ReplyDelete
  30. လူပီသဖို့လိုတယ်

    ReplyDelete
  31. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  32. သွားပါများ ခရီးရောက်
    မေးပါများ စကားရ
    မအိပ်မနေအသက်ရှည်

    ReplyDelete
  33. ထောင်ပေးလို့ ငုတ်
    ရာပေးလို့ ဆုတ်
    ချုစ်သူအရိုး ဆံထိုးလုပ်

    ReplyDelete
    Replies
    1. ကြောက်စရာကြီး 😱😰

      Delete
    2. သေပြီးသားဆိုတော့ကြောက်စရာပေါ့ အမှန်တော့စဉ်းစားကြည့်ရင်ကြောက်စရာမလိုပါဘူး ဆင်အရိုးတောင်ဆံထိုးလုပ်သေးတာပဲလေ ငယ်ငယ်က အရမ်းကြိုက် ရာဇဝင်လား ပုံပြင်လားမသိ စကားထာဝှက်မေးတဲ့ မေးခွန်းလေးပါ။

      Delete
  34. Click လုပ်ခွင့်ရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙆

    ReplyDelete
  35. Done Click...အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ သေချာအလင်းပြပေးတဲ့အတွက်🙏🙏🙏

    ReplyDelete
  36. လူလူးချင်းကူညီ​စောင်.​ရှောက်ကြပါစို.

    ReplyDelete
  37. Don't be complacent.
    Don't lose sight of your goal.

    ရောင့်ရဲ ကျေနပ်မနေနဲ့။
    ပန်းတိုင်ကို မျက်ခြည်မပြတ်စေနဲ့။

    ReplyDelete
  38. Clickerများ နေကောင်းကြလား။စားကြပြီးပြီလား။ဘာဟင်းလဲ။

    ReplyDelete
  39. သွေးလည်းမအေးသွားသလို နေသာသလိုလည်း မနေခဲ့ပါဘူး

    ReplyDelete
  40. ‌ဖိုက်တင်းပါ

    ReplyDelete
  41. လူအတွက်လူ

    ReplyDelete
  42. မအလတို့က လူလို့တောင်မခေါ်ထိုက်တဲ့ သူတွေ

    ReplyDelete
  43. 💙 Click လုပ်ခွင့်ရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙆‍♂️

    ReplyDelete
  44. အချင်း၂ရုိင်းပင်းကူညီ​စောင်.​​ရှောက်ကြပါစို.

    ReplyDelete
  45. Click done....All the clickers thank u so much...

    ReplyDelete
  46. လူကို လူချင်း ကူညီ စောင့်ရှောက်ကြမယ် 💟

    ReplyDelete
  47. နတ်မျှော်နေတာလို့ပြောပါဘူး
    တော်ကြာ အက်ဒ်မင် လာသတ်မှာစိုးလို့😁

    ReplyDelete
  48. ❣️❣️❣️💪💪💪

    ReplyDelete
  49. အနာဂါတ်ဆိုတာတချိန်မှာအတိတ်တွေအဖြစ်ကျန်ရစ်စေမှာပါ ပစ္စုပ္ပန်ကိုဖြတ်သန်းရင်ပေါ့........

    ReplyDelete
  50. လူအချင်းချင်းလှည့်ပတ်ခြင်း၊ အထင်သေးခြင်း အချင်းချင်း၊
    ဆင်းရဲလိုခြင်း အချင်းချင်း၊
    ကင်းရှင်းကြပါစေ
    🙏🙏🙏
    # crd

    ReplyDelete
  51. ကောင်းသောညပါ

    ReplyDelete
  52. Click for freedom of our people.

    ReplyDelete
  53. 미얀마에 평화가 있기를

    ReplyDelete
  54. 💦I also miss our heroic comrades who have not escaped from behind the prison gates💦

    ReplyDelete
  55. ဒီညလည်း အနည်းဆုံးတော့ ၁၂ နာရီထိ ကလစ်မယ်။

    ReplyDelete
  56. ပြည်သူလူထုကို သတ်ဖြတ်တဲ့ သူတွေနဲ့ ဘယ်တော့မှ ငြိမ်ချမ်ရေး မလုပ်နိုင်ဘူး။

    ReplyDelete
  57. ကောင်းကောင်း အိပ်ပျော်ကြပါစေ။ နောက်နေ့ ပြန်ကလစ်ကြမယ်။

    ReplyDelete
  58. နှိပ်ပြီးပါပြီ.......

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)