Zebra - Did You Know (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        Madagascar ဆိုတဲ့ Animation Movie ထဲက Marty ဆိုတဲ့ မြင်းကျားလေး သူ့သူငယ်ချင်း Alex ကို ပြောလိုက်တဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။

"Alex, look at me. I'm ten years old. My life is half over. And I don't even know if I'm black with white stripes or white with black stripes."

        အဲ့ဒါကို သေချာ ပြန်ရှင်းရရင်တော့ မြင်းကျားတွေဟာ အဖြူပေါ် အနက်ကျားတာ မဟုတ်ဘဲ အနက်ပေါ် အဖြူကျားတာပါတဲ့ခင်ဗျာ။ ရုတ်တရက် တွေးလိုက်ရင်တော့ ပထမပြောတဲ့တစ်ခုက မှန်သယောင်ပါ။ ဘာလို့ဆို မြင်းကျားတော်တော်များများရဲ့ အနက်စင်းတွေဟာ ဗိုက်သားနားမှာ ဆုံးကြတာရယ်၊ ခြေထောက်တွေ အတွင်းပိုင်းကို သွယ်ဝင်သွားတာရယ်ကြောင့် ကျန်တစ်ကိုယ်လုံးဟာ အဖြူရောင်အဖြစ် မြင်ရတာကြောင့်ပါ။

        မြင်းကျားတွေရဲ့ အဖြူရောင် အမွှေးရော အနက်ရောင် အမွှေးရောဟာ Melanocyte ဆိုတဲ့ ဆဲလ်တွေပါတဲ့ မွှေးညင်းပေါက်တွေကမှ ထွက်တာပါ။ ပြောသာပြောတာ သတ္တဝါတွေအကုန်လုံး တူတူပါပဲ။ အဲ့ဒီကနေပဲ အမွှေးထွက်တာပါ။ အဲ့ဆဲလ်တွေက ဘာလုပ်လဲဆိုတော့ အရေပြားနဲ့ အမွှေးအမျှင်တွေကို အရောင်ခြယ်ပေးတာပါ။ အရေပြားနဲ့ အမွေးအမျှင် ဘယ်ကောင့်အတွက်ပဲဖြစ်ဖြစ် Melanocyte ဆဲလ်တွေဟာ Melanin  ဆိုတဲ့ ရောင်ခြယ်ဓါတ်ကို ထုတ်ပေးပါတယ်။ မြင်းကျားတွေမှာ ကွာသွားတဲ့ တစ်ချက်က ဘယ်ဆဲလ်က အမွှေးတွေရဲ့ ဘယ်အပိုင်းကို ရောင်ခြယ်ဓါတ် ပို့ရမယ်ဆိုပြီး ခွဲပေးသွားတာပါ။ အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ အနက်နဲ့ အဖြူ ကျားတဲ့ မြင်းကျားကို ရတာပါပဲခင်ဗျာ။ ဒီမှာ အရေးကြီးတဲ့ အချက်က ဘာလဲဆိုတော့ မြင်းကျားတွေရဲ့ အဖြူရောင်အမွှေးဟာ Melanin ဓါတ် မရှိတဲ့ သဘောပါ။ လူတွေ ဆံပင်ဖြူရတာကလည်း ဆဲလ်တွေက Melanin ဓါတ် ထုတ်မပေးနိုင်တော့တာကြောင့်ပါ။ ဆိုတော့ မြင်းကျားတွေရဲ့ မူရင်းအရောင်ကိုလည်း အနက်လို့ မှတ်ယူပါတယ်။

        မကျေနပ်လို့  အမွှေးရိတ်ကြည့်ချင်သပ ဆိုရင်လည်း မြင်းကျားတွေရဲ့ အရေပြားဟာ အနက်ရောင် ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် ဆရာသမားတွေက ရိုးရိုး  မည်းရာကနေ မဖြူဘဲ ဘာလို့များ  အစင်းကျားတွေ ဖြစ်နေရသလဲ ဆိုတာကိုတော့ ပညာရှင်တွေလည်း ရေရေရာရာ မသိကြသေးပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ ကောက်ချက်တွေကတော့ သားရဲတိရိစ္ဆန်တွေရန်က လွတ်ဖို့၊ လူတွေရဲ့ လက်ဗွေရာလို တစ်ကောင်နဲ့တစ်ကောင် ခွဲဖို့၊ ယင်တွေ ကိုက်တာကနေ ကင်းဖို့နဲ့ ခန္တာကိုယ် အပူချိန် ထိန်းညှိဖို့ ဆိုတာတွေ ဖြစ်ပါတယ်။ မြင်းကျားတွေဟာ အုပ်လိုက်  ကျက်စားတတ်တဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် သားရဲတွေဟာ အဲ့ဒီအစင်းကျားတွေကိုကြည့်ရင်း  ဘယ်နှစ်ကောင်မှန်း၊ ဘယ်ကောင်က ဘယ်ကိုသွားမှန်း ခန့်မှန်းရ ခက်တတ်ပါတယ်။ ပြီးတော့ မြက်ရိုင်းရှည်တွေကျား ရပ်လိုက်ရင်လည်း တော်ရုံနဲ့ မမြင်ရနိုင်ပါဘူး။ လူ့လက်ဗွေလိုပဲ သူတိုတွေဟာ  တစ်ကောင်နဲ့ တစ်ကောင် အစင်းပုံစံ မတူကြပါဘူး။ ကျက်စားရာ ဒေသကိုလိုက်ပြီး အစင်းပုံစံ ခွဲခြားလို့ရတာပဲ ရှိပါတယ်။ လွင်ပြင်တွေမှာ ကျက်စားတဲ့ မြင်းကျားတွေဟာ အစင်း ခပ်ကျဲကျဲ ရှိကြပြီး တောင်ကုန်းပိုင်းတွေမှာ ကျက်စားတတ်တဲ့ ကောင်တွေကျ အစင်း ခပ်စိပ်စိပ် ရှိတတ်ပါတယ်။

        နောက်တစ်ချက်ဖြစ်တဲ့ ယင်ကိုက်ခံရတာ ကင်းဖို့ဆိုတာကတော့ ဆန်းတယ်ခင်ဗျ။ ၂၀၁၄ ခုနှစ်တုန်းက ဂေဟဗေဒပညာရှင် Tim Caro နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ အချက်တစ်ချက်ကို တွေ့ရှိခဲ့ပါတယ်။ ဘာလဲဆိုတော့ ယင်ကောင်တွေဟာ အစင်းကျားတွေ ရှိတဲ့နေရာတို့၊ အနက်နဲ့ အဖြူ ကျားထားတဲ့ နေရာတို့ကို သိပ်မမြင်နိုင်ဘူးဆိုတာပါ။ Hill Livery ဆိုတဲ့ မြင်းဇောင်းမှာ စမ်းသပ်ကြည့်တော့လည်း အစင်းကျား မပါတဲ့ မြင်းတွေနဲ့ယှဉ်ကြည့်ရင် တချို့ အကောင်ရေ အနည်းငယ်လောက်ပဲ မြင်းကျားတွေနဲ့ အစင်းကျားပါတဲ့ မြင်းတွေကိုယ်ပေါ်ကို နားကြတာကို တွေ့ရပါတယ်တဲ့။

        အငြိမ်းစား တိရိစ္ဆန် ဓါတ်ခွဲခန်း ပညာရှင် Alison Cobb ကတော့ အဲ့ဒီ ယင်ကောင်ကိုက်တာ ကင်းဖို့ဆိုတဲ့ အချက်ကို သိပ်သဘောမတွေ့ပါဘူး။ သူကကျ ခန္ဓာကိုယ် အပူချိန် ထိန်းညှိဖို့ဆိုတဲ့ ယူဆချက်ကိုပဲ အလေးသာတာပါ။ မနက်ပိုင်းတွေမှာ အနွေးဓါတ်ရဖို့အတွက် အနက်ရောင် အစင်းတွေဟာ အပူဓါတ်ကို စုပ်ယူပြီး နေ့လည်၊ နေ့ခင်းဖက် ပူတဲ့အချိန်ကျ အဖြူရောင် အစင်းတွေက နေရောင်ကို ရောင်ပြန်လွှတ်ပြီး အအေးဓါတ်ရအောင် လုပ်ပေးတယ်လို့ ယူဆတာပါ။

        ဒါကတော့ မြင်းကျားတွေရဲ့ အစင်းလိုင်းတွေအကြောင်း လူသိများတဲ့ ယူဆချက်တွေကို ပြောပြထားတာြဖစ်ပြီး ကျန်တဲ့ ယူဆချက်တွေလည်း အများကြီး ရှိပါသေးတယ်။ အဲ့ဒီတော့ မြင်းကျားတွေဟာ အဖြူပေါ် အနက်ကျားတာ မဟုတ်ဘဲ အနက်ပေါ် အဖြူကျားထားတာ ဖြစ်တဲ့အကြောင်း ရှင်းသွားပါပြီနော...။

ကိုးကား။    ။ Britannica

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments


  1. I am so grateful to have
    kindly friends from C2D.

    C2D means so much to me,
    one of the most valued friendships in my life.

    ------------------------------
    ဉာဏ်ရှိသူ တစ်ယောက်ဟာ
    ကိုယ်ပိုင် ဆုံးဖြတ်ချက်ချတယ်

    ဉာဏ်တုံးသူတစ်ယောက်ကတော့
    အများထင်မြင်ရာကို လိုက်လုပ်တယ်

    A wise man makes
    his own decision.
    An ignorant man
    follows public opinion.


    San Zuren🌸

    ReplyDelete
    Replies
    1. T Lay
      အတွက်တော့ C2D ကနေ
      အဖိုးတန် တူလေး၊ တူမလေး၊ မောင်လေး၊ ညီမလေးတွေ အများကြီး ပိုင်ဆိုင်လိုက်ရလို့ ဝမ်းသာတယ်။

      Delete
    2. 🥰🥰🥰
      စိတ်ဓာတ်ကျနေချိန် C2D ကမန့်တွေလိုက်ဖတ်ရင်စိတ်ဓာတ်ခွန်အားတွေရပါတယ် တကယ်ကိုအားဖြစ်စေတယ် ကျေးဇူး🥰🥰🥰

      Delete
    3. မှန်တယ်အပြင်ကအ​​ပျော်အပါးမပျက်တဲ.လူ​တွေကိုကြည်.ပြီးစိတ်တိုလာတဲ.အခါ C2D ထဲဝင်ကြည်.ပြီးငါထက်စိတ်ဓတ်ပြင်းထန်တဲ.လူ​တွေအများကြီးရှိပါ​သေးတယ်လို.စိတ်​ဖြေရတယ်။

      Delete
    4. C2D ကမန့်တွေကတော့ က်ုယ်အတွက် ခွန်အားပါဘဲ

      Delete
    5. ဒီလို လူငယ် လူတော်တွေ ကြည့်ရင်း C2Dနဲ့ တွစ်တာကြောင့်သာ ခွန်အားဖြည့်ရင်း အားတင်းနေနိုင်တယ်

      Delete
    6. ဟုတ်တယ်
      အပြင်မှာစိတ်ဖိစီးလာရလို့C2D ထဲရောက်ရင်နွေ‌ေထွးးတဲ့မိသားစုလေးထဲရောက်လာရသလိုပဲခံစားရတယ်အားတက်ရတယ်။ (◕ᴗ◕✿)

      Delete
    7. တကယ်ပဲ ဖွဘုတ် မှာ လှောင်နေတဲ့သူတွေရဲ့ feelings တွေဖတ်ပေးနေမယ့် အစား clickers တဦးချင်းစီရဲ့ ရည်မှန်းချက်သွေဖီမသွားတာကြောင့်...ကလစ်ကိုတစိုက်မတ်မတ်ပြန်လုပ်ပါ့မယ်

      Delete
    8. Repeat Already from another Link👌💪

      Delete
    9. Love you all clickers
      😘😘😘

      Delete
    10. အရှုံး မပေးနဲ့ မိငယ်ရေ *-*-*-*ရဲရင့်မှ ကျော်ဖြတ်သွား*-*-*-

      Delete
    11. Good night all clickers ✨✨✨

      Delete
  2. If we think we can't do it, how can we see the goal?......

    It doesn't matter if you do it later or not, the key is to do it........

    This proverb, which says that even God can be possible if one does not think it is impossible, is not just for fun........

    Therefore, the victory of perseverance is for us, our future, our choice, no one can block our future.......

    (This is intended to be a source of inspiration for fellow clickers)

    ............❤Htet..........

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  4. အာ့ဆို ကျားနေတဲ့ အဖြူနဲ့အနက်က အရေပြားမဟုတ်ပဲ သူ့ရဲ့ အမွှေးတေပေါ့နော်🥲🧐 အရင်ကရေပြားထင်နေတာ အမဲပေါ်ကို အဖြူရောင်အမွှေးတွေထွက်လားတာလား အား မသိတော့ဘူး 🤯

    ReplyDelete
    Replies
    1. မြင်ကျားဘဝဝင်စားတဲ့ခါမှသေချာ သိအောင် ကြိုးစားတော့နော်😁😁😁

      Delete
    2. သူကအရေပြားက အနက်ကွယ် အဲ့ပေါ်ကအမွှေးတွေပေါက်တာက အဖြူရောင်အမွှေးတွေပေါ့
      အဲ့လိုပေါ့

      Delete
    3. အရေပြားကိုမတွေးမိဘူးအနက်ရောင်အမွှေးအဖြူရောင်အမွှေးအဲ့လိုထင်ခဲ့တာ

      Delete
    4. @Ppwk's မီကလုံးဝ မဝင်စားနိုင်တာမို့ sorry🤣 နတ်ပြည်တက်မဲ့သူပေါ့နော်☺️
      @chu ဟုတ်မမ😊

      Delete
  5. မသိတာလေးတွေ သိရတယ်
    ဗဟုသုတ ရတယ် မင်မင်
    ကျေးဇူးပါ🤍🤍🤍

    ReplyDelete
  6. C2D မှာ ကလစ်နှိပ်လိုက်တာနဲ့ Morning Greeting နဲ့ Quotes တွေ၊ ကဗျာတွေ ၊Famous People's Quotes တွေ၊ Clicker's Quote တွေ၊
    Movies, Songs recommend တွေ၊ ဗဟုသုတတွေနဲ့ ပြည့်စုံနေတာ
    ကလစ်လည်းနှိပ်ရ ကိုယ်မသိသေးတာတွေလည်း သိရနဲ့ မင်မင်အများကြီး
    ကြိုးစားပေးထားပါတယ်
    ကလစ်နှိပ်ရတာ တကယ်တော့ မခက်ခဲတဲ့အလုပ်ပါ
    အခုချိန် ကိုယ့်တိုင်းပြည်အတွက် ဒီလောက်တော့ ပါဝင်ကြိုးစားရမယ်
    မဟုတ်လား
    အမာခံကလစ်ကာတွေလည်း ဆက်ပြီး fighting ပါနော်
    မကလစ်သေးတဲ့သူတွေ ကလစ်နှိပ်လာအောင် တတ်နိုင်သမျှ
    ပြောပေးကြမယ် လူအများပါဝင်လာအောင် လှုံ့ဆော်ကြမယ်
    ဗျို့
    မစ်ရှင်ဆိုတာ အောင်နေမှ ကြည့်ကောင်းတာဗျ 💪

    ReplyDelete
    Replies
    1. ခုတလော
      T Lay နည်းနည်း အလုပ်ရှုပ်နေလို့ပါ၊
      ဒီနေ့ ပြန်ဝိုက်မယ်။

      Delete
    2. ဟုတ် T Lay ရေ အမာခံကလစ်ကာတွေကတော့ နေ့စဥ်ပါဝင်ပေးပြီး တာဝန်ကျေပြီးသားပါ
      DM အောင်ဖို့ ပိုဝုန်းကြတာပေါ့နော်
      Fighting ပါ T Lay ဂရုလည်းစိုက်ပါနော် 💪💪

      Delete
    3. This comment has been removed by the author.

      Delete
  7. ကာတွန်းကားကိုအရင်သွားရှာတာ ထင်တဲ့အတိုင်းအာလက်ဂီတို့ကားပဲ 🤭
    အဲ့စာသားလေးကိုမှတ်မိနေတာ ဟာသလို့တောင်ထင်လိုက်သေးတယါ

    ReplyDelete
  8. အကြွေးပြန်ဆပ်ပါပြီး🌀🌀🌀

    ReplyDelete
  9. အံ့သြစရာကြီး အဖြူပေါ် အနက်ကျားတယ်လို့ ထင်​နေတာ, ဒါနဲ့ အမွှေးရိတ်ကြည့်ရင် ​တော်​တော်ရုပ်ဆိုးမလား မသိ​နော် သိချင်တာ 🤔🤔🤔

    ReplyDelete
    Replies
    1. အရင်ဆူံး ကွကိုယ် အရင် ကတုံး တုံးကျိပါလား အမွှေးမရှိရင် လှမလှဆိုတာ 😁😁😁

      Delete
    2. လှတဲ့နှလုံးသားနဲ့ကြည့်ရင် လှပါတယ်​နော် ဟွန်း😏😏😏
      ဖြူဖြူဝင်း​ကျော်က​တော့ သူများ​တွေကို လိုက်​ပြောင်​နေတယ်​နော် တစ်သက်လုံး FA ဖြစ်အုံးမှာ ကြည့်​နေ 🤭🤭😁

      Delete
    3. လူနောက်လေး😁

      ဂျင်ဆန်းမီ
      မတုံးနဲ့နော် ကတုံးပြောပါတယ်😁

      Delete
    4. ဒီထဲမှာသာမို့ပါဗျာ
      T layရာ
      အပြင်မှာ ရုပ်ရည်က ဘုန်းကြီးဝတ်ရင်
      ကျောင်းထိုင်ဖြစ်မဲ့ တည်ငြိမ်တဲ့ရုပ်အခံနဲ့ပါဗျ😁😁😁
      မဆာမိ ပေးတဲ့ ဆုတောင်း ပြည့်ချင်တယ်ဗျာ
      မဟုရင် မိန်းမသုံးယောက်တပြိုင်နက်ထဲ ကျတဲ့ကိန်းရှိတယ်လို့ ဇာတာထဲမှာ ပါထားတယ်ဗျ တော်ကြာ အဲသုံးယောက်ထဲက တယောက်က မဆာမိကိုယ်တိုင်ဖြစ်နေရင် အားနာစရာကြီးဗျ😁😁😁နဖူးစာဆိုတာ ပြောရတာမှတ်လို့ နော 😁😁😁 @sami

      Delete
    5. 🙄 အ့ဆို ညတိုင်း ဖြူဖြူဝင်း​ကျော် FA ဖြစ်ဖို့ ဆု​တောင်းရမယ်, ၃​ယောက်ထဲ​တော့ ပါလို့ မဖြစ်ဘူး တစ်​ယောက်ထဲ မူပိုင်ဆိုရင်လဲ ​တော်​သေး 😅😅😅

      Delete
  10. Replies
    1. အနက်ပေါ်အဖြူကြား
      အဲ့တာမြင်းကျားလို့မှတ်ရမလား ညိုပြာ

      Delete
    2. This comment has been removed by the author.

      Delete
  11. အခွင့်အရေးရရင်တော့ ရိတ်ကြည့်ဦးမယ် admin ကြီး

    ReplyDelete
  12. ပုံပြင်လေးတစ်ပုဒ်ဖတ်ဖူးတဲ့အထဲမှာတော့ မြင်းနက်ပေါ်မှာ အဖြူအစင်းကြားတွေကျန်ခဲ့ပြီး မြင်းကျားဖြစ်လာတာတဲ့😁

    ReplyDelete
    Replies
    1. Unknown ပြောတာမှ ပို ယုတ္တိရှိသေး😁😁

      Delete
    2. အက်ဒ်မင်ပြောတာ ယုတ္တိမရှိဘူးလို့ ဆိုလိုတာလား? 🤔😁

      Delete
    3. အက်မိန်ကြီးကို ဆားကော်နေတယ်ဗျို့ unknownက
      သားက unknownလို တခါမှ မတွေးဖူးနော်😁😁😁

      Delete
  13. သဘာဝတရားကြီးပဲ💛

    ReplyDelete
  14. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  15. admin ကတော့ဗဟုသုတရစရာတေအများကြီးတင်ပေးလို့အရမ်းကျေးဇူးတင်တယ်လူတချို့ကတော့နေနိုင်လွန်းကြတယ်🕊

    ReplyDelete
    Replies
    1. မိန်းကလေးတွေရဲ့
      စိတ်နေစိတ်ထားတော့
      သေချာ မသိဘူးဗျ။

      Delete
    2. ကိစ္စမရှိဘူး အက်ဒ်မင် ကိုယ်စဉ်းစားနေတာနဲ့ ပြောင်းပြန်သာ ဘာသာပြန်လိုက် အဟီး 😁😁

      Delete
  16. မြင်ကျားဆ်ုတာ တကယ်ရှိတယ်ဆ်ုတာ သိရလို့ ကျေးဇူးတင်တာတော့ မဟုပါပုနော်😁😁😁

    ReplyDelete
  17. မစ်ရှင်အောင် အောင် မန့်နဲနဲ ပဲ လုပ်ပြီး များများ ကလစ်ရင်မကောင်းဘူးလား
    အချိန်ကုန်မှာစိုးလို့ပါ

    ReplyDelete
    Replies
    1. ဟုဟု
      ဂလူး ဂလူး
      ခွင့်ပြုတုန်းလေးပါ။

      Delete
    2. နေ့တိုင်းပုံမှန်ထက်ပိုကလသ်ပီးကြိုးစားနေပါတယ်

      Delete
  18. နေ့တိုင်းစာလာဖတ်ပါ့မယ်

    ReplyDelete
  19. ကွန်ပလိန်းလုပ်တာ အချန်ကုန်တယ်နော်

    ReplyDelete
    Replies
    1. Agreed par. ဒါပေမဲ့ အက်ဒ်မင် ပြောသလိုပေါ့ be kind ပါ. ကလစ်ရင်းခဏနားချိန်ဖြစ်ဖြစ်, စိတ်ထွက်ပေါက်အနေနဲ့
      ရေးချင်ရာရေး ဘလိန်းချင်ရာဘလိန်းကြပါလို့ 😁
      Peace နော်

      Delete
  20. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  21. LOL PPWK,
    shall I say here what you cmt in pdf2you about ur crush?

    ReplyDelete
  22. အနှိပ်စက်ခံရမှာ​ကြောက်လို့ပဲဖြစ်ဖြစ်
    အသတ်ခံရမှာ​ကြောက်လို့ပဲဖြစ်ဖြစ် တိုးတက်မှုနဲ့
    အမှန်တရားဘက်ရပ်တည်မယ့်သူ​တွေသာ
    သမိုင်းတ​လျှောက်မှာ ​ပေါ်မလာဘူးဆိုရင်
    လူ့​လောကဟာ တိရိစ္ဆာန်သာသာ​လောက်သာ
    ရှိ​နေ​တော့အုံးမ​ပေါ့....မြိုင်

    ဗန်း​မော်တင်​အောင်

    ReplyDelete
  23. အက်ဒ်မင် texts color ပြောင်းပေးထားတာ အရမ်းကြိုက်..

    ReplyDelete
  24. ကိုယ့်နိုင်ငံမှာနေပီး ကိုယ့်နိုင်ငံကိုပြန်လွမ်းနေရတဲ့အဖြစ်💔

    ReplyDelete
  25. Madagascar ကားထဲမှာ Alex ထက် Marty နဲ့ပင်ဂွင်း၃ကောင်ကိုပိုကြိုက်ခဲ့တာ. Marty အသံက ခရစ်ရော့ခ်ှမှန်း ခုမှသိတော့တယ်. Marty တင်ပါးကြီးကိုအသားတုံးမှတ်ပြီးကိုက်ခံရတာ မှတ်မိနေသေး 😁😁
    အဖြူကျား/အမဲကျား မြင်းကျားတွေက unique ဖြစ်သလားလို့လေ. 😆

    ReplyDelete
    Replies
    1. ပင်ဂွင်းတွေကိုအသေကြိုက်
      ကျန်တဲ့အကောင်လေးတွေလည်းကြိုက်
      အပြင်မှာသူတို့လုပ်သလိုလိုက်လုပ်ရတာအမော 😅😅

      Delete
    2. I like to move it..move it..
      အဲ့မျောက်တွေလဲကြိုက်...😁😁😁

      Delete
    3. အမယ်လေး ကြိုက်တာပေါ့ အဲ့လိုလိုက်ကတာမောင်လေးနဲ့
      I like to move it ကို အာလက်ဂီလို့ကြားလို့ အဲ့ကားမြင်ရင်အာလက်ဂီလ်ို့ပဲထင်မိတာ Alexနာမည်အန်နုန်းပြောမှသိ😂

      Delete
    4. အာ့ကြောင့် အာလက်ဂီဆိုတာဘာပါလိမ့်လို့.😁
      နာမည်တွေအကုန်လုံးလည်းမမှတ်မိတော့လို့

      Delete
  26. 😂😂ဟားဟား
    ကျေနပ်ပါတယ်
    အမွေးတော့ရိတ်မကြည့်တော့ပါဘူး

    ReplyDelete
  27. Very interesting. Thanks for sharing. I will tell my son about that. He is very interesting about wild animals.

    ReplyDelete
  28. နှိပ်ပြီးပါပြီ

    ReplyDelete
  29. "စစ်ပွဲတစ်ပွဲဆိုတာ ဘောလုံးပွဲတစ်ပွဲနဲ့ယေဘုယျအားဖြင့်ဆင်တူပါတယ်
    ဘောလုံးပွဲတစ်ပွဲအနိုင်ရရှိဖို့ ရှေ့တန်း နောက်တန်း အလယ်တန်း အသင်းသားတွေရဲ့စည်းလုံးမှုအရေးကြီးသလို
    စစ်ပွဲတစ်ပွဲအနိုင်ရရှိနိုင်ဖို့ ရှေ့တန်း နောက်တန်းထောက်ပို့ စည်းလုံးမှု အစဖြင့် အရေးကြီးပါတယ်
    အရာအားလုံးဟန်ချက်ညီဖို့လိုပါတယ်
    ဘောလုံးတစ်သင်းမှာ ရှေ့တန်းကအရမ်းကောင်းပီး ဂိုးတွေသွင်းနေသော်လဲ နောက်တန်းက သွင်းသမျှဂိုးတွေပြန်ပေးနေရင် နိုင်ပွဲမရရှိနိုင်သလို
    စစ်ပွဲတစ်ပွဲမှာလဲ ရှေ့တန်းက ရန်သူတွေကို အပြတ်ချေမှုန်းနိုင်ပေမဲ့ နောက်တန်းထောက်ပို့မရှိတဲ့ အခါ ရေရှည်တိုက်ဖို့ အောင်ပွဲရရှိဖို့ မဖြစ်နိုင်ပါဘူး
    အရာအားလုံး သူ့နေရာနဲ့ သူအရေးကြီးပါတယ်"

    ReplyDelete
  30. Animation ကားတွေသိပ်မကြည့်ပေမယ့် ဒီ့နောက်ပိုကြည့်ရမယ် ဒါမှ မျက်လုံးထဲတန်းမြင်မှာ☺️

    ReplyDelete
  31. အတိတ်တွေကို မတူးဆွပါနဲ့လား @unknown ရယ်🥺🥺🥺
    မဟုရင် အဲ crushကို
    ဆဲ မိနေလို့😁😁😁

    ReplyDelete
  32. With passion & perseverance, I click everyday.

    ReplyDelete
    Replies
    1. ငဲ့...zebraတွေကို tigerတွေလိုပဲ အရေပြားထိ အစင်းကျားဖြစ်တယ် ထင်နေတာ။😁 ပိုအံ့သြသွားတာက မြင်းကျားတွေက အဖြူပေါ် အနက်ကျားတာ မဟုတ်ပဲ အနက်ပေါ် အဖြူကျားနေတယ်ဆိုတာပဲ။ မသိခဲ့ဘူး။ အဖြူပေါ် အနက်ကျားပဲထင်ခဲ့တာ။ Anyway, thanks for interesting information, admin. 🦓

      Delete
  33. တခါမှမတွေးဖူးဘူး အနက်ရောင်ကြီးလို့ 🤔

    ReplyDelete
  34. Knowledge တွေနဲ့မပျင်းရ

    ReplyDelete
  35. 💜❤️💛♥️💙🧡💪💪💪

    ReplyDelete
  36. ❤❤❤
    သူငယ်ချင်း ရေသတိရတယ်နော်ကလစ်နေလို့ပါကွာ
    ငါတို့နိုင်မှာ

    ReplyDelete
    Replies
    1. ❤❤❤
      ဆရာမ ကြီး လုပ်၍ OUO လင့်ဝင်နည်းသင်ပေးနေပါသည်
      ငါတိုနိုင်မှာ

      Delete

  37. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  38. ​ယေ့​ယေ့​ယေ့ ဖြူဖြူဝင်း​ကျော်ရဲ့ အနာ​တွေ့ပီကွ
    ​တွေ့တိုင်း ဆွ​ပေးရမယ် 😊😊

    ReplyDelete
  39. ဗဟုသုတတွေရလို့ ကျေးဇူးတင်ပါတယ် မင်မင်ရေ 😘

    ReplyDelete
  40. အမွှေးရိတ်ကြည့်မို့တကောင်လောက်ပါ
    (ノ◕ヮ◕)ノ*.✧
    အနက်ပေါ်ကအဖြူကျားလေးမြင်းကျား
    ဝိုးခေ

    ReplyDelete
  41. Don't miss your click for today, buddies.

    ReplyDelete
  42. 🌹🌹🌹
    အိုင်လိုက်တူမူအစ်မုအစ်ယူလိုက်တူ😁😁မဒါဂတ်စကား မူဗီ😁
    ငါတို့နိုင်မှာ

    ReplyDelete
  43. လေတိုက် မိုးရွာ စစ်ခွေးလာ
    လာတဲ့ စစ်ခွေး - မိုးကြိုးပစ် ⚡️

    ReplyDelete
    Replies
    1. ကဗျာထဲမှာ​​တော.ဒီကဗျာအကြုိက်ဆုံးပဲ

      Delete
  44. တော်လှန်သက်ြန်ဆိုတာမမေ့ကြေး✊💪💪✊

    ReplyDelete
  45. @ppwk မဟုတ်ပါဘူ​​း​နော် သူများရဲ့ ဒဏ်ရာ​တွေလာမဆွပါနဲ့ အကြီးစား fa ဖြစ်​နေမှ😁😁😁

    ReplyDelete
  46. Till the end
    Fighting together 💪

    ReplyDelete
  47. 💞💞💞🌹🌹🌹💕💕💕

    ReplyDelete
  48. ကလစ်နဲ့မျက်နှာသစ်
    ကလစ်ကိုချစ်
    အက်ဒမင်ကြီးကိုပစ်

    ReplyDelete
  49. Good evening from Taninsarem!

    ReplyDelete
  50. အဖြူ အနီးကျားတော့ကြောက်တယ် ခင်ည

    ReplyDelete
  51. အရေးတော်ပုံအောင်ကိုအောင်ရမည်

    ReplyDelete
  52. ပြောင်းဝက ကျည်ဆံ မှာသာသနာ တည်ရိုး မှန်ရင်ပိဋကတ်သုံးပုံအစားဘုရား က သေနတ်တွေထားခဲ့မှာပေါ့....ဗုဒ္ဓ ရဲ့ခြေသံမှာယမ်းနံ့တွေမပါတာကိုတော့ကျုပ် သစ္စာဆိုဝံ့တယ်......အလှည့်ကျမှ တရားနဲ့ဖြေပါလို လာမပြောနဲ့ငါ့တို့ အံကြိတ်ထားတဲ့ လက်သီးဆုပ်တွေကို ဘယ်တော့မှ ငါတို့ မဖြေဘူး .....ရိက္ခာ တွေ မစုံပေမယ့်သိက္ခာ တွေပုံထားတဲ့ ဒီပွဲမှာငါ တို့ လုံးဝ နိုင်ကို နိုင်ရမယ်.......Credit-မူရင်း

    ReplyDelete
  53. အလုပ်ရှုပ်လို့ မင်း ဆင်​ခြေ​ပေးမှာလား
    တချို့လူ​တွေ ​ရင်းထားတာ အသက်​တွေများ
    လက်ပိုက်ပြီး ကြည့်မ​နေနဲ့
    မင်းစိတ်က ​သွေးမ​အေးရင်
    ငါ့ကို သက်​သေပြ ​. . . ဟ!
    မတရား​သော စစ် ရပ်ပစ်မယ့် clickers
    လက်ညှိုး တစ်​ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
    ​နောက်တန်းက​နေ မိုးထိ ပစ်မယ့် မြှားးး
    လွတ်လပ်ခွင့်​တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
    Write down a note that we are CLICKERS

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)