Why Does Ice Float? (Click 06)
Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။
ရေခဲတွေ ဘာလို့ ရေပေါ် ပေါ်တာလဲ?
တစ်ခုခုကို အအေးခံလိုက်တယ်ဆိုရင် အဲ့ဒီအရာဟာ ကျုံ့သွားပြီး သိပ်သည်းဆလည်း တိုးလာပါတယ်။ ဒြပ်ထုပမာဏကို တသတ်မတ်တည်း ထားပြီး ထုထည်ပဲ သေးသွားအောင် ချုံ့လိုက်မယ်ဆိုရင် သိပ်သည်းဆ တိုးလာတာ သဘာဝကိုးဗျ..နော။ ဆိုတော့ တွေးကြမှာက ရေခဲတုံးကို ရေထဲထည့်လိုက်ရင် မြုပ်သွားမယ်ပေါ့။
ရေ အခြေအနေ ပြောင်းတဲ့ဟာမှာ ထူးခြားချက်လေးတစ်ခု ရှိတယ်ဗျ (အရည်၊ အစိုင်အခဲ၊ အငွေ့) ။ ရေမော်လီကျူးတွေဟာ အရည်အခြေအနေမှာဆိုရင် လျှော့တိလျှော့ရဲပါ (Loose Bond) ။ ရေခဲအခြေအနေမှာဆိုရင်တော့ တောင့်တောင့်တင်းတင်း (Rigid Bond) ဖြစ်သွားပါတယ်။ (Loose Bond ကနေ Rigid Bond အဖြစ် မျက်လှည့်ဆန်ဆန် ပြောင်းလို့ရတဲ့ နည်းလေးလည်း ရှိပါတယ်။ စာရှည်သွားမှာ စိုးတဲ့အတွက် နောက်များကျမှ ပို့စ်တစ်ခုသပ်သပ် တင်ပေးသွားပါ့မယ်ခင်ဗျာ)။ ရေခဲဖို့အတွက်ဆိုရင် ရေမော်လီကျူးလေးတွေဟာ အရည်အခြေအနေမှာ ရှိခဲ့တာထက် ထုထည်ပိုလာရပါတယ်။ ပြောရရင် ရေ ၁၀ ရာခိုင်နှုန်းလောက် ပိုသွားတယ်ပေါ့ဗျာ။ အကြမ်းဖျင်း တွေးကြည့်လို့ ရမှာတစ်ခုက ရေ ၁၀ ရာခိုင်နှုန်း ပိုလာတဲ့ ရေခဲအတိုင်းလေးကိုမှ မူလအရည် (Liquid State) ထဲကို ပြန်ထည့်လိုက်မယ်ဆိုရင် အဲ့ဒီရေခဲထုထည်တစ်ခုလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ ရေပေါ် ပေါလောပေါ်နေမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကတော့ ရေအောက် မြုပ်နေမှာပါ။ စမ်းကြည့်ချင်ရင် ပုံစံခွက်နဲ့ ခဲထားတဲ့ ရေခဲတုံးလေး တစ်တုံးလောက်ကို ရေခွက်ထဲ ထည့်ကြည့်လိုက်ပါ။ (ပုံစံခွက်နဲ့ ခဲထားတဲ့ကောင်ကို ညွှန်းရတာက အမြင်အရ သိသာနိုင်တာမို့ပါ။ ပုံစံမကျတဲ့ ရေခဲဆိုရင် ၁၀ ရာခိုင်နှုန်းဆိုတာကို မှန်းကြည့်လို့ မရမှာစိုးလို့ပါ။) အဲ့လို ရေခဲတုံးလေး ထည့်ကြည့်လိုက်ရင် အပေါ်ခြမ်း ခပ်ပါးပါးလေးပဲ ရေပေါ်ပေါ်နေပြီး အောက်ပိုင်း တော်တော်များများက ရေအောက်မှာ မြုပ်နေတာကို တွေ့ရမှာပါ။ ဖန်ခွက်သုံးဖို့တော့ မမေ့နဲ့ပေါ့ခင်ဗျာ။ နို့မို့ အပေါ်စီးကြီးက ကြည့်ပြီး ဘာမှမမြင်ရ ဖြစ်နေဦးမယ်။
![]() |
Water Molecule At Different Temperature (World Ocean Review) |
နောက်တစ်ခု ဆက်ပါမယ်။ ခုနက ရေခဲတုံး ထည့်ထားတဲ့ ဖန်ခွက်ကိုပဲ ရေခဲပြန်မနုတ်ဘဲ ရေအပြည့် ဖြည့်လိုက်ပါ။ ဖန်ခွက် နှုတ်ခမ်းသားနဲ့ ရေနဲ့ ထိသွားတဲ့အထိနော်။ အဲ့လိုဆိုရင် ဆရာသမား ရေခဲတုံးလေးကလည်း စောစောကအတိုင်း ၉၀ ရာခိုင်နှုန်း ရေအောက်နဲ့ ၁၀ ရာခိုင်နှုန်းက အဲ့ဖန်ခွက် နှုတ်ခမ်းအပေါ် ပေါ်လောပေါ်နေမှာပါ။ အဲ့ဒီကျ တွေးမိသွားမယ့် ကိစ္စတစ်ခုက “ဒီရေခဲတုံးလေးသာ အရည်ပျော်သွားရင် ရေတွေ လျှံကျကုန်မှာပဲ” ပေါ့နော်။ စိတ်မပူပါနဲ့။ လျှံမကျပါဘူး။ ဘာလို့ဆို ရေခဲတုံး ထည့်ထားကတည်းက အဲ့ဒီထုထည်ပမာဏအတွက် နေရာချန်ပြီးသား ဖြစ်တာကြောင့် အဲ့ဒီနေရာမှာပဲ ပျော်သွားတဲ့ ရေတွေက အစားထိုး ဝင်သွားမှာ မို့လို့ပါ။ ရိုးရိုးလေးပါပဲ။
ဒီမှာ ဆက်ပြောစရာ ရသွားတာက အာတိတ်ဒေသ (မြောက်ဝင်ရိုးစွန်း) က ရေခဲတွေ အကြောင်းပါ။ အဲ့ဒီက ရေခဲပြင်ကြီးတွေကလည်း ရေပေါ် ပေါ်နေတဲ့ ကောင်ကြီးတွေပါ။ ဆိုတော့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် နောင်တစ်ချိန် အရည်တွေ ပျော်ကြပြီဟေ့ဆိုရင် သူ့တို့ကြောင့်နဲ့တော့ ကမ္ဘာ့ရေမျက်နှင်ပြင် မြင့်တက်လာမှာ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ သူတို့ အရည်ပျော်ရင် ဝင်သွားဖို့နေရာက ရှိပြီးသားမို့လို့ပါ။ တကယ်စိတ်ပူရမယ့် ရေခဲတွေက ကုန်းမြေပေါ်မှာ ရှိနေတဲ့ ရေခဲတွေပါ။ များတဲ့ကောင်တွေ ပြောရရင် အန္တာတိကတိုက်တို့၊ Greenland တို့လို့ပေါ့ဗျာ။ အဲ့ကောင်တွေ အရည်ပျော်ပြီဟေ့ ဆိုတာနဲ့ ကမ္ဘာ့ရေထုထဲကို တိုက်ရိုက်ပေါင်းသွားမှာပါ။ အဲ့လိုဆိုရင်တော့ ကမ္ဘာ့ရေမျက်နှာပြင်မှာ ရှိရင်းထက် ၂၃၂ ပေ (မီတာ ၇၀) မြင့်တက်လာမှာဖြစ်ပြီး ကမ္ဘာ့ဆိပ်ကမ်းမြို့ကြီးတွေမှန်သမျှ ရေအောက် ရောက်သွားမှာပဲ ဖြစ်ပါတယ်။ (မကြောက်သွားကြပါနဲ့၊ လိုပါသေးတယ်။ လူတွေ တလွဲလုပ်ပုံအရ နောက်တော့ ဖြစ်လာမှာပါ..ဟိဟီး)
မေးစရာရှိလာမှာက ရေမှာ သိပ်သည်းဆကရော ဘယ်လိုလဲ၊ မပြောင်းတတ်ဘူးလားပေါ့။ ပြောင်းတာပေါ့ခင်ဗျာ။ ရေကို အပူပေးရင် ထုထည်တိုးလာပါတယ်။ ကမ္ဘာကြီးပူနွေးလာတာနဲ့ ဆက်ရရင်တော့ သမုဒ္ဒရာ ရေမျက်နှာပြင်ကလည်း သူ့ဟာသူ ပူရင်း တိုးတိုးလာဦးမှာပါ (ဤကား ဖြဲခြောက်ခြင်း) ။ ရေက အေးလာတာနဲ့အမျှ ထုထည် တဖြည်းဖြည်းချင်း လျှော့သွားတာပါ။ ရေဆင်းကူးနေတာဖြစ်ဖြစ်၊ ဒီတိုင်းကြည့်နေတာပဲဖြစ်ဖြစ် ဆိုရင်တော့ သိပ်သိသာမှာ မဟုတ်ပါဘူး။ ဆိုတော့ ရေက အေးလာလေ အေးလာလေ ထုထည် ကျုံ့သွားလေပေါ့။ စစချင်း ပြောခဲ့တဲ့အတိုင်း ထုထည်ကျုံ့ရင် သိပ်သည်းဆ တိုးလာပါတယ်။ အဲ့ဒီအေးလာတာ အဆုံးထိ ရောက်သွားရင်တော့ ရေခဲမယ်ပေါ့ခင်ဗျာ။ ဒါပေမယ့် ရေခဲအနေနဲ့ သိပ်သည်းဆ အများဆုံးဖြစ်တဲ့ ပွိုင့်တစ်ခု ရှိပါတယ်။ 3°C ပါ။ အဲ့အပူချိန်မှာ ရေအတည်ခဲတာတော့ မဟုတ်သေးပါဘူး။ ရေခဲအနေနဲ့ သိပ်သည်းဆ အများဆုံးအဖြစ် ယူဆတာပါ။ ရေမျက်နှာပြင် အပေါ်ကနေ အအေးဓါတ် ပေးလိုက်တယ်။ ထုထည်ကျုံ့၊ သိပ်သည်းဆတိုးပြီး အောက်ကို ဆင်းသွားမယ်။ အဲ့ဒီ အောက်ရောက်သွားတဲ့ကောင်က အောက်မှာပဲ ဆက်ရှိနေတော့မယ်။ အပေါ် တက်မလာတော့ဘူး။ သိပ်သည်းဆ တိုးသွားတာကိုး။ နောက် ဆက်အေးလာမယ်။ အဲ့အေးတဲ့ကောင်လည်း အောက်ဆင်းသွားမယ်။ ဒီလိုနဲ့ 2°C ၊ 1°C ရောက်လာမယ်။ အောက် ဆက်ဆင်းစရာမရှိတော့ဘဲ အပေါ်မှာပဲ ဆက်ရှိနေမယ်။ ဒီလိုနဲ့ 0°C ရောက်တော့ အပေါ်တစ်လွှာလုံး ရေခဲပြီပေါ့ခင်ဗျာ။ အောက်ဆုံးမှာ 3°C အပူချိန်နဲ့ ရေရှိနေမယ်ပေါ့။ ဒီလိုနဲ့ ဆောင်းတွင်းကာလမှာ ရေနေသတ္တဝါတွေကို ရေခဲပြီး မသေအောင် ထိန်းပေးထားတာပါ။ What a wonderful Mother Nature!
အဲ့လိုမဟုတ်ဘဲ ပေါက်ကရတစ်ခု တွေးကြည့်ဗျာ။ ရေခဲက ရေမြုပ်နိုင်တယ် ဆိုပြီးပေါ့။ အဲ့လိုဆိုရင် အောက်ဆုံးကနေစ,ပြီး သူ့အဆင့်အလိုက် ရေခဲနေမယ်။ အပေါ်ဆုံး 3°C အလွှာလေးမှာမှ ရေနေသတ္တဝါတွေ ရှိမယ် ဆိုပါစို့။ အေးဆေးပဲ။ လူဖမ်းရင်ဖမ်း၊ မဖမ်းရင် တခြားအကောင်တွေ စားတာနဲ့ အဲ့ကန်မှာ ရှိသမျှ ငါးတွေ အကုန်ကုန်မှာပဲ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ရေရဲ့ ထူးခြားတဲ့ အချက်လေးက ဆောင်းတွင်းကာလမှာ ရေနေသတ္တဝါတွေကို ကာကွယ်ပေးထားပါတယ်။ နောက်ပြောရရင် အပေါ်မှာ ရေခဲလွှာ ဖြစ်သွားပြီဆိုတာနဲ့ တော်ရုံအအေးဓါတ်က အောက်ထိ ဆင်းမလာနိုင်တော့ပါဘူး။ အဲ့တာကြောင့် အောက်ကကောင်တွေ ရေခဲသေမယ့်ဘေးက ဝေးသွားပါတယ်။ ဆိုတော့ အနှစ်ချုပ်ရရင် ရေဟာ ပူရင် ထုထည် တိုးပါတယ်၊ သိပ်သည်းဆ လျှော့ပါတယ်။ အေးရင် ထုထည် ကျုံ့ပြီး သိပ်သည်းဆ တိုးပါတယ်။ ရေခဲဖြစ်သွားရင်တော့ မော်လီကျူးတွေရဲ့ ထုထည် တိုးလာပြီး သိပ်သည်းဆကတော့ လျှော့သွားပါတယ်။ အဲ့ဒီ ရေရဲ့ထူးခြားတဲ့ အချက်လေးကြောင့်ပဲ ရေခဲဟာ သာမန်ရေထက် သိပ်သည်းဆ နည်းပြီး ရေပေါ် ပေါ်နိုင်တာပါခင်ဗျာ။
C2D
ကိုးကား; Neil deGrasse Tyson (StarTalk Podcast)
မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။
ဝါး တကယ်ဗဟုသုတရပါတယ်
ReplyDeleteကျေးဇူးပါခင်ဗျာ🥰
💗💗💗
Delete"When I got tired,I slept.When I got hungry,I ate.
DeleteWhen I had to go,you known,I went."
Gump.
This comment has been removed by the author.
ReplyDeleteこんにちは
Deletedone
ReplyDeleteအတိတ်တွေမှာ ငိုခဲ့ပြီးပြီမို့
ReplyDeleteပစ္စုပ္ပန်မှာ ပျော်ချင်ပါတယ်ဆိုမှ
ပစ္စုပ္ပန်မှာ မပျော်လို့
အနာဂါတ်ကို
စိတ်ကူးလေးနဲ့ ရွက်လွှင့်နေရတယ်
ဟူး....⛵
ဤခရီး မဝေးတော့ပြီ
DeleteFighting San💪💪💪
သဘောကောင်းပြီး တာဝန်အသိစိတ်ရှိပြီး ကြိုးစားရှင်သန်တဲ့သူတွေပဲ အရူးဖြစ်ရတဲ့ကမ္ဘာကြီး (Tmw)
Delete
Deleteရေခဲတုံးလေး ဖြစ်ချင်တယ်
ခဏတာ
အပူတွေ ငြိမ်းသွားမလားလို့
🍦🍨🍧🍦🍨🍧🍦🍨🍧
ကျေးဇူးတင်ပါတယ် မင်မင်ရေ
DeleteOh hoo... Memory of studying were recalled at school because of you
ReplyDeleteThanks you so much 🥰💜
ဘယ်အချိန်မှာ ရေကိုခြင်းနဲ့သယ်လို့ရလဲ?
ReplyDeleteရေဘူးထဲရောက်နေတဲ့အချိန် 😁
Deleteလူလည်ကျပြီး ဖြေရရင်တော့ ရေခဲ ဖြစ်နေတဲ့ အချိန်ပေါ့ခင်ဗျာ...😅 တကယ့်ကို အရေးပေါ် ရေသယ်ဖို့ လိုအပ်နေတဲ့အချိန်ဆိုရင်တော့ Coiled Basket (ကြိမ်စိတ်ခြင်း) တစ်ခု လုပ်ပြီး သင့်တင်တဲ့ ပမာဏတစ်ခု သယ်လို့ရပါတယ်ခင်ဗျာ။
Deleteမင်မင်ရေ
Deleteဟုတ်ကဲ့ပါရှင့် ငယ်ငယ်ကဆရာကမေးတာ ကျောင်းသားတွေက စုံလို့ဖြေကြတာ😊 ဆရာကနောက်ဆုံး ရေခဲနေတဲ့အချိန်ပေါ့တဲ့ တစ်ယောက်မှမမှန်ကြဘူးလေး ရေခဲအကြောင်းပြောလို့ သတိရသွားတာ ကျေးဇူးပါရှင့်
unknownလေးက နောက်တတ်သားပဲ အဲ့လိုလဲသယ်ရတာပဲလေနော်
Deleteဝင်ကြည့်တဲ့ အမှတ်တရ မန့်သွားမယ်ညော်🤭☺️
ReplyDeleteအမြဲလာမန့်ပါညော်
Deleteဝင်ကြည့်ရုံပဲလား အမြဲလာကြည့်ပြီးမန့်ပါနော်
Deleteဖီဖီ ရေခဲတုံးမှ ရေခဲအကြောင်းပြော
ReplyDeleteရေခဲတုံးပေါ်မှာ click to donate နဲ့🤭
စာရှည်မှာ စိုးလို့ဆိုပြီး အရှည်ကြီးပဲ
ReplyDeleteမင်မင်။ ကျေးဇူးပါ စိတ်ရှည်လက်ရှည် ရှင်းပြပေးသည့်အတွက်။
တခုခုဆို ကလစ်ကာတွေကိုလည်း
အကြောင်းကြားအုံးနော်။
ကလစ်ကာတွေ ကိုယ်တော့ကြောင့် ရောဂါ ရလိမ့်မယ်။
မျက်မှန်ကြီးတပ်ပြီး စာကြီးလှိမ့်ဖတ်မနေနဲ့အုံး။
မင်မင်မှပေါ်မလာရင်တွေးနည်းမျိုးစုံနဲ့တွေးနေရတယ်
Deleteလူဆိုးကြီးမင်မင်😉
စိတ်ပူတယ်
Delete😁😁😁
လေးဖြူ ပြောတာပါ
😂😂
မိုက်တယ်နော် ဖတ်ရတာ
ReplyDeleteခုကတည်းကကြိုဖတ်ထားရတယ်
၁၀နာရီလောက်ဆိုပွဲဆက်တွေများမှာစိုးလို့ 😹
ကိုယ်လည်းမနက်ထချောင်းထဲကဝင်ဖတ်ထားတာ
Deleteလင့်ခ်ချတော့မှခပ်တည်တည်နဲ့မဖတ်ရသေးသလိုဝင်မန့်တာ 😁
ကျော်ကခုဖတ် ခုမန့်ပါနော်
DeletePart 1 မှာမန့်ခဲ့တာ 😁
ပထမပိုဒ်ကိုဖတ်တာလေ
၁၀တန်း physics သင်ခဲ့တဲ့အချိန်တွေပြန်ရောက်သွားသလိုပဲ
နောက်တစ်ပိုဒ်ဖတ်ကာမှ ကိုယ်တစ်ခါမှမတွေးဖူးတဲ့
ရေနေသတ္တ၀ါတွေကိုကာကွယ်ပေးထားတဲ့ mother's nature ကြီးကိုအံ့တွေသြ ..
လူတွေပြောပြောနေတဲ့ ကမ္ဘာကြီးပူနွေးလာရင်ရေခဲတွေအရည်ပျော်ပြီး ရေလွှမ်းမယ်ဆိုတာ သမုဒ္ဒရာထဲကရေခဲတွေပဲတွေးမိတာ ကုန်းမြေပေါ်ကဟာတွေလည်းအ ရည်ပျော်နိုင်တာထည့်မတွေးမိဘူး🤧
ကိုယ်ကတော့သိတယ် (ကြွားထှာ) ဧရာဝတီမြစ်ကြီးကြောင့်
Deleteအားနေမြေပုံထောက်ပြီး မြစ်အစကိုလိုက်ရှာနေလို့ 😁
(မှန်မမှန်တော့မသိဘူး 😆)
Morning clicker ✋
ReplyDeleteအခုချိန်က ကိုယ့်နိုင်ငံကို တတ်စွမ်းသလောက် ကယ်တင်ရမယ့်အချိန်ပါ...
ReplyDeleteကိုယ်နဲ့ဆိုင်သလိုနေထားမှ နိုင်မယ့်တော်လှန်ရေးမို့ ကောက်ရိုးမီးမဟုတ်တဲ့
ကလစ်လက်တွေနဲ့ အဆုံးထိတိုက်ပွဲဝင်ကြပါစို့...✊
Icy ice ❄️
DeleteThanks for this explanation 🤗
💗
Deleteဆိုင်မဆိုင်တော့မသိဘူး
ReplyDeleteအာခီးမီးဒီးတယောက် ရေချိုးကန်ထဲက ထပြေးတာလေး စိတ်ထဲစွဲနေတုန်းပဲ 🤭
အရင်တုန်းက ခဲနေတဲ့ရေကန်အောက်က ကူးနေတဲ့ငါးလေးတွေကြည့်ပြီး အံ့ဩမိခဲ့ဖူးတယ် သွေးအေးသတ္တဝါ တွေမို့အပူချိန်အပြောင်းအလဲကိုခံနိုင်ရည်ရှိတယ်ပဲထင်ခဲ့မိတာ
ReplyDeleteခုမှပဲသေချာနားလည်တော့တယ်
Thanks a lot
.................................................
နယ်သာလန် နဲ့ ဗင်းနစ်မြို့အကြောင်းရေးပေးပါလား စိတ်ဝင်စားဖို့ကောင်းတယ် သဘာဝကိုအံတုတဲ့လူတွေရဲ့ပညာစွမ်းတွေ 😁😁
Done
ReplyDelete🌀🌀🌀
ReplyDeleteThanks for sharing min min
ReplyDeleteထပ်တင်ပေးမယ်ဟာကိုမျှော်နေပါ့မယ်😍
I'm clicker.
ReplyDelete💪💪💪
DeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
❤️❤️❤️❤️
ReplyDelete💜💛💚💘💙💖❤🤍🤎🧡💝
ReplyDeleteမိမိမှာ thanks ဟုရေးချင်ပါသော်လည်း PPWK ကိုကြောက်ရသောအခါ 🤒
ReplyDeleteစောင့်ကြည့်နေတယ်နော် 😌😌😁😁
Deleteစာအရေးအသားလွဲရင် ဖဲ့ဖို့က ရယ်ဒီဘဲရယ်😁😁
ကျေးဇူးပါမင်မင်
ReplyDeleteWe are clicking till the victory
Good morning from Taninsarem
ReplyDelete❤️❤️❤️❤️
ReplyDeleteNorth Poleက ရေခဲပြင်ကြီးတွေ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရည်တွေ ပျော်ပြီး ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာမှာကို တွေးကြောက်ဖူးတယ်
ReplyDeleteခုလို စိတ်ရှည်လက်ရှည် ရှင်းပြလို့ကျေးဇူးပါ မင်မင်
ရေခဲပြင်ကြီးပျော်ရင်ရေခဲသေတ္တာမလိုပဲ ရေခဲရေ သောက်ရမှာလေ ပျော်ရမှာဟုပုလား🙄
Deleteငှယ် ☹️
Deleteအများကြီး ရှင်းပြထားတာတော့ ကျေးဇူးပါ မင်မင်ရယ်
ReplyDeleteဒါမဲ့ သိပ်နားမလည်သေးဘူး ပြန်လာဖတ်ပြီး စာပြန်လာ မေးမယ်နော် ☺️ ☺️ ☺️
စာနဲ့ပတ်သတ်သာတာ မေး
Deleteဈေးဗန်းခင်းတာတွေတော့ မပါမိပါစေနက် ဆာမ😏😏
ခင်းပါစေ
Deleteသူ့ဘာသာသူ
မင်မင်တောင် ခင်းသေးတာ🤣
မကျေနပ်ရင် ဖြူဖြူဝင်းကျော်လဲ ဝင်ခင်းသွားပါလား
Deleteနောက်ကောင်မလေးတျောက် ထပ်အငြင်းခံရအောင် 😁😁😁
စေ◌ျးဗန်းမခင်းရနေရာတဲ့လား(စတာနော်)
Deleteဖြူဖြူဝင်းကျော်က လိုက်ပြောင်နေတာပါ ခင်းလို့ရတယ် @mei ခင်းသာခင်း နေရာလွတ်သေးတယ် 😁😁😁
Deleteကျမက ပွဲကြည့်ပရိတ်သတ် တဦးပါရှင့်😛😁
Deleteစာကအပြင်ကရာသီဥတုနဲ့လိုက်ဖက်နေရောပဲ 😓
ReplyDeleteဗဟုသုတတွေအများကြီးရတာကျေးဇူးတင်ပါတယ်ကိုကလစ်🍓
Done💕
ReplyDeleteDone💕💕
DeleteDone 🍀
ReplyDeleteDONE
ReplyDelete💪💪💪
ReplyDelete💛💛
ReplyDeleteဗဟုသုတတေအများကြီးပေးတဲ့မင်မင်ကျေးဇူးပါ🕊
ReplyDeleteMpt 21 6088 2416 6489 2524 /10:50am
ReplyDelete'Viva la revolution'
ReplyDelete🍀🍀🍀
ReplyDeleteDone
ReplyDelete👍👍👍
ReplyDelete🌸🌸🌸
ReplyDeleteWe will fight till the end 💪🏽.
ReplyDeleteWe must win!
မင်မင်ပြောတဲ့အတိုင် ရေခဲတုံးကို ဖန်ခွက်ထဲထည့် ဝီစကီလေးရောပြီး ကြည့်တာပဲ...မမြင်လိုက်ရဘူးဖြစ်သွားတယ်...cola ရောထားတာရယ် မူးသွားတာရယ်ကြောင့်......
ReplyDeleteအမေစုကို ၅နှစ်မကလို့ ကြိုက်သလောက် အမိန့်ချ, ငါတို့က Click နှိပ်ပြီး ရအောင်ပြန်ခေါ်ပြမယ်
ReplyDelete💙
ReplyDeleteThis comment has been removed by the author.
ReplyDeleteDone
ReplyDeleteDry iced တွေကရော ခင်ဗျ
ReplyDeleteအငွေ့လေးတထောင်းထောင်းနဲ့ကြည့်လို့တော့လှသား
Dry Ice က CO2 ကို ခဲထားတာပါ။ ရေထက် သိပ်သည်းဆ များတဲ့အတွက် ရေမြုပ်ပါတယ်။ ဒါပေမယ့် Dry Ice ပိစိလေးနဲ့ ရေများများ ဆိုရင်တော့ ပေါလောပေါ်တာ တွေ့ရမှာပါ။ တော်ရုံနဲ့ကတော့ ပေါ်မပေါ် မြင်ရမှာ မဟုတ်ပါဘူး။ ဘာလို့ဆို ရေနဲ့ ဓါတ်ပြုလိုက်တာနဲ့ အခဲ အခြေအနေကနေ အငွေ့အဖြစ် တစ်ခါတည်း တန်းပြောင်းသွားတာမို့လို့ပါ။ ရေကူးကန်တို့ Bathtub တို့ထဲကို ကျွမ်းကျင်မှုမရှိဘဲ Dry Ice ထည့်ပြီး ဆော့ကြည့်ဖို့ မစဉ်းစားပါနဲ့။ ပမာဏနည်းရင် အငွေ့လေးတွေ ထွက်ပြီး "လှလိုက်တာကွာ" ဆိုပေမယ့် ပမာဏ များသွားရင်တော့ အန္တရာယ်များပါတယ်။
Delete🙄 အန္တရာယ်ရှိမှန်းမသိခဲ့ဘူး
Deleteအစားအသောက်တွေမှာ (အချိုပွဲတချို့) အလှဆင်သလို လုပ်ကြတာတွေ့ဖူးလို့ပါ.
ရေကူးကန်လဲရှိဘူး bathtubလဲရှိဘူး မော်ဒယ်လည်းရှိဘူး ကင်မလာမန်းလဲဟုတ်ဘူး ဆိုတော့ အန္တရာယ်ကင်းပါတယ်လေ 😪 (ဒါမဲ့ မှတ်ထားလိုက်ပါတယ်)
အက်ထမင့်နှယ် တော်ချက်က
Delete@Thae ဟုတ်ပါ့ အေ
DeleteThanks For Knowledge.🌹❤️🌹
ReplyDeleteအရေးတော်ပုံအောင်ကိုအောင်ရမည်
ReplyDelete😊😊
ReplyDeleteD6
ReplyDelete💙💓♥️💪💪
ReplyDeletedone
ReplyDelete✅🥰
ReplyDeletedone27
ReplyDeleteDone
ReplyDeleteDone ✊✊👊
ReplyDeleteDone
ReplyDeleteနည်းနည်းတော့ ရှုပ်သွားတယ်😅
ReplyDelete🙋ကျေးကျေးပါ
ReplyDeleteတော်လှန်စိတ်ဓါတ်တွေအရည်မပျော်ကျပါဘူး✊✊✊
နှိပ်ပြီးပါပြီ....
ReplyDeleteDone 💙
ReplyDeleteDone
ReplyDeleteTill the end
ReplyDeleteFighting together 💪
With passion & perseverance, I click every day.
ReplyDeleteမိတ်ဆွေများဘေးကင်းကြပါစေ။
ReplyDeleteအလုပ်ရှုပ်လို့ မင်း ဆင်ခြေပေးမှာလား
ReplyDeleteတချို့လူတွေ ရင်းထားတာ အသက်တွေများ
လက်ပိုက်ပြီး ကြည့်မနေနဲ့
မင်းစိတ်က သွေးမအေးရင်
ငါ့ကို သက်သေပြ . . . ဟ!
မတရားသော စစ် ရပ်ပစ်မယ့် clickers
လက်ညှိုး တစ်ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
နောက်တန်းကနေ မိုးထိ ပစ်မယ့် မြှားးး
လွတ်လပ်ခွင့်တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
Write down a note that we are CLICKERS
🧡🧡🧡
ReplyDelete6a
ReplyDelete6b
DeleteWe click ,we support and we must win .
ReplyDeleteClick
ReplyDelete👨🏻💻👨🏻💻👨🏻💻👨🏻💻👨🏻💻👨🏻💻
ReplyDeleteThanks for sharing
ReplyDeleteVery Good. Thanks.
ReplyDelete6. Qlik
ReplyDeleteDane
Dune
Deleteအစိုင်အခဲ အရည် အငွေ့ အကြောင်းတွေပါလာတော့ (ဆရာ)တာရာမင်းဝေ စာအုပ်ထဲက ပုံပြင်လေးတပုဒ်ကို သတိရသွားမိတယ်....
ReplyDelete"စီးဆင်းလာတဲ့စမ်းချောင်းလေးဟာ ကန္တာရထဲမှာ ရှေ့ဆက်သွားလို့မရတော့ဘူးတဲ့....
ဒါပေမဲ့ သူဟာဟိုဘက်ခြမ်းကိုရောက်ဖို့အတွက် သူ့ပုံသဏ္ဌန်ကိုပြောင်းပစ်လိုက်တယ်တဲ့ (အပူချိန်ကြောင့် အငွေ့ပျံပြီး တိမ်တွေအဖြစ်နဲ့ ကန္တာရကိုဖြတ်ကျော် အခြားဘက်မှာ မိုးတွေအဖြစ်ရွာချ တဖန်စမ်းချောင်းလေးအဖြစ် စီးဆင်း ခရီးဆက်သွား)"
ကိုယ်လိုရာ ဆက်စပ်စဉ်းစားမယ်ဆို အများကြီး
ပေါ့....
ကျောင်းသင်ခန်းစာထဲက ရေရဲ့ပုံသဏ္ဌန်၃မျိုး (ခပ်မေ့မေ့ဖြစ်နေ) လို အခက်အခဲနဲ့ရင်ဆိုင်ရချိန် အကောင်းဆုံးပုံသဏ္ဌန်နဲ့ကျော်ဖြတ်နိုင်ရအောင်ကြိုးစားကြမယ်
"If can not go straight, there many ways of bypassing "
(Grammer မမှန်ရင်ဖြည့်ဖတ်ပေးပါ, မြန်မာလိုတွေးပြီးရေးထားတာမို့)
Iceberg ပုံကိုမြင်ပြီး တော်တော်များများပြောနေကြတဲ့ "iceberg theory" ကိုလည်းသွားသတိရမိတယ် ဒါမဲ့ အဲ့ဒါကိုပြောခဲ့တာ Ernest Hemingway မှန်းတော့ခုမှသိတယ်
ReplyDelete"ငါတို့တွေမှာ မျှော်လင့်ချက်ဆိုတာ ရှိတယ်။ အရာရာ ပိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်။ အေး... အဲ့အတိုင်း ဖြစ်ကိုဖြစ်လာမှာ။" crd C2D admin
ReplyDeleteclick for part II 29/04/2022
တလလုံးနားထားမယ်ဆိုလို့ လွမ်းလို့လာချောင်းတာပါ😪
ReplyDeleteWe all miss you Min Min @ Admin...♡♡
ReplyDeleteဪ
Deleteအဲတုန်းက Tele linkတွေနားထားတာကိုး
ဘာတေမန့်မိလည်းလို့ စဉ်းစားနေတာ 😅
ပြန်ရှာဖတ်နေရတယ်ပေါ့
Deleteအရင်က မန့်တွေပြန်ဖတ်ရတာ ခံစားချက်တစ်မျိုးလေး🥰 အဲ့တုန်းက ကိုယ်က သိပ်မမန့်ဖြစ်ဘူး 😁
Deleteဒီနေ့လဲ ရောက်ခဲ့ပြန်ပြီ....
ReplyDeleteLet's click together 🙂
ReplyDelete(Loose Bond ကနေ Rigid Bond အဖြစ် မျက်လှည့်ဆန်ဆန် ပြောင်းလို့ရတဲ့ နည်းလေးလည်း ရှိပါတယ်။ စာရှည်သွားမှာ စိုးတဲ့အတွက် နောက်များကျမှ ပို့စ်တစ်ခုသပ်သပ် တင်ပေးသွားပါ့မယ်ခင်ဗျာ)
ReplyDeleteဟုတ်ကဲ့ စောင့်နေပါတယ် ခင်ညာ
😋
လူညာမှန်း သိပေမဲ့လည်း ခုထိစောင့်နေဆဲပါ 😪
Delete🥱🥱
ReplyDeleteမနေ့က killer whales တွေ အမဲလိုက်တာ iceberg တွေကြားမှာ လှလိုက်တာလို့ တွေးနေတာ
ReplyDeleteကြောက်ဖို့လည်းကောင်းတယ်
Done
ReplyDeleteDone💕
ReplyDeleteClick
ReplyDeleteGood night😘
ReplyDeleteThanks for sharing
ReplyDeleteကျေးဇူးပါ (。♡‿♡。)
ReplyDeleteGood night all clickers
ReplyDeleteHave a sweet dream
✨✨✨
ရေခဲ တေအေကြာင်းဖတ်ပြီး စီးေများသွား
ReplyDeleteကေ ျာင်းသားဘဝလည်း သတိယ
တိုက်တန်းနစ် ဇာတ်ကားလည်း သွားသတိယ
Thank, Min Min
591~🕊
ReplyDeletedone14
ReplyDelete🏞
ReplyDelete🥷 တစ်စိုက်မတ်မတ် ...
ReplyDelete@ အရာရာအောင်မြင်ဘို့ ...
အခက်အခဲပေါင်းများစွာရှိကြောင်း
အပြောလွယ်သလောက် ...
လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
လူတိုင်းလူတိုင်းသိကြပါသည်
သို့သော် ရည်မှန်းချက်ပန်းတိုင် ...
အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
ရောက်သင့်သလောက်မရောက်ခြင်း
စသည်စသည်တို့ဖြစ်လာပါက ...
ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
ဗျူဟာပြောင်းသင့်ပါလျှင် ...
ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။
🥷 စစ်မင်းထက်သာ
💕💕💕
ReplyDeleteGood night ✨
ReplyDeleteAdmin and clickers 😊
Done...
ReplyDelete😇😇
ReplyDeleteDone
ReplyDeleteလွန်ခဲ့တဲ့ ၅လက doneထားသားပဲ။ ထပ်ဒန်းပါတယ်
ReplyDeleteDoneဒိူနီးပါ
ReplyDeleteLet us click for PDF
ReplyDeleteGood night ✿✿✿
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDelete🥺
ReplyDelete♥(◍•ᴗ•◍)❤
ReplyDelete🥭 Done 🧊🧊🧊
ReplyDelete🥭 Done 2 🧊🧊🧊
Delete🥭 Done 3
Delete🥭 Done 4
Delete✊✊
ReplyDelete😁😁😁
ReplyDeletegn
ReplyDeletedone
ReplyDelete