Star Wars: Rebels Quotes (Click 04)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

"ငါတို့တွေမှာ မျှော်လင့်ချက်ဆိုတာ ရှိတယ်။ အရာရာ ပိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်။ အေး... အဲ့အတိုင်း ဖြစ်ကိုဖြစ်လာမှာ။"

        ဒါလေးလည်း ကျွန်တော် အရင်ကလည်း တင်ပေးဖူးပါတယ်။ သူ့တုန်းကလည်း ဘာမှရှင်းမပြဘဲ ပုံချည်းပဲ တင်ဖြစ်ခဲ့တာပါ။ သူကကျ Clone Wars အပြီးမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းပါ။ Ghost ဆိုတဲ့ ယာဉ်ပျံလေး တစ်စီးပေါ်က အဖွဲ့သားတွေ Empire ကို ဘယ်လိုတွေ ရင်ဆိုင်ခဲ့ကြတယ်ဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီး ကြည့်ရမှာပါ။

        ဒီ Series မှာ Season 4 ခုနဲ့ Episodes ပေါင်း 75 ပိုင်း ပါပါတယ်။ တစ်ပိုင်းကို ပျမ်းမျှ 22 မိနစ်ဝန်းကျင် ရှိပါတယ်။ ဒီတော့... "Star Wars ကို စိတ်ဝင်စားတယ်၊ ပြည့်ပြည့်စုံစုံ မကြည့်ဖူးသေးဘူး၊ ကြည့်ဖို့လည်း စိတ်ဝင်စားတယ်၊ Clone Wars ကိုလည်း ကြည့်ပြီးသွားပြီ" ဆိုတဲ့သူတွေကိုပဲ သီးသန့် ညွှန်းပါတယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments


  1. ဘဝဆိုတာ တိုက်ယူရတဲ့တိုက်ပွဲ
    ----------------------------------------

    မင်းဟာ ပျော့ညံ့တဲ့သူမဟုတ်ဘူး
    ကြံ့ကြံ့ခိုင်နိုင်တဲ့
    လူတစ်ယောက်ဆိုတာ
    သက်သေပြလိုက်ပါ...

    လက်ရှိအခြေအနေက
    ငါလည်း ကြုံနေသလို
    မင်းလည်း ကြုံနေကြတဲ့
    လူတွေပါပဲ...

    ယုံကြည်ထားသမျှ အရာတွေ
    အလကားမဖြစ်ပါစေနဲ့...

    ဘဝဆိုတာ
    ကိုယ်တိုင် တိုက်ယူရတဲ့ တိုက်ပွဲမို့
    ဘယ်လို အခက်အခဲနဲ့ ကြုံကြုံ
    စိတ်ဓာတ်မကျပဲ ရိုးသားရဲဝင့်စွာ
    တိုက်ထုတ်ကြရအောင်...


    San Zuren 🌸

    ReplyDelete
  2. Yeah our victory is coming ✊🏻

    ReplyDelete
  3. I believe..No no ...
    We always believe in our hope.

    ReplyDelete
  4. "ငါတို့တွေမှာ မျှော်လင့်ချက်ဆိုတာ ရှိတယ်။ အရာရာ ပိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်။ အေး... အဲ့အတိုင်း ဖြစ်ကိုဖြစ်လာမှာ။"

    ဟုတ်ပါတယ် ဖြစ်ကိုဖြစ်ရမယ်

    ReplyDelete
  5. နောက်ဆုံးတိုက်ပွဲ

    ဒီပွဲဟာ ငါတို့အောင်ပွဲ
    ငါတို့ ကူညီ ၊ ငါတို့ လူညီ၊ ငါတို့ တူညီစွာတိုက်ရမယ့်ပွဲ
    ဒါနောက်ဆုံးတိုက်ပွဲပဲ 💪💪

    ReplyDelete
  6. ပဆံလိုက်ချေပြီး ကလစ်တာ ငါ့တစ်ယောက်ထဲလား🤣

    ReplyDelete
    Replies
    1. ‌ပိုက်ဆံချေးမယ့်လူမရှိလို့
      ရှိတာရောင်းပြီး ကလစ်တယ် 😁😁😁

      Delete
    2. ပန်းတိုင်ရောက်နေပြီး ငါ့တို့နိုင်တော့ မယ်

      Delete
    3. ကျေးဇူးတင်ပါတယ်နော် တလရပြီးခါနီးပါပြီ💪💪😘

      Delete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  8. "ငါတို့တွေမှာ မျှော်လင့်ချက်ဆိုတာ ရှိတယ်။ အရာရာ ပိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်။ အေး... အဲ့အတိုင်း ဖြစ်ကိုဖြစ်လာမှာ။"

    ReplyDelete
  9. ဒီနေ့လဲ မစ်ရှင်အောင်ပါစေ💪

    ReplyDelete
    Replies
    1. မနေ့က SI တော်တော်များများ
      share ပေးတာ တွေ့တယ်။
      ဒီနေ့လည်း share ပေးရင် ကောင်းမယ်😁

      Delete
  10. ဖြစ်ကိုဖြစ်လာမှာ✊

    ReplyDelete
  11. အယ် ခုမန့်ထားတဲ့ emoji လေးဘယ်ရောက်သွားပါလိမ့်🧐

    ReplyDelete
    Replies
    1. လီမင်ဟိုရဲ့ ရင်ခွင်ထဲရောက်သွားတာဖြစ်မယ်

      Delete
    2. နေရာလွဲရောက်လာလို့ပြန်ပို့လိုက်တယ်

      Delete
  12. အဖွဲ့သွားတွေ

    ReplyDelete
    Replies
    1. ဟဲဟဲ.. စာရိုက်ရင်း မှားသွားတယ်ခင်ဗျာ၊ ပြန်ပြင်ထားပါပြီ။ 😅

      Delete
  13. မန့်ရတာ တမျိုးကြီးပဲ ဘလိုကြီးတုန်း🤭

    ReplyDelete
    Replies
    1. မင်မင် မနေ့ကပျောက်သွားပြီး ဒီနေ့မန့်ရတာပုံပြောင်းသွားသလိုကြီး

      Delete
  14. ဖြစ်ကိုဖြစ်ရမယ်တဲ့

    ReplyDelete
    Replies
    1. အဒ်ညွှန်းတာတွေကတော့ဘယ်နေ့မှကြည့်ဖြစ်မယ်မသိ

      Delete
  15. ရာသီဥတု အရမ်းပူလာတယ်
    ဂရုစိုက်ကြပါ

    ReplyDelete
  16. ကျောင်းသားသမဂ္ဂ အရိုးနဲ့ ဖက်ဆစ်

    စစ်ဘီလူး ရင်ဝကိုထိုးမယ် ✊✊✊

    ReplyDelete
  17. မျှော်လင့်ချက်လဲ ရှိတယ် ယုံကြည်ချက်လဲ ရှိတယ်... ယုံကြည်ချက်နဲ့ ​မျှော်လင့်ချက်​တွေ ဖြစ်ကို ဖြစ်လာ​စေရမယ် ✊✊✊

    ReplyDelete
  18. ငါတို့နိုင်ကိုနိုင်မှာ အရေးတော်ပုံလည်းအောင်ရမည်

    ReplyDelete
  19. ဒုက္ခနေ့ရက်တွေ ပြီးဆုံးဖို့
    အတူလက်တွဲ
    ရင်ဆိုင်ဖြတ်သန်း ကြမယ်

    ReplyDelete
  20. မမျော်လင့်ချင်ဘူးကြိုးတော့ကြိုးစားကလစ်မှာပါ🕊

    ReplyDelete
  21. ဟုတ်တယ်ဖြစ်ကိုဖြစ်လာမှာ 💪

    ReplyDelete
  22. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  23. အမေစုကို ၅နှစ်မကလို့ ကြိုက်သလောက် အမိန့်ချ, ငါတို့က Click နှိပ်ပြီး ရအောင်ပြန်ခေါ်ပြမယ်

    ReplyDelete
  24. ကိစ္စရှိလို့အပြင်သွားတာ ဘယ်ညာတိုင်ပတ်ပြီး တပတ်ပတ်ပြီးမှအိမ်ပြန်ရောက်.
    ဘဲဥတွေကလည်းရင်ခုန်အောင်အရမ်းလုပ်တာပဲ 😁
    ခုမှလင့်ခ်ထဲပြန်ရောက်တော့တယ်

    ReplyDelete
  25. တစ်ရက်တစ်ရက်အဲ့မျှော်လင့်ချက်လေးနဲ့ပဲအကုန်ရှေ့ဆက်နေကြမှာ ^^

    ReplyDelete
  26. သူပုန်(rebel) ကိုအရင်တည်းကမမုန်းခဲ့ဖူးဘူး
    ခုတော့ပိုတောင်ချစ်သေးတယ်
    ကိုယ်လည်းအိမ်တွင်းသူပုန်ဖြစ်ခဲ့ဖူးတယ်ဆိုတော့😉

    ReplyDelete
  27. If You Can Dream It.You Can Do It..🌹❤️🌹
    #Crd . . Admin. .

    ReplyDelete
  28. MAY THE FORCE BE WITH YOU
    ALL CLICKERS...

    ReplyDelete
  29. We click, we support and we must win.

    ReplyDelete
  30. ဖြစ်ကိုဖြစ်လာမှာ။

    ReplyDelete
  31. နောက်ကျသွားတယ်ဆောတီး 😁

    ReplyDelete
  32. Done
    မန့် ရတာ တစ်မျိုးဖြစ် page မှာမရ
    google chrome မှာရ

    ReplyDelete
  33. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. ဒီRevolution နိုင်ကိုနိုင်မှာ!✊️

      Delete
  34. Till the end
    Fighting together 💪

    ReplyDelete
  35. ပြည်တော်သစ်ဆီ💪💪💪

    ReplyDelete
  36. ❤❤❤
    ငါတို့နိုင်မှာ

    ReplyDelete
  37. အလုပ်ရှုပ်လို့ မင်း ဆင်​ခြေ​ပေးမှာလား
    တချို့လူ​တွေ ​ရင်းထားတာ အသက်​တွေများ
    လက်ပိုက်ပြီး ကြည့်မ​နေနဲ့
    မင်းစိတ်က ​သွေးမ​အေးရင်
    ငါ့ကို သက်​သေပြ ​. . . ဟ!
    မတရား​သော စစ် ရပ်ပစ်မယ့် clickers
    လက်ညှိုး တစ်​ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
    ​နောက်တန်းက​နေ မိုးထိ ပစ်မယ့် မြှားးး
    လွတ်လပ်ခွင့်​တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
    Write down a note that we are CLICKERS

    ReplyDelete
  38. This comment has been removed by the author.

    ReplyDelete
  39. 👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻

    ReplyDelete
  40. မျှော်လင့်ထားတဲ့အတိုင်းဖြစ်ကိုဖြစ်လာမှာ 💪

    ReplyDelete
  41. "ငါတို့တွေမှာ မျှော်လင့်ချက်ဆိုတာ ရှိတယ်။ အရာရာ ပိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်။ အေး... အဲ့အတိုင်း ဖြစ်ကိုဖြစ်လာမှာ။"
    click for part II 29/04/2022

    ReplyDelete
  42. ရောက်ခဲ့တယ်..../

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)