Let's Talk About Rainbows - C2D (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10


သက်တံ့တွေအကြောင်း ပြောကြရအောင်

(ဖတ်ရှုရန်ကြာချိန် ၄ မိနစ်ခွဲခန့်)


        ဒီအကြောင်းအရာရဲ့ အစက ဘယ်သူလဲဆိုရင်တော့ အိုင်းဆက်စ်နယူတန်ပါ။ ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ နယူတန်ကြီးပါ။ နယူတန်က ၁၇၀၄ ခုနှစ်မှာ “Optics” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးခဲ့ပါတယ်။ အဲ့စာအုပ်ရဲ့ ထူးခြားချက်ကို ပြောရမယ်ဆိုရင်တော့ ရှားရှားပါးပါး အင်္ဂလိပ်လို ရေးခဲ့တဲ့ စာအုပ်တွေထဲက တစ်အုပ်ပါ။ ကျန်တဲ့စာအုပ်တွေကတော့ လက်တင်ဘာသာနဲ့ပဲ ရေးသားခဲ့တာပါ။ အဲ့ဒီစာအုပ်ထဲမှာ သက်တံ့နဲ့ပတ်သက်ပြီး ရှာဖွေတွေ့ရှိချက်တစ်ခုကို ဖော်ပြခဲ့ပါတယ်။

        လူတိုင်း သက်တံ့ကို ဘယ်လိုအရောင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိကြပါတယ်။ Red, Orange, Yellow, Green, Blue, Indigo & Violet (အတိုကောက် ROYGBIV၊ ရွိုင်ဂျီဘစ်ဗ်) တွေပေါ့ဗျာ။ အဲ့ခေတ်က လူတွေဟာ မီးပန်းဆိုင်းကို အလင်းတန်း ဖြတ်ပြီး တစ်ဖက်မှာ သက်တံ့ရောင် ပေါ်တတ်တာကိုလည်း သိနေကြပါပြီ။ ဒါပေမယ့် နယူတန် မပြောခင်အချိန်ထိ လူတိုင်း ယူဆခဲ့ကြတာက မီးပန်းဆိုင်း ဖန်သားထဲမှာ ဒါမှမဟုတ် မိုးရေစက်ထဲမှာ အဲ့ဒီသက်တံ့ရောင်စဉ်တွေ ဖြစ်လာတယ်ပေါ့ဗျာ။ ဘယ်သူ့ဘယ်သူမှ အဖြူရောင် အလင်းတန်းဆိုတာ အဲ့ဒီသက်တံ့ရောင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ မစဉ်းစားခဲ့မိကြပါဘူး။

        စာအုပ်ထဲမှာ နယူတန် ဖော်ပြထားတာကတော့ ကျွန်တော်တို့တွေ ပုံမှန်အတိုင်းပဲ အလင်းတန်းတစ်ခု သုံးမြှောင့်ဖန်တုံးတစ်ခုကို ဖြတ်သွားပါစေ။ သက်တံ့ရောင်စဉ်တွေ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီမှာ နောက်တစ်ဆင့် ထပ်လုပ်ရမယ့်ဟာကတော့ နောက်ထပ် သုံးမြှောင့်ဖန်တုံးတစ်ခုကို ဇောက်ထိုးလုပ်ပြီး ပထမတစ်ခုနဲ့ ကပ်လျှပ်ထားကြည့်လိုက်ပါ။ ဆိုတော့ ပထမဖန်တုံးမှာ ဖြစ်ခဲ့သမျှက ဒုတိယကောင်မှာ ပြောင်းပြန်ဖြစ်သွားမယ်ပေါ့ဗျာ။ တကယ်လည်း အဲ့တိုင်းပါပဲ။ ဒုတိယဖန်တုံးက ထွက်လာတဲ့အရာဟာ မူရင်း အဖြူရောင် အလင်းတန်းပါပဲ။ ၁၇~၁၈  ရာစုနှစ်တစ်ခုမှာ ဖြစ်တည်ခဲ့တဲ့ လူသားတစ်ယောက်ရဲ့ တွေ့ရှိချက်တဲ့ခင်ဗျာ…။ လုံးဝကို ရိုးရှင်းပြီး ဩချရလောက်တဲ့ တွေ့ရှိမှုတစ်ခုပါပဲ။

 



        ဆိုတော့ သက်တံ့ဖြစ်စဉ်ကလည်း မိုးရေစက်ကို နေရောင်ခြည် ဖြတ်သွားပြီး အပေါ်က ပြောခဲ့တဲ့ သုံးမြှောင့်ဖန်တုံးလို ခုနစ်ရောင်စဉ် ပေါ်လာတာပါပဲ။ ဒီနေရာမှာ ပြောဖို့ရှိတာက ကျွန်တော်တို့ရဲ့ နေရောင်ခြည်ဟာ အဖြူရောင်ပါ။ နေရာင်ခြည်ဟာ အဖြူရောင် ဖြစ်ကြောင်းကို အရင်တစ်ခါ ပို့စ်တစ်ခုမှာလည်း ဖော်ပြခဲ့ဖူးပါတယ်။ ဒီတော့ မိုးစက်လေးထဲမှာ ဘာတွေဘယ်လို ဖြစ်သွားသလဲ ဆက်ရှင်းပါမယ်။ နေရောင်ခြည်ဟာ မိုးစက်လေးကို ထောင့်တစ်ခုကနေ ဝင်လာတယ်ဆိုပါစို့။ တကယ်တော့ အဖက်ဖက်ကနေကို ဝင်တာပါ။ အဲ့ဒီလို ဝင်လာတာတွေထဲကမှ တစ်ခုတည်းသော ထောင့်တစ်ခုကသာ မိုးစက်လေးနဲ့ လေထုကြားက နယ်နိမိတ်ကို ဖြတ်ပြီး အတွင်းပိုင်းကနေ အလင်းပြန်တာမျိုး ဖြစ်ပါတယ်။ ရှင်းအောင် ပြောရရင် လေဆာပွိုင့်တာလေးတစ်ခု ယူပြီး ရေငုပ်လိုက်မယ်ဗျာ။ ပြီးရင် ရေအောက်ထဲကနေ ပွိုင့်တာလေးကို ရေမျက်နှာပြင်ဖက် ထိုးလိုက်မယ်။ အဲ့လိုဆို ရေမျက်နှာပြင်အပေါ် လေထုထဲကို ရောက်သွားမယ့် အလင်းတန်းဟာ ယိုင်သွားတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီသဘောပါ။

        စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက နေရောင်ခြည်ဟာ မိုးစက်လေးထဲ ဝင်ပြီး အပြင်ကို ပြန်မထွက်ခင် မိုးစက်လေးထဲမှာ ဟိုဟိုဒီဒီ ပတ်ပတ်လည် အကြိမ်အများကြီးခုန်ပြီးမှ ပြန်ထွက်ပါတယ်။ အပြင်ပြန်ထွက်လာတာနဲ့ တစ်ပြိုင်နက် အဖြူရောင်အလင်းတန်းကနေ ရောင်စဉ်ခုနစ်ခုအဖြစ် ဖြာထွက်သွားပါတယ်။ အဲ့ဒီလိုနဲ့ပဲ တခြားမိုးစက်လေးတွေပါ အကုန်ပေါင်းပြီး သက်တံ့တစ်ခု ဖြစ်လာတယ်ပေါ့ခင်ဗျာ။

        အပေါ်မှာ ပြောခဲ့တာတွေလို အဲ့ဒီအလင်းထွက်လာတယ်ဆိုတဲ့ ထောင့်ကမှ ကိုယ့်လူမြင်ရမယ့် သက်တံ့ကို ပုံဖော်ပေးတာပဲဗျ။ ကိုယ့်မျက်လုံးရှေ့ ဝင်လာတာကိုပဲ မြင်ရတာလေဗျာ..နော? မျက်လုံးရှေ့ မဝင်တာကိုတော့ ဘယ်မြင်ရပါ့မတုန်း။ စကားစပ်ရင်း အဲ့ဒီ “မျက်လုံးရှေ့ ဝင်လာတာကိုပဲ မြင်ရတယ်” ဆိုတဲ့အချက်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မွတ်စလမ် သိပ္ပံပညာရှင် အီဗင်န် အယ်လ်ဟေသမ် (Ibn al-Haytham) က တွေ့ရှိခဲ့တာပါ။ လူသားတွေရဲ့ မျက်လုံးကနေ ပုံရိပ်တွေ ထုတ်ပြီး မြင်ရတာမဟုတ်ဘဲ မျက်လုံးဟာ သူ့နေရာနဲ့သူ ရှိနေပြီး အလင်းတန်း ဝင်လာတဲ့အချိန်ကျမှ ဦးနှောက်ဆီကို ပုံရိပ်အဖြစ် ပို့ပေးတယ်လို့ တွေ့ရှိခဲ့တာပါ။ ဒီလိုပြောရတာလည်း အဲ့ဒီတွေ့ရှိမှု မတိုင်ခင်က အယူအဆတွေကြောင့်ပါ။ မဒူဆာ ပါ။ မဒူဆာရဲ့ မျက်လုံးနဲ့ အကြည့်ခံရသမျှ ကျောက်တုံးအဖြစ် ပြောင်းသွားတယ်ဆိုတာလေ။ တကယ်လို့ အရင်ကတည်းကသာ အမြင်အာရုံရဲ့ အလုပ်လုပ်ပုံကို နားလည်ထားခဲ့ရင် ဂရိတွေလည်း အဲ့လိုဒဏ္ဍာရီတစ်ခု ဖန်တီးခဲ့မှာ မဟုတ်ပါဘူး။

        ဒီလိုတွေ ရှည်ရှည်ဝေးဝေး ပြောနေရတာ အကြောင်းရှိပါတယ်။ အပေါ်မှာ ပြောခဲ့သမျှ အချက်တွေကို ထောက်လိုက်မယ်ဆိုရင် ကိုယ့်လူ မြင်လိုက်ရတဲ့ သက်တံ့ရောင်စဉ်တွေဆိုတာ ကိုယ့်လူရဲ့ မျက်လုံးတွေရှေ့ တန်းကနဲ ရောက်လာမယ့် ရှုထောင့်တစ်ခုကနေ ထွက်လာတာပါ။ ပြောချင်တဲ့သဘောကတော့ဗျာ… ကိုယ့်လူ မြင်လိုက်ရတဲ့ သက်တံ့လေးဟာ ကိုယ့်လူအတွက် သီးသန့်ဖြစ်တည်နေတာပါ။ ကိုယ့်လူနဲ့ ကျွန်တော် ဘေးချင်းကပ်ရပ် ရှိနေချိန် သက်တံ့တစ်ခု ပေါ်လာတယ် ဆိုပါစို့။ ကိုယ့်လူနဲ့ ကျွန်တော်နဲ့ သက်တံ့တစ်ခုတည်းကိုပဲ မြင်လိုက်ရတယ်မှတ်ပြီး “သက်တံ့လေးက ဘယ်လိုလှတာနော်” လို့ ပြောဖြစ်ချင် ပြောဖြစ်ကြပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက် မြင်ခဲ့ရတဲ့ သက်တံ့လေးဟာ မတူခဲ့ပါဘူး။

        ကိုယ့်လူမြင်ရတဲ့ သက်တံ့တိုင်းဟာ ကိုယ့်လူနဲ့ မျက်နှာချင်းဆိုင်ပဲ ဖြစ်နေပါလိမ့်မယ်။ ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့၊ ဖြစ်ဦးမယ့် သက်တံ့တိုင်းဟာ ကိုယ့်လူအတွက် သီးသန့်ကို ဖန်တီးပေးထားတာပါ။ ကိုယ့်လူအနေနဲ့ သက်တံ့ကို ဘယ်တော့မှ ဘေးတိုက်အနေအထားနဲ့ မြင်ရမှာ မဟုတ်ပါဘူး။ သက်တံ့သာ အပင်တို့၊ အိမ်တို့လို တကယ့်အရာဝတ္ထုတစ်ခု ဖြစ်မယ်ဆိုရင် နေရာလေး ပြောင်းကြည့်လိုက်တာနဲ့ ဘေးတိုက်အမြင်တစ်ခု ပြောင်းသွားရမှာပါ။ ရွှေ့ကြည့်ပါ။ မဖြစ်ပါဘူး၊ ကိုယ့်လူနဲ့ မျက်နှာချင်းဆိုင်ပဲ ဖြစ်နေမှာပါ။ ဒီတော့ တော်တော်များများရဲ့ စိတ်ကူးယဉ် အိပ်မက်လေး တစ်ခုကို ပျော်ပျော်ကြီး နှောင့်ရမယ်ဆိုရင်တော့ဖြင့် သက်တံ့ရဲ့အဆုံး(အောက်ခြေ)ကို ဘယ်တော့မှ အလည်သွားလို့ရမှာ မဟုတ်ပါဘူး...ဟိဟီး။

        နောက်ထပ် ဆက်ပြောရရင် သက်တံ့ဟာ ဘယ်တော့မှ တစ်ခုတည်းနဲ့ မပြီးပါဘူး။ အဆင့်ဆင့် ရှိပါတယ်။ ထပ်ပွားသွားလေ အရောင်မှိန်သွားလေ ဖြစ်လို့သာ များသောအားဖြင့် မမြင်ရတာပါ။ နေ့အလင်းရောင် တအားပြင်းတာကြောင့်လည်း ပါပါတယ်။ တကယ်လို့ သက်တံ့နှစ်ထပ် မြင်ရပြီ ဆိုရင်လည်း ဒုတိယသက်တံ့ရဲ့ အရောင်တွေဟာ ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။

C2D

ကိုးကား ; Neil deGrasse Tyson (StarTalk Podcast)

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. '' Women''

    -The role of women included in (Nway Oo Taw Lan Yay) was very important, so I want to write a tribute to the masses of women,

    -In American and European countries, lady first women are preferred, Therefore, women in their country have more power and courage than Myanmar women.

    -From French Nobel Laureate (Our leader)DASSK to NUG's youngest minister, DETZM, there are a lot of really talented young women In Myanmar .
    Myanmar is a democracy and Myanmar women can dominate the world if we have full human rights.

    When to writing about women, we can not leave out our heroic women who are serving in the jungle,women who important role in the supply of clickers.
    -I mean,Myanmar women are very smart, living in the midst of cultural traditions.

    - Myanmar women who survive and struggle in the midst of difficulties...

    -Our Leader Mom DASSK

    -Women comrades in the forest

    -Women on duty despite hardships

    - Young women and artist and students imprisoned for the country's democracy

    -Comrade clickers women from the back row,
    --All women are honored and respect .

    See you soon, heroes women fighting.

    .............❤Htet.........

    ReplyDelete
    Replies
    1. amazing Mother Nature + scientific theory

      Delete
    2. သတ်တန့်အကြောင်းကြားတာနဲ့ ရင်တွေဘာတွေနာတယ်ဗျာ ရင်နာနာနဲ့များများကလစ်လိုက်ပီ

      Delete
  2. When I was young, I used to enjoy watching rainbows and colors. I have a lot of history.
    Thanks for sharing rainbows.

    ReplyDelete
  3. 💙"ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့၊ ဖြစ်ဦးမယ့် သက်တံ့တိုင်းဟာ ကိုယ့်လူအတွက် သီးသန့်ကို ဖန်တီးပေးထားတာပါ။"💙
    ကျေးကျေးပါ ကိုယ့်လူလေးရေ 😁

    ReplyDelete
    Replies
    1. အခုလိုစာအရှည်ကြီးရေးပြီးရှင်းပြတာ ကျေးဇူးတင်ပါတယ် မင်မင်ရေ။

      Delete
  4. ကိုယ့်လူရေ သီးသန့်ဖြစ်တည်မှုလေးပါ
    🌈💜

    ReplyDelete
  5. သက်တံ့အကြောင်း သိကောင်းစရာ 🤗
    Thanks a lot for sharing မင်မင်ရေ
    ပြောရရင်တော့ သက်တံ့က လူတစ်ယောက်စီအတွက် သီးသန့်ဖြစ်တည်မှုလေးပေါ့ 🌈❤️

    ReplyDelete
  6. ကိုကလစ် တော်တယ်
    အရမ်း Sincere ဖြစ်တဲ့ no 5 လေးနဲ့
    ဆုံတွေ့ပါစေ။
    ဆိုင်လမဆိူင်တော့ သိဘူး။
    ကိုယ့်တူလေးကို ဖြစ်စေချင်တာ။

    ReplyDelete
    Replies
    1. တီလေးတောင်းတဲ့ဆု
      ပြည့်စေ 😄😁

      Delete
  7. 🌈 Thank you, Admin 🤗
    R O Y G B I V
    ♥️🧡💛💚💙💙💜

    ReplyDelete
  8. We are going to see our rainbow 🌈 after rain.

    ReplyDelete
  9. ငယ်ငယ်ကနေရောင်ခြည်ကနေဖြာထွက်လာတဲ့အဖြူရောင်အလင်းတန်းကိုမြင်ဘူးတယ်
    ဟုတ်ပါတယ် သက်တံဆိုတာကိုယ့်အတွက်တော့သီသန့်ဖြစ်တည်မူလေးပါ

    Thanks for sharing min min💜💜💜💜🙆

    ReplyDelete
  10. ဆို​တော့ ​ပြောချင်တဲ့သ​ဘောက​တော့
    မင်မင်နဲ့ ကျ​နော် သက်တန့်ကြီးကို အတူတူ ထိုင်ကြည့်ကြတယ် ဒါ​​ပေမယ့် ကျ​နော်တို့နှစ်ယောက် မြင်ရတဲ့ သက်တန့်ကြီးဟာ မတူဘူး​ပေါ့​နော် ☺☺☺

    ReplyDelete
    Replies
    1. မင်မင်က
      တယောက်ဆို တယောက်
      ပိတောက်ဆိုပိတောက်
      ဆိုတဲ့ ဂျင်ဆန်းမီ လေးရှိနေတာကို ချော်တောငေါ့ပြီး
      တခြားတယောက်ကို သွားကြိုက်သေးတယ်။

      သြော် ဘဝ ဘဝ
      ရတာမလို လိုတာမရ
      လူ့ဘဝ ပါလား။

      Delete
    2. ဘာမှ မသိတာ ကျမတယောက်တည်းလား🤔🙄😁

      Delete
    3. ပြောလိုက်ပါအုံး T lay ရယ် အဲ့လူဇိုး မင်မင်ကို 😁
      စစလေးရေ ဘာမှမသိတာလဲ ကောင်းပါတယ် 😁

      Delete
  11. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  12. Replies
    1. ကြာချိန် 4 မိနစ်ခွဲပြောထားလို့
      ခုမှလာဖတ်တာ ၃မိနစ်ပဲကြာတယ် 😁
      သက်တံ့ကိုတောင် ro ဆန်ဆန်ရေးထားပေးတာ မိုက်နေရော
      ဖတ်ဖူးတာထပ်ဖြည့်ရရင်တော့ သက်တံ့ကိုကိုယ်ကမြင်လိုက်ရပြီဆိုရင် ၄၈နာရီအတွင်းမိုးရွာဖို့ ရွာရန်ရာခိုင်နှုန်း၇၇ရှိပါတယ်တဲ့
      မှတ်မိသလောက်ပြန်ပွားတာပါ မှန် မမှန်တော့မသိဘူးရယ်

      Delete
    2. သေချာလားမမခြူး 😁
      ကိုယ်မြင်ဖူးတာတော့ သက်တန့်က မိုးရွာပြီးစမှာ တွေ့ရတာ
      ရေတံခွန်တွေမှာလဲပေါ်တာတွေ့ဖူးတယ်

      Delete
    3. မမန့်တော့ဘူးလို့ဟာ သက်တံ့လား သက်တန့်လား
      သတ်ပုံစစ်ပေးပါ ခြူးလေး 😁😁😁

      Delete
    4. It is interesting article 👍👍👍

      Delete
    5. @unknown အင်းလေ ဖတ်ဖူးတာနဲ့အပြင်နဲ့ပြောင်းပြန်ဖြစ်နေလို့ 😁
      @sammi မှန်လောက်တယ်
      မ ရေ သက်တံ့ပဲထင်ပါတယ် 😁

      Delete
    6. သက်တန့်က အမှန်လို့ ထင်ပါတယ်နော်

      Delete
  13. သီးသန့်ကိုကလစ်ရေ🕊

    ReplyDelete
  14. တလရကြီးပီးရင် တောင်တန်းတွေဆီသွားလည်မယ်

    ReplyDelete
    Replies
    1. နတ်မတောင်ကိုသွားလည်ပါအရမ်းလှတယ်

      Delete
  15. အော့် အဲ့လိုလား 🤔

    ReplyDelete
  16. ဟုတ်ကဲ့
    ခုလိုသေချာရှင်းပြလို့ကျေးဇူးကမ္ဘာပါ
    ဒါနဲ့ သက်တန့်ကြီးက ဘာလို့ကွေးနေရတာလဲ?

    ReplyDelete
    Replies
    1. သက်တံ့က အကွေးမဟုတ်ပါဘူး စက်ဝိုင်းပါ။ သာမန်မြေပြင်ကနေပဲ ကြည့်မယ်ဆိုရင်တော့ မိုးကုတ်စက်ဝိုင်းတစ်လျှောက် မြင်နိုင်စွမ်းအရ အကွေးပုံစံပဲ မြင်ရမှာပါ။ တကယ်လို့ ခပ်မြင့်မြင့် တောင်ကုန်းတစ်ခု၊ ဒါမှမဟုတ် အမြင့်ဆုံး နေရာတစ်ခုရဲ့ထိပ်ကို တက်ပြီး ကြည့်မယ်ဆိုရင်တော့ စက်ဝိုင်း ဖြစ်လုဖြစ်ခင် သက်တံ့ကို မြင်ရပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ဘဲ လေယာဉ် ဒါမှမဟုတ် အမြင့်တစ်ခုမှာ ပျံသန်းနေတဲ့ ယာဉ်တစ်စီးပေါ်က ကြည့်မယ်ဆိုရင်တော့ တကယ့် သက်တံ့အပြည့်အစုံဖြစ်တဲ့ စက်ဝိုင်းပုံ သက်တံ့ကို မြင်ရမှာပါ။ အခါအခွင့်သင့်ရင်တော့ အဲ့ဒီအကြောင်းကို အကျယ်တဝင့် ရှင်းပြပေးသွားပါ့မယ်ခင်ဗျာ။

      Delete
    2. This comment has been removed by the author.

      Delete
    3. Wow! အဝိုင်းလေးတဲ့ 🤩
      🌈 မြင်ဖူးချင်လိုက်တာ

      Delete
    4. အဟုတ်ပဲ
      ဂူဂူလ်မှာ ရှာကြည့်လိုက်ပြီ
      မြင်ဖူးသွားပြီ ဝိုင်းစက်နေရောပဲ

      Delete
    5. ဝါးးး အဝိုင်းကြီးပေါ့
      အာ့ဆို သိပ်လှတဲ့သက်တန့်ကြီးတောင်ကွေးသွားတယ် အတွက် မျက်ရည်2စက်😂

      Delete
    6. အက်ထမင့်နှယ် တော်ချက်

      Delete
  17. Love you all clickers 🥰
    ကျနော် ဖုန်းဘေးလေးအလှူခံပါတယ် mobile data နဲ့ ကလစ် နေရတာမို့ တပတ်တခါပဲ အလှူခံတာပါ ။09951965754

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. Replies
    1. "ဒါ စစ်ဖြစ်နေတာဗျ။ အနိုင်ရဖို့ လိုအပ်တာလေး လုပ်ဖို့မှ စိတ်မပါဘူးဆိုရင် ကျုပ်တို့တစ်တွေ ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ အရာမှန်သမျှကို ဆုံးရှုံးရဖို့ပဲ ရှိတယ်။"

      (-အနာကင်န် စကိုင်းဝေါ့လ်ကာ)

      Delete
  20. ကိုကလစ်ကကိုယ့်ရဲ့သက်တန့်လေးပါ ဟီဟိ😅

    ReplyDelete
    Replies
    1. ဟိုဘက်မှာ မယ်သီလရှင်
      ဝတ်မယ် ပြောထားလားလို့။
      ရှာထုတ် အိမိုဂျိ ဖြည့်စွက်ပါ။

      Delete
    2. ဟီဟိ😂
      တီလေးကလည်း ခုက ကိုကလစ်ကိုမပြတ်နိုင်သေးလို့😁❤️

      Delete
  21. ငယ်ငယ်တုန်းက မှန်ချပ်လေး၃ခုကို တြိဂံပုံလေးလုပ်ပြီး အထဲကိုစက္ကူစရောင်စုံလေးတွေထည့်ပြီး လှုပ်ကြည့်ဖူးတာလေး သတိရသွားမိတယ်

    ReplyDelete
    Replies
    1. တီလေးလဲ ကြိုက်တယ်
      အဲ့လို ကြည့်ခဲ့ရတာ။
      ခုခေတ် ကလေးတွေ ကြည့်ရမည် မထင်:)

      Delete
  22. သက်တန့်ကြီးကိုဘေးတိုက်ကြည့်လို့မရဘူးဆိုလို့ လ'ကိုလည်းကမ္ဘာမြေကနေဘေးတိုက်ကြည့်လို့မရဘူးလားလို့
    ကျေးလက်ဒေသမှာကြီးပျင်းခဲ့ဖူးတဲ့ကလေးတွေဆို လမင်းကြီးနဲ့ ပြေးတမ်းလိုက်တမ်း ကစားဖူးခဲ့ကြမယ်ထင်တယ်
    မြို့ပေါ်က ကလေးတွေအတွက်ကတော့ ရထားနဲ့ခရီးထွက်ချိန်ဖြစ်ဖြစ် သင်္ဘောနဲ့ခရီးထွက်ချိန်ဖြစ်ဖြစ် ကောင်းကင်ကိုမော့ကြည့်လိုက်ရင် လ'မင်းကြီးကိုယ့်နောက်ပြေးလိုက်နေတာ တွေ့မိလိမ့်မယ်

    ReplyDelete
    Replies
    1. ဟုတယ်
      ငယ်ငယ် က အပြင်သွားတိုင်း
      ကားနောက်ကနေ ကြည့်ရတာ
      အမော။

      Delete
    2. @Unknown မဟုတ်ပါဘူး၊ ကမ္ဘာရော လရော လည်ပတ်နေတဲ့အတွက် လကို တစ်နေ့နဲ့တစ်နေ့ မြင်ရတဲ့ မျက်နှာပြင် မတူပါဘူး။ ဒါကြောင့်လည်း လပြည့်၊ လကွယ်၊ လကြတ်၊ လ တဖြည်းဖြည်း ပြည့်လာတယ်၊ လ တဖြည်းဖြည်း ကွယ်သွားတယ် ဆိုတာတွေ ရှိနေတာပါ။ သက်တံ့ကတော့ အဲ့လိုမဟုတ်ပါဘူး၊ ကိုယ့်လူ ကြိုက်တဲ့ဖက်ကို ရွှေ့၊ ကိုယ့်လူပဲ ရွှေ့ရင်း မောသွားမယ်။ သက်တံ့ကတော့ "ဟီးဟီး" ဆိုပြီး မျက်နှာဖြီးကြီးနဲ့ ကိုယ့်လူဖက် မျက်နှာမူ ပြုံးပြနေမှာပါပဲ။

      Delete
    3. တော်တော်နောက်တဲ့ သက်တန့်ပဲ 😁
      Btw သက်တန့်ကိုစက်ဝိုင်းပုံလို့ တခါမှမတွေးမိခဲ့ဘူး

      Delete
  23. 'Cause the sky has finally opened
    The rain and wind stopped blowin'
    But you're stuck out in the same ol' storm again
    You hold tight to your umbrella
    Well, darlin', I'm just tryin' to tell ya
    That there's always been a rainbow hangin' over your head

    ReplyDelete
  24. သက်တန့်က ဘာလို့ ေကွးေနရတာလဲ ခင်ဗျာ

    ReplyDelete
    Replies
    1. အပေါ်ကမန့်မှာသေချာရှင်းပြထားပါတယ်ခင်ဗျ

      Delete
    2. ေကျးဇူးပါ😊

      Delete
  25. The rainbows in our freedom sky is very beautiful.

    ReplyDelete
  26. နှိပ်ပြီးပါပြီ....

    ReplyDelete
  27. ရှင်းပြပေးလို့ကျေးဇူးပါမင်မင်ရေ💙

    ReplyDelete
  28. သက်တန့်အကြောင်းလေးကိုမျှဝေပေးလို့ကျေးဇူးတင်ပါတယ်ဗျ🏳️‍🌈😍 Thanks for sharing ♥️

    ReplyDelete
  29. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  30. ရာသီဥတုအရမ်းပူတော့ အစားအသောက်သတိထားကြပါ ကလစ်ကာအပေါင်းတို့ရေ
    (နို့နဲ့နို့ထွက်ပစ္စည်းတွေ အပြင်စာတွေ စားတာသတိထားကြပါ)
    ကိုယ်တော့စောစောစီးစီးမသောက်ချင်တဲ့ ဓါတ်ဆားရေသောက်နေရတယ် 😥😪

    ReplyDelete
  31. WOW eow
    ဘာပြောရမလဲ တောင်မသိ
    တကယ်တော့ ဘယပြောရမလဲ မသိတာမဟုတ်ပါဘူး
    ပြောစရာတွေများပြီး ဘယ်တခုကို ပြောရမလဲ မသိတော့တာ
    Great ပါ
    So So GREAT ပါလို့

    ReplyDelete
    Replies
    1. wow. ရေးတာပါနော်...
      စာရိုက်တာကမှားပြန်သေးတယ် 😕😕

      Delete
    2. great ဆိုတာကလေ
      အကြောင်းအရာကိုဆိုလိုတာ မဟုတ်ပါဘူး
      အကြောင်းအရာ ရွေးချယ်နိုင်တာက great ဖြစ်ပြီး
      အဲ့အကြောင်းအရာနဲ့ မစပ်ဆက်တဲ့ တခြားတခုကို တဘက်လူ နားလည် သဘောပေါက်အောင် လက်ခံသွားအောင် ပြောနိင်တာက great ဖြစ်နေတာရယ်
      ကိုယ်တွေဆို တခုခု ဖြစ်တိုင်း ပြေလည်အောင်လုပ်ချင်လည်း ဘာလုပ်ရမှန်း ဘယ်လို ပြောရမှန်းမသိနဲ့ အမြဲ တိတ် ဆိတ် ပိတ် ကြီး ဖြစ်နေတတ်တာ
      so clever ပါ admin

      Delete
  32. ❤❤❤
    ကျွန်မ မင်မင် ကတော့သက်တံ့အကြောင်းကိုမမောနိုင်မပန်းနိုင်ရှင်းတမ်းထုတ်ထားပါသည် ကွယ်လို့ ကျေးဇူးပါ ရှင်
    ငါတို့နိုင်မှာ

    ReplyDelete
  33. ငယ်ငယ်ကဆို သက်တံ့ထွက်လာရင် ပျောက်သွားတဲ့ထိထိုင်ကြည့်တယ်😂

    ReplyDelete
  34. ရေးလိုက်အုံးမယ်နော့
    မင်မင်လေးက ကလစ်ကာတို့ရဲ့ရှေ့ကသက်တန့်တော့မဟုတ်ပါဘူး အဌဂံ အရပ် ဘယ်ကကြည့်ကြည့်တွေ့မြင်ရတဲ့ တွေ့မြင်ခဲတဲ့သက်တန့်တစ်ခုပါဗျ
    အရှိအတိုင်းရေးလိုက်ရပါသည်

    ReplyDelete
  35. အလုပ်ရှုပ်လို့ မင်း ဆင်​ခြေ​ပေးမှာလား
    တချို့လူ​တွေ ​ရင်းထားတာ အသက်​တွေများ
    လက်ပိုက်ပြီး ကြည့်မ​နေနဲ့
    မင်းစိတ်က ​သွေးမ​အေးရင်
    ငါ့ကို သက်​သေပြ ​. . . ဟ!
    မတရား​သော စစ် ရပ်ပစ်မယ့် clickers
    လက်ညှိုး တစ်​ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
    ​နောက်တန်းက​နေ မိုးထိ ပစ်မယ့် မြှားးး
    လွတ်လပ်ခွင့်​တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
    Write down a note that we are CLICKERS

    ReplyDelete
  36. တတပ်တအား လို့ ပြင်ပေးပါ

    ReplyDelete
  37. သက်တန့်ကို ဘယ်နေရာကကြည့်ရင် ဘယ်လိုပုံမြင်ရတယ်ဆိုတာ ထပ်ရှင်းပြပေးလို့ ကျေးဇူးပါ။
    တကယ်ခုမှသိတယ်။
    အခုံးပုံတခုဘဲမြင်ဘူးတာ။
    Done
    We must win

    ReplyDelete
  38. ညနေဆည်းဆာချိန်
    မိန်းမလှလေးတစ်ယောက်ဘေးနားထား...
    ဝီစကီသောက်ရင်း သက်တံ့ကို ကြည့်ပါ...
    ဖြောင့်စင်းနေတဲ့သက်တံ့ကြီးတောင် ကွေးသွားမှာပါ....

    ReplyDelete
    Replies
    1. စက်ဝိုင်းပါဆို
      ဒီကောင်မလေးကတော့။

      Delete
    2. မော်စီတုန်းတော့ရေခဲတုံးမရောလို့ ပေါက်တတ်ကရတွေမြင်ချင်ရာမြင်နေတာထင်တယ်
      ညနေ နေဝင်ချိန် သက်တံ့တော့မပေါ်ဘူး ဆံပင်ဖားလျားနဲ့ မိန်းမလှလေးပဲအနားလာရပ်နေမှာ (ရေးရင်းကြက်သီးထ လိုက်တာ 😱👻)

      Delete
  39. ❣️💞💗💜💪💪💪

    ReplyDelete
  40. ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ဖို့

    PDF နဲ့ EAOs တွေကို ​အစွမ်းကုန်ထောက်ပံစို့💪💪💪

    ReplyDelete
  41. စာတွေများတယ် ကိုယ့်လူ နောက်ဆိုမပျင်းရအောင် ရုပ်လေးအသံလေးထည့်ပေးပါ
    😁😁 စတာနော

    ReplyDelete
  42. "ကိုယ့်လူ မြင်လိုက်ရတဲ့ သက်တံ့လေးဟာ ကိုယ့်လူအတွက် သီးသန့်ဖြစ်တည်နေတာပါ။"
    Definitely you're unique Rainbow for me.

    "No one, no one, no one
    Can get in the way of what I feel for you, you, you
    Can get in the way of what I feel for you" - Alicia Keys

    ReplyDelete
  43. 😒😒😒🌈🌈🌈
    အ့မယ် ဘေးတစောင်းကျိတာရတယ် ဗျ အက်မိန်ကြီးရ

    ReplyDelete
    Replies
    1. ကင်းမြီးကောက်ထောင်ကြည့်လဲရပါဒယ်တဲ့🙄 ဒါမဲ့သက်တံ့ကြီးက 'ဟီး ဟီး' ဆိုပြီး ရယ်ပြနေလိမ့်မယ်တဲ့😁

      Delete
  44. ဗဟုသုတရလို.​ကျေးဇူးပါ

    ReplyDelete
  45. ပြောချင်တဲ့သဘောကတော့ဗျာ… ကိုယ့်လူ မြင်လိုက်ရတဲ့ သက်တံ့လေးဟာ ကိုယ့်လူအတွက် သီးသန့်ဖြစ်တည်နေတာပါ။
    Copy ထားတာ ဦးတော် ...
    စာလေးကအူယားလတ်တာ မင်မင့်ကိုတောင်ဖက်ချင်သွားပြီ ဝါးဟားဟား ☺️👻

    ReplyDelete
  46. Till the end
    Fighting together 💪

    ReplyDelete
  47. သက်တံ့နှစ်ထပ်မြင်ဖူးတယ် ဟီဟိ

    ReplyDelete
  48. With passion & perseverance, I click every day.

    ReplyDelete
  49. Cool! Rainbowအကြောင်းကို စုံစုံစိစိလေးသိလိုက်ရတာပေါ့။
    "သက်တံ့လေးဟာ ကိုယ့်လူအတွက် သီးသန့်ဖြစ်တည်နေတာပါ"ဆိုတဲ့ စကားလေးကိုအကြိုက်ဆုံးပဲ။
    Thanks for sharing, admin.

    ReplyDelete
  50. ကြိုးစားနေပါတယ်၊🥰

    ReplyDelete
  51. အရေးတော်ပုံ မုချအောင်ရမည်

    ReplyDelete
  52. 👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻

    ReplyDelete
  53. No....
    သိပ်လှတဲ့ clicker လေးတွေရှိလို့ သက်တန့်ကြီးက ကွေးနေတာပါ😁😁😁

    ReplyDelete
  54. ကိုယ့်လူမြင်လိုက်ရတဲ့ သက်တန့်လေးဟာ ကိုယ့်လူအတွက် သီးသန့်ဖြစ်တည်နေတာပါ💙💙💙🌈🌈🌈

    ReplyDelete
  55. ရှင်းပြပေးတဲ့ မင် မင် ကို ကျေးဇူးတင်ပါတယ်၊ ဗဟုသုတတွေ အများကြီးရ၊ မသိသေးတာတွေ သိရ၊ အံ့ဩရ၊

    ReplyDelete
  56. ကျွန်ုပ်၏ ကလစ်တစ်ချက်က စခတွေရဲ့ ခေါင်းကို တည့်တည့်ထိတဲ့ ကြည်ဆံ တစ်တောင့်ဖြစ်ပါစေ...

    ReplyDelete
  57. 💞💞💞🌹🌹🌹💕💕💕

    ReplyDelete
  58. သက်တန့်အကြောင်းကိုရောက်လာပြန်ပြီ
    မေ့တော့မဲ့ဟာကို🥴🥴

    ReplyDelete
    Replies
    1. သိပ်လှတဲ့သက်တန့်ကြီးတောင်ကွေးသွားတယ် 😅😅

      Delete
  59. ကိုယ်ရဲ့သက်တန့်ကြီးကဘယ်မှာလဲ 😁😜

    ReplyDelete
  60. 💓❤️💕💙💚💛🧡💜💝💞💌😘

    ReplyDelete
  61. အရေးတော်ပုံမုချ အောင်ရမည်။

    ReplyDelete
  62. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  63. We Click

    We Support

    We Win

    Fight Till The End ✊✊✊

    ReplyDelete
  64. သက်တန့်ကိုကြည့်ခဲ့ရပြီ
    ကျေးကျေးပါ
    ရောင်နီကိုလည်းအတူကြည့်ကြမယ်

    ReplyDelete
  65. 💞❣️🥰🌹💙💓♥️💪💪

    ReplyDelete
  66. This comment has been removed by the author.

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)