Clone Wars Quotes (Click 04)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

"ငါတို့ရဲ့ လုပ်ရပ်တွေဟာ ငါတို့ရဲ့ သမိုင်းအမွေကို ဖော်ဆောင်တယ်"

        ဒါလေးကတော့ ကျွန်တော် အရင်ကလည်း တင်ပေးဖူးပါတယ်။ ဒါပေမယ့် အဲ့တုန်းက ဘာမှရှင်းပြတာ ဘာညာ မရှိဘဲ ပုံချည်းပဲ တင်ဖြစ်ခဲ့တာပါ။ Star Wars ရဲ့ Clone Wars ဆိုတဲ့ Series ကို ကြည့်မယ်ဆိုရင် Intro တိုင်းမှာ John William ရဲ့ Star Wars Theme Song နဲ့အတူ သက်ဆိုင်ရာ ဇာတ်လမ်းပိုင်းနဲ့ ဆိုင်တဲ့ အပေါ်ကလို Quotes ကလေးတွေကို တွေ့ရမှာပါ။

        ဒီ Series မှာ Season 7 ခုနဲ့ Episodes ပေါင်း 133 ပိုင်း ပါပါတယ်။ တစ်ပိုင်းကို ပျမ်းမျှ 22 မိနစ်ဝန်းကျင် ရှိပါတယ်။ ဒီတော့... "Star Wars ကို စိတ်ဝင်စားတယ်၊ ပြည့်ပြည့်စုံစုံ မကြည့်ဖူးသေးဘူး၊ ကြည့်ဖို့လည်း စိတ်ဝင်စားတယ်" ဆိုတဲ့သူတွေကိုပဲ ညွှန်းပါတယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. လိုအပ်သူများ ph bill လေးလက်ခံပေးပါဦး
      (3000 KS each)

      MPT 302524367869850907
      TEL 254569357485316856
      OOR 3279089788525036

      Delete
    2. တယ်လီနောရပါတယ် ကျေးဇူးပါ😊

      Delete
    3. O lay yu twar par tel. Thank you

      Delete
  2. နောက်ဆုံးတိုက်ပွဲ

    ဒီပွဲဟာ ငါတို့အောင်ပွဲ
    ငါတို့ ကူညီ ၊ ငါတို့ လူညီ၊ ငါတို့ တူညီစွာတိုက်ရမယ့်ပွဲ
    ဒါနောက်ဆုံးတိုက်ပွဲပဲ 💪💪

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ မင်မင်
      Thanks for your recommend 🙋‍♀️

      Delete
    2. ဖယ်ဒရယ်ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်

      Delete
    3. ရင်ထဲက ပိတောက်ဖူး ခြွေခူး မပန်ချင်ပါနဲ့ ပင်ယံမြင့်မှာ တင့်ပါစေ လေပြေလာတိုင်း မွှေးပါစေ တနှစ်တခါ လာတုန်းမှာ ကျက်သရေဖြာ ဝင့်ပါစေ၊ ဘယ်သူ မခိုင်း တို့သမိုင်း ရိုင်းပင်းစာနာ ချစ်ကြတယ်၊ အားလုံးပါဝင် ကလစ်ကြမယ် ၊လူငယ် သစ်ဦး ပိတောက်ဖူး ဦးလည်မသုန်ထမ်းကြတယ်၊တို့တိုင်း မြန်ပြည် ပြန်သာယာဖို့ မကြွေ မလင့် အားမာန်ဝင့် ထင်တိုင်းတင့်လို့ အောင်ပွဲဆင့်ပါစေ၊ အောင်လံတလူလူ လွှင့်ပါစေ။✊✊✊✊✊ငါတို့ နိုင်နေပြီ။

      Delete
  3. If you have a good mind for the rest of your life, good luck will come automatically

    ReplyDelete
  4. တလရ အောင်ပွဲရပြီးရင်
    ကြည့်ဖြစ်မယ် ထင်တယ် မင်မင်။

    ReplyDelete
    Replies
    1. မမ April ... Mr.Sunshine ကြည့်​နေပြီ
      အဆုံးသတ်က SE လား HE လားဟင် မမ
      အဆုံးသတ် မလှရင် ဆက်မကြည့်ချင်လို့ 😁😁

      Delete
    2. အယ် ဆန်းမီလေး
      ဆက်ကြည့်ပါ
      Eugene ကောင်မလေးကို
      ဘယ်လောက်ထိ ချစ်တယ်ဆိုတာ သိရဖို့ ဆက်ကြည့်ပါ။

      Delete
    3. လီဗြောင်ဟွန်း ရဲ့ ရုပ်ရှင်တွေကတော့ သိတဲ့အတိုင်း။
      Iris မှာလည်း ဘလိုင်းကြီး
      ဒါရိုက်တာက သတ်ပစ်တယ်လေ။

      Delete
    4. 😁😁ကွီးယားကား​တွေက အရမ်းကိုချစ်ပြပြီး အရမ်းကို ကာကွယ်​ပေးတာ​တော့ ဇာတ်ကားတိုင်းပဲထင်တယ်
      ဒါမဲ့ ဆက်ကြည့်လိုက်အုံးမယ်
      ဇာတ်သိမ်းပိုင်း အရင်ကြည့်ရင် ​ကောင်းမလား 🤔🤔🤔😁😁

      Delete
    5. Mr Sunshine မှာတော့
      သူ့ကောင်မလေးအတွက်
      အသက်ပေးသွားတာ
      ခုထိ အဲ့ဇာတ်ဝင်ခန်း
      မျက်လုံးထဲက မထွက်။
      အရမ်းချစ်တတ်တဲ့
      ယောက်ျားတယောက်ပဲ။
      ရုပ်ရှင်ထဲမှာပါ :)

      Delete
    6. အမ် ကြည့်​တော့ဘူး ဒါဆို 😭😭😭

      Delete
    7. အဲ့
      ကြည့်ပါ၊ ကျော်မကြည့်နဲ့။
      မင်းသမီးလေးက မင်းသားကြီးနဲ့ အပြိုင်
      သရုပ်ဆောင်နိုင်တာ ချီးကျူးဖို့ကောင်းတယ်။
      ချောတာလဲ အရမ်းပဲ။

      Delete
    8. @Tlay 25-21 ကနာဟီးဒိုလေ(သဲသဲတုန်လေး😍)
      Movie queen lay

      Delete
    9. အင်း ကြည့်လိုက်မယ် မမ April
      ကိုယ် ကြိုက်တဲ့သူတွေ များကြီး ပါတော့ ကြည့်လဲ ကြည့်ချင်တယ်

      Delete
    10. ဟုတ်တယ် Yuko San lay.
      ကြည့်ပါ ဆန်းမီလေး
      အရမ်းကောင်းလွန်းလို့ပါ။
      တလရ အကြောင်းရိုက်ထားတာ ဆိုတော့လည်း ကိုယ်တွေနဲ့ တိုက်ဆိုင်။

      Delete
    11. အိုခီ 👌👌👌🥰🥰🥰

      Delete
  5. ငါတို့ရဲ့ လုပ်ရပ်တွေဟာ ငါတို့ရဲ့ သမိုင်းအမွေကို ဖော်ဆောင်တယ်"

    ReplyDelete
  6. star war ကို စိတ်ဝင်စားတာထက် quotesလေးတွေ ဖတ်ပီး ကြည့်ချင်လာတယ် ခုတော့ movie list ထဲထည့်ထားတယ်

    ReplyDelete
  7. Quote တွေကစိတ်ဝင်စားစရာပဲ😍

    ReplyDelete
  8. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  9. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. History matters, so we can work to create children who are well-informed creative problem-solvers who can creat a better world.

      🤍

      Delete
  10. ကျော်တို့ကကောင်းတာတွေပဲလုပ်တာ

    ReplyDelete
    Replies
    1. ကလစ်ကာသမိုင်း မရိုင်းပါဘူး
      San ပြောသလိုပေါ့
      နှလုံးသားလှသူတွေပါ
      💛🤍💛

      Delete
    2. ဒါပေါ့နော့😍😍☺️

      Delete
  11. ဒီနေ့လဲ မစ်ရှင်အောင်ပါစေ

    ReplyDelete
  12. ခက်ခဲတဲ့အချိန်မှာ ကိုယ့်ဘက်ကနေ
    ရပ်တည်ပေးကြသူများဟာ
    မိတ်ဆွေကောင်းတွေပဲ။

    ဒေါ်အောင်ဆန်းစုကြည်

    ReplyDelete
  13. ကိုယ့်ဟာကိုယ်တော့ကောင်းတာတွေလုပ်ခဲ့တယ်/လုပ်နေတယ်ထင်မိတာပဲ...
    ဒီထဲမှာ တယောက်တင်ထားဖူးတဲ့ ကဗျာထဲကလို​ တခြားသူရဲ့ဘဝထဲ ဗီလိန်ဖြစ်နေတတ်တာတော့ရှိနိုင်ပါတယ်...😥

    ReplyDelete
  14. လူငယ်တွေရဲအနာဂတ်အတွက်

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  16. Click ပြီးပြီ...အားတိုင်းဝင်click

    ReplyDelete
  17. Done ✊✊👊
    💦💦💦🌿🌿🌿

    ReplyDelete
  18. နှိပ်ပြီးပါပြီ....

    ReplyDelete
  19. ရက်စက်ခြင်းရဲ့ ရေသောက်မြစ်ဟာ
    "နေ စိမ့် နိုင် ခြင်း" ပဲ

    မောင်လှမျိုး(ချင်းချောင်းခြံ)

    ReplyDelete
  20. မင်းအောင်လှိုင် ကျဆုံးခြင့းအထောက်အပံ့ဖြစ်စေ

    ReplyDelete
  21. အမှန်တရားဘက်တော်သား

    ကံ ကံ၏အကျိုးဆိုတာရှိတယ်
    ယုံကြည်တယ်
    တရားဓမ္မသာ အောင်နိုင်စမြဲမို့
    ဒို့တတွေ အဆုံးထိတိုက်ကြမယ်
    💪🙂✊

    ReplyDelete
  22. With passion & perseverance, I click every day.

    ReplyDelete
  23. အရေးတော်ပုံမအောင်မချင်း ကလစ်ကြမယ်ဟေ့

    ReplyDelete
  24. WHEEL..............DOPE.🏹🏹🏹

    ReplyDelete
  25. 💓♥️🧡💜💛❤️💪💪💪

    ReplyDelete
  26. သိကြားမင်းမပြန်ခင် မအလတို့ စစ်မိစ္ဆာများကို အပြတ်ရှင်းခဲ့ပေးပါ

    ReplyDelete
  27. Yes, our legitimate is our activity.

    ReplyDelete
  28. တော်လှန်သင်္ကြန်

    ပိတောက် သင်းလည်း
    လေညှင်းထဲမှာ
    သွေးနံ့ ပါတယ်။

    ဥသြ တွန်လည်း
    သံစဉ်ထဲမှာ
    ယမ်းငွေ့ ပါတယ်။

    သင်္ကြန်မိုးလည်း
    သွန်းဖြိုးမျက်ရည်
    စိမ့်စိမ့်စွေတယ်။

    သည်တနွေတော့
    ရေမဆော့ဘူး
    စစ်ဘီလူးကို မောင်းထုတ်မယ်။

    မောင်ပြည်အေး (သံတွဲ)

    #RejectMilitaryCoup

    ReplyDelete
  29. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  30. Where is star war movie link? bro.

    ReplyDelete
  31. Till the end
    Fighting together 💪

    ReplyDelete
  32. ဖောက်တာလဲစစ်ခွေးတေရှိတဲ့နေရာဘဲဂရုစိုက်ဖောက်ပေးပါဗျာ ကိုယ့်လူအချင်းချင်းထိရင်မကောင်းဘူး

    ReplyDelete
  33. 💞💞💞🌹🌹🌹💕💕💕

    ReplyDelete
  34. နှစ်သစ်မှာ နိူင်ငံအသစ်ရရပါစေ။

    ReplyDelete
  35. ဖက်ဆစ်စစ်တပ် စစ်မိစ္ဆာတွေ အမြန်ကျရူံးပါစေ
    အရေးတော်ပုံအောင်ရမယ်

    ReplyDelete
  36. တနေ့ကျရင် သွားကြည့်မယ်

    ReplyDelete
  37. "ငါတို့ရဲ့ လုပ်ရပ်တွေဟာ ငါတို့ရဲ့ သမိုင်းအမွေကို ဖော်ဆောင်တယ်"

    ReplyDelete
  38. USA / UK / Norway
    သုံးကြိမ် Click ခဲ့ပါတယ်။

    ReplyDelete
  39. Comment မရေး ပေမယ့် နေ့စဥ် click မပျက်ဘူးဆိုတဲ့အကြောင်း အဲ့ဒါလာပြောတာ Stay_Strong💪ဒီနေ့ mission အောင်ရမယ်

    ReplyDelete
  40. အလုပ်ရှုပ်လို့ မင်း ဆင်​ခြေ​ပေးမှာလား
    တချို့လူ​တွေ ​ရင်းထားတာ အသက်​တွေများ
    လက်ပိုက်ပြီး ကြည့်မ​နေနဲ့
    မင်းစိတ်က ​သွေးမ​အေးရင်
    ငါ့ကို သက်​သေပြ ​. . . ဟ!
    မတရား​သော စစ် ရပ်ပစ်မယ့် clickers
    လက်ညှိုး တစ်​ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
    ​နောက်တန်းက​နေ မိုးထိ ပစ်မယ့် မြှားးး
    လွတ်လပ်ခွင့်​တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
    Write down a note that we are CLICKERS

    ReplyDelete
  41. 👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻

    ReplyDelete
  42. အားလုံးဂရုစိုက်ကြပါဗျ...💪💪💪

    ReplyDelete
  43. ရောက်တဲ့နေရာကနေရသလိုclickနေပါတယ်အရင်လိုအမြဲတမ်းclickမလုပ်နိုင်တာခွင့်လွှတ်ပါဘေကစျေးကြီး၃ရက်မှတခါပဲထည့်နိုင်တယ်ရတဲ့နေ့ရသလိုclickပါတယ်အိမ်ပြန်ခွင့်မရတာတောင်၄လပြည့်ပြီ

    ReplyDelete

  44. စိတ်ဒဏ်ရာဆိုတာ
    သွေးလည်းမထွက်ဘူး
    ကုလို့လည်းမရဘူး

    🥺🥺🥺🥺

    ReplyDelete
    Replies

    1. ကိုယ်မကြိုက်တာ

      သူများမလုပ်စေချင်ရင်

      သူများမကြိုက်တာလည်း

      ကိုယ်မလုပ်နဲ့

      အဲဒါ ကိုယ်ချင်းစာတရား😭

      Delete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)