Velociraptor (Raptor) - Dinosaur Infographic (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10


        အပျင်းလည်း ပြေ၊ ဗဟုသုတလည်း ရအောင် Dinosaur တွေအကြောင်း Infographic လေး လုပ်ပေးထားပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လိုရင်း၊ တိုရှင်းဖြစ်အောင် အကျဉ်းချုံး ရေးပေးထားပါတယ်။ အကျယ်သိချင်ရင်တော့ Google မှာ အခုပါတဲ့ နာမည်လေးတွေအလိုက် ရှာဖတ်ကြည့်လို့ ရပါတယ်။ အခု ရေးပေးထားတဲ့ အမျိုးအစားကတော့ Velociraptor (Raptor) ဖြစ်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. ကျေးဇူးပါမင်မင်ရေ။အဲ့ကောင်မျိုးတွေနဲ့တော့ ဘယ်နေရာမှာမှ မဆုံပါရစေနဲ့ဗျာ😁။
      ကိုစာစာရေ con con ပါ။

      Delete
  2. A country that buys weapons with public money and kills people...........

    A country where innocent children are subjected to law and order from the mouth of a man who does all kinds of injustice...............

    A country where a person who works with sweat and blood is starving and can sign a contract and buy the (house , car diamond) ..................

    That is our Country (Myanmar)

    Part 4 coming.............

    ......................♥Htet..................

    ReplyDelete
  3. မင်မင် clickersတွေကို ချစ်ပုံပဲ dinosaurကို အိပ်မက်ထဲဇွတ်ခေါ်ခိုင်းနေသလိုပဲ 🤭

    ReplyDelete
    Replies
    1. 😁 ဟုတ်တယ်...အိပ်မက်ထဲဆုံခဲ့ရင် မင်မင်တာဝန်ယူရမှာ :-D

      Delete
  4. ဖီဖီ အပြင်မှာတွေ့ရင်ဘာနဲ့ပြေးရမလဲညွှန်းပါအုံးခင်ဗျာ🏃
    ဒီတစ်ခါတော့အိမ်မက်ကိုဖီဖီမက်ကြည့်လိုက်ပါနော်😁🛌🍀

    ReplyDelete
    Replies
    1. ဖီဖီပဲမက် 😂

      Delete
    2. @M Dr. Strange တို့ရဲ့ Sling Ring နဲ့သာ Portal ဖွင်ပြီး ပြေးပါခင်ဗျာ။ ဒီတိုင်းကတော့ လွတ်လမ်း မရှိပါဘူး။ 🤭

      Delete
  5. အဲ့ကောင်တော့ ထဲ့မမက်တော့ဘူး ကြောက်ကြောက် 🥺

    ReplyDelete
  6. အသားစားဆိုပေမယ့် လူသားတော့မစားဘူးမှတ်လား😄
    အိပ်မက်ထဲမှာ အစားခံရရင် မင်မင်တာဝန်ယူရမယ်😩😉

    ReplyDelete
  7. Velociraptor (Raptor) 
    နာမည်နှင့်လိုက်ပါပေရဲ့
    အိပ်မက်ထဲသာ သူနှင့်ဆုံရရင်တော့ တညလုံးပတ်ပြေးနေရတော့မှာပဲ >.<
    ဘာနှင့်ပြေးပြေး မလွတ်လောက်ဘူး
    Usain Boltဆိုရင်ရော လွတ်နိုင်မယ်ထင်လားဟင်...

    *Btw, လက်သည်းရှည်လေး...တဲ့ :D

    ReplyDelete
    Replies
    1. လက်သည်းနီ ဆိုးပေးချင်နေသော မိမိ 😁😁

      Delete
    2. အင်း အာ့ဆို မီက မိတ်စကပ်လိမ်းပေးလိုက်မယ်နော်💄

      Delete
    3. မပြေးနိုင်တော့ရင်
      ပုန်းရမှာလား
      ပြန်ချရမှာလား ညိုပြာ

      Delete
    4. @Clicker Nyopyar Usain Bolt ရဲ့ Maximum Speed က ၂၇မိုင်/နာရီ ပဲ ရှိပါတယ်။ အဲ့ဒီတော့ လွတ်နိုင်မယ်လို့ မယူဆပါဘူးခင်ဗျာ။ Dr. Strange တို့ရဲ့ Sling Ring သုံးရင်တော့ လွတ်နိုင်ပါတယ်။ Portal ပြန်ပိတ်ဖို့တော့ မမေ့နဲ့ပေါ့ခင်ဗျာ...🤭

      Delete
    5. အော် ဟုကဲ့ပါ replyအတွက်ကျေးဇူးပါမင်မင်၊ လိုရမယ်ရ Sling Ringရဖို့ မှော်စွမ်းအား သွားကျင့်လိုက်ဦးမယ်ခင်ဗျာ၊ ပြီးမှ Raptorနှင့်ချိန်းပြီး အပြေးပြိုင်လိုက်ပါ့မယ် မင်မင် :P

      Delete
    6. Yati နှင့် M
      သတ္တိကောင်းလှချည့်လား ခလိန်းတိုရေ :D
      ---------
      ဘရိုKan ပုန်းမယ့်အတူတူ ပြန်ချမှရမယ်ထင်တယ် သူတို့က အနံ့ခံကောင်းတယ်တဲ့၊ ပုန်းလည်းမလွတ်လောက်ဘူး ပြေးလည်းမလွတ်နိုင်ဘူး၊ပြန်ချလည်း မနိုင်လောက်ဘူး အစားသာခံလိုက်ပါ။ :‌‌‌‌D

      Delete
    7. အစားခံရမှာတွေးကြည့်ရင်ကျက်သီးထမိနေ😣မက်ဝူးအိပ်မက်ထဲထည့်မက်ဝူး

      Delete
    8. ဥုံ မက်စေ 😁

      Delete
  8. Of all the gifts that life offers, C2D family is one of the greatest of them.

    C2D မိသားစုဟာ ဘဝကပေးတဲ့ အကြီးမားဆုံးလက်ဆောင်တွေထဲက
    တစ်ခုပါပဲ။

    ReplyDelete
  9. မန့်ပြိုင်ပွဲကျင်းပနေတာလားပဲ 😄😄

    ReplyDelete
  10. အမယ်ငီး​ ​ကြောက်စရာ​ကောင်းလိုက်တာ
    အဲဒီ​ကောင်​​တွေ​တော့ ​ကြောက်တယ်ဗျာ
    အိမ်မက်ထဲလဲ ​ယောင်လို့​တောင် မဆုံပါရ​စေနဲ့
    သူတို့ ​ပြေးတာလဲ အ​တော်မြန်ဆို​တော့
    မ​တော်တဆဆုံခဲ့ရင်​ ​ပြေးရ​အောင်
    ဆိုင်ကယ်ဆီကြိုဖြည့်ထားရမယ် 🏍🏍🏍

    ReplyDelete
    Replies
    1. လမ်းကြုံခေါ်သွားပါဦး🚴🏻‍♀️🏍️

      Delete
    2. ခေါ်မယ် ခေါ်မယ် စိတ်ချ, ဆိုင်ကယ်က ၂ယောက်တော့ စီးလို့ရပါတယ် 😄😄😄

      Delete
  11. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  12. ❤❤❤
    မင်မင် ရေအိပ်မက်ထဲထိခေါ်ချင်ဘူးမအလဆီပဲသွားခိုင်းလတ်ချင်တယ်😁
    ငါတို့နိုင်မှာ

    ReplyDelete
    Replies
    1. ❤❤❤
      ငါတို့နိုင်မှာ

      Delete
  13. ကြောက်စရာကြီးတွေ 😱

    ReplyDelete
  14. ဒိုင်နိုဆောတွေထဲအဲ့ကောင်တွေကို မုန်းတယ် ဇွတ်ပြေးပြီး လိုက်လိုက်ကိုက်လို့
    ဇာတ်ကားထဲမယ်ပြောပါတယ် .😁

    ReplyDelete
    Replies
    1. ဟုတ်ပ. Jurassic park ထဲမှာအမုန်းဆုံးကောင်တွေပဲ. ရွံ့ကြောက်ကြီး.

      Delete
  15. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  16. Fight For Freedom.🌹🌸❤️🌸🌹

    ReplyDelete
  17. အိပ်မက်ချိုပါစေ

    ReplyDelete
  18. အရပ်ကလေးက ၁ပေ၇လက်မ
    7kg×2.2=15.4lb
    သူ့ကိုတော့စိတ်ထဲသိပ်
    မကြောက်သလိုပါပဲ 😁😁

    ReplyDelete
    Replies
    1. အယ် မမခြူး မှားမယ်နော်..Jurassic park ထဲမှာသူတို့အုပ်စုကကြောက်စရာကြီး...

      Delete
    2. အလျားက ၆' ၆"နော် ပတပ်ရပ်တတ်သေးတာ. ခြေသည်းကြီးနဲ့အနွှာခံရမယ်.. 😢
      ပြီးသူတို့ကအုပ်စုလိုက်ခုန်အုပ်ကြတာ (ရုပ်ရှင်ထဲမှာ 😁)

      Delete
    3. ဟုတ်သား ပတပ်ရပ်ရင်ပိုရှည်မှာပေါ့ ဒါပေမယ့် မကြောက်သေးပါဘူး ကိုယ်မှအဲ့ကား
      မကြည့်ဖူးဘဲလေ 😂

      Delete
    4. @Chu Zim မကြောက်သေးရင် အိပ်မက်ထဲ လွှတ်လိုက်ပါ့မယ်ခင်ဗျာ...🤭

      Delete
    5. အိပ်မက်တွေလည်းမမက်တာကြာပြီမို့ အိပ်မက်ထဲလည်းရောက်မယ်မထင်ပေါင်
      မင်မင်ရေ 😁😁🤭

      Delete
    6. အက်မင်ဂျီး ရက်ပလိုင်း လာချောင်းတာ မရတော့မမခြူးနဲ့လေပေါပြန်တာပေါ့ 😁
      အိမ်မက်မမက်တာဟာ ကျန်းမာရေးကောင်းတဲ့ လက္ခဏာပါတဲ့.အာကာသယာဉ်မှူးတစ်ယောက်ဟာ အိမ်မက်တခါမှမမက်ဖူးသူဖြစ်ရမယ်ဆိုလားပဲ (ဘယ်မှာဖတ်မိတာလဲမေ့သွားပြီ, ငယ်တုန်းက လေဒီဂါဂါရင်ကို အားကျပြီး ဟိုဖတ်ဒီဖတ်လျှောက်ဖတ်ရင်းမှတ်ဖူးတာလေး.(fact checkပြန်မလုပ်ထားတော့မှန်မမှန်မသိဘူး) ကိုယ်ကအိမ်မက် မမက်တဲ့နေ့ဆိုတာမရှိသလောက် ဆိုတော့ လက်လျှော့လိုက်ပါတယ် 😁)
      Professional Diver တွေရောပဲ ကျန်းမာရေးအရမ်းကောင်းတဲ့သူတွေဖြစ်ရမယ်.
      အဟမ်း..ကျန်းမာရေး အရေးကြီးတယ် ဂရုစိုက်ကြဘာ.

      Delete
    7. တူတူပဲ အန်နုန်းရေ ညိုပြာလည်း အိပ်မက်စေတမန်၊ ဘာဖြစ်ဖြစ် မက် လိုက်ရမှ အဲဒါမကောင်းဘူး၊ ခုလည်း ဂေါ်ဇီလာတွေ မက်ပြီးပြီ ဒါပေမယ့် အိပ်မက်ထဲမှာ အရုပ်တွေ ဖြစ်နေလို့ မပြေးလိုက်ရဘူး တော်သေး :D

      Delete
    8. @Nyopyar
      LOL..I still dreamed about the exam period. And I always didn't study enough for exam.

      Delete
    9. ကျန်းမာရေးက ရှယ်ကောင်းတယ် အိုမီခရွန်ပဲဖြစ်သွားတာ
      ဒါပေမယ့် အိပ်မက်မက်ပြီး
      အဲ့အိပ်မက်ကိုအတိအကျမှတ်မိသူတွေဟာ ဉာဏ်အရမ်းကောင်းတဲ့သူတွေပါတဲ့
      အာ့ကြောင့်အိပ်မက်မမက်တော့တာကိုစိတ်မကောင်းဖြစ်နေတာ
      မီက 😢
      နောက်ပြီးအိပ်မက်မက်လွန်းရင်အိပ်ရေးမ၀ဘူးလို့လည်းပြောကြတယ်
      ကိုယ်လည်းဘယ်ကဖတ်လာတာမသိတော့ဘူး 😂

      Delete
    10. ညက ဒီမန့်ပြန်လာဖတ်မိတော့
      အိမ်မက်ထပ်မက်ပြန်တယ်
      သရဲခြောက်တဲ့ အိမ်ကြီးထဲရောက်နေခဲ့တယ်...ဒါပေမဲ့ ရေတွေဝိုင်းနေတဲ့ကျွန်းစုလှလှလေးတွေ

      Delete
  19. အတော်စိတ်ရှည်ရတာနော
    ကလိမှာဘဲ

    ReplyDelete
  20. ကြောက်စရာကောင်းပေမဲ့ အခုချိန် တွေ့ချင်ရင်တောင် မတွေ့ရတော့ဘူး

    ReplyDelete
    Replies
    1. ခုချိန်တွေ့ရင် ကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားဖြစ်သွားမယ်. မီလီယံ/ဘီလီယံချီ ဝင်ငွေရလောက်တယ်. အဟီး 😁😁

      Delete

  21. ဘဝက တိုတိုလေး
    ကိုယ့် ဖြစ်တည်မှုကို ကျပျောက်မခံနဲ့
    လက်ရှိအချိန် ကိုယ်အသက်ရှင်နေသေးတာ
    သိပ် ကံကောင်းတယ်
    လုပ်ချင်တာတွေ လုပ်ခွင့်ရှိသေးတယ်

    လူတွေကြောင့် စိတ်ညစ်ရတဲ့အခါ
    ကောင်ကင်းကြီးကို မော့ကြည့်လိုက်
    အကျယ်ကြီးအော်ပြောလိုက်
    ငါက မင်းတို့ထင်ထားတာထက်
    ပိုသန်မာတယ်

    မွန်းကြပ်တဲ့အခါ နားကြပ်လေးတပ်ပြီး
    သီချင်းနားထောင်
    အများကြီး မတွေးနဲ့
    ဒီနေ့ ပျော်ပျော်နေ

    ကြိုးစားရင်း ရုန်းကန်ရင်း
    သေသွားကြမဲ့ လူတွေချည်းပါ
    ဘာကြောင့် ဘယ်သူ့ကြောင့်နဲ့
    စိတ်ညစ်ခံနေဦးမှာလဲလေ...

    ReplyDelete
  22. Jurassic park movie ထဲမှာအဲ့ဒီဒိုင်နိုအုပ်စုတွေ့ရင် ကိုယ်ပါအပြင်မှာတွေ့နေရသလိုပဲ ခံစားရခဲ့ရဖူးတယ် အကြည့်တွေကကြောက်စရာကြီးတွေ.အတောင်ပံနဲ့သာပျံနိုင်ခဲ့ရင် ရူးသွားလောက်တယ်.
    ဒုတိယ ပုံကိုသာမျက်မှန်တပ်ပေးလိုက်ရင်😎 လူတွေပြောနေကြတဲ့ ဂဠုန်ငှက် နဲ့တူသွားမယ်ထင်တယ်. မနေ့ကစဉ်းစားနေတာ အာရှဖက်က ဒိုင်နိုတွေအကောင်သေးမလားလို့.ထင်တဲ့အတိုင်းပဲ. ဒါပေမဲ့ ရက်စက်တယ်. (အတောင်ပံနဲ့ဒိုင်နိုတွေကိုပိုကြောက်တယ်)

    ReplyDelete
  23. ပုံမမြင်ရ dataမလို့
    ညကလာဖတ်ဝါးတယ်
    ကြောက်ဆာကြီးကို Lucky charmတဲ့နိုက်စ်
    ပြေးမနေဝူး မောတယ် 24မိုင်/1နာရီဆိုတော့အစားပဲခံလိုက်မယ် ☺️🖖

    ReplyDelete
    Replies
    1. တကယ်ဆိုရင်တော့ပြေး ရမှာပေါ့😿

      Delete
  24. Have a good day & don't miss your click, buddies.

    ReplyDelete
  25. ညတုံးက ကိုယ်တွေရဲ့ ထူးမြတ်တဲ့ညမို့လို့
    ကောင်းမှူ့ကုသိုလ်တွေလုပ်ပြီး ဆုတွေအများကြီးတောင်းဖြစ်တယ်
    နိုင်ငံတော်ကြီး စစ်ကျွန်ဘဝက လွတ်မြောက်ဖို့
    ဖက်စစ်တပ်က ပစ်လိုက်တဲ့ကျည်တိုင်းလွဲချော်ဖို့ အချင်းချင်း မှာယွင်းပစ်မိဖို့နဲ့ စစ်လေယဉ်မှန်သမျှ တက်သွားတိုင်း ပျက်ကျစေဖို့

    PDFs တွေ EAOs တွေ အထိအခိုက် အကျအဆုံးနည်းပြီး ဘေးကင်း ဖို့ တော်လှန်ရေးအောင်မြင်ပြီး အိမ်ကိုအမြန်ဆုံးပြန်နိုင်ဖို့
    Risk များလွန်းတဲ့ UG တွေ ဘေးကင်းဖို့
    မတရားဖမ်းဆီးခံရတဲ့ သူတွေနဲ့ ရှောင်းပြေးနေရသူတွေ မိသားစုဆီ ဘေးကင်းစွာပြန်ရောက်နိုင်ဖို့ တွေ အပြင်
    တလရ ကို ပုံစံမျိုးစုံနဲ့ ထောက်ပို့ လုပ်ပေးနေသူတွေ အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့ ဘေးကင်းဖို့ ကျန်းမာဖို့
    ဇွဲရှိရှိနဲ့ ကလစ်ပေးနေကြတဲ့ clickers တွေ အတွက်တောဂ်မချန်ပဲ ဆုတွေအများကြီးတောင်းပေးခဲ့တယ်
    တညလုံးနီးပါး (မနေနိုင်လွန်းလို့ ခနလေးမှေးရုံကလွဲရင် ) မအိပ်ပဲ ပြုခဲ့တဲ့ ကုသိုလ်တွေ တောင်းပေးတဲ့ဆုတွေ ကိုယ်ပေးခဲ့တဲ့မေတ္တာတွေ
    ချစ်သူခင်သူ အားလုံး ရရှိပါစေ။

    ReplyDelete
    Replies
    1. အရင်နှစ်တွေလို့ ကိုယ်တိုင်အတွက်တောင် သိပ်မတောင်းဖြစ်ပဲ
      ကိုယ့်ပို့ပေးခဲ့တဲ့ ဆုတောင်းမေတ္တာတွေ
      ချစ်သူ ခင်သူ တန်ဖိုးထားရသူအာစလုံးအပေါ် သက်ရောက်ပါစေ❤

      Delete
  26. We must take back our freedom, buddies.

    ReplyDelete
  27. တိုင်းရင်းသား အားလုံးပေါင်းစုညီ

    ဖက်ဒရယ် ပြည်သစ် ဆီအရောက်

    လှမ်းမည် ✊✊✊✊✊

    ReplyDelete
  28. 🧡💛💜❤️💙💪💪💪

    ReplyDelete
  29. မနက်ဖန်ကြ အိမ်က ဝိုင်ဖိုင်တပ်ပေးမယ်ပြောတယ် မင်မင်ရေ ပျော်လိုက်တာ ဒေတာနဲ့ဆိုတော့ စိတ်ကြိုက်မနှိပ်နိုင်ဘူး အခု ပိုနှိပ်နိုင်တော့မယ်

    ReplyDelete
    Replies
    1. ဝမ်းသာရပါတယ်ခင်ဗျာ...😍

      Delete
    2. မင်မင်က စာပြန်တယ်ပြောလို့ ဝမ်းသာလို့ အပြေးလာခဲ့တာ ကျေးကျေးပါရှင့်😘 ကိုယ်ပြောတာလေး မင်မင်သိလို့ပျော်ထှာ အမြဲကြိုးစားနေပါတယ်နော်💪💪💪

      Delete
    3. Con con ပါ
      Sis December ရေ <3

      Delete
  30. ပြေးနိုင်မှလွတ်မဲ့ထဲမပါနိုင်လို့
    အိမ်မက်မှာတောင်မဆုံရဲပါဘူး
    Admin min

    ReplyDelete
  31. This comment has been removed by the author.

    ReplyDelete
  32. အာ့မျိုးနှစ်ကောင်လောက်ပါပဲ စခ အုပ်စုထဲပို့လိုက်ချင်တာ ကိုက်ပါစေဆိုပြီး😊

    ReplyDelete
  33. အရေးတော်ပုံမုချ အောင်ရမည်။

    ReplyDelete
  34. ဗဟုသုတရလို.​ကျေးဇူးတင်ပါတယ်မင်မင်

    ReplyDelete
  35. ဒီတခါတော့ စက်ဘီးလည်း မကယ်နိုင်တော့ဘူး😅😅

    ReplyDelete
  36. စိတ်ဆိုးလို့ထိပ်ထိုးသလို
    အိပ်မက်ထဲ ဒိုင်နိုထည့်နေပါလား
    မသကာ ဒိုမီနို‌လေးတိုက်ပါ့လား😋

    ReplyDelete
  37. နိုင်ကိုနိုင်ရမယ်
    Done

    ReplyDelete
  38. ဘေးကင်းကြပါစေ

    ReplyDelete
  39. Jurassic world အသစ်ထွက်ပြီထင်တယ်...
    ကြည့်ချင်စိတ်လဲသိပ်မရှိတော့ ကြည့်ဖြစ်မှာလည်းမဟုတ်ဘူးထင်..trailer ပဲကြည့်ဖြစ်
    Avatar တော့ကြည့်ချင်သားပဲ..
    အဲ့အချိန် တလရ အောင်ရင်ကောင်းမယ်

    ReplyDelete
  40. အရေးတော်ပုံ အောင်နေပီ။

    ReplyDelete
  41. ထိုင်းမှာ Jurassic world အကြီးကြီးပဲ ဖွင့်ပြီလားတော့မသိ
    (သတင်းတခုမှာတွေ့လီုက်မိတာ)
    ငါတို့တိုင်းပြည်ဟာ အပြောတွေပဲရှိခဲ့ပြီး ထိုင်း နဲ့တောင်အတော်အလှမ်းဝေးလာပြီ...
    တလရ မြန်မြန်အောင်ပါတော့
    ပြန်တည်ဆောက်ဖို့ အချိန်တွေ တော်တော်ယူရအုံးမှာ 😥

    ReplyDelete
    Replies
    1. ဖွင့်နေပြီ

      ပတ္တရား ဘက်က ပြောတာမလား?

      Delete
  42. 👆 Clickနည်း​ပေါင်းချုပ် 👆 ကို

    Pa Day Thar Pin (YouTube channel) ထဲမှာ ဝင်ကြည့်ကြပါ။ နည်းစနစ်မှန်​အောင် ဘယ်လို 👆Click ရမယ်ဆိုတာ သိလာပါလိမ့်မယ်။ ​အောက်​မှာ ပြထားတဲ့ Link နှိပ်ပြီး ဝင်ကြည့်ကြပါလို့ တိုက်တွန်းပါရ​စေ

    👉 https://youtu.be/QIT5l0Fryd4

    အ​ရေး​တော်ပုံ ​အောင်ရမည် ✊ ✊ ✊

    ReplyDelete
  43. ဟုတ်တယ် တော်လှန်ရေးမြန်မြန်အောင်မှ admin တို့နဲ့မြန်မြန်ခွဲရမှာ နားအေးရော😁

    ReplyDelete
  44. ကျနော်မုံရွာသားကျနော်မုံရွာသား တျောက်ပါဗျာ

    မုံရွာဟာ တစ်ခါတစ်ရံမှာ
    ဒုက္ခတွေ ခါးစီးခံတဲ့ မိခင်လို။

    မုံရွာဟာ တစ်ခါတစ်ရံ မှာ
    ဝင်သမျှရေ ကြည်ဖြူစွာ
    လက်ခံတဲ့ ပင်လယ်လို။

    တည်တည်ငြိမ်ငြိမ်နဲ့ သူ့အလုပ်
    သူဆက် လုပ်နေတယ်။

    မုံရွာဟာ မုံရွာ ဖြစ်ကြောင်း
    အပြောနဲ့မဟုတ်
    အလုပ်နဲ့သက်သေပြလျှက်။

    အေးစက်စက် သက်ပြင်းသံတွေကြား
    မုံရွာဟာ ပြေးလွှားလျှက်။

    တစ်ဝက်တစ်ပျက် ဖွာထုတ်လိုက်တဲ့
    စီးကရက်အငွေ့လို
    မုံရွာဟာ လွင့်ပျံလျှက်။

    မုံရွာဟာ အခြားမြို့တွေလို
    ခေါင်းထောင်လျှက် ဦးဆောင်
    ချီတက်နေတယ်။

    မုံရွာဟာ ညဥ့်အမှောင်တွေကိုတိုးဝှေ့လျက်
    အရှေ့အရပ်ဆီ ချီတက်နေတယ်။

    မုံရွာဟာ … အလင်းရှိရာသို့
    ဦးဆောင်ချီတက်နေတယ်။

    ReplyDelete
  45. My favorite dino in JP franchise

    ReplyDelete
  46. Non - CDM ဝန်ထမ်းတွေကိုကြည့်မရတာ၊သောက်မြင်ကပ်တာ၊နရင်းတွေဖြတ်အုပ်ချင်တာ ငါတစ်ယောက်တည်းလား..... 😁😁😁

    ReplyDelete
  47. Great n support it.
    3 July 2022.
    From C2d.

    ReplyDelete
  48. ဟိုရက်ကသတင်းတခုက ဒိုင်နိုမျိုးကွဲတမျိုးထပ်တွေ့တယ်ဆိုလားပဲ
    ဒီတိုင်းကျော်ဖတ်လိုက်တာဆိုတော့ မမှတ်မိတော့ဘူး
    T-Rex လိုမျိုး လက်သေးသေးလေးနဲ့တဲ့

    ReplyDelete
  49. တော်လှန်ရေး ပြီးရင်
    သူရှိတဲ့နေရာသွားဖို့ ၊

    ရထားကြီးတစီးလည်း ကျနော်လိုချင်ပါသေးတယ် ။
    သက်တံ့တွေဆီ ခရီးထွက်သွားတဲ့
    ညီလေးတွေ ညီမလေးတွေ အကိုတွေ အမတွေဆီ စစ်ကြီးပြီးသွားတဲ့သတင်း သွားပြောချင်လို့ပါ၊
    မြေခွေးတွေရဲ့ ခန္ဓာအသေများပေါ်မှာ
    ချိုးဖြူငှက်တွေ ဝဲနေတဲ့အကြောင်း
    ကဗျာရထားကြီးပေါ်မှာ ကျနော်က တက်တူးထိုးလို့ပေါ့။.
    ® သူက ဘယ်မှာ ရှိနေမလဲ?
    🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

    ReplyDelete
  50. မတ်တတ်မရပ်ရင် Kodomo dragon နဲ့တူတယ် 😁

    ReplyDelete
  51. မောနင်း 🖤🖤🖤

    ReplyDelete
  52. ကလစ်ရတာနိုင်ဘို့ပါ

    ReplyDelete
  53. အမွှေးနှုတ်ထားတဲ့ KFC ကြက်လိုပဲ 😁
    တခုသတိရသွားပြန်ပြီ
    အရင်PJ owner ဘက်က ဦးလေးကြီက KFC ကြက်ပုံပရင့်ထုတ်ပြီးသူ့အလုပ်စားပွဲပေါ်ကပ်ထားတယ်. အလုပ်ကိစ္စနဲ့သူ့ဆီသွားတိုင်း အဲ့ကြက်အကြောင်းပြောတော့တာပဲ မစားဖို့ ၄၅ရက်ကြက်တဲ့ . ပြီး မက်ဒေါနယ်ဘာဂါ မစားဖို့..သူမေ့ပြီး ၁ပတ်လောက်ထားတာပေါင်မုန့်တွေ မှိုမတက်လို့ဆိုပဲ

    ReplyDelete
  54. ငါ့ကိုယ်ငါ ဖဲ့စားမိတဲ့ နေ့တွေ
    ညိုထက်ညို
    (မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၂

    မျက်မှန်းတမ်းမိလာတာက
    ဝယ်လိုအားတွေ စွတ်တက်လာတဲ့
    ဒဏ်ရာနဲ့ နေ့တွေ။

    အရှင်လတ်လတ် ကြီးပဲ
    ချိန်တွယ်ပြီး ခုတ်ထစ်ခံရ
    အမှန်တရား ကို လက်နက်တပ်ဆင်ပေးဖို့ ကောင်းပါကြောင်း
    အပုပ်နံ့တွေ တထောင်းထောင်း နဲ့ တောင်းဆုခြွေ
    ဇာတာအရတော့
    ငါတို့အားလုံး ပုတိဖွားတွေ။

    လေးညှို့ကိုဆင်
    လေးညှို့ငင်ခဲ့
    နွေအငွေ့နဲ့
    ငါတွေ့ခဲ့ရာ
    မီးလျှံတွေနဲ့ က တဲ့အခန်း
    ငါ့အတွက်တော့ မဆန်းကြယ်။

    ဒီလိုပါ
    ကြယ်ကလေးပါ
    ရဲဘော်တူမီးပါ
    တခါခုန်ရင် ကမ္ဘာတုန်ချင် သူပါ
    ကိုယ်နဲ့ရင်းပြီးတော့
    ပထမဆုံး အမြောက်တီထွင်သူပါ
    မနက်ဖြန် မရှိလို့
    မနက်ဖြန် ရှာကြည့်မိသူပါ။

    တခါတလေတော့လည်း
    အထက်တန်းကျကြည့်ချင်သေးတဲ့
    ၅/ အရပ်က ကောင်မလေးရေ
    လည်ပင်းက ကြိုးက တင်းနေတဲ့ကြားက
    လက်မှတ်နေရာမှာ ကြက်ခြေခတ်ခဲ့ပါတယ်ကွယ်။ ။

    ReplyDelete
  55. ကြော်ငြာလည်းမတက်ဘူးဆိုတော့ငွေရောရလားကွာ
    သိတဲ့လူရှိရင်ပြောပြကြပါအုံး

    ReplyDelete
  56. ကြော်ငြာလည်းမတက်ဘူး
    ငွေရောရကြလား
    သိတဲ့သူရှိရင်ပြောပြကြပါအုံး

    ReplyDelete
  57. ဆန် ဆီ ဆေး ဆား
    ခင်ဗျားတို့ နံမည်တွေကလည်း
    အစားအသောက်နဲ့ကို မလွတ်ဖူး

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)