Red Panda - Animal Infographic (Click 06)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။ အချိန် စ,မှတ်ပါပြီ။ 10 ပြန်ထွက်လို့ရပါပြီခင်ဗျာ။ Pixiar ရဲ့ Turning Red ဆိုတဲ့ Animation Movie လေးကို တော်တော်များများ ကြည့်ပြီးကြမယ်လို့ ယူဆပါတယ်။ မကြည့်ရသေးဘူး ဆိုသူတွေလည်း များမယ်ထင်ပါတယ်။ ဒါလေးကတော့ အဲ့ဒီရုပ်ရှင်ထဲမှာပါတဲ့ Red Panda ဆိုတဲ့ အကောင်လေး အကြောင်းပါ။ No Spoiler ပါခင်ဗျာ။ ဇာတ်ကားနဲ့ ပါတ်သတ်တာ မပါပါဘူး။ ဒီ Infographic လေး လုပ်ဖြစ်ရတဲ့ အကြောင်းကတော့ ရုပ်ရှင်ကြည့်ပြီး တော်တော်များများဟာ Red Panda ဆိုတာ အနီရောင် ပန်ဒါဝက်ဝံ လို့ ထင်နေကြတာပါပဲ။ တကယ်တော့ မဟုတ်ပါဘူး။ Red Panda မြန်မာအခေါ် ကြောင်ဝံ (ပန်ဒါနီ) ဆိုတာ သီးသန့် မျိုးစိတ်တစ်ခုပါ။ ပြီး သူတို့လေးတွေဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် မျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရသူလေးတွေပါ။ ဒီ Infographic လေးကတော့ ထုံးစံအတိုင်း အကျဉ်းချုံးပေါ့ခင်ဗျာ။ မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။