Tea - Did You Know? (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        လက်ဖက်ရည်ကို ကမ္ဘာအနှံ့အပြား သောက်သုံးပုံ အမျိုးမျိုး ရှိကြပါတယ်။ ဒါပေမယ့် အများစုကတော့ လီမွန်၊ နို့၊ သကြား တစ်မျိုးမျိုးနဲ့ တွဲစပ် သောက်သုံးကြတာပါ။ တချို့နိုင်ငံအလိုက် ကွာခြားပုံလေးတွေကတော့ -

တွဲစပ်မှုများနိုင်ငံ
ထောပတ်၊ ဆားဘူတန်၊ နီပေါလ်၊ တိဘက်
Bubble (Bubble Tea)ထိုင်ဝမ်၊ ထိုင်း၊ မြန်မာ
ဂျင်းအင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ
ပူစီနံမြောက်အမေရိက၊ ဆီနီဂေါ
ဖာလာစေ့အာရှအလယ်ပိုင်း
Rum (Jagertee)ဥရောပအလယ်ပိုင်း
ကော်ဖီ (Yuanyang)ဟောင်ကောင်
နို့၊ ဂျင်း၊ အမွှေးခတ်ပစ္စည်းများ (မဆလာချိုင်)အိန္ဒိယ

        ပြီးတော့ ဒီဖျော်စပ်ပုံတွေကလည်း အခုဆို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံအစုံမှာ ပြန့်နှံ့နေပါပြီ။ ဘယ်နိုင်ငံမှာတော့ ဘယ်လိုဆိုတာမျိုး တစ်သတ်မှတ်တည်း ရှိတာမျိုး ရှားသွားပါပြီ။ ဟုတ်ကဲ့ ကျန်တဲ့ "လက်ဖက်ရည်ကို ဘယ်နိုင်ငံမှာတော့ ဘယ်လိုခွက်မျိုးလေးတွေနဲ့ သောက်တာ၊ ဘယ်မှာဖြင့် ဘယ်လိုအိုးမျိုးနဲ့ ကျိုက်ကျိုက်ဆူ ထားပြီးမှ သောက်တာကွ" ဆိုတာမျိုးတွေ လိုက်ပြောရရင်တော့ လက်ဖက်ရည်အကြောင်းဟာ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ။ ဒီလောက် တစ်ကမ္ဘာလုံးက နိုင်ငံအစုံမှာ ပုံစံမျိုးစုံ၊ ဖျော်နည်းမျိုးစုံနဲ့ သောက်နေမှတော့ ကမ္ဘာ့ ဒုတိယ သောက်သုံးမှုအများဆုံး အဖျော်ယမကာဖြစ်တာ မဆန်းတော့ပါဘူးဗျာ၊ နော...

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. ယုတ်မာ လေလေ
    တော်လှန်လေလေပဲ...

    အစွမ်းကုန် ယုတ်မာလာလေ
    အစွမ်းကုန် တော်လှန်ဆန့်ကျင်လေပဲ

    ယုတ်မာမှု အရှိန်မြှင့်လေလေ
    ဆန့်ကျင် တော်လှန်မှု အရှိန် မြှင့်ရလေပဲ။

    ReplyDelete
    Replies
    1. ည​နေ​တွေဆို လမ်းဆုံ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း အ​ချော​လေး​တွေ ငမ်းရတဲ့ ​
      နေ့ရက်​တွေ လွမ်းတယ်ဗျာ

      Delete
    2. tea shop မထိုင်ရတာတောင်ကြာပေါ့

      Delete
    3. ဟုတ်တယ် ဒါမဲ့ Tea shop ​တွေမှာလည်း လူသိပ်မရှိ​တော့ပါဘူးဗျာ, ဆိုင်ဘယ်​လောက်များများ ဘီယာဆိုင်​တွေမှာပဲ လူစည်ကားနေတယ်

      Delete
  2. လက်ဖက်ရည် ကြိုက်တယ်🍵

    ReplyDelete
    Replies
    1. ငြင်းပယ်ခြင်းကို ငြင်းဆန်ခြင်း

      - တစ်ခါတစ်ခါ
      ငါဘာမှမလုပ်ချင်ဘူး
      ဆေးလိပ်ပဲ
      ထိုင်သောက်နေချင်ရဲ့ ။
      - ဆေးလိပ်သောက်ခြင်းကို
      လူပျင်းတွေရဲ့အလုပ်လို
      သူတိုဆိုကြပေသကိုး။
      ပင်လယ်ကြီးကို
      ဖြတ်သန်းခြင်းဟာ
      လူပျင်းတွေရဲ့အလုပ်ပါပဲလို
      ပြောခဲ့ကြရင်လည်း
      ပင်လယ်ကိုငါဖြတ်ကူးမှာ
      သေချာတယ်။
      ပိုင်စိုးဝေ

      Delete
  3. ဒီရက်ပိုင်းက ကျွန်တော်တို.အတွက် အမည်းရောင် နေ.ရက်တွေပါ PDF တွေ မြန်မာနိုင်ငံအနှံ မှာ အကျဆုံး များနေတယ် စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံ နေရာအနှံ အိုးအိမ်တွေ မီးရိူ. ဖျက်ဆီး ခံနေရတယ် စိတ်မကောင်းဘူး ဘာမှ မလုပ် ပေးနိုင်ပေမယ်. Click ရုံပဲတတ်နိုင် တော. ကျွန်တော် တို. ပို click ကျစို.လားဗျာ ကျဆုံး သွားတဲ. ကြယ်ပွင်.လေးတွေ အတွက်

    ReplyDelete
    Replies
    1. ဟုတ်တယ် ပို click ကြမယ်💪💪

      Delete
  4. အရင်ချိန် ညဘက်တွေဆို လက်ဘက်ရည်ဆိုင်ထိုင်ပြီးဘောပွဲ ကြည့်နေကြ

    ReplyDelete
  5. I haven't slept well for a long time since I clicked. If the political situation improves, I will sleep for four or five days without getting up. I will travel alot Ko Ko Paing Tha Khoon heehee <D

    ReplyDelete
  6. The greatest challenge of being alive is,
    "To witness the injustice of this world,
    And not allow it to consume our light."
    🤍🍀

    ReplyDelete
  7. မန့်နေကျ လူတွေကို မတွေ့တော့ စိတ်ပူတယ်ကွယ်

    ReplyDelete

  8. အချို့သောစိတ်ဆန္ဒတွေကို မြိုချထိန်းသိမ်းနိုင်စွမ်းတော့ မြင့်မားလာခဲ့တယ်
    အတိုက်အခိုက်တွေကြားကနေ
    ကိုယ်ယုံကြည်ရာကို ပိုမိုခိုင်မြဲစွာလျှောက်လှမ်းမယ်


    MPT - 20 4416 1904 8888 7632

    Telenor - 23 2236 1330 7444 3646

    Ooredoo - 3191 9798 7644 3229

    ReplyDelete
    Replies
    1. Oreedoo.Tele ထည့်လို့မရတော့ပါဘူးဗျ ။နောက်လူ‌ေတွ မထည့်မိအောင် တင်ပြပေးတာပါဗျ။မရလိုက်ဘူး💪

      Delete
    2. Telenor - 21 9148 4244 6054 9658 ရရင် ရတဲ့ အကြောင်းမန့်ခဲ့ပေးပါဗျာ။

      Delete
    3. ုဟုတ် telenor လေး ရပါတယ် ပျော်လိုက်တာ 😇😇😇

      Delete
  9. လက်ဖက်ရည် ရှယ်ကြိုက်😊

    ReplyDelete
  10. ကောက်ညှင်းမွှေးရွက်လေးခပ်ထားတဲ့ Burmese green tea 🍵 လေးပြီးရင်တော့ red wine🍷 ကောင်းကောင်းလေးတော့ ကြိုက်သား 😁

    ReplyDelete
  11. မယိုင်မလဲ..ခိုင်မြဲသောစိတ်များဖြင့်

    ReplyDelete
  12. "အမှောင်မိုက်ဆုံးအချိန်ဟာ ရောင်နီလာတော့မယ့်အချိန်"တဲ့

    ဒါဟာ ဖြေသိမ့်စကားသက်သက်လားကိုယ်မသိဘူး

    ဒါပေမယ့် ည ဘယ်လောက်နက်နက် နေထွက်လာမှာကိုတော့ တားလို့မရဘူးမဟုတ်လား။

    မှန်တယ်ထင်လို့လျှောက်ခဲ့တဲ့လမ်း အဆုံးထိလျှောက်မယ်.....။

    ReplyDelete
    Replies
    1. India သောက်တဲ့ ပုံစံမျိုးကိုတော့ Bollywood movieတွေထဲ မြင်ဖူးတယ်။

      Delete
    2. ဂျင်းလဖ္ဘက်ရည်လေး‌လည်းသောက်ကောင်းတယ် ညိုပြာ

      Delete
    3. မြန်မာနိုင်ငံအရပ်ရပ်မှာ ရှိတဲ့
      လက်ဖက်ရည်ဆိုင်တွေဟာ
      ကျနော်တို ရဲ့ ရုံးခန်းတွေပါပဲ။
      #မောင်ချောနွယ်

      Delete
    4. ဂျင်းလဘက်ရည်သောက်ကြည့်ဦးမယ်
      =======
      ခုတော့ လဘက်ရည်ဆိုင်ယဉ်ကျေးမှုဟာပျောက်ကွယ်ပြီး beerဆိုင်တွေပေါများလာခဲ့ပြီ ဆရာမောင်ချောနွယ်ရေ

      Delete
    5. Tea shop တွေမှာကဗျာဆရာတွေကဗျာအကြောင်းဆွေးနွေးတာကြားဖူးချင်တယ်
      ချိမ့် တာရာမင်းဝေ မောင်ချောနွယ်တို့ဆုံရင် ဘာကဗျာတွေရွတ်ကြမလဲ
      ကဗျာဆရာတွေသေဆုံးသွားပေမယ့် ကဗျာတွေကတော့ရှင်သန်ဆဲ သတိရလျက်...

      Delete
  13. ပထမ အသောက်များဆုံးက ရေ လေ ခြူးလေး

    ReplyDelete
  14. ထောပတ် နဲ့ ဆားနဲ့သောက်ကြည့်ရမယ်

    ReplyDelete
    Replies
    1. ဟုတ်ပ. အဲ့ဒါလေးစိတ်ဝင်စားတယ်. တိဘက်နီပေါလ် ဘူတန်ကိုလဲစိတ်ဝင်စားတယ်. 😁

      Delete
  15. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  16. ဟုတ်လို့လားဗျာ.? (2nd ဆိုတာ)
    ရေခဲတုံးရောသောက်ရင်မကောင်းလို့ဆိုပြီး ရေသောက်ချန်ပီယံတွေက မကြိုက်ကြဘူး ကြားတာပဲ.

    ReplyDelete
  17. အဆီလည်းချရင်း
    သဘာဝ green tea လေး
    နေ့တိုင်းသောက်ဖြစ်တယ်

    ReplyDelete
  18. ပထမက milk ပါ..
    အူဝဲ ဆိုတည်းက နို့သောက်လာရတာပါ.

    ReplyDelete
  19. လက်ဖက်ရည်ကြိုက်ဘူး...မျက်စိကြောင်တယ်...အိပ်ပျော်စေတဲ့ အဖျော်ယမကာပဲကြိုက်တယ်

    ReplyDelete
    Replies
    1. 😁😁😁😁
      လ္ဘက်ရည်ထဲ အိပ်ဆေးထည့်သောက်ပေါ့ဗျာ.

      Delete
  20. ဒါပေါ့ ဒါပေါ့😁
    ကြိုက်ပေမယ့် သောက်လို့မရဘူး
    အသက်ရူကြပ်လို့ တစ်နှစ်မှာတစ်ခါတောင်မသောက်ဖြစ်ဘူး
    ဒါပေမယ့် သောက်ချင်ရင်တော့သောက်ပစ်တာပဲ

    ReplyDelete
  21. ☕ပိုကြိုက်တာ

    ReplyDelete
  22. မဆလာ လ္ဘက်ရည်သောက်ဖူးတယ် (သိပ်မကြိုက်)
    ဂျင်း လဲမကြိုက်
    လ္ဘက်ရည်ကို နို့တွေနဲ့သောက်တာမကြိုက်. Green tea လေးတော့ကြိုက် (ဈေးကြီးလို့မသောက် 😁)
    Ice lemon tea တော့ကြိုက်
    ကော်ဖီလ္ဘက်ရည် ဘယ်လိုနေလဲမသိ.တခါတလေ ကော်ဖီခွက်ထဲ ရေနွေးကြမ်းတွေ မှားထည့်မိရင် သောက်မရဘူး မကြိုက်ဘူး.

    ReplyDelete
  23. အိမ်ဦးနတ်ဖျော်ပေးတဲ့ လက်ဖက်ရည် သတိရတယ်

    ReplyDelete
  24. မီးရထား ဉဩသံလေးကြားရင်
    အိမ်ပြန်ချင်တဲ့စိတ် ထားမရဘူး😘

    ReplyDelete
  25. Tea က ကောင်းလို့လား ဖန်ဖန်ကြီး ချိုလဲ သက်သက်ကြီး ဘလိုကြီးလဲ မသ်ဘူး 😀

    ReplyDelete
  26. Have a nice day with a cup of good tea buddy.

    ReplyDelete
  27. တို့ကလစ် တို့ထောက်ပံ့ တို့အောင်ပွဲခံ
    Sun, 6 Feb, 2022

    ReplyDelete
  28. လက်ဖက်ရည်ကြိုက်တယ်၊ နေ့တိုင်းသောက်တယ်။ Thanks for the info

    ReplyDelete
  29. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
  30. ပြင်သစ်သေနာပတိနပိုလီယံသည် ကော်ဖီကြိုက်ခဲ့သည်
    ဗြိတိသျ‌‌ဗိုလ်ချုပ်ဝယ်လင်တန်သည်လက်ဖက်ရည်ကြိုက်ခဲ့သည်
    ဝါတာလုတိုက်ပွဲတွင်နပိုလီယံအရေးနိမ့်ခဲ့သည်။
    -ပါပီယွန်(‌ေရပွက်ပမာ)

    ReplyDelete
  31. နှိပ်ပြီးပါပြီ....

    ReplyDelete
  32. Done 🍵 ဒီနေ့ကတော့ လက်ဖက်ရည်နေ့ပဲ 🍵

    ReplyDelete
  33. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  34. ငါတို့နိုင်မှ ကျွတ်မဲ့လူတွေ ရှိတယ် ငါတို့ နိုင်မှ လွတ်မဲ့လူတွေရှိတယ်
    အရှုံးမပေး ဘူး
    နောက်မဆုတ် ဘူး
    ဒူးမထောက် ဘူး
    သွေးမအေးဘူး
    အဆုံးထိတိုက်မယ် ✊✊✊

    ReplyDelete
  35. ကော်ဖီပဲကြိုက်တယ်

    ReplyDelete
  36. 💛♥️💜💙🧡💪💪💪

    ReplyDelete
  37. We must take back our freedom, justice & peace.

    ReplyDelete
  38. အာဏာရူးတွေ အမြစ်ပြတ်မှ
    ဖက်ဒရယ် ဒီမိုကရေစီ ရှင်သန်မှ
    ကျက်သရေအမှန် ရောက်ပေလိမ့်။

    ReplyDelete
  39. ခုတော့လေ ...
    အမြဲတမ်းထိုင်နေကြ
    လက်ဖက်ရည်ဆိုင်လေးမှာ
    သူငယ်ချင်းတွေ...
    လူမစုံနိုင်ကြတော့ဘူး...

    မင်းတို့ ပြန်အလာကို
    ငါ စောင့်နေသလို..
    မင်းတို့ပြန်လာမယ့်
    အချိန်မှာလည်း
    ငါ..ရှိနေပါစေ ...
    ဒါပေမယ့်လေ
    မနှစ်က နွေဦးတည်းက
    တစ်ချို့တွေ ..
    ပြန်မလာနိုင်ကြတော့ပါဘူး

    ReplyDelete
  40. လက်ဖက်ရည်ဆို ကျဆိမ့်လေးမှ

    ReplyDelete
  41. With passion & perseverance, I click everyday.

    ReplyDelete
    Replies
    1. Lemonရောထည့်တာရော နို့ရောထည့်ရော သကြားရောထည့်တာရော အကုန်ကြိုက်တယ်။ အိမ်း ငါမကြိုက်တာရှိသေးလို့လား 😁

      Delete
  42. စစ်ခှေးကိုအပြတ်ဆော်အပြုတ်တိုက်
    အပြောင်ရှင်းဘို့ဝိုင်းပီးကလစ်စို့

    ReplyDelete
  43. ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ဆိုတာ
    ဆန်ကျင်ဘက်အတိုက်အခံတွေ
    ဆုံးရှုံးနစ်နာမှုတွေ
    လဲပျိုရှုံးနိမ်မှု့တွေကိုမဖြတ်သန်းနိုင်ပဲနဲတော့မရောက်ဘူးဆိုတာပါပဲ
    မေသင်္ကြန်ဟိန်

    ReplyDelete
  44. ကောင်မလေးက အသားစိမ်းစားနေတာမြင့်ပြီးလန့်သွားတာဘဲ

    ReplyDelete
  45. Our HEADs are BLOODY but UNBOWED.

    ReplyDelete
  46. ငါ့မန့်တွေကဘာလို့ပြန်ပြန်ပျက်သွားကြောင်းနော်💪❤️💪

    ReplyDelete
  47. အရေးတော်ပုံအောင်ရမည်။

    ReplyDelete
  48. Stay strong 💪💪💪
    Spartan! 🛡️🛡️🛡️

    ReplyDelete
  49. အောင်ရမည် daily mission

    ReplyDelete
  50. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  51. ငါတို့ဘယ်တော့မှသွေးမအေး.....

    ReplyDelete
  52. Let's drink bubble tea together 🧋

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Don't Stop (Click 03)

Never Underestimate (Click 03)