My Beloved Wildflowers (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. ဘာအလို ဆန္ဒမှ မများမြောင်ပါဘူး အချစ်ရယ်။
      အမေစု ကိုပဲ TV ဖန်သားပြင်မှာ ဒို့ပြည်သူတွေ သိပ်တော်တာပဲ ဆိုတဲ့ စကားနဲ့ အတူ အမြန် ပြန်တွေ့ရအောင် လုပ်ပေးပါနော်😔

      Delete
    2. ပျိုကညာ ရယ်
      အဲဆုကို အလိုချင်ဆုံးပါ

      Delete
    3. ပျိုကညာ အပြည့်ချင်ဆုံးဆုအါ။

      Delete
  2. ချစ်စရာကဗျာလေး🌺 ပုံလေးနဲ့ကွက်တိ🥰

    ReplyDelete
    Replies
    1. Ooredoo- 4236 3384 2893 7928

      ရရင် reply naw

      Delete
    2. Ooredoo မရတော့ပါဘူးနော် ထည့်မိမှာစိုးလို့။

      Delete

  3. 🍁ကျိန်စာသင့် နွေဦး🍁

    သည်နွေဦး
    လေပြေတိုးသံတွေနဲ့အတူတူ
    သတင်းဆိုးတခုကို
    နားနဲ့ဆက်ဆက်
    ကြားလိုက်မိတယ်

    သည်နွေဦး
    ရယ်သံလွင်လွင်တွေအစား
    ငိုသံတွေကို ကြားခဲ့ရတယ်

    သည်နွေဦး
    သစ်ရွက်ဟောင်းတွေနဲ့အတူ
    အသက်ဝိဉာဥ်တွေပါ
    ကြွေလွင့်ကြရတယ်

    သည်နွေဦး
    ဥသြသံတွေအစား
    သေနတ်သံတွေကို.
    ကျယ်​ကျယ်လောင်လောင်
    ကြားနေရတယ်

    သည်နွေဦး
    ကံ့ကော်တွေ ဝေနေပေမဲ့
    ကြယ်တွေ ကြွေခဲ့တယ်

    🍁🍁🍁🍁🍁🍁🍁🍁

    ReplyDelete
    Replies
    1. 💔ဒီနွေဦး လေရူးနှင့အတူ အာဏာရူးကိုခေါ်သွားပါ...🍂🍂

      Delete
    2. ​နွေဦးရယ် ...
      မင်း ​ခြွေချ​နေခဲ့တာ
      သစ်ရွက်နဲ့ ကြယ်​တွေပဲ ...

      ​ကျေးဇူးပြု၍ ကြယ်​တွေ မ​ခြွေပါနဲ့လား 😔😔😔

      Delete
    3. သည်နွေဦး ငါတို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝအောင် ဆောင်ကျဉ်းပေးပါ။အရေးတော်ပုံ အောင်ရမည် တွဲထားလက်တွေ ခိုင်မာစေ။💪💪💪

      Delete
    4. သည်နွေဦးမှာ ငါတို့တွေရဲ့ ဘဝတွေပြန်လည်ရှင်သန်လာပါရစေ🙏🙏🙏😘

      Delete
  4. ကဗျာလေးက တကယ်လှတယ်🍀💜

    ReplyDelete
  5. အဆိုးများများ လှစွာ
    အနုပညာနဲ့သာ နေကောင်းစွာ
    ကဗျာနဲ့သာ ကျန်းမာလာ
    ကမ္ဘာကိုဝေမျှရန် အားရှိလာ
    ဘာလိုသေးလဲ အချစ်ရယ်
    မင်းကို ကို ကိုယ်ချစ်ခဲ့တယ်။

    (သုခမိန်လှိုင်)

    ReplyDelete
  6. My Beloved Wildflower..🌼

    "ဘာအလိုဆန္ဒမှ မများမြောင်ရပါဘူး အချစ်ရယ်...."

    ဒီနေ့တော့ ဒီကဗျာလေးတစ်ပုဒ်နဲ့တင် feelဖို့ လုံလောက်သွားပြီ

    ReplyDelete
    Replies
    1. Feel ပါဗျာ feel ပါ 😅
      မင်မင်​ရေ @Admin
      မမညိုပြာ ဖီးလ်ဖို့ ​အချစ်ကဗျာ​လေး​တွေ တင်​ပေးပါအုံးဗျ... မင်းခိုက်စိုးစန်လဲ ကြိုက်တယ်ဗျ

      Delete
    2. ဟုတ်ပါတယ်ဗျို့
      မစ်ရှင်အောင်တဲ့နေ့လေးတွေမှာ feelမလို့ 🤭😅

      Delete
    3. အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ

      ဒီရှန်ပူနဲ့ဆို
      သေခြင်းတရားတောင် လန်းဆန်းသွားမလား
      ဒီနေကာမျက်မှန်နဲ့ဆို
      အနာဂတ်ကို ဖောက်မြင်ရမလား
      ဒီဖိနပ်နဲ့ဆို
      ဝင်္ကပါ အပြင်ဘက်ကို ထွက်နိုင်မှာလား
      ကဗျာဖြစ်တဲ့ ကြော်ငြာတွေဟာ
      စိတ်ဝင်စားစရာ ကောင်းပါတယ်

      အင်္ကျီကို တီထွင်ပြီးထဲက
      ငါတို့ဟာ (ဟန်ကိုယ့်ဖို့) သက်သာရာ ရခဲ့ကြ
      မျှော်လင့်ခဲ့ကြတဲ့ လှပတဲ့ကမ္ဘာ
      ရေမွှေးများများ ဆွတ်ပါ
      ဝတ်စုံထည်လဲ ဝတ်ပါ
      ထိပ်ပေါက် ခေါင်းကွဲ
      အပြင်ထွက်လာတဲ့ ဒဏ်ရာတွေဆိုရင်တော့
      ရောင်စုံပတ်တီးလှလှ
      စည်းပြလိုက်ကြတာပေါ့ ။

      သုခမိန်လှိုင်

      Delete
    4. Ko Lynn Thu မန့်တွေကို သိပ်ကြိုက်တယ်ဗျာ

      Delete
    5. ဘရိုလည်း မိုက်ပါတ,်ဗျာ

      Delete
    6. Sis ​လောက်​တော့ လုပ်ပါဗျာ 😬😬😬
      မိန်းက​လေးပုံ တင်ထားတာပါဗျ

      Delete
    7. Wattpadမှာ "ညို"ဆိုတဲ့ GLဝတ္ထုကို ဖတ်တော့ ညို့နေရာမှာ အန်တီချိုသာတဲ့ညိုပြာကိုပဲ မြင်ယောင်နေမိတယ်

      Delete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  8. 'ချစ်တယ်'လို့ ခဏခဏပြောဖို့ မနှ​မြောစမ်းပါနဲ့ ...
    မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
    ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး...

                            #မင်းခိုက်စိုးစန်

    ReplyDelete
    Replies
    1. ချစ်တယ်​နော် သင်ဇာ​လေး 🥰

      Delete
    2. ချစ်ပါတယ်ရှင် ကလစ်ကာ အားလုံးကို❤️❤️❤️

      Delete
    3. "ချစ်တယ်" အဓိပ္ပာယ်အမျိုးမျိုး ရှိတယ်နော်

      Delete
    4. ချစ်တယ် clickerအားလုံးကို 💕

      Delete
    5. "သူမသာ မျောက်တကောင်ဖြစ်သွားတယ် ဆိုပါစို့"

      မင်းခိုက်စိုးစန်

      Delete
    6. အဲ့စာအုပ်ထဲမှာ ပါတဲ့ စကားလုံးတွေလားဗျ ကိုလင်းသူ
      ဖတ်ဖူးပေမယ့် မမှတ်မိတော့လို့
      အမှတ်မိဆုံးနဲ့ ဖတ်မိသမျှ အကြိုက်ဆုံးစာအုပ်ကတော့
      " သေမင်းနိုင်ငံမှာ သုံးတဲ့ပိုက်ဆံ " ပဲရယ်

      Delete
    7. မဟုတ်ပါဘူးခင်ဗျာ စာအုပ်နာမည်ပါ ၂၀၀၆ လောက်ကဖတ်ခဲ့တာ ကြိုက်လို့တချိုစကားလုံးတွေ စာအုပ်ထဲတောင် ချရေးခဲ့တ,် နှစ်တွေကြာတော့ ဘ,်ရောက်သွားလဲမသိတော့ဘူး

      Delete
    8. "သူမသာ မျောက်တကောင်ဖြစ်သွားတယ် ဆိုပါစို့" ဆိုတာက စာအုပ်ဆိုတာ သိတယ်​လေ
      ကျ​နော်​မေးတာက အ​ပေါ်က ကျ​နော့်မန့်က အဲ့စာအုပ်ထဲကလားလို့ ​မေးတာဗျ

      Delete
  9. Click နဲ့အိပ်......
    Click နဲ့စား........
    Click နဲ့သွား.......
    Clickနဲ့ အချိန်ဖြုန်း.............
    Click နဲ့ လက်ထပ်..............

    မရရင် မင်မင်ယူမယ်😜..........

    .............♥Htet.................

    ReplyDelete
    Replies
    1. မင်မင်တာဝန်ယူရင်ယူ မယူရင် pdfကောင်လေးတွေတာဝန်ယူရမယ် ဒါဘဲ🤗

      Delete
    2. "ပြင်းပြသောဆန္ဒတို့မည်သည် မဖြစ်နိုင်တာမရှိ"
      ချချ 💪💪💪

      Delete
    3. This comment has been removed by the author.

      Delete
  10. သူ့ကဗျာလေးတွေက အချစ်တွေထုံမွှမ်းနေတာ C4F မှာလည်းတွေ့တယ် ��

    ReplyDelete
    Replies
    1. အချစ်၏ရာဇ၀င်
      တော်သေးရဲ့
      ချစ်တယ်ပြောတာ
      ပိုက်ဆံရှိဖို့မလိုဘူး
      ချစ်တယ်ပြောတာ
      မီးလာဖို့မလိုဘူး
      ချစ်တယ်ပြောတာ
      လိုင်းမိဖို့မလိုဘူး
      ချစ်တယ်ပြောတာ
      အစိုးရကောင်းဖို့မလိုဘူး

      သုခမိန်လှိုင်

      Delete
    2. နှလုံးသားထဲက စိတ်ရင်းနဲ့
      ပြောဖို့တော့ လိုတာပေါ့နော် ❤️

      Delete
    3. တော်သေးရဲ့...

      Delete
  11. 'ကြမ်းတမ်းလွန်းတဲ့ မုန်တိုင်းတွေပြီးရင် လေပြေလေညင်းဆိုတာ
    ရောက်လာစမြဲပါ...အရေးတော်ပုံအောင်မြင်ရမည်...''
                 
                                                                                     

    ReplyDelete
  12. အာလုံးပဲအစစအရာရာဂရုစိုက်ကြပါရှင့်အားရှိစာတွေများများစားပြီးရေလည်းများများသောက်ပေးကြပါရှင့်🍀✨

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ ကျော့ရောဂရုစိုက်ပါ💙

      Delete
    2. ကျော့လဲ ဂရုစိုက်ပါ

      😍

      Delete
    3. မမကျော့ရော ဂရုစိုက်ပါ

      Delete
  13. ကဗျာလေးက ချစ်ဖို့ကောင်း😘❣️🥰

    ReplyDelete

  14. မတရားမှုကို အဆုံးသတ်မပစ်ဘဲ
    အလိုက်သင့် ​နေထိုင်ရင်းနဲ့
    ပါးစပ်က​နေ ​ပြော​နေရုံဆိုရင်
    ကိုယ်တိုင် မတရားမှုမှာ ပါဝင်​နေတဲ့သ​ဘောပါပဲ။
    သူတို့ကို ဆန့်ကျင်တဲ့သူဟာ
    သမိုင်းဖြစ်လာတာပါပဲ။
       
                           RAATCHASI
                      (အိန္ဒိယရုပ်ရှင် 2019)                         

    ReplyDelete
  15. Replies
    1. Let's click and support together 😍💪💪💪

      Delete
  16. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  17. လှပပြီး ချစ်စရာကောင်းတဲ့ ကဗျာလေး ❤️

    ReplyDelete
  18. ချစ်စရာ ကဗျာလေး ❤️

    ReplyDelete
  19. sweetness overload.
    Lovely pic with Poem.

    ReplyDelete
    Replies
    1. "မင်း ကျန်းမာရဲ့လား
      မင်း စိတ်ချမ်းသာရဲ့လား
      ဒီတိုင်းသာ
      တကမ္ဘာလုံးရှိနေဖို့ပဲ မဟုတ်လား" crd ☝️

      Delete
  20. ဘယ်လို ပြန်ဖြေလဲဟင်?😊

    ReplyDelete
  21. Things decided at the age of 21, I think I can persist even at the age of 81. If I like something, I'll do it.
    💚Wang Yibo💚

    ReplyDelete
  22. အား....ကြိုက်လိုက်တာ ကဗျာလေး😍 အရမ်းလှ။

    ReplyDelete


  23. 😢အဖေကလည်း ငို
    အမေကလည်း ငို
    သားကလည်း ငို
    သမီးကလည်း ငို

    😢မိသားစုပေါင်း
    များစွာရဲ့ ငို‌ကြွေးသံတွေ
    ဘဝတွေပျက်
    လမ်းတွေပျောက်

    🍁ဟိုတစ သည်တစ
    နေ့စဉ် ရက်ဆက် ငိုသံ
    ငါကြားယောင်နေဆဲပဲ

    💥တစ်တိုင်းပြည်လုံး
    😢 ငိုသံဖုံးလို့
    တခြား ဘာကိုမှ
    ငါမကြားနိုင်တော့ပြီ

    😢ဒီငိုသံတွေ
    တိတ်ဖို့အရေး

    🍁 ငါဘာလုပ်ပေး ရမလဲ
    ငါဘာလုပ်ပေး နိုင်သလဲ
    ကံတရားကို ယိုးမယ် ဖွဲ့ရမလား

    🍁လူမတန် ကံကိုချ
    လူညံ့၍သာ ဖြစ်သည်တဲ့

    ✔️အမှန်တရားကို
    💀မျက်ကွယ်ပြုတဲ့ လူတစု
    🐕ဒင်းတို့တွေ
    🔫အမြစ်ပြုတ်ဖို့ အရေး

    🌷ငါလုပ်နိုင်တာ တစ်ခုတည်း
    အဲ့ဒါ ကလစ် ဖို့ပဲ
    🍁စားလဲ ဒီစိတ်
    🍁သွားလဲ ဒီစိတ်
    🍁အိပ်လဲ ဒီစိတ်
    🌺ဘာလုပ်လုပ် ဒီစိတ်နဲ့
    ငါ အသက်ဆက် ရှင်မယ်
    စိတ်ပျော်လဲ ကလစ်
    စိတ်မပျော်လဲ ကလစ်

    😭ငိုသံတွေ အမြန်ဆုံး
    တိတ်ပါရစေ။

    🙏ငါဆုတောင်းရင်း
    🌞နေ့စဉ် နေ့တိုင်း
    🌚ညစဉ် ညတိုင်း
    😙မပျက်မကွက်
    ✔️တာဝန်ကျေစွာ
    💖ငါ အမြဲ ကလစ် နေပါ့မယ်။
    ( I'm clicker.)
    ကလစ်နှိပ်ဖို့ စတင်ပေးခဲ့ Admin ကိုလဲ ဒီနေရာကနေ ကျေးဇူးတင် စကားဆိုပါရစေရှင်
    ကလစ်ကာတွေ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင် 😙
    ဒီလောက်လေးပဲ လုပ်နိုင်လို့ ကိုယ့်ကိုကိုယ်လဲ အားမရပါဘူးရှင်

    ❤️အာဇာနည်၊ သူရဲကောင်းများကို အစဉ်အမြဲ လေးစား ဦးညွတ်လျှက်🙏

    ReplyDelete
    Replies
    1. ရင်ထဲကစာစီတာ ရှည်သွားပြီ😊😘

      Delete
    2. ကြိုက်တယ်ရှင့်

      😍👏

      Delete
  24. 528 အချစ်တွေကတော့
    တို့ကလစ်ကာတွေကအပြည့်ဘဲနော်
    ကလစ်မပျက် အချစ်သက်သက်
    ထောက်ပို့ကူညီ မေတ္တာများနဲ့
    ကလစ်ကို ချစ်လို့ ကလစ်ခဲ့သည်
    တို့သူရဲကောင်းလေးများသို့

    ReplyDelete
  25. ကလစ် မယ် ထိထိရောက်ရောက် ပါဝင်ကြရင်
    ငါ့တိုနိုင်ပြီး ငါ့တို့နိုင်တဲ့နေ့ကြမှာ အပျော်တွေဆက်ကြတာပေါ့

    ReplyDelete
  26. နှိပ်ပြီးပါပြီ....

    ReplyDelete
  27. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  28. Nice Poem & Lovely Photo..Thanks Admin. 🌹❤️🌹

    ReplyDelete
  29. ကဗျာလေးကိုချစ်လိုက်တာ

    ReplyDelete
  30. ငင့် Likeပေးဖို့ မနည်းရှာရတယ်😅

    ReplyDelete
  31. လမ်းဆုံမှာရောက်နေတယ် ဘယ်လမ်းကိုရွေးသင့်လဲ ဘယ်လမ်းကအကောင်းဆုံးလဲ ရွေးချယ်စရာရှိနေသေးတာကဘဲကံကောင်းနေသေးတယ်လို့ပြောရမလား
    ဒီနွေကိုကျော်နိုင်ပါဦးမလား ရူးတော့မယ်

    ReplyDelete
  32. မန့်တွေဖတ်ပြီး အားတွေရ 💪✨ 🤭🤭

    ReplyDelete
  33. တောပန်းကလေးများ ♥️
    16.2.2022
    12:52 pm

    ReplyDelete
  34. Clickerစွမ်းအား
    တစ်တပ်တစ်အား။

    အောင်လံလွှင့်ချီဖို့
    စိတ်ဓာတ်၊ဇွဲကို အရင်းတည်ကြစို့။

    ReplyDelete
  35. ဘာအလိုဆန္ဒမှ မများမြောင်ပါဘူး ... အချစ်ရယ်
    မင်း ဘေးကင်းရန်ကွာရှိနေပြီး တော်လှန်ရေးအောင်မြင်တဲ့တနေ့ မင်းမျက်နှာကိုကြည့်ပြီး ဝေးကွာခဲ့တဲ့အချိန်တွေက ခံစားမှုတွေကို မပြီးနိုင်အောင်ပြောပြီး ရယ်မောနေချင်မိတယ်

    ReplyDelete
  36. ကိုယ်မင်းကို ပန်းလေးပန်ပေးချင်တယ်အချစ်ရယ်
    ဒါပေမယ့် ဝမ်းနည်းစရာပဲ ဒီတိုင်းပြည်မှာ
    ပန်းတွေမပွင့်တေ့ာတာအတော်ကြာခဲ့ပီး

    ReplyDelete
  37. နွေဦးမှာစခဲ့တဲ့ အရူးဇာတ်
    နွေဦးလေနဲ့အတူ လွင့်ပါပြီး
    ဇာတ်သိမ်းပါစေ🍂☘️🍁

    ReplyDelete
  38. အနာဂတ်တွေတောက်ပ ဖို့

    ReplyDelete
  39. ငါတို့က တစ်ပွင့်ကြွေသွားတိုင်း တစ်

    တော လုံးဝေမဲ့

    တောရိုင်းသဇင်မျိူး မှတ်ထား ✊✊✊✊

    ReplyDelete
  40. ဘာအလိုဆန္ဒမှ
    မများမြောင်ရပါဘူး
    အချစ်ရယ်

    ReplyDelete
  41. To be beloved wildflowers & keep growing with their nature.

    ReplyDelete
  42. Be loved the nature & let's blooming wild plants.

    ReplyDelete
  43. ကဗျာတွေကဖလစ်ဖို့ရှယ်ကောင်းတာ ခက်တာက နားမလည်တာပဲ
    ခုကဗျာကတော့မိုက်ပါတယ် ချစ်စရာလေး
    ကြာပန်းဖြူလေးလိုပဲ Innocentတယ် 🧐

    ReplyDelete
  44. ကဗျာလေး ချစ်ဖို့ကောင်းလိုက်တာနော် 🥰🥰🥰

    ReplyDelete
  45. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
    Replies
    1. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

      Delete
  46. နေမကောင်းပါဘူးမင်မင်ရယ်(moonshine)

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

Accept (Click 03)

ပဲ့တင် - ဝင်းမြင့် (Click 05)