Do Your Best (Click 02)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. ငါတို့ရဲဘော်တွေအတွက်ငါတို့သွေးတွေပွက်ပွက်ဆူနေဆဲ ....
    ကောက်ရိုးမီးမဟုတ်

    ReplyDelete
    Replies
    1. "ဖွဲမီးလို အတွင်းထဲမှာ တမြေ့မြေ့ လှိုက်လောင်နေတာပါခင်ဗျာ"

      Delete
    2. ရန်ကုန်မှာတော့ Omicron ပြန့်နေပါပြီ အားလုံး ကရုစိုက်ကြပါနော် ။ရပ်ကွက်ထဲက အိမ်တွေ 3ပုံ 2ပုံလောက် ဖျားနေကြပါတယ် ၊ နှာစေး ချောင်းဆိုး လည်ပင်းနာ လက္ခဏာတွေနဲ့ပါ ၊မျက်စိတွေလဲ နီကြပါတယ်။ အပြင်သွားရင် maskတပ် ၊လက်ဆေး ၊ခပ်ခွါခွါနေကြပါ။ကျန်းမာကြပါစေ

      Delete
    3. ကျေးဇူးပါ

      Delete
  2. အညံ့ခံ ငြိမ်းချမ်းရေး

    တော်လှန်ရေးကို အချိန်နဲ့ ဆေး
    သွေးအေးသွားသူ ဘယ်လောက်ရှိပြီလဲ?

    ဒဏ်ရာများနဲ့ မပျော်ရွှင်
    ခေါ်ချင်ရင်တောင် မရှိတော့တဲ့
    မိသားစုတွေ ဘယ်လောက်ရှိပြီလဲ?

    ပြန်လှည့်ကြည့်ရင်
    နှလုံး ချည့်စရာတွေချည်းပဲ ကို
    မသိသူ ဘယ်လောက်ရှိနေလဲ?

    အသိနည်းလို့ ရှိတာနည်းဘဝနဲ့
    မာန်ချ အညံ့ခံ ငြိမ်းချမ်းရေး
    ဘယ်သူ အလိုရှိပါသလဲ?
    ဘယ်သူ အလိုရှိပါသလဲ?


    San Zuren

    ReplyDelete
    Replies
    1. ကျွန်တော်ဟာCDMတစ်ယောက်ပါအဆုံးထိသွားမှာပါသွေးမအေးကြေးနော်5ting💪💪💪

      Delete
    2. အဆုံးထိသွားကြစို့ အာဏာရူးစစ်ခွေးတွေကို အပြီးတိုင်မောင်းထုတ်ကြစို့💪💪💪💪💪💪💪💪💪💪

      Delete
    3. အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတိုင်း နာကျည်းစိတ်က ထုထည်ကြီးလာတာပါပဲ
      ဘယ်တော့မှသွေးအေးမှာမဟုတ်ပါဘူး
      အာဏာသိမ်းတဲ့နေ့ရဲ့နောက်နေ့ကစပြီး CDM လုပ်ခဲ့တယ် C2D လည်း မပျက်မကွက် click နေ
      ပါတယ်ရှင့်

      Delete
    4. ဘယ်တော့မှသွေးမအေးဘူး

      Delete
    5. Until to the dead ပေါ့ဗျာ။ဒီလိုလူယုတ်မာ လူလိမ်လူညစ် လူစိတ်မရှိတဲ့ကောင်တွေကိုသေသွားတာတောင် အရှုံးမပေးဘူးဗျ။

      Delete
  3. Make someone smile everyday,but never forget you're someone too.🥳

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. The real pain is..
      When I devoted my entire time and have been clicking all day long,
      And yet it doesn't meet the target after all!!
      It hurts, really hurt 😢

      Delete
    2. နာကျင်ရပေမဲ့ စိတ်ဓါတ်တော့မကျပါဘူး
      Admin လဲ မကျနဲ့
      Clicker တွေလဲ မကျနဲ့
      💪

      Delete
  5. ဘဝအဖုံဖုံရယ်ပါ။
    ဘယ်သူ မမောပန်းမှာလဲ။
    လူတိုင်းရဲ့ဘဝမှာ အဖုအထုံးတွေရှိတယ်။
    လူတိုင်းက မတူတဲ့နည်းတွေနဲ့ ရှင်သန်ကြီးပြင်းနေကြတယ်။
    ဘယ်သူကမှတော့ ပေါ့ပါးသက်သာတယ်မရှိပါဘူး။
    ကျော်လွှားကြစို့..
    ကျော်လွှားပြီးရင်တော့ လောကသစ်တစ်ခုက ရောက်လာမှာပါ။

    #crd

    ReplyDelete
  6. လွတ်လပ်မှုကို လိုချင်ရင် ပြောနေရုံနဲ့ မပြီးဘဲ တကယ်တိုက်ယူရပါမယ်...ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိလို့ ထောက်ပို့တာဝန်ကို ပိုပြီး ကျေပွန်ရပါမယ်...ဒါကြောင့် စစ်မှန်တဲ့ Democracy ရယူနိုင်ဖို့ ကိုယ်တိုင် မှန်မှန်ကန်ကန်ပါဝင်ပြီး အခုပဲ ကလစ်နှိပ်လိုက်ပါ...

    ReplyDelete
  7. Raindrops can form lakes, or small streams can form oceans, If we are all united, we can be on par with the rest of the world, not to mention Junta.

    ReplyDelete
  8. သင်စိုက်ပျိုးတဲ့အရာ သင်ကိုယ်တိုင်ရိတ်သိမ်းရမှာ

    ReplyDelete
  9. ကိုယ်စိုက်တဲ့ အသီးအပွင့် ကိုယ်တိုင်ရိတ်သိမ်းရမှာပဲ....
    I Try My Best...!

    ReplyDelete
    Replies
    1. Data သမားတွေအတွက် Burma Freedomကလှူတာပါ။
      ရတဲ့သူပြောခဲ့ပေးပါ

      O - 4922 9854 2424 0807

      Delete
    2. ရပါတယ် ခင်မျ မချိုသာ🙏🏻🙏🏻🙏🏻

      Delete
    3. လက်တွေ့ဝါဒတွေကြီးစိုးတဲ့ကမ္ဘာကြီးကိုရောက်ပါရစေ
      ညိုပြာ

      Delete
  10. You will reap what you sow
    ဆိုတဲ့ဟာနဲ့တူတူပဲပေါ့

    ReplyDelete
  11. အားလုံးပဲ မင်္ဂလာပါခင်ဗျာ

    ReplyDelete
    Replies
    1. အရှေ့ဘက်စစ်မျက်နှာ
      ____________________________

      ကတုတ်ကျင်းထဲမှာ
      စိတ်ကူးယဉ်ခွင့်မရှိ

      ရွက်တိုင်ထိပ်မှာ
      အရိုးခေါင်းပုံ အလံလွှင့်ထားရင်
      ပင်လယ်ဓားပြပဲ

      တချိုက
      အမှန်တရားကို အလောင်းဖျောက်ပစ်တယ်

      တချိုက
      သစ္စာတရားကို အလောင်းပြန်ဖော်တယ်

      ဘိန်းစားတစ်ယောက်မှာတောင်
      မျှော်လင့်ချက်ရှိသေးတာပဲ

      ကိုယ့်တိုင်းပြည်
      မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
      ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား

      မီးသတ်ကားတစ်စင်း
      ဖြစ်ချင်ပါတယ်

      ကိုယ့်ဘဝနဲ့ကိုယ်
      သစ်ရွက်တွေကြွေနေပါတယ်

      ခရီးတစ်ခုရဲ့အကြောင်း
      သံလမ်းများက ပြောပြပါလိမ့်မယ်။

      ကြည်ဇော်အေး
      8 July 21

      Delete
    2. အပိုဒ်တိုင်းလဲ ကြိုက်တယ်....
      "ကိုယ့်တိုင်းပြည်
      မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
      ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား"

      Delete
    3. (ကိုယ့်တိုင်းပြည်
      မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
      ရာဇဝတ်မှု မြောက်တာ ရှိပါ့မလား)
      တကယ်ရင်ထဲ ဒိုင်းခနဲ့ပါပဲ

      Delete
  12. I do my best for our Revolution. Go clickers go ahead ✊✊✊.

    ReplyDelete
  13. Clickခြင်းရဲ့တန်ဖိုးသိနေကြတာတောင်မလုပ်နိုင်ကြတာဘာကြောင့်လဲ

    ReplyDelete
    Replies
    1. အချိန်မပေးနိုင်တာ
      စိတ်မရှည်တာ
      မလုပ်တတ်ဖူးခက်တယ်ဆိုတာ
      တွေနဲ့တော်လှန်ရေးအပေါ်စိတ်ရင်းစေတနာအပေါ်ယံဘဲ
      ရှိတဲ့သူတွေလို့ထင်ပါတယ်

      Delete
  14. ကောက်ရိုးမီးမဟုတ်✊(moonshine)

    ReplyDelete
  15. မအားလည်းနှိပ်အားလည်းနှိပ်

    ReplyDelete
  16. ချစ်နေလို့ ကလစ်တယ်
    ကလစ်ရင်းနဲ့ ပိုပိုချစ်လာတယ်
    ဒါတို့ပိုင်တဲ့မြေ တို့ပြည်မို့လို့
    အချစ်လည်းမပေါ့ဘူး
    ကလစ်လည်းမလျော့စေရဘူး
    💪💪💪♥️♥️♥️💪💪💪
    ချစ်ခြင်းများဖြင့်။။။ နွေ

    ReplyDelete
  17. အဆုံးထိတိုက်မယ်

    ငှက်ငယ်
    =+=+=

    ကဗျာရေးမယ်လို့ လက်ရွယ်တိုင်း
    နှလုံးသားရဲ့အလယ်က တဆစ်ဆစ်နာတယ်။

    အကြောက်တရားကို ငြင်းဆန်လို့
    အနင်းအကန်ခံရတဲ့ နေ့ညတွေဟာ
    ဖျက်မရတဲ့ ကဗ္ဗည်းအက္ခရာ။

    ဓားချင်းယှဥ်မခုတ်ခဲ့ရရင်တောင်
    တုပ်ထားတဲ့ကြိုးက မှန်စာတွေနဲ့
    သည်းခံခြင်းမှာ ပါရမီမထူးတဲ့ ကိုယ်မို့
    လုပ်နိုင်တာ အာခံဖို့ တခုသာရယ်ပဲ။

    သတိနဲ့ကိုယ် မြဲနေသရွေ့တော့
    ကိုယ့်ခေါင်းဟာ မညွှတ်ပြောင်းခဲ့ပါဘူး။
    ကောင်းကင်ကို ပစ်မတိုက်ရဲတဲ့ လှံတွေ
    မြေနိမ့်ရာ စိုက်ကြတာချည်းပဲ မဟုတ်လား။

    ဇလဗေဒကတော့ မုန်တိုင်းပြီးရင် လေပြည်လာမယ် ဟောတာပဲ။
    ကိုယ် ယုံကြည်ရာ ဘဝဗေဒကတော့
    ဆူနာမီ ပြီးတာတောင်
    မီးတောင် ပေါက်ကွဲနေတာမျိုး။

    ဘာပဲ ဖြစ်ဖြစ် အဆုံးထိ ဇွဲမလျော့
    ဆက်တော့ လှမ်းနေဦးမှာပဲ။
    ကောင်းကင်မှာ လေဟုန်စီးရတာချင်းတူတူ
    ကြိုးဆိုင်းထားတဲ့ စက္ကူစွန်ထက်စာရင်
    တောင်ပံ စစ်စစ်နဲ့ ပျံသန်းရဲတဲ့
    ငှက်ငယ်ဟာ လွတ်လပ်တယ်။

    #Khaing 🌻
    မနေ့ကစာတန်းချိတ်လို့ပစ်ခံရတဲ့ ရဲဘော်
    အရင်ရဲဘော်တွေ သေဆုံးတဲ့အကြောင်းတွေပြောပြီး ကလစ်ဖို့တိုက်တွန်းနေရတာမဟုတ်သေးဘူး
    ဒီမိုကရေ ပန်းတော့လိုချင်တယ် ကိုယ်တိုင်ကျ မစိုက်ပျိုးချင်ကျဘူး ခက်တယ်လူတွေ😌

    ReplyDelete
    Replies
    1. နားမလည်တဲ့သူတွေကို တခါရှင်းပြလိုက်ရင် ရသွားတယ်...
      နားမလည်ချင်ယောင်ဆောင်သူတွေကတော့ အခါ၁၀၀အထက်လဲ ဒီတိုင်းပါပဲ.(ဆင်ခြေဆိုတာအမြဲရှိ).
      လူ့စိတ်ကငြီးငွေ့လွယ်တယ်.အရှေ့တောင်အာရှကလူတွေရဲ့ သွေးမှာပါတဲ့ဓါတ်တမျိုးက ကောက်ရိုးမီးဆန်တယ်တဲ့ (ဖတ်ဖူးတာလေး, မှန်/မှား အငြင်းမပွားလိုဘူး)
      ခုချိန်ထိ ကိုယ့်တာဝန်ကိုယ်ယူမယ်ဆိုပြီး ဒီထိတူတူခရီးပေါက်ခဲ့တဲ့ တယောက်ချင်းစီကို လေးစားပါတယ်.
      အဆုးထိသွားကြမယ်လို့လဲ ယုံကြည်ပါတယ်.

      Delete
  18. အက်မင်ဂျီး အနောက်ကလိုက်ကြည့်နေတာလားဗျာ.(အပြင်ထွက်ရင်သတိထားမှ🤔😐) မနေ့က ဂျပန်မီးပုံးပင်လေး ချစ်စရာလေးဆိုပြီး ဝယ်လာခဲ့သေးတယ်.

    ReplyDelete
  19. တို့ကလစ် တို့ထောက်ပံ့ တို့အောင်ပွဲခံ
    Mon, 7 Feb, 2022

    ReplyDelete
  20. ပုံ​ရော စာပါ ကိုယ့်အကြိုက်ပါ အ​​ရောင်တွဲဖက်မှု​လေး​ရော​ပေါ့🥰

    ReplyDelete
  21. အဆုံအထိ သွားမယ်

    ReplyDelete
  22. အူနုကျွဲခတ်သလိုပဲ
    ဘ၀ကနုနု မုန်တိုင်းကထန်ထန်

    ReplyDelete
  23. take action ယူဖို့UN ကိုလူဘယ်လောက်သေပေးရမလဲတဲ့ ခုတော့ မင်းတို့ ကလစ်ဖို့supportလုပ်ဖို့ လူဘယ်လောက်ပေးရမလဲပြောင်းပီ ဒီမိုကရေစီ​ရောအပြည့်ဝရှိတဲ့ဖွံ့ဖြိုးပီးနိင်ငံ နိင်ငံသားတွေပြန်ကြည့်ပေးပါ သူတို့ဒီလိုရလာဒ်တွေရခဲ့တာ ချောင်နေချောင်စားနဲ့ရခဲ့တာလားလို့🦾

    ReplyDelete
  24. အားလုံးဂရုစိုက်ကြပါ

    ReplyDelete
  25. သွေးအေးပြီး နေနေသူတွေအတွက် ရင်နာတယ်

    ReplyDelete
  26. အားလုံး ဘေးကင်းပါစေ

    ReplyDelete
  27. အူနုကျွဲခတ်သလိုပဲ
    ဘ၀ကနုနု မုန်တိုင်းကထန်ထန်
    ဒီဒဏ်တွေခံနိုင် အိမ်နွေးနွေးလေး တစ်လုံးရှိ နေလို့တော်ပါသေးရဲ့

    ReplyDelete
  28. လူတွေကို ကလစ်ဖို့မပြောတော့ဘူး ကိုယ်တိုင်ပဲ ပိုကြိုးစားတော့မယ်.
    တစ်ချို့က စစ်တပ်နဲ့ပဲတန်တယ် 👌

    ReplyDelete
  29. ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက် ပိုပို click

    ReplyDelete
  30. ❤️God bless you all clickers & our admin ❤️

    ReplyDelete
  31. The quote I need most at the moment. 😍

    ReplyDelete
  32. ပြည်သူတွေရဲ့ စိတ်ဓာတ်က ဒီပွဲရဲ့ အဓိက
    အဆုံးအဖြတ်မို့ ဘယ်တော့မှ စိတ်မလျော့လိုက်ပါနဲ့ ❤️🧡

    ReplyDelete
  33. Never give up and never say die, try your best all the time💪

    ReplyDelete
  34. Our HEADs are BLOODY but UNBOWED.
    Our revolution must prevail.

    ReplyDelete
  35. When I feel lazy to click,
    I remember MAL face and hate him so much.
    I want him get his sin.
    So I must click.

    ReplyDelete
  36. မင်္ဂလာပါ.clickers

    ReplyDelete
  37. ​ထောက်ပို့တပ်သားများ
    ဖိုက်တင်း💪💪

    ReplyDelete
  38. Good Morning All☕️🍕🍮🍔🌹
    Take Care & God Bless You All 🌹🌸🌸🌹

    ReplyDelete
  39. We Click We Support We Fight We Win ✊✊✊✊✊✊✊✊✊

    ReplyDelete
  40. ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ်
    ​​ကျော်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ
    လူသားတွေရဲ့စွမ်းအားကြီးပါပဲ။

    ReplyDelete
  41. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete
  42. ချစ်သောသူများ အဓွန့်ရှည်ပါစေ🥰🥰
    ယုတ်မာသူများ အမြန် ကျဆုံးပါစေ

    ReplyDelete
  43. မောနင်း ☕🌮🍔🍜

    ReplyDelete
  44. အရေးတော်ပုံအောင်ဖို့
    အကြောင်းတရားများစွာထဲက
    ကလစ်တစ်ချက်
    သဲတစ်ပွင့် အုတ်တစ်ချပ်

    ReplyDelete
  45. Ok ကြိုးစားပီးလုပ်ပေးနေပါတယ်

    ReplyDelete
  46. မှာလားးး အချစ်များအကုန်လုံးမင်းတွက်

    ReplyDelete
  47. အခုနောက်ပိုင်းစစ်သားတွေထက် ဘောမတွေ တော်လှန်ရေးဘယ်တော့ပြီးမလဲဆိုပြီးဘာမှမဘုပ်ဘဲထိုင်ငြီးနေတဲ့သူတွေ ကြားနေတွေကိုပိုရွံမိတယ်

    ReplyDelete
  48. 💛♥️💜💙🧡💪💪💪

    ReplyDelete
  49. အရေးတော်ပုံအောင်ရမည်။

    ReplyDelete
  50. Stay strong 💪💪💪
    Spartan! 🛡️🛡️🛡️
    2.2

    ReplyDelete
  51. This comment has been removed by the author.

    ReplyDelete
  52. ငါ့တို့သမိုင်းငါ့တို့လှအောင်ရေးရမည်

    ReplyDelete
  53. ရေစက်မှ ပင်လယ်ဆီသို့
    -
    သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
    ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
    တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
    သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
    အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
    ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

Accept (Click 03)

ပဲ့တင် - ဝင်းမြင့် (Click 05)