Click 05

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. 2022Feb1Coup

      ဒီနေ့ဟာ ငရဲခန်းထဲကို အလန့်တကြားနိုးထလာရတာ
      အိပ်မက်တွေအားလုံးဖျက်စီးရိုက်ချိုးခံရတာ
      မျှော်လင့်ချက်တွေ ဆိတ်သုဥ်းခဲ့ရတာ ၁နှစ်ပြည့်တဲ့နေ့ ...

      တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး အသံဖြစ်တယ်...
      ဒီနေ့ တိတ်ဆိတ်ခြင်းသပိတ်မှာ တို့ပြည်သူတွေရဲ့ အင်အားကို ပြသကြမယ်...

      မနက်ဖြန်တွေ မျှော်လင့်ချက်တွေ ရှိနေသေးသရွေ့
      ငါတို့ရဲ့အရိုးနဲ့ အသွေးအသားတွေရှိနေသေးသရွေ့
      အာဏာရှင်စနစ် အမြစ်ပြတ်အောင် တော်လှန်ကြမယ်...
      တစ်နေ့မှာတော့ ငါတို့အမှန်တကယ်လွတ်လပ်ပြီလို့ အော်နိုင်ဖို့အတွက်ပေါ့...

      Maple

      Delete
    2. Be safe our people
      💪💪💪💪💪

      Delete
    3. နိုင်ငံတော်ကိုခွေးဆွဲသွားတဲ့နေ့ 🤬

      Delete
  2. ပြည်သူတွေကို အမိုက်မှောင်ထဲကို ဆွဲချခဲ.တဲ. အာဏာသိမ်းမူ တစ်နှစ်ပြည်.ခဲ.ပီ အာဏာသိမ်းမူကို ဆန်.ကျင်တဲ. ပြည်သူတစ်ယောက် အနေနဲ. Silent strike မှာ ပါဝင်ခဲ.ပါတယ် မအလ နဲ. စစ်ခွေးတစ်သိုက် သေမှ ငါတို. Strike တွေရပ်မယ်

    ReplyDelete
  3. Clicking 💪💪💪💪🌹🌹🌹🌹

    ReplyDelete
  4. သို......

    ငါတို့ချစ်ရတဲ့ (ဒီမိုကရေစီ)

    ဒီနေ့ဟာ အသက်ငါးနှစ်သာရှိ​သေးတဲ့မင်းကို အာဏာရူး
    လူယုတ်မာတသိုက်ရဲ့ လုယက်ဖျက်စီးသိမ်းပိုက်ခံလိုက်ရတာ တနှစ်ပြည့်ခဲ့ပြီ......
    မင်းသေဆုံးသွားပြီလို့ ငါတို့(ပြည်
    သူ)တေွလုံးဝမယုံကြည်ပါဘူး
    မင်းရှင်သန်လာဖို့ ရေလောင်း
    ပေါင်းသင် ပိုးသတ် လုပ်နိုင်တာအကုန် အတူလုပ်နေကျတယ်
    အချိန်မနှောင်းခင်ပြန်လာခဲ့ပါ......
    ပြန်လာရင်ချစ်တယ်ဆိုတဲ့စကားထက်ပိုတဲ့ အရာတွေနဲ့ မင်းကိုစောင့်ကြိုနေတယ်.......

    ...မျှော်နေမယ်ဆောင်းမနက်တွေထဲ
    ....ဒီရင်ခွင်အိုဟောင်းလေးက
    အသင့်ရှိနေဆဲ
    ......မင်းရဲ့ရင်ထဲမှာ အချစ်တို့ရှိသေးရင် ပြန်လာခဲ........(ဒီမိုကရေစီ)

    ReplyDelete
  5. မအလတွေ အာဏာသိမ်းတာမအောင်မြင်တဲ့တနှစ်ပြည့်

    ReplyDelete
  6. အမှန်တရားက ကပြနေတုန်း လက်ခုပ်လောက်တော့တီးရဲကြပါစေ

    ReplyDelete
  7. နှစ်ပေါင်း60ကျော် နိုင်ငံရေးပြဿနာတွေဟာ

    အာဏာရှင်စစ်တပ်ကြောင့်ဆိုတ

    ပြည်သူအားလုံးသိသွားခဲ့ပြီ၊

    ဘယ်လိုဝါဒမှိုင်းမျိုးမှ တိုက်လို့မရတော့ဘူး သဘောပေါက်

    ဒီနေ့ silent strikeကသက်သေပဲ

    ဒီမိုကရေစီနှင့်ထိုက်တန်လွန်းတဲ့ပြည်သူတွေ

    ReplyDelete
    Replies
    1. ပြည်သူတွေဟာ တာဝန်ကျေလွန်းပါတယ် ဗျာ....

      Delete
    2. စိတ်ဆုံးဖြတ်ချက်တွေပြတ်သားနေကြပြီ
      ပျော်ရွှင်စရာနေ့တွေရောက်တော့မှာပါ ညိုပြာ

      Delete
  8. 🧡💙💜♥️💛💪💪💪

    ReplyDelete
  9. သူ့ကျွန်မဟုတ်တဲ့ ငပုကျွန်ဘဝရောက်တာ တစ်နှစ်ပြည့်ပြီ

    ReplyDelete
  10. ပြည့်အင်အားသည် ပြည်သူမှာသာရှိသည်။ 💖💖💖

    ReplyDelete
  11. အ​မှောင်ထဲ ​ရောက်တာ တစ်နှစ်ပြည့်ခဲ့ပြီဒီတစ်နှစ်တွင်းမှာ စစ်​ခွေး​တွေ မနိုင်တဲ့အပြင် ရှုံး​တောင် ရှုံး​နေ​သေး
    ငါတို့ကလည်း ဘယ်​တော့မှ ​သွေးမ​အေးဘူး ...
    ဘယ်အရာကမှ
    ငါတို့ကို တားဆီးပိတ်ပင်လို့မရဘူး
    ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့
    နိုင်မှာဆိုတဲ့ ယုံကြည်ချက်​တွေနဲ့
    အတားအဆီးမှန်သမျှ အကုန် ချိုးဖျက်ပြီး
    အနာဂတ်​နေ့သစ်​တွေဆီ
    အတူတူ ​လျှောက်လှမ်းကြမယ်

    ReplyDelete
  12. မီးကပျက် ဝိုင်ဖိုင်ကမရ ဘေလ်ကမရှိသော်လည်း ရအောင်ကလစ်မယ်

    ReplyDelete
  13. အခါတော်ရောက်ချိန်
    နီးလို့လာပေ... 🤍❄️

    ReplyDelete
  14. အောင်စည်ယွန်းသံ
    ကြားရင်ဖြင့် ပြည်တော်ဝင်မယ်လေ... 🍀

    ReplyDelete
  15. ပြည်တော်ဝင်ဖို့
    ရုန်းကြစို့ 👊👊👊

    ReplyDelete
  16. အာဏာသိမ်းတစ်နှစ်ပြည့်ပြီ
    အဓိက အခုချိန်ကတော့ PDF တွေကိုထပ်တိုး support ကြဖို့ပါပဲ
    ၀မ်းနည်းနေလို့ ဘာမှဆက်ဖြစ်လာမှာမဟုတ်ဘူးကွယ်

    ReplyDelete
    Replies
    1. ကိုယ်တွေစည်းလုံးညီညွတ်မှုကိုသူတို့တွေလန့်ပါတယ် 😎

      Delete
  17. ဒီ​နေ့ဆို အာဏာသိမ်းခဲ့တာ တနှစ်ပြည့်ပြီ ဖြစ်သလို အလုပ်လက်မဲ့ ​နေခဲ့ရတာလည်း တနှစ်ပြည့်ခဲ့ပါပြီ
    အ​ရေး​တော်ပုံ မုချ​အောင်ရမည် 🦾🦾🦾

    ReplyDelete
  18. We will fight till the END.
    Cold day, Cold heart and Silent....
    We own our country. Not for dictatorship

    ReplyDelete
  19. Freedom from fear

    တစ်နှစ်ပြည့်သွားလဲ
    တော်လှန်သံတွေဟာ ဆူညံဆဲ
    သွေးကြွေးမှာ ဆွေးနွေးစရာမရှိ
    မတရားမူရှိနေသရွေ့
    ငါတို့ဟာ ပုန်ကန်နွယ်တွေပဲ..Yuko

    ReplyDelete
  20. အာဏာခိုးမှု တနှစ် ပြည့်လာတဲ့အချိန် ငါတို့တွေ ပိုပို သန်မာလာတယ် အောင်ပွဲနဲ့ ပိုပိုနီးလာတယ်
    ဟို မအလ အုပ်စုကတော့ ပိုပို ဂယောက်ဂယက် ဘုတ် ဘုတ် ဘတ်ဘတ်တွေနဲ့ တုန်လှုပ်နေကြပြီ
    ငါတို့တွက် အောင်ပွဲကလွှဲပီး အခြားမရှိ💪💪💪

    ReplyDelete
  21. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  22. Ten thousand people, maybe more
    People talking without speaking
    People hearing without listening
    People writing songs that voices never shared
    And no one dared
    Disturb the sound of silence

    ReplyDelete
  23. "အာဏာာသိမ်းတာ ၁ နှစ်ပြည့်ခဲ့ပါပြီ"

    လူထုလက်ထဲရှိရမယ့် အာဏာကို ဖက်ဆစ်စစ်တပ်က အတင်းအဓမ္မလုယူထားတာ ယနေ့ ( ဖေဖော်ဝါရီ ၁ ရက် နေ့) မှာ တစ်နှစ် ပြည့်ခဲ့ပါပြီ
    ဒီတစ်နှစ်တာလုံးမှာ လူထုတစ်ရပ်လုံးက အသက်တွေ၊ သွေးတွေ ပေးဆပ်ပြီး တော်လှန်ပုန်ကန်ခဲ့တာကလည်း တစ်ရက်မှ မပြတ်ခဲ့ပါဘူး
    ကျခဲ့တဲ့သွေးတွေ မခြောက်သေးသလို ပေးဆပ်ဆဲ သွေးတွေက ဒီနေ့အထိ နီထွေးရဲရင့်နေဆဲပါ

    ရုန်းထွက်ကြပါ
    သေဒဏ်ပဲချချ
    ထောင်ဒဏ်ပဲချချ
    အားလုံးက မတရားတဲ့ အမိန့်ချခံနေရတာပါပဲ
    ဒီပွဲနိုင်ရင် အားလုံးလွတ်ပြီ
    ရဲဘော်တွေကို ကူညီပါ
    တက်နိုင်တဲ့နေရာကနေ ပါဝင် support ပါ
    အလှူငွေထည့်ဖို့ အခက်အခဲရှိရင်
    Click ပါ
    မြေပြင်သတင်းပေးပါ
    မိမိတက်နိုင်တဲ့နေရာကနေ တော်လှန်ပါ
    ဒီတော်လှန်ရေးဟာ ပြည်သူအားလုံးအတွက် လူသားဆန်တဲ့ တိုင်းပြည်ပြန်ရဖို့ အခွင့်အရေး ဖြစ်တယ်

    San Zuren

    ReplyDelete
    Replies
    1. မြေပြင်ချိတ်ဆက်ကလစ်မပျက်❤✅

      Delete
  24. 01ကိုဘယ်တော့မှမမေ့(moonshine)

    ReplyDelete
  25. ဟိုးဘက် ဟိုးဘက်ထိ
    ပေါက်ထွက်သွားမယ့်အသံ
    တိတ်ဆိတ်ခြင်းအသံ

    ReplyDelete
  26. ဆက်ကြိုးစားကြမယ်။
    အားမလျော့ကြေး။
    သွေးမအေးကျေး။

    ReplyDelete
  27. သင့်မှာခွန်အားနဲ့သစ္စာရှိပါစေ💪💪💪

    ReplyDelete
  28. အိပ်ရေးတွေပျက်ခဲ့တာ
    နှလုံးသားတွေကွဲကြေရတာ
    မျက်ရည်တွေပါးထက်မခြောက်သေးတာ
    ရိုင်းစိုင်းစွာပြောတတ်လာတာ
    ‌‌သခဇလည်းမသေနိုင်သေးတာ
    တစ်နှစ်ပြည့်ခဲ့ပြီ
    သွေးတော့မအေးသေးပါဘူး
    နိုင်ကိုနိုင်မဲ့ပွဲမို့
    နိုင်အောင်တိုက်မှာ
    💪💪💪💪💪
    ချစ်ခြင်းများဖြင့်။။။နွေ

    ReplyDelete
  29. တိတ်ဆိတ်နေရင်း
    ကလစ်နေရင်း
    ဖက်ဒရယ် ဒီမိုကရေစီ
    ရှင်သန်အားကောင်းဖို့
    တိုက်ပွဲဝင်နေကြသော
    ပြည်သူ့အာဇာနည်
    သူရဲကောင်းများကို
    လေးစားဦးညွတ်
    ဂုဏ်ပြုလျက်ပါ။

    ReplyDelete
  30. ပြည်တော်ဝင်ဖို့ရုန်းကြစို့

    ReplyDelete
  31. ဘယ်တော့မှမမေ့ဘူး

    ReplyDelete
  32. အေရးေတာ်ပုံေအာင်ရမည်🌹

    ReplyDelete
  33. တို့ကလစ် တို့​ထောက်ပံ့ တို့အောင်ပွဲခံ

    ReplyDelete
  34. Our people are safe and protected as they claim the Victory.

    ReplyDelete
  35. တိုင်းပြည်ရဲ့တိုးတက်မှုလမ်းစပျောက်ခဲ့တဲ့နေ့
    လူငယ်တွေရဲ့အနာဂတ်တွေရိုက်ချိုးခံခဲ့ရတဲ့နေ့
    ပြည်သူတွေရဲ့မျှော်လင့်ချက်တွေမိုးမှောင်ကျခဲ့ရတဲ့နေ့
    FEBRUARY 1
    အသက်တွေပေးခဲ့ရတဲ့သူတွေကိုဂရုဏာသက်ခြင်းဖြင့် အိုးအိမ်ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရသူတွေကိုစာနာသောအားဖြင့် digital strike မှာပါဝင်ကြပါစို့
    နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သော ပါဝင်နေကြသော နယ်ပယ်အရပ်ရပ်မှသူတွေကို ဦးညွှတ်လေးစားလျက်

    ReplyDelete
  36. ကလစ်Rateတက်ဖို့ဆုတောင်းပါတယ် အဲ့လဲ့ စာဆန်နေပြီ

    ReplyDelete
  37. လက်ခုပ်တီး ပြီးသွားဘီ။

    ReplyDelete
  38. "လျောက်လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းဟာ ပန်းတိုင် အတွက်ပဲ
    အောင်မြေမှာ အောင်ပွဲထူပြီး အောင်လံကို ဖမ်းကိုင်တက်မယ်"

    ReplyDelete
  39. unknownများနှင့်clickersအားလုံးကို ချစ်ပါတယ်
    မန့်သူ မမန့်သူရောပေါ့

    ReplyDelete
  40. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  41. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  42. ကမ္ဘာတပတ်ပတ်သွားတဲ့
    တိတ်ဆိတ်ခြင်း

    ReplyDelete
  43. လှပတဲ့ အနာဂါတ်ဆီကို တို့တူတူခရီးသွားကြမယ်
    ချစ်စရာကောင်းတဲ့ နှလုံးလှလူ့အသိုင်းဝိုင်းနဲ့ တို့တူတူနေကြမယ်
    ကိုယ့်ကံကြမ္မာကို တို့တူတူကိုယ်တိုင် ထုဆစ်ကြမယ်
    လူတိုင်းလုံခြုံ လွတ်လပ်တဲ့ အနာဂါတ်ဆီ တို့တူတူ
    လှပတဲ့ ကမ္ဘာကို တို့တူတူဖန်တီးကြမယ်
    မိနစ်တိုင်း ခြေလှမ်းတိုင်း တို့တူတူ အားစိုက်ကြမယ်

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

Accept (Click 03)

ပဲ့တင် - ဝင်းမြင့် (Click 05)