You Can't Walk Again If You Lose Your Pinky Toe - Myth or Fact (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

ခြေသန်းလေး ပြတ်သွားရင် လမ်းမလျှောက်နိုင်တော့ဘူးဆိုတာ
ယုံတမ်းလား၊ အတည်လား?

        တော်တော်များများကတော့ ခြေသန်းလေးကို ကြည့်လိုက်ရင် ပုစိညှောက်တောက်လေးဆိုတော့ ဘာမှအသုံးမဝင်လောက်ပါဘူးကွာလို့ ထင်ချင်ထင်ကြမှာပါ။ ဒါပေမယ့် ဓါးနဲ့ ခိုက်မိတာတို့၊ ကျိုးသွားတာတို့၊  တခြား တစ်ခုခုဖြစ်သွားတယ် ဆိုပါစို့။ အဲ့လိုဆိုရင် ကိုယ့်လူတို့ အမြင်ပြောင်းသွားကြမှာပါ။ အဲ့ဒီ ခိုက်မိသွားတဲ့ ခြေသန်းပုစိလေးက နေ့စဉ်ဘဝကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သိသွားရပါလိမ့်မယ်။

        ခြေထောက်ရဲ့ ရှုပ်ထွေးလှတဲ့ ဖွဲ့စည်းပုံထဲမှာ ခြေသန်းလေးကလည်း အဖွဲ့ဝင်တစ်ယောက် ဆိုပါတော့ဗျာ။ သာမန်ခြေထောက်တစ်ချောင်းကို အဆစ်ပေါင်း ၃၀၊ အရိုး ၂၈ ချောင်း၊ ကြွက်သားမျှင်နဲ့ အရွတ်ပေါင်း ၁၀၀ ကျော်လောက်နဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီအစိတ်အပိုင်းတွေထဲက တစ်ခုခု ခိုက်မိပြီဆိုတာနဲ့ ကိုယ့်လူတို့ခြေထောက်တော့ နာပြီသာ မှတ်ပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခြေထောက်မှာ ကြွက်သားနဲ့ သွေးပမာဏ ပါဝင်မှုများတဲ့အတွက် ရောင်ရမ်း၊ ကိုက်ခဲတာတွေ ဖြစ်နိုင်လို့ပါ။

        ခြေသန်းလေး ပြတ်သွားရင် လမ်းမလျှောက်နိုင်တော့ဘူးလား ဆိုရင်တော့ မဟုတ်ပါဘူး။ အချိန်တစ်ခုရောက်လို့ ကျင့်သားရသွားရင်တော့ လမ်းလျှောက်ရ အဆင်ပြေသွားမှာပါ။ ဒါပေမယ့် ပုံမှန်လိုတော့ ကောင်းကောင်းကြီး လျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ခြေသန်းလေးကလည်း လမ်းလျှောက်တဲ့နေရာမှာ အခရာကျလို့ပါပဲ။ သူက လမ်းလျှောက်တဲ့နေရာမှာ ဟန်ချက်ညီဖို့နဲ့ တွန်းကန်အားပေးဖို့အတွက် အလုပ်လုပ်ပေးတာပါ။ "လူတစ်ယောက် လမ်းလျှောက်ပြီဆိုရင် ခြေထောက်ဟာ ဘေးတိုက်အနေအထားကနေ အတွင်းဖက်ကို လည်သွားပါတယ်။ အဲ့ဒီလှုပ်ရှားမှုကြောင့် တွန်းကန်အားရပြီး ကျွန်တော်တို့ဟာ နောက်ခြေတစ်လှမ်း ဆက်လှမ်းနိုင်တာပါ။ အကြောင်းအမျိုးအမျိုးကြောင့် ခြေသန်းလေး ခိုက်မိသွားတယ်ဆိုရင် တွန်းကန်အားပိုင်းမှာ ကန့်သန့်ချက်လေးတွေ ဖြစ်သွားနိုင်ပြီး လမ်းလျှောက်တဲ့ပုံစံပါ ပြောင်းသွားနိုင်ပါတယ်။" လို့ Dr. Bruce Pinker က ပြောပြထားပါတယ်။

        ပြောရရင် ကျွန်တော်တို့ရဲ့ခြေထောက်ဟာ ၃ ချောင်းထောက် (Tripod) လိုပါပဲ။ ခြေဖနောင့်၊ ခြေသန်း၊ ခြေမ ဆိုတဲ့ ထောက် ၃ ထောက်နဲ့ မတ်တပ်ရပ်နိုင်တာပါ။ အဲ့ထဲက ခြေသန်းရယ်မှ မဟုတ်ပါဘူး၊ တစ်ခုခု ဒဏ်ရာအနာတရ ဖြစ်သွားပြီဆိုတာနဲ့ လမ်းလျှောက်တာ၊ ပြေးတာတို့မှာ တော်တော်လေးကို ကန့်သန့်ချက်တွေ ရှိသွားနိုင်ပါတယ်။ ရေကူးချန်ပီယံတွေအတွက်ကတော့ အဲ့ဒီခြေသန်းလေးက မင်းသားပါပဲ။ ဒိုင်ဗင်ထိုးတဲ့အချိန် ဒါမှမဟုတ် အရှေ့ရောက်အောင် အားယူဖို့အတွက် ရေကန်ဘောင်ကို ကန်ပြီးထွက်ရတဲ့အချိန်တွေဟာ ခြေသန်းလေးမရှိရင် အချိန်နှောင့်နှေးမှုတွေ ဖြစ်သွားနိုင်ပါတယ်။

        ဒါပေမယ့် ခြေသန်းလေး ခိုက်မိသွားတိုင်းလည်း အစိုးရိမ်မလွန်ကြပါနဲ့ခင်ဗျာ။ အပေါ်ယံ အရေပြား ပွန်းရုံပဲ့ရုံလောက်ကတော့ ဘာမှမဖြစ်ပါဘူး။ အချိန်တန်ရင် သူ့ဘာသာ အနာကျက်ပြီး ပြန်ကောင်းသွားမှာပါ။ ဆိုတော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကိုသွားပြီး စစ်ဆေးပါ။ အတွင်းပိုင်း ကြွက်သား ဒါမှမဟုတ် အရိုးပိုင်း ထိခိုက်မှု ရှိတယ်ဆိုရင်လည်း အားမငယ်ပါနဲ့။ ဆရာဝန် ညွှန်ကြားမှုအတိုင်း လိုက်လုပ်လိုက်ပါ။ လမ်းကတော့ အေးဆေးပြန်လျှောက်နိုင်ပါတယ်ခင်ဗျာ။ ဒီလို အားမငယ်ပါနဲ့ ပြောရတာလည်း အကြောင်းရှိပါတယ်ခင်ဗျာ။ ခြေသန်းလေး ထိခိုက်သွားတဲ့ လူတော်တော်များများဟာ "ငါတော့ လမ်းလျှောက်လို့ ရတော့မှာမဟုတ်ဘူး" ဆိုပြီး စိတ်ဖိစီးမှုတွေ ရတတ်လို့ပါ။

        ဆိုတော့... ခြေသန်းလေး ပြတ်သွားရင် လမ်းမလျှောက်နိုင်တော့ဘူး ဆိုတာက မဟုတ်ပါဘူး။ ဖြစ်ဖြစ်ခြင်းမှာတော့ လမ်းလျှောက်လို့ မရနိုင်လောက်အောင် နာကျင်ကိုက်ခဲတာတွေ ရှိမယ်ပေါ့ခင်ဗျာ။ ဒါပေမယ့် အချိန်တစ်ခုကြာလို့ နေသားကျသွားရင်တော့ လမ်းလျှောက်ဟန် ပြောင်းသွားတာကလွဲလို့ အေးဆေး လမ်းပြန်လျှောက်နိုင်မှာပါခင်ဗျာ။

          ဒီအကြောင်း ရေးဖြစ်တာကတော့ ဘာရယ်မဟုတ်ပါဘူး။ ဟိုတစ်နေ့က John Cena ရဲ့ Peacemaker Series ကို ကြည့်ရင်း အတွေးရသွားလို့ပါခင်ဗျာ… 😅

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. ဘယ်လိုမျိုးမဆို ဖိနှိပ်တားဆီးပါ​စေ
    ငါတို့ဟာ နိုင်​အောင် တိုက်မယ်
    နိုင်မယ်ဆိုတာလဲ လုံးဝယုံကြည်တယ်
    ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ်
    အတူတူ ရင်ဆိုင်​ကျော်ဖြတ်ကြမယ်
    ငါတို့မှာ ငါတို့ပဲ ရှိတယ်

    ReplyDelete
    Replies
    1. ခြေသန်းလေး ပြတ်သွားရင် လမ်းမလျှောက်နိုင်တော့ဘူးလား ဆိုပြီး ကျ​နော်​တော့ တခါမှ မ​တွေးမိဘူး
      ကျ​နော်က thinking မ​ကောင်းဘူးရယ်

      Delete
    2. Well done
      San Zuren ​ရေ....
      ဘယ်ဆီမှာများလဲ ဘယ်ရင်ခွင်နားလဲ??? ဒီချိန်ဆို ဘယ်သူနဲ့ ရှိ​နေမလဲ ??? ဟီး စတာ​နော်

      Delete
    3. ဟုတ်ပ အမြန်လာခဲ့ပါတော့လို့

      Delete
    4. This comment has been removed by the author.

      Delete
    5. Sammi ရေ
      ဒီအချိန်ဆို ကလစ်နဲ့ အတူရှိချိန် ကလစ်ရင်ခွင် အောင်းချိန်😝

      Delete
    6. ဟုတ်ပါ့ San Zuren ​ရေ မိုးလင်းက​​နေ မိုးချုပ် C2D ဆီမှာပါပဲ

      Delete
    7. ကြိုးစားရမှာပေါ့
      လဲရင် ပြန်ထ ဒါဘဝပဲလေ

      Delete
  2. Replies
    1. ဟုတ်တယ် မြင်ဖူးတယ် လမ်းလျောက်တဲ့ပုံစံပြောင်းသွားတယ် အာ့မတိုင်ခင် နှစ်အတော်ကြာ လမ်းကောင်းကောင်းမလျောက်နိုင်ဘူး

      Delete
    2. ကြိုးစားမှုကြောင့်ပေါ့

      Delete
  3. လမ်းလျှောက်ဟန်ပြောင်းသွားပေမယ့်ပြန်လျှောက်နိုင်မယ်ပေါ့နော
    အသေးဆုံးလေးပေမယ့် အထင်မသေးနဲ့ အရေးပါတယ်တဲ့
    ဗဟုသုတအတွက် ကျေးဇူးပါ မင်မင်

    ReplyDelete
    Replies
    1. အလွမ်းတွေလိုပေါ့
      ခဏလေးပဲဖြစ်ဖြစ်
      တစ်နေကုန်ဖြစ်ဖြစ်
      လွမ်း‌ရတာပါပဲ ညိုပြာ

      Delete
    2. ဗဟုသုတတွေ ရဘိုက်လို့ ကျေးဇူးပါ

      Delete
  4. ခြေသန်းလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်😄

    ReplyDelete
  5. လွတ်လပ်မှုကို လိုချင်ရင် ပြောနေရုံနဲ့ မပြီးဘဲ တကယ်တိုက်ယူရပါမယ်...ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိလို့ ထောက်ပို့တာဝန်ကို ပိုပြီး ကျေပွန်ရပါမယ်...ဒါကြောင့် စစ်မှန်တဲ့ Democracy ရယူနိုင်ဖို့ ကိုယ်တိုင် မှန်မှန်ကန်ကန်ပါဝင်ပြီး အခုပဲ ကလစ်နှိပ်လိုက်ပါ...

    ReplyDelete
  6. မိုင်းထိတဲ့ရဲဘော်တွေကိုတွေးမိတယ်

    ReplyDelete
    Replies
    1. သူတို့ကြတော့ ခြေသန်းတင်မဟုတ်တော့ဘူးလေ ခြေထောက်တစ်ခုလုံး
      စခတွေကတော့အမှုန့်ဖြစ်လေကောင်းလေပါ ကိုယ့်လူတွေကိုသာ ဘာတစ်ခုမှမဖြစ်စေချင်တာ 😞

      Delete
    2. အဲ့လိုတွေကြောင့်လည်း C2D မှာ ထောက်ပို့အင်အား အထူးလိုအပ်တာပေါ့ခင်ဗျာ။

      Delete
    3. အထူးလိုအပ်မှန်း သိလို ကြိုးစားကလစ်နေပါတယ် မင်မင်

      Delete
  7. ကျေးဇူးပါ မင်မင်
    💞💞💞💞💞

    ReplyDelete
  8. ဗိုက်ဆာတယ်လို့

    ReplyDelete
  9. Clickပြီးရင် သွားစားတော့မယ်🙄

    ReplyDelete
  10. ဗဟုသုတ ရပါတယ်။ ကျေးဇူးပါရှင်

    ReplyDelete
  11. မင်မင်သာ
    အနားမှာ ရှိနေရင်
    စာဖတ်စရာ မလိုတော့ဘူး ထင်တယ်၊
    ဘယ်လိုသဘောရလဲ ကလစ်ကာ လေးတို့။

    ReplyDelete
    Replies
    1. Right🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

      Delete
    2. C2dpedia လေ အန်နုန်းပြောသလို

      Delete
    3. မင်မင် ဝေမျှတာလေးတွေ ကလစ်ရင်း ဖတ်မယ်😍😍😍

      Delete
  12. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  13. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  14. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  15. သူ့နေရာနဲ့သူ အရေးပါကြတာပဲဆိုတော့ ကျနော်တို့ကလစ်တချက်စီတိုင်းဟာလည်း သိန်းရာချီရဖို့အတွက်အခြေခံလေးတွေမို့ ကလစ်လို့ရတဲ့နေရာတွေအစုံ လိုက်ကလစ်ပေးကြပါဦးနော်။

    ReplyDelete
  16. ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ်
    ​​ကျော်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ
    လူသားတွေရဲ့စွမ်းအားကြီးပါပဲ။

    ReplyDelete
  17. ဖြစ်ဖူးတယ် ညာခြေသန်းကိုခလုတ်တိုက်ရင်းထိထားတော့ စွပ်ဖိနပ်စီးလည်းနာ လမ်းလျှောက်လည်းနာနဲ့ ထော့နဲ့ထော့နဲ့ ,နဲ့ ကောင်းကောင်းမလျှောက်နိူင်ဘူး

    ReplyDelete
  18. တို့ကလစ် တို့ထောက်ပံ့ တို့အောင်ပွဲခံ

    ReplyDelete
  19. အွန်းခန္ဓာကိုယ်အစိတ်အပိုင်းကသူနေရာနဲ့သူအရေးပါကြသလိုပေါ့

    ReplyDelete
  20. Unity is POWER.
    Together we win.

    ReplyDelete
  21. ငါတို့က‌
    ‌ခြေသန်းလေးတွေပေါ့ 😁

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. ဗဟုသုတရစေ‌တဲ့စာများကိုတင်ပေးသောAdmim ကျေးဇူးပါ

    ReplyDelete
  24. Arrr.​...အဲ့လို့ကိုး...
    Peacemaker seriesက ကောင်းလား recommendရင် ကြည့်ချင်ပါတယ်🤭....

    ReplyDelete
    Replies
    1. အသင့်အတင့်ပေါ့ခင်ဗျာ။ 😅

      Delete
    2. ယဲ ...အာ့ဆို...BLNovelလေးပဲပြီးအောင်ဖတ်လ်ုက်တော့မယ်😋

      Delete
  25. We must win..🌹
    We'll fighting together with all clickers till the end.🌹🌹🌹
    Thanks Admin 🌹

    ReplyDelete
  26. 💪💪🏼💪🏽💪🏿💪🏻

    ReplyDelete
  27. With passion & perseverance, I click everyday.

    ReplyDelete
    Replies
    1. Aww...ငါ့နှယ် ဒီစာဖတ်နေရင်းနဲ့ ခြေသန်းကိုလှန်ချိုးပြီးလမ်းလျှောက်ကြည့်နေတယ်။😅

      Delete
    2. တကယ်ကျိုးသွားရင် ကျွန်တော် မပါဘူးနော်ခင်ဗျ။ 🤭

      Delete
  28. ငယ်ငယ်ကခြေသန်းပြတ်မလိုတော့ဖြစ်ဖူးတယ် ကမြင်းကြောထတာ

    ReplyDelete
  29. ရှင်သန်ချိန်ဟာ စက္ကန့်ပိုင်းပဲ ကျန်တော့မယ်ဆို အဲ့ စက္ကန့်ပိုင်းလေးကို လိပ်ပြာလုံ ချင်တယ်

    ReplyDelete
  30. နှိပ်ပြီးပါပြီ

    ReplyDelete
  31. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  32. ယုံတမ်းပါ...😁
    ဒီရက်ပိုင်း ခြေသန်း၂ချောင်းလုံး ဒါဏ်ရာရနေတာ..(အိမ်ကကောင်တွေနှိပ်စက်လို့) လမ်းလျှောက်လို့ရပါတယ်..နာလိုခဏခဏကိုင်ကြည့်မိတာပဲ..သတိထားမိတယ်..
    (ဪ..ငါကပြတ်မှမပြတ်တာကိုး....ဒီလိုသံယောဇဉ်တွေ...ရေတွေလိုစီး.....)

    ReplyDelete
  33. Replies
    1. No, i don't love you .
      you are not my mglay😜😜

      Delete
  34. 🍐🍏🍎🍍🍌🍋🍊🍉🍈🍑🍒🍓🍅🥥

    ReplyDelete
  35. "Some birds aren't meant to be caged."
    "Their feathers are just too bright."

    ReplyDelete
    Replies
    1. "Remember Red,hope is good thing,maybe the best of things,
      and no good thing ever dies."

      Delete
    2. That's where I want to live the rest of my life.
      A warm place with no memory."

      Delete
  36. Our people are safe and protected as they claim the Victory.

    ReplyDelete
  37. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete
  38. အဲ့ အခရာ ခြေသန်းလေးကို တစ်နေ့ကို နှစ်ခါလောက်တော့ စောင်းတခုခုနဲ့တိုက်မိလိုက်ရမှ 😅

    ReplyDelete
  39. လူကောင်းတစ်ယောက်လို မလျောက်နိုင်တာတော့ အမှန်ပါ

    ReplyDelete
  40. Keep Going and Stay strong 💪🏻💪🏻💪🏻

    ReplyDelete
  41. အရွေ့တစ်ခုဖြစ်ပါရစေ

    ReplyDelete
  42. 💞💞💞🌹🌹🌹💕💕💕

    ReplyDelete
  43. ခလေးတွေဘေးကင်းပါစေ 🙏🙏🙏

    ReplyDelete
  44. ငြိမ်းချမ်းချင်နေပြီ🥺

    ReplyDelete
  45. 🚶🏃🤸🏋️⛹️🤾🚴🤼🏌️🏇⛷️
    🏂🏄🏊🤽🤺💃🕺👯👭👫👬
    👣👣👣👣👣👣👣👣👣👣👣
    ကျေးကျေးပါ

    ReplyDelete
  46. တနေကုန်နီးပါးပျက်နေတဲ့မီး
    ပလပ်ထိုးရင်း click တယ်
    ငါတို့နိုင်ရမယ်💪💪💪

    ReplyDelete
  47. You should care your pinky toe when walking on the way.

    ReplyDelete
  48. Oh! That's important for every body.

    ReplyDelete
  49. မအေလိုးမြင်းအောင်လှိုင်

    ReplyDelete
  50. မအေလိုးနွားအောင်လှိုင်

    ReplyDelete
  51. မအေလိုးသတောင်းဇားအောင်လှိုင်

    ReplyDelete
  52. မင်းအောင်လှိုင်မအေလိုး

    ReplyDelete
  53. according to Vigilante, we cant walk without pinky toe

    ReplyDelete
  54. အရာအားလုံးဟာ
    သူနေရာ သူ တန်ဖိုးရှိပါတယ် ❤️

    ReplyDelete
  55. Fight for freedom
    freedom fighters

    ReplyDelete
  56. Clicker မိမိ တနေကုန် ကလစ်သော်လည် အလျှင် မမီဖြစ်သော်လည်း မအိပ်မနေ အသက်ရှည် တဲ့ ကိုအက်ဒမင် ဓာတ်ရှင်ကလေးများ ခံစားချိန် ရှိသည် သိရ၍ ဝမ်းမြောက်မိကြောင်း

    ReplyDelete
  57. ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  58. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)