Dogs are color-blind (Myth or Fact)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

ခွေးလေးတွေဟာ အရောင်မခွဲခြားနိုင်ဘူးဆိုတာ

ယုံတမ်းလား... အတည်လား?


    ကိုယ့်လူတို့ ခွေးလေးတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တို့၊ ခွေးလေးတွေပါတဲ့ ရုပ်ရှင်တို့ကို ကြည့်ရင်သတိထားမိကြပါလိမ့်မယ်။ ခွေးလေးတွေက လှမ်းကြည့်တဲ့ ဇာတ်ဝင်ခန်းဆို သူတို့ဖက်က မြင်ရတဲ့အမြင်ကို အဖြူ၊ အမည်းနဲ့ ပြပေးတာမျိုးလေ။ ဆိုတော့ တကယ့်တကယ် လက်တွေ့မှာရော ခွေးတွေရဲ့ အမြင်အာရုံက အဲ့ဒီအတိုင်းပဲလား? လူသားတွေရဲ့ အကောင်းဆုံး မိတ်ဆွေလေးတွေဟာ တကယ်ပဲ အရောင်မခွဲခြားနိုင်ကြရှာဘူးလား?

        ပြောရရင် ရုပ်ရှင်တွေမှာပါတဲ့ အဖြူ၊ အမည်း ပြကွက်တွေဟာ လုံးဝကို မှားပါတယ်။ ခွေးတွေဟာ အဖြူနဲ့ အမည်း ၂ ရောင်တည်းကိုပဲ မြင်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် နားလည်အောင် အရှင်းဆုံး ပြောပြပေးရရင်တော့ လူသားတွေအခေါ် အရောင်မခွဲခြားနိုင်တာ (Color-Blind) ပေါ့ခင်ဗျာ။ ဘာလို့လဲဆိုတော့ ခွေးတွေရဲ့ မျက်လုံးထဲမှာ Cone လို့ခေါ်တဲ့ အရောင်အာရုံခံ ဆဲလ်လေး ၂ ခုပဲ ပါတာကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်တို့ လူသားတွေမှာတော့ ၃ ခုပါပါတယ်။ လူတွေ အရောင်ခွဲခြားနိုင်တာ ဘာကြောင့်လဲဆိုရင်တော့ ခုနကပြောသွားတဲ့ ဆဲလ် ၃ ခုမှာ ၁ ခုက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာကြောင့်ပါ။ အဲ့ဒီဖြစ်စဉ်ကို အရောင် ၂ ခုသာ မြင်နိုင်ခြင်း (Dichromacy) လို့ ခေါ်ပါတယ်။ ခွေးတွေရဲ့ အရောင်မခွဲခြားနိုင်မှုကလည်း အဲ့သဘောတရားပါပဲ။ ဆိုတော့... လူသားတွေ နားလည်နိုင်မယ့် စကားလုံးနဲ့ ပြောရမယ်ဆိုရင် ခွေးလေးတွေဟာ အရောင်မခွဲခြားနိုင်ကြပါဘူးခင်ဗျာ။

        ဒီလိုဆိုတော့ ခွေးလေးတွေက ဘာအရောင်တွေ မြင်နိုင်ကြတာလဲပေါ့။ မျက်လုံးမှာပါတဲ့ အရောင်အာရုံခံဆဲလ် ဆိုတာလေးတွေက အလင်းအလျားရဲ့ ပမာဏတစ်ခုကို ဖမ်းယူပြီး အလုပ်လုပ်ကြတာပါ။ လူတွေမှာဆိုရင်တော့ အနီ၊ အစိမ်း၊ အပြာဆိုတဲ့ အခြေခံအရောင်တွေကို ဖမ်းယူကြပါတယ်။ ပြီးမှ အဲ့အရောင်တွေကို ဟိုစပ်ဒီစပ်လုပ်ရင်း လက်ရှိ ကျွန်တော်တို့ မြင်နေရတဲ့ အရောင်မျိုးစုံအဖြစ် ဦးနှောက်ကို သတင်းပို့ပေးကြတာပါ။ ခွေးလေးတွေကျ သူတို့မှာပါတဲ့ ဆဲလ် ၂ ခုက အပြာနဲ့ အဝါကိုပဲ ဖမ်းယူနိုင်ပါတယ်။ သဘောက အပြာရောင်၊ အဝါရောင်နဲ့ အဲ့ ၂ ရောင်ကို စပ်လို့ ပေါ်လာမယ့် အရောင်တွေပေါ့။ အဲ့တာတွေကိုပဲ ခွေးလေးတွေ မြင်နိုင်စွမ်း ရှိကြတာပါ။ ဒါကြောင့် အနီရောင်ဆိုရင် ဝါညိုညိုအရောင်အဖြစ် မြင်ရမှာဖြစ်ပြီး၊ အစိမ်းရောင်ဆိုရင်လည်း အစိမ်းတောက်တောက် အရောင်မျိုး မမြင်ရဘဲ ခပ်မှိုင်းမှိုင်း စိမ်းဝါဝါအရောင် အဖြစ်ပဲ မြင်ရမှာပါ။

        ကဲ ခွေးလေးတွေ မြင်နိုင်မယ့် အရောင်လေးတွေကို သိသွားပြီဆိုတော့ သူတို့အတွက် အရုပ်တွေ၊ အင်္ကျီတွေ၊ တခြားအသုံးအဆောင်တွေ ဝယ်ပေးတော့မယ်ဆိုရင် သူတို့ကြိုက်တတ်မယ့် အရောင်လေးတွေ ရွေးတတ်သွားလောက်ပြီ ထင်ပါတယ်။ ကိုယ့်လူတို့ သတိထားမိမှာပါ။ ခွေးလေးတွေက ဘောလုံးဆိုရင် အစိမ်းနဲ့ အဝါ စပ်ထားတဲ့ တင်းနစ်ဘောလုံးကို အသားကုန် သဘောကျတတ်တာလေ။ အကြောင်းကတော့ ရှင်းသွားပါပြီ။ တင်းနစ်ဘောလုံးက သူတို့ကောင်းကောင်းမြင်နိုင်တဲ့ အရောင်မျိုး ဖြစ်နေတာကြောင့်ပါ။

        ပြောရမယ့် ကိစ္စက လာပြီ။ ကိုယ့်လူတို့ ဝယ်ပေးထားမိတဲ့ အရုပ်တို့ ဘောလုံးတို့က အနီရောင်၊ ပန်းရောင်လို တစ်ခုခု ဖြစ်နေတယ်ဆိုရင်တော့ မြက်ခင်းစိမ်းထဲတို့ ဒါမှမဟုတ် တခြားအစိမ်းရောင်များတဲ့ နေရာမျိုးမှာ ပစ်တိုင်း၊ ဖမ်းတိုင်း သွားဆော့ချင်လို့ မရပါဘူး။ ဆရာသမားလေးတွေခမြာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ဒေါင်ချာစိုင်းသွားကြပါလိမ့်မယ်။ အဲ့တာကိုမှ “ငါ ဘောလုံး ပစ်ပေးတာကို ဘာလို့သွားမကောက်တာလဲ? သူများကလေးတွေဆို လိမ္မာချက်၊ တန်းကောက်ပေးတာ.. ဘာညာ” အဲ့လိုမျိုးတွေ သွားမပြောမိပါစေနဲ့ခင်ဗျာ။ သူတို့ ဝမ်းနည်းသွားကြပါလိမ့်မယ်။ ကိုယ့်လူ ပစ်လိုက်တဲ့ ဘောလုံး၊ အရုပ်အရောင်ကို သူတို့မှ ကောင်းကောင်းမမြင်နိုင်ရှာတာကိုးဗျ။

ဝဲဖက် - သာမန်လူမျက်လုံးဖြင့် မြင်ရမည့်ပုံ၊ ယာဖက် - ခွေးလေးများ ကြည့်လျှင် မြင်ရမည့်ပုံ

        ဒါပေမယ့်ဗျာ... တကယ့်ဂွတီးဂွကျနိုင်တဲ့ ကိစ္စကို ပြောရမယ်ဆိုရင် အဝယ်အလိုက်ဆုံး ခွေးကစားစရာ အရုပ်တွေရဲ့ အရောင်က အနီရောင်နဲ့ လိမ္မော်ရောင်တဲ့ခင်ဗျာ။ ခွေးလေးတွေအနေနဲ့ ဘယ်လိုမှ ကောင်းကောင်းမမြင်နိုင်တဲ့ အရောင် ၂ မျိုး။ ဆိုတော့ ကိုယ်ဝယ်ထားမိတဲ့ ပစ္စည်းလေးတွေက အနီရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်တွေ ဖြစ်နေလို့လည်း ဝမ်းနည်းမသွားကြပါနဲ့ခင်ဗျာ။ တစ်ကမ္ဘာလုံး ကိုယ်လိုသူလို လူတွေချည်းပါပဲ။ ဘယ်အကုန် သိနိုင်ပါ့မတုန်း၊ နော..? အဲ့ဒီတော့ ဒီဆောင်းပါးလေး ဖတ်ပြီးတဲ့နောက် ဝယ်ဖြစ်တဲ့ ပစ္စည်းလေးတွေကျမှ သေချာရွေးဝယ်ပေးကြပေါ့ခင်ဗျာ။

C2D

ကိုးကား : American Kennel Club, Britannica.

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments


  1. BETTER LIFE

    ပြည်စုံသည်ဖြစ်စေ
    မပြည့်စုံသည်ဖြစ်စေ
    ဘဝက မင်းကိုပေးတဲ့အရာကို
    အမြဲရှိနေလိမ့်မယ်လို့ အတည်တကျ မမှတ်ယူပါနဲ့...
    မင်းဘဝကို ရှိနေတာထက်
    ပိုကောင်းအောင် ကိုယ်တိုင် တစ်ခုခုကို
    ဖန်တီးတည်ဆောက်လို့ ရပါတယ်...

    Don’t settle for what life gives you; make life better and build something.


    San Zuren 🌸

    ReplyDelete
    Replies
    1. 😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍

      Delete
    2. ဟုတ် အိမ်ကကောင်ကို စမ်းကြည့်ရအုံးမယ်🙂

      Delete
    3. wow... life gave nothing to me at all .... XD

      Delete
    4. တော်လှန်ရေးပြီးလို့ အသက်မသေသေးရင် ကြီးလာရင်ခွေးတကောင်မွေးမယ်ဗျာ။

      Delete
  2. အပြာ အဝါတွေပဲဝယ်တော့မယ်

    ReplyDelete
    Replies
    1. ဟုတ်ပါ့ အဒေါ်ရဲ့ခွေးလေးကို အပြာနဲ့အဝါ အရုပ်လေးတွေဘဲ ပေးတော့မယ်

      Delete
    2. ဟုတ်ကဲ့ဗျ

      Delete
    3. This comment has been removed by the author.

      Delete
  3. ဒီတစ်ခါမှ လွတ်လပ်ရေးရအောင်မတိုက်နိုင်ရင် နောက်ဘယ်တော့မှ
    လွတ်လပ်တော့မှာမဟုတ်ဘူး...

    ReplyDelete
  4. ခွေးတွေက သရဲတွေကို မြင်နိုင်တယ်ဆိုပြီးတော့ ပြောကြတယ်၊တကယ်တော့ ခွေးတွေက မျက်လုံးမွဲတယ်တဲ့၊သူတို့က အနံ့ခံနိုင်တာ ဟုတ်တယ်မဟုတ်လား😄

    ReplyDelete
    Replies
    1. ဟုတ်တယ် ကံနိမ့်လို့မြင်ရတာလို့ပြောကြတာပဲ🤔🙂

      Delete
    2. သရဲ​တွေက အဝါ​ရောင်နဲ့ အပြာ​ရောင်​တွေ ဖြစ်နိုင်တယ် 🤔🤔🤔

      Delete
    3. ဖြစ်နိုင်ပါတယ် ကိုမိုးရေ😁😁

      Delete
  5. Replies
    1. Sammi လေးကို reply ပြန်ပေးပါ C2D adminရယ်

      Delete
    2. 😂 ကွကိုတောင် သနားလာပြီ 😂😂😂

      Delete
    3. အိမ်က ခလေးကို စမ်းကြည့်အုံးမယ်

      Delete
    4. @Sammi မြောင်လေးတွေအတွက် Myth ပို့စ်လေး ရေးပေးနေပါတယ်ခင်ဗျာ။

      Delete
    5. မင်မင် စာပြန်လို့ ဒီည​တော့ အိပ်​ပျော်ပါ​တော့မလားဗျို့ လုပ်ကြပါအုံးးး 😂😂😂

      Delete
    6. မင်မင် စာပြန်လို့ ဒီည​တော့ အိပ်​ပျော်ပါ​တော့မလားဗျို့ လုပ်ကြပါအုံးးး 😂😂

      Delete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. Replies
    1. ပြစ်‌ပေးမယ် အနီအစိမ်းဘောလုံး🤭🥎🔴

      Delete
  8. ပဝါအစိမ်းပြရင် လိုက်မကိုက်ဘူး ပဝါအနီပြရင် လိုက်လိုက်ဖမ်းတယ် ဘာလ်ု့ပါလိမ့်နော်🤔

    ReplyDelete
  9. အဝါနဲ့အပြာ မှတ်ထားပါ့မယ်ရှင့်💛💙

    ReplyDelete
  10. 😘😘😘😘😘😘😘😘😘😘😍😍😍😍😍😍😍😍😍😍😍😍🙂🙂🙂🙂🙂😇😗😗

    ReplyDelete
  11. မိုက်လိုက်တာ ရေးထားတာ
    ခွေးမမွေးထားပေမယ့် ဗဟုသုတရပါတယ်နော်

    ReplyDelete
    Replies
    1. ဟိုနေ့က ဒူးရင်းသီးဖတ်ပြီးပြုံးမိတယ် ခြူးရေ🤭

      Delete
    2. ဟုတ်ဘူး T Lay
      ဒူးရင်းသီး သပ်သပ်ရှိသေးတယ်
      သာမီးတို့ မသိလိုက်တဲ့အပိုင်း😅😅

      Delete
    3. ဟာ
      T Lay တို့ မသိတဲ့ အပိုင်း
      ရှိသေးတယ်ပေါ့။

      Delete
    4. အရမ်းမိုက်တယ် တီလေး
      အဲဇာတ်လေး စိတ်ညစ်တာတောင် ပြုံးမိတယ်ဆို🤭

      Delete
    5. အင် သမီးလည်းမသိဘူး

      Delete
  12. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  13. ဒီလမ်းကိုလျှက်ဒီခရီးကိုရောက်မယ်ဆိုတာသိလျှက်နဲ့
    စွန့်လွှတ်စွန့်စားမင်းတို့စိတ်ကိုအရမ်းလေးစားပါတယ်...နောင်ကြိုးတွေ့ကြောင့် ငါတို့သက်ရှိနေသေးသ၍ပြန်ဆုံကြမယ်သူငယ်ချင်း❤

    ReplyDelete
  14. နှိပ်ပြီးပါဗြီ .....

    ReplyDelete
  15. များများclickကြမယ်

    ReplyDelete
  16. ဟုကဲ့..မှတ်ထားလိုက်ပါ့မယ်..
    အိမ်ကကောင်တွေကတော့ ဖျက်ဆီးရေးသမားတွေ..မမြင်လဲ အနံ့နဲ့လိုက်ကြတာ...
    (ကြုံလို့ပြောရရင် အာဝုတွေက ကိုယ့်ကိုသခင်လို့မှတ်ကြတယ်ဆိုတာ ဂျင်းနော်....ကိုယ့်မှာသူတို့အိမ်ဖော်ကြီးကိုဖြစ်လို့...တဂျီဂျီတွေ, မြောင်ကမှ ကိုယ်စိတ်ညစ်နေရင် ခေါင်းလေးတိုးပြီးလာချော့သေးတယ်)
    အာဝုတွေက အနံံခံကောင်းပြီး
    မြောင်တွေက အကြားအာရုံကောင်းတယ်ထင် (facts check မဟုတ်ပါဘူး ခင်ည..အိမ်ကကောင်တွေကြည့်ပြီးပြောတာပါ)

    ReplyDelete
    Replies
    1. ကိုယ်ကတော့ ပွတ်သီးပွတ်သပ် လုပ်တာ မကြိုက်တဲ့ သူမို့
      အာဝုပဲ ချစ်ပါတယ်။

      လက်ကိုက်ချင်တယ်ဆို လက်ကို သူ့ပါးစပ်ထဲ ထည့်ပေးထားလိုက်တယ်။

      လုံးဝ မကိုက်ပါဘူး၊ ငုံပဲငုံထားတာပါ။ တကယ်သာ ကိုက်မယ်ဆို လက်တောင် ပြတ်ထွက်သွားနိုင်ပါတယ်။

      Delete
    2. ကိုယ့်လို လိုက်မလုပ်ကြနဲ့နော်၊ သတိပေးမလို့ မေ့သွားလို့။

      Delete
    3. အိမ်က တဂျီဂျီလေး ပို့ပေးချင်လိုက်တာ..အက်မင်ဂျီး ပုံထဲကအတိုင်းပဲ..သူဆော့တာက ဆင်ကျီစားသလိုပဲဗျာ..

      Delete
    4. အိမ်ဖော်ကြီးလို့မှတ်တာကတော့ မြောင်တွေလည်းအတူတူပါပဲ သူတို့လိုမှကပ်တာ ကိုယ်ခေါ်လည်းစိတ်မပါရင် ခေါင်းတောင်ထောင်မကြည့်ဘူး

      Delete
  17. ဪ သတိထားပါ့မယ် မင်မင်လေးတို့ရေ။

    ReplyDelete
    Replies
    1. မင်မင်က ခွေးလိမ္မာ ကားလို့ ပြောလို့ သတိရသွားပြီ။

      Benji ဆိုတဲ့ ရုပ်ရှက်လေး အရမ်းကောင်းပါတယ်။

      Delete
    2. Hachiဆိုတဲ့ကားလေးတော့ကြည့်ဖူးတယ် T Lay
      ခွေးလေတွေဟာ အရမ်းသံယောဇဉ်တွယ်တတ်ကြတယ်

      Delete
    3. အိမ်ကသမီးအူဝဲမကတော့သူ့အမိုးနေမကောင်းယင်ဘယ်မှမသွားတော့ဘူးအနားမှာနေပေးရှာတယ်

      Delete
    4. Benji လေးကြည့်ကြည့် ညိုပြာလေး၊ ဇာတ်ကားထဲက မောင်နှမ ၂ ယောက်ကိုလည်းချစ်တယ်၊ Benji လေးလဲချစ်တယ်။

      Delete
    5. ညိုပြာလေး recommend ပေးတာလေးကြည့်အုံးမယ်၊ မင်းသားက T Lay ကြိုက်တဲ့ မင်းသား😁

      Delete
    6. ဟုတ်တယ် T lay Richard Gereလေ ညိုပြာလဲအရမ်းကြိုက်တဲ့မင်းသားကြီး၊ based on the true story, Tokyoဘူတာရုံရှေ့မှာ ဟာချီလေးရဲ့ရုပ်တုလေးပါထု‌ထားပေးတာ

      Delete
    7. ဟုတ် Richard Gereလေ ညိုပြာလဲအရမ်းကြိုက်တဲ့ မင်းသားကြီး၊ hachiက based on the true story, Tokyoဘူတာရုံရှေ့မှာ ဟာချီရုပ်တုလေး
      ပါ ထု‌‌ထားပေးတာ၊Banjiလဲကြည့်မယ်။🤗

      Delete
    8. ဟုတ် Richard Gereလေ ညိုပြာလဲအရမ်းကြိုက်တဲ့ မင်းသားကြီး၊ hachiက based on the true story, Tokyoဘူတာရုံရှေ့မှာ ဟာချီရုပ်တုလေး
      ပါ ထု‌‌ထားပေးတာ၊Banjiလဲကြည့်မယ်။

      Delete
    9. ဟုတ်TLay
      Richard Gereလေ ညိုပြာလဲအရမ်းကြိုက်တဲ့မင်းသားကြီး၊ Hachiက based on the true story

      Delete
  18. ခွေးလေးတွေက အရောင်မခွဲခြားတတ်ဘူးဆိုရင် သူ့သခင်ကို ဘယ်လိုသိမှာလဲ သူ့သူယ်ချင်း‌‌ ‌‌ေတွကို‌ေရာ သူဘယ်လိလုပ်သိတာလဲ ဒါက ယုံတမ်းတစ်ခုလို့ပဲမြင်ပါတယ်။

    ReplyDelete
    Replies
    1. @Nway Thant Zin အရောင်တွေကို မခွဲခြားနိုင်တာပါ၊ မျက်လုံး မမြင်ရတာ မဟုတ်ပါဘူးခင်ဗျာ။ အရိုးရှင်းဆုံး ဥပမာတစ်ခု ပေးရရင် အရောင်မခွဲခြားနိုင်တဲ့သူ (Color-blind) တွေကို ကြည့်လိုက်ပါ။ မီးပွိုင့်ကိုရောက်ရင် သူတို့ မီးနီသလား၊ စိမ်းသလား မခွဲခြားနိုင်ပါဘူး။ ဒါပေမယ့် မီးပွိုင့်ကြီး ရှိနေမှန်းတော့ သူတို့ မြင်ရပါတယ်။ အဲ့သဘောပါပဲခင်ဗျာ။

      Delete
    2. ခုမှ ရှင်းသွားတယ်
      အိမ်က ကလေးစမ်းကြည့်နေတာ🥎🏀..မင်မင်ပြောတာဟုတ်... အရောင်တောက်တာကို လက်ထဲက အရင်ယူတယ်

      Delete
  19. that's really helpful for me..thanks admin...

    ReplyDelete
  20. ကျေးဇူးပါ မင်မင်...တကယ်ကို ဗဟုသုတရစေပါတယ်...ကျေးဇူးပါဗျာ

    ReplyDelete
  21. Click Click Click 💪🤳. အိမ်မှာမမွေးထားပေမယ့် တစ်ခြားသူတွေကို ပြောပြလိုက်ပါ့မယ်

    ReplyDelete
  22. တို့ကလစ် တို့ထောက်ပံ့ တို့အောင်ပွဲခံ

    ReplyDelete
  23. အိမ်ကကောင်စမ်းကြည်ြရအုံးမယ်

    ReplyDelete
  24. တာတိုမှာ အင်အား
    တာလတ်မှာ အဆုံးအဖြတ်
    တာဝေးမှာ စိတ်ဓာတ်နော် ညီအကိုမောင်နှမတို့ ✊✊✊✊

    ReplyDelete
  25. မှတ်ထားလိုက်ပါပြီ မင်မင်ရေ
    🙆

    ReplyDelete
  26. ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ်
    ​​ကျော်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ
    လူသားတွေရဲ့စွမ်းအားကြီးပါပဲ။

    ReplyDelete
  27. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  28. ကြောင်လေးတွေအကြောင်းလည်း ပြောပြပေးပါဦးနော် 😊

    ReplyDelete
  29. Replies
    1. Life is like a box of chocolate.

      Delete
    2. You never known what you gonna get.

      Delete
    3. "Some birds aren't meant to be caged."

      Delete
    4. "Their feathers are just too bright."

      Delete
    5. "Every man has his breaking point."

      Delete
  30. အနာဂတ်တွေလှပဖို့

    ReplyDelete
  31. ငယ်တုံးက ခွေးသေပြီးတော့ အာဝု ရှိတော့ဘူး။

    ReplyDelete
  32. ဟုတ်တယ်ကိုယ့်မှာ ချင်းနဲ့ချီဇူးစပ်၂ယောက်ရှိတယ်(ကောင်လို့မသုံး) အရမ်းလိမ္မာတာ ကြွက်လို့ပြောလိုက်ယ့ုနဲ့ ထလိုက်ပြီးသားဘဲ

    ReplyDelete
  33. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  34. ကျေးဇူးပါ အိမ်ကလက်ကီးလေးအတွက် အဲ့အရောင်တွေဖဲဝယ်တော့မယ်

    ReplyDelete
  35. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  36. သံယောဇဉ်ဆိုတာနဲ့
    ခွေးလေးတွေအကြောင်း
    တွေးမိသလိုပေါ့
    c2D ဆိုတာနဲ့
    ညိုပြာ့အကြာင်းတွေးမိတော့တာပါပဲ

    ReplyDelete
    Replies
    1. ဂုဏ်ယူမိပါကြောင်း

      Delete
  37. ဟယ်...သနားသဝါးပြီ 😞😞....

    ReplyDelete
  38. "ပြည် သူ တွေ ရဲ့ အကျိုး ကို လုပ် ကိုင် နိုင် မှ သာ ပြည် သူ က လည်း ယုံ ကြည် အား ကိုး မှာ ဖြစ် ပါ တယ် "
    .
    .

    #ဒေါ်အောင်ဆန်းစုကြည်

    ReplyDelete
  39. ခလေးတွေဘေးကင်းပါစေ ������

    ReplyDelete
  40. ခွေးချစ်သူ တယောက်ပါရှင့်

    ReplyDelete
  41. ခလေးတွေဘေးကင်းပါစေ 🙏🙏🙏

    ReplyDelete
  42. အော်
    ခွေးတွေက အစိမ်းပဲမြင်တာကိုး
    သူတို့က Color Blind ကိုး

    ReplyDelete
  43. With passion & perseverance, I click everyday.

    ReplyDelete
  44. ငါကခွေးမို့လို့အပြာကြိုက်တာထင်တယ်😅

    ReplyDelete
  45. Clicking and fighting together!!!

    ReplyDelete
  46. thanks for sharing about something I don't know

    ReplyDelete
  47. Fight for free
    Fight for justice ⚖️⚖️⚖️

    ReplyDelete
  48. Wow! မင်မင် you are amazing!

    ReplyDelete
  49. ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်တွေဝယ်ပေးထားမိသောအခါ😌
    အားးး!!!ပြောရင်း အတိုးလေးကိုလွမ်းတယ်💔😭😭😭😭

    ReplyDelete
  50. တစ်နေ့တော့ ခွေးလေးတစ်ကောင်မွေးဦးမယ်💞

    ReplyDelete
  51. တပ်ပျက်နေပြီ၊ အာဏာရှင်ကိုတိုက်ထုတ်ဖို့ PDFအတွက် ကလစ်ကြစို့။

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)