Highest Mountain in Solar System - Did You Know?

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        "ရောက်မှ မရောက်ဖူးတာ၊ ယုံရမှာပေါ့" လို့တော့ မလုပ်ကြနဲ့နော်ခင်ဗျ 😂။ NASA က ဘိုးတော်တွေကိုယ်တိုင် အတည်ပြုပေးထားတာပါ။

        ပုံထဲမှာ စာအရှည်ကြီး မဆံ့လို့ ထည့်မပေးထားတာလေးတွေ ဒီမှာ ဆက်ပြောပြပါ့မယ်။ သူက ရိုးရိုးတောင် မဟုတ်ပါဘူး၊ မီးတောင်ပါခင်ဗျာ။ မီးတောင်ကိုမှ ဒိုင်းကာမီးတောင် (Shield Volcano) အမျိုးအစားပါ။ Shield Volcano ဆိုတာ ဘာလဲဆိုရင်တော့ ရဲမက်တွေ အသုံးပြုတဲ့ ဒိုင်းကာကို မြေပေါ်မှာ မှောက်လျက်ချလိုက်ပြီး အပေါ်စီးကနေ ကြည့်ရင် မြင်ရတဲ့ ပုံစံအတိုင်း ရှိနေတာမို့ အဲ့လိုခေါ်ဝေါ်ကြတာပါခင်ဗျ။ အဲ့တာကြောင့်မို့လည်း သူက မတ်စောက်နေတဲ့ တောင်မျိုးမဟုတ်ဘဲ ခပ်ပြေပြေ တောင်အမျိုးအစား ဖြစ်နေတာပါ။

Olympus Mons (NASA)

Olympus Mons (NASA)

        မီးတောင်အရှင်လား ဆိုရင်တော့ ဟုတ်ပါတယ်။ မီးတောင်အရှင်ပါ။ ဒါပေမယ့် သက်တမ်းနုပါသေးတယ်တဲ့။ NASA က ဘိုးတော်တွေ ခန့်မှန်းတာကတော့ ဘူမိဗေဒသဘောတရားအရ ကြည့်မယ်ဆိုရင် အိုလမ်ပတ်စ်မွန်စ်ဟာ နှစ်သန်းပေါင်း အနည်းငယ်ပဲ ရှိသေးတဲ့ ဘေဘီမီးတောင်လေးပါတဲ့၊ နောင်အချိန်တစ်ခု ရောက်ရင်တော့ သူဟာ ပေါက်ကွဲမယ့် မီးတောင်ပါပဲတဲ့ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. "နာကျည်းစိတ်"

    တစ်တိုင်းပြည်လုံး အုံကြွမဲ့နေ့
    ငါ...
    စစ်ခွေးတွေကို သတ်ရဖို့
    ဝန်‌လေးမယ် မထင်✊
    တိုက်ပွဲခေါ်သံပေးကတည်းက
    စိတ်ပူရမဲ့အစား
    ပျော်နေတဲ့ ငါ့ ရဲ့စိတ်
    နာကျည်းစရာတွေ ကြားထဲမှာ
    ဘယ်လောက် ပိတ် မိနေလဲ
    ဒါ.....သက်သေပဲ

    San Zuren 🌸

    ReplyDelete
    Replies
    1. နွေဦးလည်းလာတော့မယ်...
      ရောင်နီလည်းသာတော့မယ်...

      Delete
    2. 💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪

      Delete
    3. ဟုတ်တယ် ပြည်သူအားလုံးက အဆင်သင့်ပဲ San Zurenရေ✊💗
      ⚽မတသိုက်ကိုတော့ထည့်မပြောတော့ဘူး

      Delete
    4. ကြိုးစားကျပါ ဖိအားတွေကိုတွန်းလှန် ကြောက်စိတ်ကိုမှောက်ပစ် သင်တနေ့မုချအောင်မြင်မည်

      Delete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. မရောက်ဖူးတော့လည်း ယုံရမှာပေါ့ :D

    ReplyDelete
    Replies
    1. ဗဟုသုတရပါတယ် ဒါကအတည်ပြောတာပါ

      Delete
  4. When dictatorship is a fact, revolution becomes a right.

    Victor Hugo

    ReplyDelete
  5. နှိပ်ပြီးပါဗြီ.......

    ReplyDelete
  6. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete
  7. မမဆောင်းလို ယုံတော့ယုံပါတယ် ဒါပေမဲ့အယုံကြီးလည်း မဟုဘူး😁😁

    ReplyDelete
  8. Replies
    1. မီးတောင်ပေါက်ရင်ကမ္ဘာပေါ်ထိရောက်နိုင်သလား😁 ပေါက်ရင် အာကာသထဲဆိုတော့ ချော်ရည်တေမျောနေမှာပေါ့😁

      Delete
  9. With passion & perseverance, I click everyday.

    ReplyDelete
  10. You guys are so fast.
    Good job 👍👍👍

    ReplyDelete
  11. ကျနော်တို့မှာ အားကိုးစရာ ဆိုလို့ ပြည်သူတွေပဲ ရှိပါတယ်။

    ReplyDelete
    Replies
    1. ပြည်သူတွေမှာလည်း အားကိုးစရာဆိုလို့ ပီဒက်တွေ ယူဂျီတွေ EAO တွေပဲရှိပါတယ်...
      ရန်ကုန်မှာမိုးရွာနေတော့ တောထဲကပီဒက်တွေကိုစိတ်ပူပါတယ်..(ဂရုစိုက်ကြပါ)
      မိုးရာသီမရောက်ခင် အောင်ပွဲရချင်ပါပြီ..
      Fighting....

      Delete
  12. ရောက်မှ မရောက်ဖူးတာ ယုံရမှာပေါ့

    ReplyDelete
  13. တို့ကလစ် တို့ထောက်ပံ့ တို့အောင်ပွဲခံ

    ReplyDelete
  14. ဟယ်မီပုံမမြင်ရဘူး😢

    ReplyDelete
  15. ကိုယ့်ရင်ထဲမှာလဲ ဘေဘီမီးတောင်လေး...ဘယ်အချိန်ထပေါက်မလဲကြောက်နေရတယ်..😝

    ReplyDelete
  16. အကျယ်ကရောဗျ? ပုံမှန်းကြည့်ရရင် ကမ္ဘာမြေက တိုက်တတိုက်စာလောက်ရှိမလားပဲ...အာ့ဆို ဘယ်သူသိမှာလဲ ကိုယ်မီးတောင်ပေါ်ရောက်နေတယ်ဆိုတာ...မိစ္ဆာတွေရဲ့ဖျားယောင်းချက်ကကြောက်စရာကြီး..တော်သေး ကမ္ဘာကြီးက သဘောကောင်းလို့

    ReplyDelete
  17. မြင့်မိုရ်တောင်ဆွာဒါများလား🤭🤭

    ReplyDelete
  18. NASAကဆိုတော့ ယုံပေးပါမယ်လေ ...
    😌😌

    ReplyDelete
  19. Very informative. Thank you မင်မင် 😍

    ReplyDelete
  20. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  21. ဗဟုသုတတွေပြောပြပေးလို့ကျေးဇူးပါရှင့်

    ReplyDelete
  22. အာဏာရှင်​တွေအားလုံးကိုအဲဒီမီး​တောင်​ပေါ်ပို့​ပေးပါလား😁😁😁

    ReplyDelete
  23. thank for sharing admin
    ဗဟုသုတလဲရ စာတိုလဲဖတ်ရ💪

    ReplyDelete
  24. နောင်အချိန်တစ်ခု ရောက်ရင်တော့ သူဟာ ပေါက်ကွဲမယ့် မီးတောင်ဆိုပဲ ​ကြောက်စရာကြီး

    ReplyDelete
    Replies
    1. ဗဟုသုတ အရမ်းအားနည်းတဲ့ ကျ​နော် C2D နဲ့ ​တွေ့မှပဲ ဗဟုသုတ တိုး​တော့တယ်ဗျာ

      Delete
    2. အမှန်တရားက နိုင်မှဖြစ်မယ်။
      ဓမ္မကိုဓါးမိုးအုပ်ချုပ်တဲ့ခေတ်မှာ
      နေ့ရက်တိုင်း မျက်ရည်စက်လက်နဲ့ပြည်သူတွေ
      ကွေကွင်းခဲ့ ချစ်ရသူတွေ
      သေမင်းနဲ့လောင်းကြေးထပ်
      မြင့်မြတ်တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ
      သတ်တိနဲ့ဗတ်ြတိ အသမ်ဘိန်နခတ်တိယဟု
      ဝံသမပြတ် မြတ်လှစွာသောသူရဲကောင်းတွေ
      ပြီးတော့ ပွင့်ဖူးသင်းပျံ့ အနာဂတ်အလှတွေ
      ဝေဆာလွင့်ငြား အညွန့်များခက်ခက်ဝေ
      မျိုးစေ့ဘယ်လောက်မှန်မှန်
      မြေမမှန် အပင်မသန်ညှိုးလှီရချေရဲ့။
      ဒီတော်လှန်ရေးနိုင်မှ အိမ်ပြန်ခွင့်ရမယ့်
      ဒီတော်လှန်ရေးနိုင်မှ အိပ်ရေးဝဝအိပ်ရမယ့်
      ဒီတော်လှန်ရေးနိုင်မှ အနှစ်ပြည့်လှပြုံးနိုင်ကြမယ့်
      သန်း(၅၀)အတွက်
      ဒီတော်လှန်ရေးကို နိုင်အောက်တိုက်ကြမယ်။

      𝚄𝚗𝚒𝚝𝚢 𝙾𝚏 𝙺𝚊𝚕𝚊𝚢
      16𝚝𝚑 𝙹𝚊𝚗𝚞𝚊𝚛𝚢, 2022.

      Delete
    3. နိုင်ကိုနိုင်ရမယ်၊ နိုင်အောင်တိုက်ကြမယ်✊

      Delete
    4. အရှုံးမ​ပေးဘူး​ဟေ့... ပန်းတိုင်ဆီကို အ​ရောက်သွားမယ်
      တိုက်ထုတ်စို့​ဟေ့ ...
      ဒီအာဏာရှင်စနစ်ဆိုးကို 💪💪💪

      Delete
  25. Click Click Click 💪✊
    Click ကျပါ မိတ်ဆွေတို့ရယ်။များများထောက်ပို့နိုင်မှ မြန်မြန်ပြီးမယ့်ပွဲမို့လို့ပါ

    ReplyDelete
  26. အောင်ပွဲဆီသို့ချီတက်မည်

    ReplyDelete
  27. Planets,space တွေ အကြောင်းဆို အရမ်းစိတ်ဝင်စားပါတယ် ကျေးဇူးပါမင်မင်ရေ

    ReplyDelete
  28. ကမ္ဘာပေါ်ကနေတခြားဂြိုလ်ပေါ်ရောက်ဖို့ကလည်းဒီဘ၀လောက်နဲ့မမှီတော့ဘူးထင်ပါရဲ့ ညိုပြာ

    ReplyDelete
    Replies
    1. Avatar ကြည့်ဗျာ...ဂြိုဟ်ပြာလေးဖြစ်သွားမယ် (ညိုပြာလေး မဟုတ်ဘူးနော်) 😁😁

      Delete
  29. ဗဟုသုတလေးဖတ်ရင်း ကလစ်ရလို့ ကျေနပ်ရပါတယ် 👏💪

    ReplyDelete
  30. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
    Replies
    1. Money drop အစီအစဥ်မှာ ​မေးသွားတာ​တွေ့တယ်.. ဗဟုတတလည်း ရပါတယ်.. C2D ​ရေ..

      Delete
    2. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

      Delete
  31. "Life is like a box of chocolate.You never known what you gonna get".

    ReplyDelete
  32. စွန့်လွှတ်ရတဲ့ ထီးနန်းကို ပြန်ရဖို့ ငါတို့မှာ လိုအပ်ဆုံးက စိတ်တွေ ညီညာစွာ စည်းလုံးဖို့ ✊✊✊

    ReplyDelete
  33. တစ်ကယ်ကိုဗဟုသုတရစေပါတယ်

    ReplyDelete
  34. ဂြိုဟ်သားရှာ သွားကြမလို့လား?

    ReplyDelete
  35. Click ရတာ အားရတယ် အဲ့လိုပို့စ်မျိုးဆို

    ReplyDelete
  36. any myanmar typing training software for pc?

    ReplyDelete
  37. စစ်ခှေးကိုအပြုတ်တိုက်ဘို့ဝိုင်းပီးကလစ်စို့

    ReplyDelete
  38. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  39. ခလေးတွေဘေးကင်းပါစေ 🙏🙏🙏

    ReplyDelete
  40. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  41. May the force be with you 🤺

    ReplyDelete
  42. Oh!, that's interesting matter.

    ReplyDelete
  43. အဲမီးတောင်လေးပေါက်ခဲ့ရင်
    ကမ္ဘာကိုဘယ်‌လိုသက်ရောက်မှုတွေဖြစ်နိုင်မလဲ မဖြစ်သေးပေမယ့် တွေးပူမိပြန်ပြီ🤧🤧

    ReplyDelete
  44. ကလစ်ရင်းဗဟုသုတတွေလည်းများ ကလေးတွေသိပ်တော်ကြတာဘဲ ❤️💙

    ReplyDelete
  45. ဘေဘီမီးတောင်တဲ့🤒

    ReplyDelete
  46. နောက်တစ်ခု ထပ်သိရပြန်ပီ 😍

    ReplyDelete
  47. မီးတောင်ကပေါက်ကွဲ ပြီး အဲ့ကမီးတောင်အစ က မင်းအောင်လှိုင်မျက်ခွပ်ပေါ်တည့်တည့်ကျ ရမှာ

    ReplyDelete
  48. Keep Going and Stay strong 💪🏻💪🏻💪🏻

    ReplyDelete
  49. click လုပ်ရင်း ဗဟုသုတလည်းရတာပေါ့ ကျေးဇူးပါ။

    ReplyDelete
  50. ဘယ်တော့မှသွေးမအေးဘူး၊အဆုံးထိတိုက်မည်၊သွေးကြွေးမှာဆွေးနွေးစရာမရှိ၊စစ်အာဏာရှင်ကျရူံးရမည်။

    ReplyDelete
  51. တဘောင်

    "နဂါးတက်မင်းပြည်တော်ဆင်း
    မိစ္ဆာမင်းဆက် ပြုတ်လိမ့်မည်၊

    မင်းကျင့်တရားထုံးဆယ်ပါး
    နဂါးတပ်ကအောင်လိမ့်မည်၊

    မီးကုန်ယမ်းကုန် ရိက္ခာကုန်
    တပ်တွင်း သူပုန်ထလိမ့်မည်၊

    သူပုန်ထကာ မင်းမိစ္ဆာ
    ပြုတ်ကာ ချက်ချင်းကျ လိမ့်မည်။"

    ReplyDelete
  52. ma youk phuu tok ll yone ya mhr pok:(

    ReplyDelete
  53. 💞💞💞🌹🌹🌹💕💕💕

    ReplyDelete
  54. အမြဲတောက်လောင်နေတဲ့တနှာမီး
    ငါတို့သည်ကောက်ရိုးမီးမဟုတ်

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)