Click 04

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        ကိုယ့်လူတို့ ဒီပုဂ္ဂိုလ်ကိုတော့ မျက်မှန်းတန်းမိကြမှာပါ။ ဟုတ်ပါတယ်... "ကျွန်တော်/ကျွန်မ/မီ့/ငါ့ မှာ အိပ်မက်တစ်ခုရှိတယ်" ဆိုတဲ့ Memes ရဲ့ Template ထဲက သူပါ။ သူ့နာမည်ကတော့ Martin Luther King Jr. ပါ။

        သူ့ရဲ့အိပ်မက်က ကောင်းလွန်းလှပါတယ်။ ကမ္ဘာကျော်ခဲ့ပါတယ်။ ၁၇ မိနစ်စာ ရှိတဲ့ "I Have a Dream" ဆိုတဲ့ မိန့်ခွန်းပါ။ အကျဉ်းချုံး ထုတ်နုတ်ပြရရင်တော့ -

  • လူတိုင်း တန်းတူအခွင့်အရေး ရစေချင်တဲ့ အိပ်မက်၊
  • တစ်ခေတ်တစ်ခါက ကျွန်အနေနဲ့ ဆက်ဆံခံခဲ့ရတဲ့သူတွေနဲ့ အရင်းရှင်လူတန်းစား ဖြစ်ခဲ့သူတွေ စားပွဲတစ်ဝိုင်းထဲမှာ ညီအစ်ကိုအရင်းတွေလို ထိုင်နိုင်ကြစေချင်တဲ့ အိပ်မက်၊
  • မစ္စစပီပြည်နယ်လို တရားမမျှတမှုတွေ၊ ဖိနိပ်မှုတွေနဲ့ ပြည့်သိပ်နေတဲ့ ပြည်နယ်မျိုးတောင် လွတ်လပ်ပြီး တရားမျှတတဲ့ အိုအေစစ်ကြီးတစ်ခု ဖြစ်စေချင်တဲ့ အိပ်မက်၊
  • လူတစ်ယောက်ကို အသားအရောင်အရ ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်ဘဲ ကိုယ်ကျင့်တရားနဲ့ပဲ ချိန်ဆပေါင်းသင်းကြတဲ့ နိုင်ငံမျိုးမှာ သူ့ရဲ့ လူမမယ် ကလေးလေး ၄ ယောက် ရှင်သန်စေ့ချင်တဲ့ အိပ်မက်၊
  • အယ်လ့ဘားမားလို လူမျိုးရေး တအားခွဲခြားတဲ့ နေရာမျိုးမှာ တစ်နေ့ကျ လူမည်း ကလေးလေးတွေနဲ့ လူဖြူကလေးလေးတွေ ညီရင်းမောင်နှမလို လက်ချင်းတွဲ ဆော့ကစားနိုင်စေချင်တဲ့ အိပ်မက်

တွေပါပဲခင်ဗျာ။

        ၁၉၆၄ ခုနှစ်မှာ King ဟာ လူမျိုးကွဲ တန်းတူအခွင့်အရေး ကြိုးပမ်းမှုနဲ့ အကြမ်းမဖက် တော်လှန်ခြင်းအတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ ၁၉၂၉ ခုနှစ်ဖွား ဖြစ်ပြီး လောကကြီးရဲ့ ထုံးစံအတိုင်း သဘောကျခြင်း၊ မကျခြင်းတွေနဲ့ အခြားသောအကြောင်းအမျိုးမျိုးကြောင့် ၁၉၆၈ ခုနှစ်၊ ဧပရယ်လ ၄ ရက်နေ့မှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments


  1. "ပုံအောရမယ့်ပွဲ"

    ဖြတ်သန်းဖူးတဲ့သူတိုင်း သိကြတဲ့
    စစ်အာဏာရှင်လက်အောက်က
    ကာလတွေလို မဟုတ်ပဲ ဒုက္ခမများ
    လူ့ အခွင့်အရေးရပိုင်ခွင့်တွေရှင်သန်ဖို့
    ဒီမိုကရေစီ အရေးကို
    ဒီတခေါက် ပုံအောမှရပါမယ်...

    လွတ်မြောက်နယ်မြေဆိုတဲ့နေရာမှာ
    အသက်တွေ ပုံအောထားသလို
    မိသားစု ကို ပုံအောထားတယ်
    အနာဂတ်ကို ပုံအောထားတယ်
    ပျော်ရွှင်ခြင်းတွေ ပုံအောထားတယ်
    ချစ်ခြင်းမေတ္တာတွေ ပုံအောထားတယ်...

    မလွတ်မြောက်တဲ့ နေရာက
    ကျမတို့ကော ဘာတွေ ပုံအောမလဲ
    စိတ်တွေ ပုံအောနိုင်မလား
    စည်းစိမ် ပုံအောနိုင်မလား
    ကိုယ့်လိပ်ပြာကိုယ် ပုံအောနိုင်မလား
    (တတ်နိုင်ရင် တတ်နိုင်သလောက် ပုံအောကြပါ...)

    San Zuren 🌸

    ReplyDelete
    Replies
    1. နွေဦးလည်းလာတော့မယ်...
      ရောင်နီလည်းသာတော့မယ်...

      Delete
    2. အရေးအသား ကောင်းချက်

      Delete
    3. 💖ဟုတ်ပါတယ်နော် တချို့တေ သူတို့ရဲ့တစ်ဘဝလုံး ရင်းထားရတာ သူတို့တစ်ဦးတစ်ယောက်ထဲအတွက်မဟုတ်ပါဘူး

      💖မြန်မာပြည် တစ်ပြည်လုံးက ဒီမိုလိုလားသူပြည်သူများ အားလုံးအတွက်ပေါ့ရှင်

      💖ကလစ်နှိပ်တာကတော့ တာဝန်တခုလို လုပ်ကိုလုပ်ပေးရမှာပါ။ အခုထိနေသာသလို နေနေတဲ့သူတေကရှိကြတုံးပဲ

      💖လူတိုင်းတော့ မဟုတ်ပါဘူး ပါဝင်နိုင်တဲ့အခန်း ကဏ္ဌကနေပါဝင်ပေးကြဖို့လဲမေတ္တာရပ်ခံအပ်ပါတယ်ရှင်

      💖ကလစ်နှိပ်ပေးသူအားလုံးလဲ ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေရှင်

      💖နိုင်ရာတာဝန်အတူထမ်းလို့ အနာဂတ်ပြည်သူတွေရဲ့ဘဝကို ကယ်တင်ကြရအောင်လားရှင်😘💪💖

      😙အခုဆို ကလစ်ဖို့တတ်နိုင်သလောက်ကူပေး လှုပေးကြသလို ကိုယ်တိုင်ပါဝင် ကလစ်နှိပ်ပေးကြပါတယ်

      😘အလှုရှင်တွေကိုအင်မတန် ကျေးဇူးတင် ရပါတယ်ရှင် ဒီလိုလူတွေမှ ဒီမိုမရရင် ဘယ်သူတွေရမလဲနော်

      💖နိုင်ငံ့အရေးဟာ လူတိုင်းနဲ့သက်ဆိုင်ပါတယ်နော်

      👍တော်လှန်ရေးကြီးအမြန်ဆုံးအောင်မြင်ပါစေရှင်💪

      Delete
    4. 💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪

      Delete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. လူအခွင့်ရေးကိုတောင်းယူလို့မရရင်တိုက်ယူရမှာပဲ

    ReplyDelete
  4. မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ

    ReplyDelete
  5. လူတစ်ယောက်ကို ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်ဘဲ ကိုယ်ကျင့်တရားနဲ့ပဲ ချိန်ဆပေါင်းသင်းကြတဲ့ နိုင်ငံမျိုးမှ ရှင်သန်ချင်တဲ့ အိပ်မက် .... ကျနော်မှာ ရှိပါတယ်။

    ReplyDelete
  6. With passion & perseverance, I click everyday.

    ReplyDelete
  7. တို့ကလစ် တို့ထောက်ပံ့ တို့အောင်ပွဲခံ

    ReplyDelete

  8. Passion is needed for any great work, and for the revolution, passion and audacity are required in big doses.

    Che Guevara

    ReplyDelete
    Replies
    1. အိပ်မက်တွေက ဈေးကြီးတယ်။
      ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်။
      ညီညွတ်ရင် ဘာမဆို ဖြိုဖျက်နိုင်တယ်။
      Unity is POWER.
      Together we win.

      Delete
  9. နိုင်သလောက်ကူနေပါတယ်နော်👌(moonshine)

    ReplyDelete
  10. လူမျိုးရေးခွဲခြားမူတွေမရှိစေချင်ဘူး
    တရားမျှတပြီးလွတ်လပ်တဲ့နိုင်ငံဖြစ်စေချင်တယ် အိမ်မက်တွေဒီတစ်ချိန်မှာတစ်ခါတည်းအကောင်အထည်ဖော်ရမယ်

    ReplyDelete
  11. နိုင်ငံကြီးသား/လူမျိုးကြီး လို့အမြဲပြောနေတဲ့ သူတွေရဲ့ တခြားမျက်နှာက ခွဲခြားတတ်ပါသေးတယ်....

    ReplyDelete
    Replies
    1. နေရာတိုင်းမှာ ရှိတယ်၊ အထူးသဖြင့် သူတို့ကိုယ် သူတို့ လူမျိုးကြီးလို့ ခံယူထားတဲ့ နိုင်ငံတွေမှာ အများဆုံးတွေ့ရတတ်တယ်။

      Delete
  12. If You Can't Fly,Run
    If You Can't Run,Walk
    If You Can't Walk,Crawl

    Never Give Up!

    ReplyDelete
  13. ဟုတ်တယ်...နာမည်နဲ့လူနဲ့ တွဲမမှတ်မိဘူး...
    စတွေ့တော့ John Legend ကြီးလားလို့

    ReplyDelete
  14. တော်လှန်ရေးကိုအာသာပြေ မလုပ်စေချင်ဘူး💪💪💪

    ReplyDelete
  15. နာစိတ် နိုင်စိတ် အောင်စိတ်ဖြင့်
    ကလစ်လျက်ပါ

    ReplyDelete
  16. ဒီမှာက personalized ကြီးဆိုတော့
    ကား .....စိတ်ပျက်မိဒယ်....ယူနိုး
    စနစ် ရှိလဲ လိုက်လုပ်လို့ရမနေဘူး

    ReplyDelete
  17. ခွေးစစ်တပ် အမြစ်ဖျက်🦾

    ReplyDelete
  18. ဒီပွဲကလုံးဝလက်​လျော့လို့မရတဲ့ပွဲမို့
    ဒို့ပြည်​တွေအားတင်းထားကြပါစို့
    Fighting

    ReplyDelete
  19. သိပါတယ် အများကြီး​​တော့ မဟုတ်ဘူး ကြားဖူးတယ် စိတ်ဝင်စားလို့ google ​ခေါက်ကြည့်မယ်ဆိုပြီး ​မေ့​မေ့​နေတယ်

    ReplyDelete
    Replies
    1. ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက်လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

      Delete
    2. If you can’t fly then run, if you can’t run then walk, if you can’t walk then crawl, but whatever you do you have to keep moving forward.
      (အဆိုအမိန့်​တွေကလည်း မှတ်သားစရာ​တွေကြီးပဲဗျာ)

      Delete
  20. မနေမနား တရွေ့ရွေ့ကလစ်လို့သွား
    ရှေ့သို့လှမ်းချီ ဖယ်ဒရယ် အောင်ပွဲဆီ
    ⭐✊✊✊✊✊⭐

    ReplyDelete
  21. ဆက်လက်ချီတက်နေဖို့ပါပဲတဲ့ ညိုပြာ

    ReplyDelete
  22. My head's underwater
    But I'm breathing fine.... :D

    ReplyDelete
  23. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  24. We click, we support PDF and we win.

    ReplyDelete
  25. စွန့်လွှတ်ရတဲ့ ထီးနန်းကို ပြန်ရဖို့ ငါတို့မှာ လိုအပ်ဆုံးက စိတ်တွေ ညီညာစွာ စည်းလုံးဖို့ ✊✊✊

    ReplyDelete
  26. လူ့ကျင့်ဝတ် ကိုစံထားပြီး
    အဆင့်ခွဲရမလား

    ReplyDelete
  27. Click ရင်း အားမွေးထားပါတယ်

    ReplyDelete
  28. whatever you do, you have to keep moving forward တဲ့ ကြိုက်တယ်ဗျာ

    ReplyDelete
  29. ကောက်ရိုးမီးမဟုတ်

    ReplyDelete
  30. အဆုံးသတ်တိိုက်ပွဲ ကိုယ်တိုင်နွှဲကြမည်။

    ReplyDelete
  31. ဧကန်မုချ ငါတို့နိုင်မည်

    ReplyDelete
  32. ဒါနောက်ဆုံးဖြစ်ရမယ်

    ReplyDelete
  33. 💞💞💞🌹🌹🌹💕💕💕

    ReplyDelete
  34. ကိုယ်နိုင်တဲ့ဘက်ကဝင်ကူရင်းအဆုံးထိတိုက်မယ်♥️💜💙🧡🧡💪💪💪

    ReplyDelete
  35. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  36. Our HEADs are BLOODY but UNBOWED.
    Fight for freedom, freedom fighters.
    Our revolution must prevail. 💪

    ReplyDelete
  37. Yes, you can do as you able anything even a small or little.

    ReplyDelete
  38. Don't losing your self & keep forward as you can.

    ReplyDelete
  39. မာတင်ရဲ့ ကမ္ဘာကျော်မိန့်ခွန်း
    "I Have a Dream"
    ဘာသာပြန်ပေးလို့ကျေးဇူးပါ မင်မင်၊ မတူကွဲပြားမှုတွေအ‌ေပါ် ဖိနှိပ်ဆက်ဆံမှုတွေဟာ ယနေ့ထက်ထိရှိနေဆဲပါပဲ....ဆက်ပြီးတော်လှန်ရဦးမယ့်အရာတွေ

    ReplyDelete
  40. I can’t stop clicking because of your knowledge sharing everyday, thank you admin.

    ReplyDelete
  41. Keep Going and Stay strong 💪🏻💪🏻💪🏻

    ReplyDelete
  42. အရေးတော်ပုံအောင်ရမည်။

    ReplyDelete
  43. ဘယ်တော့မှသွေးမအေးဘူး၊အဆုံးထိတိုက်မည်၊သွေးကြွေးမှာဆွေးနွေးစရာမရှိ၊စစ်အာဏာရှင်ကျရူံးရမည်။

    ReplyDelete
  44. စာသားလေးကထိမိ

    ReplyDelete
  45. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  46. ဘာမှမလုပ်ပဲ​နေရင်​တော့ဘာမှဖြစ်မှာမဟုတ်ဘူး

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Don't Stop (Click 03)

Never Underestimate (Click 03)