Click 06

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        ကဲ... ခရစ်စမတ်ကလည်း နီးပြီဆိုတော့ ကြည့်စရာ ဇာတ်ကားကောင်းလေးတစ်ခု ညွှန်းပေးချင်ပါတယ်။ Director Sergio Pablos က ဇာတ်ညွှန်းရေး ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ "Klaus" ပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ထွက်ခဲ့တာဖြစ်ပေမယ့် ကျွန်တော်ကတော့ သဘောကျမိတုန်းပါပဲ။ တခြား ခရစ်စမတ်ဇာတ်လမ်းတွေလို ခရစ်စမတ် စွန့်စားခန်းတွေအကြောင်း မဟုတ်ဘဲ ဒီကားလေးက ဆန်တာကလော့စ်ဆိုပြီး ဖြစ်လာတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာပါ။

        ပြောရရင် ဆရာချစ်ဦးညိုရဲ့ "လင်္ကာဒီပချစ်သူ" လို မတူတဲ့ ရှုထောင့်တစ်ခုကနေ ဆန်းသစ်ထားတာမျိုးပါ။ ချစ်ခြင်းမေတ္တာဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနိုင်ပြီး အဲ့ဒီချစ်ခြင်းမေတ္တာဟာ တစ်ဦးနဲ့တစ်ဦးကြား ပျံ့နှံ့သွားတဲ့အခါ အတော်ကိုကြည်နူးရတဲ့ အကြောင်းအရာလေးတွေကို ဖြစ်တည်စေနိုင်တဲ့အကြောင်း ထည့်သွင်းရိုက်ပြသွားပါတယ်။

        Rating တွေက ဘယ်လောက်ရှိလို့တုန်းလို့ တွေးမိကြမယ့်သူတွေအတွက် IMDb 8.4၊ Rotten Tomatoes 94% ရှိပါတယ်ခင်ဗျာ။ ဟုတ်ပါတယ်၊ Animation Movie (Budget $40 Million) ပါ။ ကျွန်တော်ကတော့ လူသားတွေနဲ့ ရိုက်မယ်ဆိုရင် ဒီလောက်အထိ မကောင်းနိုင်ဘူးလို့ တွေးမိပါတယ် (ကျွန်တော့်အမြင် သပ်သပ်ပါ) ။

        ၂၀၁၉ က ထွက်ခဲ့တာဆိုတော့ တော်တော်များများ ကြည့်ပြီးကြမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မကြည့်ရသေးသူများ ရှိရင်လည်း စမ်းကြည့်ကြည့်ဖို့ ညွှန်းပါတယ်ခင်ဗျာ။ ကြည့်ပြီးသူများကလည်း ဒီပို့စ်မြင်ပြီး ခရစ်စမတ်မတိုင်ခင် ပြန်ကြည့်ချင် ကြည့်ဖို့ သတိလေး ရသွားတာပေါ့ခင်ဗျာ။ အောက်မှာ Trailer လေး ထည့်ပေးထားပါမယ်။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. လောလောဆယ်ဆယ်တော့ ကလစ်ဖို့ရယ်၊
      အလှူခံဖို့ရယ်က လွဲရင် ကျန်တာ စိတ်မဝင်စားနိုင်သေးဘူးဗျာ။

      Delete
    2. ဇာက်ကားကျိ‌‌ဖို့တောင်အချိန်ကို မရပါဘူးဗျာ
      ဖုန်းကိုင်လိုက်တာနဲ့ ကလစ်တာလုပ်
      ဖုန်းမကိုင်ဘူးဆို YouTube ဖွင့်ထားရတယ်😅😅😅

      Delete
    3. ဇာကါကားလည်း ကြည့်ခိုင်းတယ် သီချင်းလည်းနားထောင်ခိုင်းပီးfeelခိုင်းတယ်
      ကလစ်အားတွေ ကျကုန်ပါအုံးမယ်ဗျာ😅😅

      Delete
    4. အာ့ကျ တယ်လီဂွမ် တက်ငိုပြမယ်ဂျာ...😭
      ကလစ်အားတော့ကျလို့ရဘူးခင်ည

      Delete
  2. တခါတလေစိတ်ကိုအနား‌ေပး
    အဟာရကျွေးသေးတာမို့
    ဒီလိုmovieလေးတွေက တကယ်ကြည်နူးစရာကောင်းပါတယ်။

    ReplyDelete
    Replies
    1. ချစ်ခြင်းမေတ္တာဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ရှိနိုင်တယ်တဲ့ ညိုပြာ

      Delete
  3. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  4. With passion & perseverance, I click everyday.

    ReplyDelete
  5. အဆင်မပြေမှု့တွေ ကြုံလာတိုင်း
    ဟို မအေလိုးကို သတိရတယ်
    စောက်ခွက်ကြီးကို ဖြတ်ကန်ဖို့ ။

    ReplyDelete
    Replies
    1. အမှန်ပဲ
      အဆင်မပြေတာတေကြုံတိုင်း အဲမအလပဲ ကျိန်ဆဲမိတယ်။

      Delete
    2. အချိန်တိုင်း အဆင်မပြေတော့လည်း

      Delete
    3. အချိနိးတိုင်း ဆဲတော့တာပေါ့ အာဏာရူးကို

      Delete
  6. 🌲❄🎅🤶🧑‍🎄🎅❄🌲

    ReplyDelete
  7. Keep Going and Stay strong 💪🏻💪🏻💪🏻

    ReplyDelete
  8. တကယ်ကောင်းတဲ့ကားလေးပါ

    ReplyDelete
  9. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  10. 🧕🧕🧕🧕💕💕💕💪💪

    ReplyDelete
  11. ကြည့်လိုက်ပါ့မယ် 🤩

    ReplyDelete
  12. လွမ်းတဲ့စိတ်နဲ့ ဝေတဲ့စာပါ
    သဲလွန်စ အဖျောက်ခံနေရတဲ့
    မိခင်တိုင်းပြည်ရဲ့ အလှကိုပြန်ရဖို့
    ဒီဇင်ဘာနှင်းစက်တွေနဲ့အပြိုင်
    ဆန်တာ့ကို အားကိုးတကြီးလုချင်မိတယ် -Spring Arts-

    ReplyDelete
  13. ဝီရိယဆိုတာလေးဆင့်ရှိတယ်တဲ့

    ပထမအဆင့်က

    အလုပ်တခုကိုလုပ်မယ်ဆိုပြီးဆုံးဖြတ်တာ

    ဒုတိယအဆင့်က

    ဆုံးဖြတ်ချက်အတိုင်းအဲ့ဒီအလုပ်ကိုစလုပ်တာ

    တတိယအဆင့်က

    ခက်ခဲပေမယ့်လဲဆက်ပြီးလုပ်တာ

    စတုတ္ထအဆင့်က

    ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရရင်တောင်မှလက်မမြှောက်ပဲနဲ့နောက်တခါထပ်ကြိုးစားတာတဲ့

    DASSK

    ReplyDelete
  14. တရားသောစစ်အောင်ရမည်။

    ReplyDelete
  15. ကြည့်မဲ့ list ထဲရှိပေမဲ့ မကြည့်ဖြစ်သေးဘူး..ဒီတိုင်းသာမန်လို့ပဲထင်နေလို့..Review ဖတ်ပြီးကြည့်ချင်သွားပြီ...thanks.

    ReplyDelete
    Replies
    1. ကျောင်းတုန်းကသူငယ်ချင်းငှားပေးလို့"လင်္ကာဒီပချစ်သူ" ခိုးဖတ်ပြီး(အိမ်ကဝတ္ထုဖတ်တာမကြိုက်)နောက်နေ့ကျောင်းရောက်တော့ မျက်လုံးတွေမမြင်ရတော့ဘူးဖြစ်ကုန်ရော....ဘာမှန်းမသိ မျက်ရည်ကဘူးသီးလုံးလောက်အလိုလိုကျလာတာ..

      Delete
  16. စိတ်အဆင်မပြေမှုတွေများတော့
    Movies တွေ စာအုပ်တွေနဲ့
    အလှမ်းဝေးနေတာ အတော်ကြာနေပြီ...
    Movies ကြည့်မိလည်း တဝက်တပျက်
    စာအုပ်ဖတ်လည်း တဝက်တပျက်နဲ့...
    အဆင်မပြေလှပါဘူး...

    ReplyDelete
    Replies
    1. ဒါတော့ ဟုတ်တယ်
      တဝက်တပျက်တွေနဲ့ ရပ်ထားတာတွေများနေတယ်..
      C2Dတခုပဲ မရပ်ရဲဘူး

      Delete
  17. ကြည့်လိုက်ပါမယ် 💪💪💪

    ReplyDelete
    Replies
    1. အရာအားလုံးငြိမ်းချမ်းသွားတဲ့ တနေ့ပေါ့💖💖💖

      Delete

  18. ​မျှော်လင့်ချက်တွေ ချိတ်ဆက်
    အတူတူလက်တွဲထားစမ်းပါ...
    ယုံကြည်ခြင်းနဲ့ အသက်ဆက်အရာရာရဲရင့်ပါ....
    နေ့သစ်တခုစောင့်နေတယ်
    ငါတို့ရှေ့မှာ.....
    (ရောင်နီ....လင်းလင်း)

    ReplyDelete
  19. ကာတွန်းကား​တော့ ကြိုက်တယ်
    ​ဒေါင်းလိုက်အုံးမယ် ☺☺

    ReplyDelete
  20. Christmas ဆိုရင်ခရီးတွေသွားနေကြ
    မအလနဲ့ငဗစ်‌ေကြာင့်ခရီးမသွားရဘူး

    ReplyDelete
  21. အောင်မြင်ပါစေ

    ReplyDelete
  22. အိုကေ
    ကောက်ရိုးမီးမဟုတ်

    ReplyDelete
  23. Unity is POWER.
    Together we win.

    Merry Christmas ⛄🎄

    ReplyDelete
  24. မကြည့်ရသေးဘူး

    ReplyDelete
  25. ကျောင်းသားသမဂ္ဂအရိုးနဲ့ ဖက်ဆစ်စစ်ဘီလူး ရင်ဝကိုထိုးမယ်

    ReplyDelete
  26. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  27. We click, we support and we must win.

    ReplyDelete
  28. တွဲလက်ညီညီ ​ရှေ့သို့ချီ
    မ​​ဝေး​တော့တဲ့ အနာဂတ်ဆီ ������

    စစ်​ဘေး​ရှောင် တိုင်းရင်းသားပြည်သူများအတွက် နိုင်ရာကူကြရ​အောင် ��

    ReplyDelete
    Replies
    1. တွဲလက်ညီညီ ​ရှေ့သို့ချီ
      မ​​ဝေး​တော့တဲ့ အနာဂတ်ဆီ ������

      စစ်​ဘေး​ရှောင် တိုင်းရင်းသားပြည်သူများအတွက် နိုင်ရာကူကြရ​အောင် ��

      Delete
  29. ပွဲးလမ်းတွေဟာ မိရမ်မာပြည် နဲ့ မဆိုင်သေး သလိုပါဘဲ။
    သတိရအောင် လုပ်ပေးလဲ အချိန်မရှိဘူးလေ။

    ReplyDelete
  30. မှန်းထားတဲ့ တစ်နေ့စာ target ပြည့်ဖို့အရေးကြီးလို့ မကြည့်နိုင်သေးဘူး မင်မင်ရေ
    နောက်ကြည့်မယ် ဇာတ်ကားစာရင်းထဲတော့ထည့်ထားလိုက်ပြီ

    ReplyDelete
  31. အဲ့ကားလေးက တကယ်ကောင်းတာပါ။ တကယ်ကြည်နူးစရာလေး ဟီးး ကြည့်ဖို့ recommend ပေးပါတယ်နော်❤️

    ReplyDelete
  32. ကြည့်ရသေးဘူး ခုကဘေကုန်မှာပေါ့

    ReplyDelete
  33. အားလုံးအတူတူပိုကြိုးစားကြမယ်

    ReplyDelete
  34. အဲ့လိုလေးတွေများများညွှန်းပေးပါ❤️

    ReplyDelete
  35. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  36. Christmasနီးလာရင် Christmas Cartoonကားလေးတွေကြည့်ချင်လာတာ ဒီဇာတ်ကားလေးကိုလည်း ၂၀၂၀ခုနှစ်တုန်းက ခရစ္စမတ်ကာတွန်းလိုက်ရှာရင်းနဲ့‌ေတွခဲ့တာ Reviewsဖတ်ပီး‌ေတာ့ ကြည့်မယ်ဆိုပီး အာ့တုန်းကမကြည့်ဖြစ်ခဲ့ဘူး

    ReplyDelete
  37. I love this movie. Recommend to everyone .

    ReplyDelete
  38. Movie ညွှန်းပေးတာကျေးဇူးပါ

    ReplyDelete
  39. We Click & We Support
    ရုပ်ရှင် ကြည့်ဖို့အချိန်ကိုမရှိတာပါ

    ReplyDelete
  40. မင်းအောင်လှိုင်ဟာဖာခေါင်းစောက်ခြောက်ကြီးပါဗျို့📢

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Don't Stop (Click 03)

Never Underestimate (Click 03)