Click 04

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

"သန့်စင်သော ကလစ်လက်များ"

ချစ်ခင်တဲ့ လက်
ကလစ်တင်မယ့် လက်
အသစ်ပြင်မယ့် လက်

အဟောင်းမတွယ်တဲ့ လက်
မဝှက်ကွယ်တဲ့ လက်
နှစ်လိုဘွယ် ကလစ်လက်

တေးသီတဲ့ လက်
ဖေးကူမယ့် လက်
အရေးတူတဲ့ လက်

ခွဲမထွက်မယ့် လက်
တွဲဆက်မယ့် လက်
အမြဲတစ်သက် ဆုပ်ကိုင်ထားမယ့် လက်

သခင်မှိင်းရဲ့လက် တော်စတွိင်းရဲ့လက်
ဗိုလ်ချုပ်ရဲ့လက် ဂန္ဒီရဲ့လက်
ဦးသန့်ရဲ့လက် ကစ်ဆင်းဂျားရဲ့လက်
အမေစုရဲ့လက် မင်ဒဲလားရဲ့လက်
ကမ္ဘာမြေကိုပွေ့ဖက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်...

ငြိမ်းချမ်းရေးကို တပ်မက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်...

လူသားအတွေးနဲ့ ခရီးဆက်
သန့်စင်တဲ့လက်များ တို့လိုအပ်တယ်...

အမှန်တရားနဲ့ လက်ဆက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်...

တော်လှန်ရေးအတွက် ပွဲထွက် ကလစ်ကူမယ့်လက်များ တို့ လိုအပ်တယ်။

လက်ဆိုတာ...
ချုပ်ကိုင်ရင်ရိုင်းတဲ့အမျိုးမို့
မိုးလောက်ကြီးမြင့်မြင့်
မြေလောက်ကြီးကြီး
The Sea လောက် ကျယ်ကျယ်
သန့်စင်နေမှ ချစ်စရာကောင်းတယ်...

လက်ဆိုတာ...
ယူတဲ့အခါ ကြည်သာသလို
ပေးရင်လည်း ဝေဖြာမှ လှတယ်...

လက်ဆိုတာ...
ကြည့်ကောင်းရုံလှလှ ဟန်ပြဖို့သက်သက်မဟုတ်...
မာမာထန်ထန်မာန်တက် ရန်စွက်ရုံသက်သက်မဟုတ်...
ဟိုယိမ်းသည်းယိမ်း ငြိမ့်ငြိမ့်လေးဆို
ရှက်စရာကောင်းတယ်...

တစ်သက်တစ်ခါ လူလာဖြစ်တာမို့...
မြသွဲ့သွဲ့ခိုင်ရဲ့လက်
ညီညီအောင်ထက်နိုင်ရဲ့လက်
ကြယ်စင်လေးရဲ့လက်
ချစ်မင်းသူရဲ့လက်
ကေဇာဝင်းရဲ့လက်
အင်းစက်ရဲ့လက်...
တလက်လက်ထ တောက်ပနေတဲ့လက်တွေ သန့်စင်ခိုင်မာသွားကြပေရဲ့။

ခင်ဗျားရဲ့လက် ကျနော့်ရဲ့လက်
ဟိုလူ သည်လူ အရေးတူတဲ့ ငါတို့လက်တွေ...
ကလစ်ကူရင်း ခရီးဆက်ကြစို့။

 

မေတ္တာဖြင့်

မင်းလှမင်းခေါင်

 မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. ငါတို့ရဲ့လက္ေတြလွဖို့ ကလစ္က်စို့

      Delete
    2. နေတိုင်း ကလစ်နေပါတယ်။

      Delete
  2. မျက်ရည်များစွာကျခဲ့ဖူးတယ်ဒါပေမယ့် ကြောက်လို့မဟုတ်ဘူး
    နာကျည်းလွန်းလို့

    ReplyDelete
  3. Replies
    1. DDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDD

      Delete
    2. ဟာကိုကြီး😂😂😂😂😂

      Delete
  4. တို့ကွေးသောလက်
    ကျည်မထွက်ပေမဲ့
    ပြိုင်တူညီကွေး
    ရွှေလက်ကလေးက
    ကျည်ထွက်ဖို့လေ
    အားဖြစ်စေ

    ReplyDelete
  5. တိုးပွားအောင်ကလစ်မဲ့ လက် Done 💪💪💪

    ReplyDelete
  6. ဖက်ဆစ်စစ်တပ်အမြစ်ပြတ်ဖို့ PDF နဲ့ EAO တွေကိုထောက်ပံ့စို့

    ReplyDelete
  7. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete

  8. သာမှကူးမယ်ဆိုတဲ့ သာကူးတွေကို ပြောချင်တာက ...
    သာကူးနှင့်နွေဦး ဘာကွာလဲဆိုတော့
    နောင်မျိုးဆက်တွေ သမိုင်းကြောင်း
    ပြောကြတဲ့အခါမှာ
    သိသိသာသာ ကွာခြားလိမ့်မယ်...
    ဒါဟာ ငြင်းလို့မရတဲ့အမှန်တရားဘဲ...

    ReplyDelete
    Replies

    1. ❝အခုထက်ပိုပီး စည်းလုံးလေ
      ပန်းတိုင်ရောက်ဖို့ ပိုနီးလေ❞

      Delete
  9. 👏👏👏💐💐💐🎈🎈🎈🎉🎉🎉

    ReplyDelete
  10. ဝမ်းသာရာ‌တွေပါပဲ

    ReplyDelete
  11. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  12. အဆုံးထိတိုက်မယ့် ဒါတိုက်ပွဲ ဒါတာဝန်ပဲ
    အားလုံးနဲ့ ဆိုင်တယ် အားလုံး ရဲ့တိုက်ပွဲ
    အားလုံး ရမယ့်အောင်ပွဲ

    ReplyDelete
  13. နှိပ်ပြီးပါဗြီ....

    ReplyDelete
  14. ဒီနေ့ဝင်တဲ့သူနည်းလိုက်တာ

    ReplyDelete
  15. စကစ ကိုအမြစ်ဖြုတ်မယ့်လက်

    ReplyDelete
  16. ခင်ဗျားရဲ့လက်ကျွန်တော်ရဲ့လက်
    ဟိုလူဒီလူအရေးတူတဲ့ငါတို့လက်တွေ
    ကလစ်ကူရင်းခရီးဆက်ကြစို့

    ReplyDelete
  17. 🧕🧕🧕👨‍💻👨‍💻👨‍💻💪💪

    ReplyDelete
  18. နိုင်ငံအသစ်ကို တည်ထောင်မည့် လက်များ

    ReplyDelete
  19. With passion & perseverance, I click everyday.

    ReplyDelete
    Replies
    1. ဒီလက်တွေနဲ့ ကလစ်ကူရင်း အားမ​လျှော့ပဲ ခရီးဆက်နေပါ့မယ်။

      Delete
  20. The hands of clickers are very beautiful✋✋✋✋✋

    ReplyDelete
  21. အိမ်အပြန်လမ်းကို ကမ်းလင့်နေတဲ့လက်

    ReplyDelete
  22. ukနဲ့နောက်တစ်ကြိမ်ရောက်လာခြင်း💪👍
    ခင်ဗျားရဲ့လက် ကျတော့်ရဲ့လက်
    ဟိုလူဒီလူအရေးတူတဲ့ငါတို့လက်တွေ
    ကလစ်ကူရင်းခရီးဆက်ကြစို့👊💪

    ReplyDelete
  23. စခ ရခ တွေကိုငရဲပို့မဲ့ကလစ်လက်

    ReplyDelete
  24. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  25. လိပ်ပြာလုံ​သောလက် 🖐🖐🖐

    ReplyDelete
    Replies
    1. တာဝန်သိတတ်​သောလက်

      Delete
  26. All Things Are Possible If You Believe

    ReplyDelete
  27. 💙💙💙💜💜🖤🖤🖤

    ReplyDelete
  28. အရေးတော်ပုံ မုချအောင်ရမည်။

    ReplyDelete
  29. အားလုံးညီညွတ်ကြမယ်​နော်

    ReplyDelete
  30. We Click, We Support and We Win.
    We will fight till the end 💪🏽. We must win!

    ReplyDelete
  31. မအလရဲ့စောက်ခွက်ကို ဖြတ်ရိုက်မဲ့လက်👋👋

    ReplyDelete
  32. The rewards of perseverance are not small

    ReplyDelete
  33. Make good use of your precious time for valuable things

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Don't Stop (Click 03)

Stay Close (Click 03)