Click 02

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။

ကိုဗစ်ကာကွယ်ဆေး၊ Efficacy နှင့် Safety

ကာကွယ်ဆေးရဲ့ အစွမ်းထက်မှု(efficacy) ဆိုတာဘာလဲ။ 

အစွမ်းထက်မှု(efficacy) ဆိုတာ ကာကွယ်ဆေးတခုရဲ့ ထိုရောဂါကို ဘယ်လောက်အတိုင်းအတာအထိ ကာကွယ်မှုပေးနိုင်တယ်ဆိုတာကို ဆေးသုတေသနလေ့လာစမ်းသပ်မှု(clinical trial) တွေမှာ ကာကွယ်ဆေးပေးထားတဲ့အုပ်စုနဲ့ ကာကွယ်ဆေးမပေးထားသောအုပ်စုနှစ်ခုကို နှိုင်းယှဉ်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ 

ဥပမာ - Pfizer vaccine efficacy ဟာ ၉၅% ရှိပါတယ်။

- Vaccine efficacy 95% ဖြစ်တဲ့အတွက် အယောက်၁၀၀မှာ ၉၅ယောက်ကတော့ ပိုးမကူးဘဲ ကျန်တဲ့၅ယောက်ကတော့ ပိုးကူးမယ်လို့ ပြောတာမဟုတ်ပါဘူး 

- ဆိုလိုတာကတော့ Pfizer vaccine ကို စမ်းသပ်တဲ့နေရာမှာ Pfizer vaccine ထိုးတဲ့လူများဟာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းကို Pfizer vaccine မထိုးထားသူတွေထက် ၉၅%အထိ လျှော့ချပေးနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

WHO က အသိအမှတ်ပြုထားသော vaccine များကတော့ "သေချာစမ်းသပ်လေ့လာထားပြီး ဖြစ်သည့်အတွက် ကိုဗစ်ရောဂါ၏ ရောဂါပြင်းထန်မှုနှုန်းနှင့် ကိုဗစ်ရောဂါကြောင့်သေဆုံးမှုနှုန်းကို လျှော့ချပေးနိင်တယ်"လို့တော့ WHO က ဆိုထားပါတယ်။ 

vaccine တစ်ခုရဲ့ safety(ဘေးကင်းမှု) ဆိုတာ ကရော ဘာလဲ? side effects လို့ ခေါ်တဲ့ ဘေးထွက်ဆေးကျိုးနဲ့ အတူတူ ပဲလား? ဘယ်လောက် အရေးပါသလဲ? 

ကာကွယ်ဆေးတစ်ခု ဘေးကင်းတယ်ဆိုတာမျိုးဟာ ဆေးထိုးပြီး တဲ့နောက် ထိုးခံရတဲ့သူကို အန္တရာယ် ပြန်လှည့်မပေးတာမျိုး လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ side effects (ဘေးထွက်ဆိုးကျိုး)ကို ခြုံငုံတဲ့ စကားလုံး ဖြစ်ပြီး ဆေးထိုးလို့ ရလာတဲ့ ဘေးထွက်ဆိုးကျိုး ဟာ အကျိုးကျေးဇူးထက် လွန်ကဲ နေရင် ဒီ ကာကွယ်ဆေးဟာ ဘေးမကင်းလို့ ယေဘုယျပြောလို့ရပါတယ်။ 

တစ်နည်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေဟာ ကာကွယ်ဆေးတစ်ခု ဘေးကင်း၊ မကင်း အဆုံး အဖြတ် ပေးတဲ့နေရာ မှာ အရေးပါပါတယ်။ 

ကိုဗစ် vaccine အမျိုးမျိုးနဲ့ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးများကတော့ - 

Pfizer နှင့် Moderna- ဆေးထိုးတဲ့ နေရာ နီမြန်းခြင်း၊ ယောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ နုံးခြင်း။ 

Covaxin - အထက်ပါ လက္ခဏာများ အပြင် စိတ်တိုလွယ်ခြင်း၊ ကိုယ်ပူခြင်း။ 

Sinovac - အထက်ပါ အဖြစ်များသော လက္ခဏာများအပြင် 1-10% လူဦးရေတွင် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အဆစ်အမြစ်ကိုက်ခြင်းနှင့် 0.1-1% တွင် ဓာတ်မတည့်ခြင်း၊ မူးမောခြင်း တို့ ဖြစ်တတ်ပါတယ်။ 

ဘေးထွက်ဆိုးကျိုးအများစုဟာ မပြင်းထန်သလို ကြာရှည်စွာလဲ မဖြစ်တတ်ကြောင်းတွေ့ရပါတယ်။ ရှားပါးကိစ္စ အနေနဲ့ ဆေးထိုးအပြီး မှာ ကြုံရတဲ့ ရောဂါအခြေအနေတွေ ရှိပါသေးတယ်။ ကာကွယ်ဆေးကြောင့် ဖြစ်တယ်ဆိုတာကို လက်ဆုပ်လက်ကိုင် မပြနိုင်သေးသလို လေ့လာနေဆဲ အခြေအနေ မှာပဲ ရှိပါတယ်။ 

side effects တွေ ဟာ သိပ်မကွာလှတာမို့ ရွေးချယ်ထိုးနှံ နိုင်တဲ့ အနေအထားမှာ ရှိရင် efficacy ပိုကောင်းတာ ကို ရွေးကြဖို့ ကို ပိုအကြံပြုလိုပါတယ်။ 

မည်သည့်ကာကွယ်ဆေးဖြစ်စေ ထိုးပြီးသော်ငြား ကိုဗစ်မပြန့်ပွါးအောင် လက်ဆေး၊ mask တပ် စသော တကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများကိုလည်း ဆက်လိုက်နာနေရဦးမှာ ဖြစ်ကြောင်းနဲ့ နိဂုံးချုပ်လိုပါတယ်။ 

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. We must win very soon.💪💪💪
    dictatorship must end very soon.💪💪💪

    ReplyDelete
  2. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  3. အရေးတော်ပုံ အောင်ရမည်

    ReplyDelete
  4. 👍အရေးတော်ပုံအောင်ရမည်
    Done

    ReplyDelete
  5. ငါတို့​တွေနိုင်ရမည်။👊

    ReplyDelete
  6. Federal Democracy နိုင်ငံတော်သစ်ဆီ ... 💪💪💪
    အရေးတော်ပုံ အောင်ကို အောင်ရမည် ... ✊✊✊

    ReplyDelete
  7. နောက်ဆုံးတော့ ရောက်လာခဲ့ပြီလေ

    ReplyDelete
    Replies
    1. နောက်တခေါက်ဟေ့ ဟိဟိ

      Delete
  8. ဗဟုသုတလေးလဲ ဖတ်ရလို့ကျေးဇူးပါ

    ReplyDelete
  9. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  10. NUG ပြည်သူ့အစိုးရအားထောက်ခံပါသည်

    ReplyDelete
  11. မ​အေလိုး မင်း​အောင်လှိုင်

    ReplyDelete
  12. အရေးတော်ပုံ အောင်ရမည် ❤️❣️

    ReplyDelete
  13. We click,We support,We must win

    ReplyDelete
  14. အင်တာနက်ဖရီးရအောင် လုပ်ပေးတဲ့ ဆရာတွေကို အထူးကျေးဇူးတင် လေးစားပါတယ်ဗျာ

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Don't Stop (Click 03)

Stay Close (Click 03)