Click 01

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အောက်ပါအကြောင်းအရာကို မိတ်ဆွေတို့ သိရှိရန် လိုအပ်သည်ဟု မှတ်ယူ၍ ပြန်လည်ဖော်ပြပေးထားပါတယ်ခင်ဗျာ။

ဖတ်ရှုရန်ကြာချိန် - ၂ မိနစ်ခန့်

Oxygen ဆိုတဲ့ စကားလုံးကို ဒီရက်ပိုင်း လူတိုင်း မုန်း နေအောင် မြင်နေ၊ ကြားနေရလိမ့်မယ်။ ပြန်ဖြည့်သုံးလို့ရတဲ့ အိုး တွေရော oxygen ထုတ်ပေးတဲ့ စက်တွေရော ဝယ်မရလို့ ဒုက္ခရောက်နေကြတာတွေ အများကြီး။


ဒီအချိန်မှာ လူတိုင်း ကိုယ်ဘာလုပ်နိုင်မလဲ ရှာကြရင်းနဲ့ ပြည်တွင်းမှာဝယ်မရတော့ oxygen စက်တွေကို နိုင်ငံခြားကနေ ရှာဝယ်ဖို့ လုပ်ကြတာ တွေ့နေရတယ်။ အဲ့အတွက် ဘယ်လို စက်မျိုးကို ရှာ ရမလဲဆိုတာ အကြမ်းဖျင်း ပြောပြပါရစေ။


Oxygen Concentrator ဆိုတာ အလွယ်ပြောရရင် အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ပေါ့။ ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့ ရှူနေတဲ့လေထဲမှာ oxygen က 21% လောက်ပဲ ပါတယ်။ Oxygen Concentrator ဆိုတာ အဲ့ဒီ 21% oxygen ပါတဲ့ လေကို 95% ဝန်းကျင် oxygen ပါတဲ့ လေဖြစ်အောင် ပြုလုပ်ပြီးထုတ်ပေးတယ်။ Oxygen Concentrator ကို Power ပေး ခလုတ်လေးဖွင့်ပြီး Oxygen ရှူရုံပဲ။ သိပ်အဆင်ပြေတယ်။


Oxygen Concentrator တွေမှာ အမျိုးမျိုးရှိတယ်။ အကြမ်းဖျင်းခွဲရင် Medical  Grade နဲ့ Non-Medical Grade လို့ပဲ ထားပါ။ အကုန်လုံးက Oxygen ကို ပြန်ထုတ်ပေးတာပဲ။ အကုန်လုံးက အတိုင်းအတာ တစ်ခုမှာ over 90% Oxygen ထုတ်ပေးတာပဲ။ ပစ္စည်း ကြေငြာတွေမှာ ကြည့်လိုက်ရင်တော့ အကုန်အတူတူလိုပဲ။ ဒါပေမယ့် နောက်ကွယ်မှာ ကွာခြားချက် အကြီးကြီး ရှိတယ်။


Oxygen Concentrator တွေကို ပြောရင် 3L , 5L, 10L စသည်ဖြင့် ပြောကြတယ်။ ဒါက တစ်မိနစ်အတွင်းမှာ လေပမာဏ ဘယ်လောက် ထုတ်ပေးနိုင်သလဲဆိုတာကို ပြောတာ။ အဲ့တာထက်ပိုပြီးအရေးကြီးတဲ့ ဟာက Purity လို့ခေါ်တဲ့ ထုတ်ပေးတဲ့ လေထဲမှာ Oxygen ဘယ်လောက် ရာခိုင်နှုန်းပါသလဲဆိုတာ။ 93% တို့ 95% တို့ ဆိုပြီး ပြထားကြလိမ့်မယ်။ 


ဒီနေရာမှာ ကြေငြာတွေရဲ့ Twist တွေလာပါတယ်။ Non Medical Grade တွေ ကို ကြေငြာတဲ့အခါ အောက်စီဂျင် 90 % ကျော် ရပါတယ်လို့ ရေးကြပါတယ်။ သေချာကြည့်ရင် 1L/min မှာ 93% , 5L/min လောက်သုံးရင် 45% လောက်ပဲ oxygen ပါပြီး 8L လောက် သုံးရင် 30% လောက်ပဲ  oxygen ပါပါတော့တယ်။ ကျွန်တော်တို့ ဒီအတိုင်းရှူနေတဲ့လေက 21% oxygen ပါ။ အဲ့လိုစက်တွေကို 7L လောက်သုံးရင် ဒီအတိုင်းရှူတာထက် သိပ်မထူးတော့ပါ။


Medical Grade တွေကတော့ သူ ထုတ်နိုင်တဲ့ Maximun Flow အထိ over 90% oxygen ထုတ်ပေးနိုင်ပါတယ်။


အဲ့အတွက် oxygen concentrator ဝယ်မယ်ဆိုရင် ဘာအတွက် ဝယ်မှာလဲ ကိုယ်ဘယ်လောက်ပမာဏ လိုမှာလဲ စတာတွေကို သိမှ ကိုယ်ဝယ်တဲ့ စက် နဲ့ ကိုက် မကိုက် သိပါမယ်။ ဒီရက်ပိုင်း Medical Grade မဟုတ်တဲ့ စက် တွေကို စျေးကြီးတွေနဲ့ရောင်းနေတာတွေရော၊ Medical Grade တွေကို စျေး ၂ ဆ ၃ ဆ တွေနုဲ့ ရောင်းနေတာတွေရော တွေ့နေလို့ ပိုက်ဆံ မကုန်သင့်ပဲ အလကား မကုန်ရအောင် ချင့်ချိန်နိုင်ဖို့ပါ။


Demand နဲ့ supply မမျှတဲ့အခြေအနေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဘာမှမပြောလိုတော့ပါဘူး။ ကိုယ့်ဟာကိုယ် သေချာမေးမြန်းစုံစမ်းပြီးမှ ဝယ်ကြပါလို့ပဲ ပြောပါစေ။ ပိုက်ဆံတွေအများကြီးကုန်ပြီးမှ တကယ်ဖြစ်လာတဲ့အချိန်အသုံးမဝင်ရင်လည်း...............................................

credit goes to original poster

Comments

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)