Putting an egg in the microwave..?
Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ပြန်ထွက်လို့ ရပါပြီ။
သင်သိပါသလား..?
ကြက်ဥအစိမ်းကို Microwave ထဲ Timer ၅ မိနစ်လောက် ထားပြီး Cook ရင် ကြက်ဥမကျက်ဘဲ ပေါက်ထွက်သွားတာနဲ့ပဲ ကြုံရမှာပါ။ ဗြောက်အိုးဖောက်သလောက် ကျယ်တဲ့အသံနဲ့ အသေးစားပေါက်ကွဲမှု ဆိုပါတော့။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ကြက်ဥမှာ ရေ ၇၅% ပါလို့ပါ။ သာမန်မော်လီကျူးတွေက Microwave ဖြတ်သွားရင် ဘာမှမဖြစ်ပေမယ့် ရေမော်လီကျူးတွေကတော့ Microwave နဲ့တွေ့ရင် အမှန်အကန် ဒွန့်ပါတယ်။ သူတို့အဲ့လို အားရပါးရ ဒွန့်တဲ့အတွက် အပူစွမ်းအင် ထွက်ပါတယ်။ ကြက်ဥရဲ့ ၇၅% က ရေဆိုမှတော့ အထဲမှာ ဘယ်လောက်တောင် ပူနေမလဲ တွက်ကြည့်လို့ရပါတယ်။ အဲ့ဒီအပူတွေကြောင့် ကြက်ဥထဲက ရေမှန်သမျှ အငွေ့စပျံပါတယ်။ ကြက်ဥက Microwave ထဲမှာ ရှိနေသေးသ၍ အဲ့အငွေ့တွေရဲ့ အပူချိန်လည်း တိုးနေဦးမှာပါ။
Gay-Lussac ရဲ့ ဥပဒေအတိုင်းဆို "အငွေ့တွေရဲ့ ထုထည်မပြောင်းဘဲ အပူချိန်ပဲ တိုးတိုးနေမယ်ဆိုရင် အဲ့အငွေ့တွေရဲ့ ဖိအားကလည်း တိုးလာမှာပါ" တဲ့။ အငွေ့တွေက အထဲမှာပဲ ရှိနေပြီး ကြက်ဥအကာက ပိတ်ထားမှတော့ အပူချိန်တိုးလာလေ ဖိအားက ရှယ်တိုးလေပဲပေါ့ဗျာ။ နောက်ဆုံး ကြက်ဥအကာ မထိန်းနိုင်လောက်တဲ့ ဖိအားဖြစ်လာတဲ့အခါကျ ပေါက်ထွက်သွားတယ်ပေါ့...အဲ့လို။
*မပေါက်ကွဲခင် ကြက်ဥပေါ်မှာ ရေလေးတွေသီး (ချွေးသီး) နေတာကို မြင်ရပါတယ်။
နောက်ဆုံးတော့ရောက်လာပီး
ReplyDelete