Click 01

   Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။


Sun Halo a.k.a နေခမောက်စောင်းခြင်း

        သိပ္ပံပညာရှင်တွေကတော့ ဒီဖြစ်ရပ်ကို "၂၂-ဒီဂရီ နေစက်ဝန်း" လို့ ခေါ်ကြပါတယ်။ ဒီလိုအမည်တပ်ရတဲ့ အကြောင်းအရင်းကတော့ နေပတ်လည်မှာ ရှိနေတဲ့ အဲ့စက်ဝန်းရဲ့ အချင်းဝက်က မှန်းခြေ ၂၂ ဒီဂရီ နီးပါး ရှိတဲ့အတွက်ပါ။

        ပြောလေ့ရှိကြတာကတော့ နေတို့၊ လတို့ ခမောက်စောင်းရင် မကြာဘူး မိုးရွာတတ်ပါတယ်တဲ့။ ဒီအပြောက မှန်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်၊ ဘာလို့လဲဆိုတော့ အမြင့်ပိုင်း တိမ်ခိုးတွေက မုန်တိုင်းမဖြစ်ခင် ပေါ်လာလေ့ရှိလို့ပါ။

       အဲ့လိုခမောက်စောင်းတဲ့ အခြေအနေတွေမှာဆိုရင် ကောင်းကင်က အတန်အသင့် ရှင်းနေတာကို သတိထားမိကြမှာပါ။ အဲ့တာကြောင့်လည်း နေတို့၊ လတို့ကို ရှင်းရှင်းကြီး မြင်ရတာပဲလေဗျာ...နော။ နောက်တစ်ချက် ပြောရမယ်ဆိုရင် ဒီစက်ဝန်းတွေ ဖြစ်လာရတဲ့ သဘောက ကျွန်တော်တို့ ခေါင်းအထက် အမြင့်ပေ ၂၀,၀၀၀ (၆ ကီလိုမီတာ) လောက်မှာ အမြင့်ပိုင်း တိမ်ခိုးတွေ ရွေ့နေလို့ပဲဗျ။

        အဲ့ဒီတိမ်တွေမှာ ရေခဲမှုန်သေးသေးလေးတွေ သန်းနဲ့ချီပြီး ပါတယ်ဗျ။ ကျွန်တော်တို့ မြင်ရတဲ့ ခမောက်ဆိုတာက အဲ့ဒီရေခဲမှုန်လေးတွေရဲ့ အလင်းယိုင်တာတို့ အလင်းပြန်တာတို့ကြောင့် ပေါ်လာတာပဲ။ ဒီလို ခမောက်ပုံ ပေါ်အောင် အဲ့ဒီရေခဲမှုန်လေးတွေက ကျွန်တော်တို့ မျက်လုံးနဲ့ အလိုက်သင့်အလျားသင့် လိုက်ပြောင်းနေတတ်ကြတယ်ဗျ။

        အဲ့တာကြောင့်လည်း သက်တံ့တို့၊ နေခမောက်တို့က ကြည့်မိတဲ့သူနဲ့ ဆိုင်တယ် ပြောတာဗျ။ လူတိုင်းက ကိုယ့်ပုံစံနဲ့ကိုယ် နေခမောက်ကို မြင်မိမှာပဲ။ ဘေးချင်းယှဉ်ရပ်နေတဲ့သူနဲ့တောင် မြင်ရတဲ့ ပုံစံချင်း ကွာနိုင်တယ်ဗျ။

        အဲ့နေခမောက်စောင်းတာကို ဓါတ်ဖမ်းချင်ရင် တစ်ခုတော့ သတိထားဗျ။ နေအလင်းရောင် တအားစူးနေမှာ ဖြစ်တဲ့အတွက် ဓါတ်ဖမ်းဖို့ နေတည့်တည့် ကင်မရာချိန်မိရင် Lens ပျက်တတ်ပါတယ်။ "ငါကတော့ ပုံမရိုက်ဘူး၊ ဒီတိုင်းပဲ ကြည့်မှာ" ဆိုရင်လည်း အကာမပါဘဲ တန်းမကြည့်မိပါစေနဲ့။ တိမ်တွေ နည်းနည်းကာနေရင်တောင် တိုက်ရိုက် မကြည့်မိပါစေနဲ့။ နေကာမျက်မှန် တပ်ပြီးမှ ကြည့်ပါခင်ဗျာ။

Comments

  1. အက်မင်ဂျီးက အရင်တည်းက ဒီလိုစာတွေရေးတာပဲ.
    C2Dကို နည်းနည်းနောက်ကျမှသိခွင့်ရလို စိတ်မကောင်းဘူး.
    1st cmt here. :D

    ReplyDelete

Post a Comment

Popular posts from this blog

ကျောင်းသား အတ္ထုပတ္တိ - ရွှေဘုန်းလူ (Click 06)

ပဲ့တင် - ဝင်းမြင့် (Click 05)

Accept (Click 03)